Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, May 22, 2016

" ရှုံးနိမ့်သူတို့၏အလေ့အထ "

" ရှုံးနိမ့်သူတို့၏အလေ့အထ "

လူတိုင်းဟာ ဘ၀မှာအောင်မြင်ချင်ကြတဲ့သူတွေချည်းပါပဲ။ တယောက်နဲ့တယောက်အောင်မြင်ခြင်းကို အဓိပ္ပါယ်ဖွင့်ဆိုပုံခြင်းတော့မတူညီနိုင်ကြပါဘူး။ ဒါပေမယ့် အောင်မြင်တဲ့သူတစ်ယောက် မဖြစ်ချင်ဘူးလားလို့ မေးရင် မအောင်မြင်ချင်ပါဘူးလို့ဖြေမယ့်သူ ရာခိုင်နှုန်းတော်တော်နည်းပါလိမ့်မယ်။ တခါတလေတော့လဲ ရှားရှားပါးပါးတွေ့ရတတ်ပါတယ်။ တချို့တွေက ကျွန်တော်၊ ကျွန်မတို့က မအောင်မြင်ချင်ပါဘူး။ ဘ၀ကို အေးအေး ချမ်းချမ်းဖြတ်သန်း သွားနိုင်ရင်တော်ပါပြီဆိုပြီး။ တကယ်တမ်း သူတို့မသိတာက အဲဒီလို အေးအေးချမ်းချမ်း ဖြတ် သန်းသွားနိုင်တယ် ဆိုတာ အောင်မြင်မှုတစ်ခုပဲဖြစ်တယ်ဆိုတာ သူတို့မသိကြလို့ပြောတာပဲဖြစ်ပါတယ်။
အောင်မြင်ချင်ကြပြီဆိုတော့ ဘယ်လိုအောင်မြင်အောင်လုပ်ကြမလဲဆိုတာသိဖို့ လိုအပ်လာပါတယ်။ အောင်မြင်နိုင်မယ့်နည်းလမ်းတွေကိုရှာဖွေဖို့လိုအပ်လာပါတယ်။ အောင်မြင်မှုကိုဆောင်ကြဉ်းပေးနိုင်တဲ့ နည်းလမ်း တွေကို လိုက်လုပ်ကြတာအပြင် ဘာကြောင့်ကျွန်တော်တို့ရှုံးနိမ့်သွားနိုင်သလဲ ဆိုတာကိုပါသိထားရင် အနည်းဆုံး တော့မအောင်မြင်ဘူးဆိုရင်တောင်မှ မရှုံးနိမ့်နိုင်တော့ဘူးပေါ့။
အဲဒီနည်းလမ်းတွေက ဘာတွေများဖြစ်မလဲကြည့်ကြရအောင်။ အကြမ်းဖျဉ်းပြောရင်တော့ ကျွန်တော် တို့အောင်မြင်မှုမရရှိကြတာရဲ့အကြောင်းရင်း
( ၈ ) ချက်ရှိပါတယ်။အဲဒီအချက်တွေကတော့ အောက်မှာ ဖော်ပြထားတဲ့အတိုင်းပဲဖြစ်ပါတယ်။

