Aung Ko Latt added 2 new photos.
++++++++++++++
ပုံပြင် ( ၁ ) အရည်အသွေးစစ်နည်းစနစ်
+++++++++++++++++++++++++
ဒုတိယ ကမ္ဘာစစ် တုန်းက အမေရိကန် လေတပ်က လေထီးခုန်ရာမှာ လေထီးပွင့်တဲ့ ရာခိုင်နူန်းဟာ ၉၉.၉% ရှိတယ်လို့ ဆိုပါတယ်။ ဆိုလိုတာက လေသူရဲများ အယောက် တစ်ထောင် လေထီးခုန်တိုင်း လေထီးတစ်ခု မပွင့်တဲ့အတွက် လေသူရဲ တစ်ဦးဆုံးရူံး ရပါတယ်။ စစ် ဘက်က ၁၀၀% အာမခံချက် ရဖို့ ထုတ်လုပ်တဲ့ စက်ရုံကို ဖိအားပေး တောင်းဆိုပါတယ်။ စက်ရုံတာဝန်ရှိသူများက အတတ်နိုင်ဆုံး ကြိုးစားပြီးဖြစ်ကြောင်း၊ လက်ရှိ လေထီးရဲ့ အရည်အသွေးသည် ကမ္ဘာမှာ အကောင်းဆုံး ဖြစ်ကြောင်း ၁၀၀% မဖြစ်နိုင်ကြောင်း စသည်ဖြင့် ငြင်းဆိုပါတယ်။
အဲဒါနဲ့ အမေရိကန် စစ် ဗိုလ်ချုပ်ကြီး George Patton က စက်ရုံမှ လေထီး လက္ခံယူတဲ့ စည်းစနစ်ပုံစံ ကို ပြောင်းလဲပစ်လိုက်ပါတယ်။ စက်ရုံကနေ လေထီးကို လက္ခံတိုင်း စက်ရုံမှ တာဝန်ခံ တစ်ချို့ ကို ရွေးထုတ်ကာ ကိုယ်တိုင်လေထီးခုန်စေပါတယ်။ အဲဒီနောက်ပိုင်းမှာ အံ့သြစရာ ဖြစ်ရပ်ပေါ်ပေါက်လာပါတော့တယ်။ လေထီးပွင့်နူန်းဟာ ၁၀၀% ပြည့်မီသွားတယ်လို့ ဆိုပါတယ်။
ပုံပြင် ( ၂ ) ငွေးချေ နည်းစနစ်
++++++++++++++++++
ကိုလိုနီခေတ်မှာ အင်္ဂလိပ်တွေဟာ သြစတျေးလျတိုက် ကိုသိမ်းပိုက်ပြီးတဲ့နောက်ပိုင်းမှာ လူနည်းပြီး မြေတအားကျယ်ပြောတဲ့ အဲဒီတိုက်ကြီးကို နေထိုင်တဲ့လူ ရှိလာဖို့အတွက် အမျိုးမျိုး ကြိုးစားခဲ့ပါတယ်။ ၄င်းရဲ့ ပြည်သူပြည်သားတွေကို ပြောင်းရွှေ့နေထိုင်ဖို့ အားပေးအားမြောက်ပြုပေမဲ့ စိတ်ဝင်စားသူသိပ်မရှိခဲ့ပါဘူး။ အဲဒါနဲ့ အင်္ဂလန်အစိုးရဟာ နောက်ဆုံးမှာတော့ ဖြေရှင်းဖို့ နည်းလမ်းကောင်း တစ်ခုတွေ့ရှိသွားပါတယ်။ အဲဒါကတော့ ပြစ်မူကျနေတဲ့ ထောင်သားများကို ပို့ဆောင်ခြင်းဖြစ်တယ်။ မိမိနိုင်ငံရဲ့ ထောင်တွေပြည့်နေတာကတစ်ကြောင်း၊ သြစတေးလျတိုက်မှာ လုပ်အားလိုအပ်နေတာကတစ်ကြောင်း၊ ထောင်သားတွေ အဝေးပို့ပြီးရင် တိုင်းပြည်ပိုမို အေးချမ်းလာမယ်လို့ ယူဆတာက တစ်ကြောင်းကြောင့် အင်တိုက်အားတိုက် ပို့လာပါတော့တယ်။
အင်္ဂလန် အစိုးရ ထောင်သားတွေကို ပုဂ္ဂလိက သင်္ဘောနဲ့ ပို့ပါတယ်။ တင်ဆောင်နိုင်တဲ့ ထောင်သားဦးရေ ပေါ်မူတည်ပြီး ပို့ခ တွက်ပေးပါတယ်။ မကြာပါဘူး၊ အစိုးရက ပြသနာတွေ့လာပါတော့တယ်။ အဲဒါကတော့ ပို့ဆောင်တဲ့ ခရီးမှာ ထောင်သားများသေဆုံးခြင်းပါပဲ။ သြစတျေးလျတိုက်ကို ရောက်ရှိတဲ့ အချိန်မှာ အနည်းဆုံး ၁၀% ကနေ အများဆုံး ၃၇%အထိ အသေအပျောက်ရှိတဲ့အထိ များပြားလာပါတယ်။ အဲဒါနဲ့ အင်္ဂလိပ်အစိုးရဟာ ငွေချေတဲ့ နည်းစနစ်ကို ပြောင်းလိုက်ပါတယ်။ အရင်တုန်းက တင်ဆောင်နိုင်တဲ့ ဦးရေကို ငွေချေပေးမဲ့အစား ဦးတည်ရာကို ရောက်လို့ အသက်ရှင်တဲ့ လူဦးရေပေါ်မူတည်ပြီး ပိုက်ဆံပေးချေတဲ့ နည်းစနစ်ကို ပြောင်းလဲ အသုံးပြုလိုက်ပါတယ်။ သင်္ဘောအတက် မှာပိုက်ဆံချေတဲ့စနစ်ကနေ သင်္ဘောအဆင်းမှာ ပိုက်ဆံချေတဲ့စနစ်ကို ပြောင်းလိုက်တဲ့သဘောပါ။ အသက်ရှင်မှ တင်ခရတော့ ထောင်သားများသေဆုံးသွားတဲ့ လူဦးရေ တအားကျဆင်းသွားတယ်လို့ မှတ်တမ်းအရ သိရပါတယ်။ သင်္ဘောပိုင်ရှင်များဟာ ပြွတ်သိပ်နေအောင် မတင်တော့တဲ့ အပြင် သင်္ဘောပေါ်မှာ ဆရာဝန်တစ်ဦးပါ အမြဲလိုက်ပါစေတဲ့ အဆင့်ကို ပြောင်းလဲသွားပါတယ်။
အထက်ပါ ပုံပြင်နှစ် ပုဒ်ကို ကြည့်ခြင်းဖြင့် လူတွေကို ကိုယ့်အသိစိတ်ရှိစေခြင်းထက် မှန်ကန်တဲ့ နည်းစနစ်က ထိရောက်စေတာကို တွေ့နိုင်ပါတယ်။ ကျနော်တို့ တိုင်းပြည် ကြီး ဟာလည်း အစိုးရသစ်လက်ထက်မှာ နည်းစနစ်ကောင်း များများ ပေါ်ထွက်နိုင်ပါစေ။
Ref: Wechat
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။