( ၁ ) Lack of Persistence မဆုတ်မနစ်လုပ်တတ်သောဇွဲမရှိခြင်း

ဘ၀မှာကြုံတွေ့ရတဲ့ပြသနာတွေကို ကိုယ့်ရဲ့လက်ရှိအရည်အချင်းနဲ့မစွမ်းဆောင်နိုင်တော့ဘူးလို့ စိတ်ထဲက ထင်မြင်ယူဆသွားမိပြီဆိုရင် လူတွေဟာအလွယ်တကူနဲ့ လက်လျှော့ပြီးနောက်ဆုတ်သွားတတ် ကြပါတယ်။ အဲဒါမျိုးကို အိမ်ထောင်ရေး၊ လုပ်ငန်းခွင်တွင်းနဲ့ ပေါင်းသင်းဆက်ဆံရေးတွေမှာ အများဆုံးတွေ့ရ တတ် ပါတယ်။တကယ်တော့ " Changing the Face Can't Change Nothing, Facing the Change Can Change Everything " ဆိုတဲ့စကားလိုပါပဲ။ အခက်အခဲတခုကြုံတွေ့ရတဲ့အခါမှာ မျက်နှာအမူအရာ ပြောင်းလဲလိုက်ရုံနဲ့ အဖြေတစ်ခုရလာမှာမဟုတ်ပဲ ကြုံလာရတဲ့အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းလိုက်တာကမှသာလျှင် အဖြေတစ်ခု ရရှိလာနိုင်မှာဖြစ်ပါတယ်။ အောင်မြင်သူတဲ့သူဆိုတာဟာ ဘ၀မှာ နှိမ်ချခံရတာ၊အဖိနှိပ်ခံရတာတွေ ကြုံရင်ကြုံရပါ လိမ့်မယ် ၊ ဘယ်တော့မှအလဲထိုးခံရမယ့်သူတွေမဟုတ်ပါဘူး။ ဘ၀မှာ အနှောင့်အယှက်အတားအဆီး ဆိုတာ လူတိုင်းကြုံတွေ့ရမယ့်အရာဖြစ်ပါတယ်။ တစ်ကြိမ်တစ်ခါရှုံးနိမ့်လိုက်တာဟာ တသက်လုံးအတွက် ရှုံးနိမ့် သွားတာမဟုတ်ပါဘူး။
ဘ၀မှာအောင်မြင်မှုမရတဲ့သူတော်တော်များများဟာ ဥာဏ်ပညာနည်းပါးလို့ ၊ ဒါမှမဟုတ် အရည်အချင်း မရှိလို့မဟုတ်ပဲ ဘ၀ဆိုတဲ့ပြိုင်ပွဲကနေနှုတ်ထွက်သွားကြလို့သာ မအောင်မြင်နိုင်ကြတာဖြစ်ပါတယ်။ အောင်မြင် ခြင်း ရဲ့လျှို့ဝှက်ချက်က ဇွဲနပဲနဲ့ ခံနိုင်ရည်ရှိမှုတို့ပဲဖြစ်ပါတယ်။ ဇွဲနပဲကောင်းမှုဆိုတာ လုပ်ရမယ့်အလုပ်ကို စိတ်ရှည်ရှည်နဲ့ အောင်မြင်တဲ့ အထိဆောင်ရွက်ခြင်းဖြစ်ပြီး ခံနိုင်ရည်ရှိမှုဆိုတာ မလုပ်သင့်တာကို မလုပ်ပဲနေရဲ တာဖြစ်ပါတယ်။

( ၂ ) ယုံကြည်မှုကင်းမဲ့ခြင်း ( Lack of Conviction )

မိမိကိုယ်ကိုမိမိယုံကြည်မှုမရှိတဲ့သူတွေဟာ ကားလမ်းအလယ်ခေါင်မှာ အကာအကွယ်မဲ့မတ်တပ်ရပ်နေ တဲ့သူနဲ့တူပါတယ်။ အဲဒီလူဘာဖြစ်သွားမလဲဆိုတာ စဉ်းစားကြည့်လို့ရနိုင်ပါတယ်။ ဖြတ်မောင်းသွားတဲ့ ကားတစ် စင်းစင်းက သူ့ကို ၀င်တိုက်သွားမှာပေါ့။ မိမိကိုယ်ကိုမိမိယုံကြည်မှုမရှိတဲ့သူတွေဟာ ကိုယ့်ခြေထောက် ပေါ်ကိုယ် ရပ်တည်နိုင်စွမ်းမရှိကြပါဘူး။ သူတို့ရဲ့လုပ်ရပ်တွေမှားယွင်းနေခဲ့ရင်တောင်မှ တခြားသူတွေသူတို့ကို လက်ခံလာ အောင် သူတို့ကိုယ်ကိုသူတို့သနားစရာအင်မတန်ကောင်းတဲ့ သတ္တ၀ါလေးတွေလို့မြင်လာအောင် ပုံဖမ်းတတ်ကြ ပါတယ်။

( ၃ ) ဆင်ခြေများခြင်း (Rationalizing)

အောင်မြင်တဲ့သူတွေဟာ ပြသနာအခက်အခဲတရပ်နဲ့ရင်ဆိုင်ရတဲ့အခါမှာ အောင်မြင်အောင် ဘယ်လို လုပ်ရမလဲဆိုတာ သေချာဆန်းစစ်လေ့လာတတ်ကြပြီး ဆင်ခြေမပေးတတ်ကြပါဘူး။ ဆင်ခြေပေးတယ်ဆိုတာ အရှုံးသမားတွေရဲ့အလုပ်ပါ။ မအောင်မြင်တဲ့သူတွေဟာသူတို့ဘာကြောင့် မအောင်မြင်ရသလဲဆိုတာနဲ့ ပတ်သက် ပြီး အကြောင်းပြစရာဆင်ခြေတွေ အများကြီးရှိကြပါတယ်။ ကျွန်တော်တို့ အရှုံးသမားတွေရဲ့ နှုတ်ဖျားကနေ အမြဲ တမ်းကြားရမှာကတော့ ဆင်ခြေတွေပဲဖြစ်ပါတယ်။

( ၄ ) အမှားများမှတဆင့်သင်ခန်းစာမယူတတ်ခြင်း
( Not Learning From Past Mistakes )

ဆရာကြီး ဒေါက်တာသန်းထွန်းကလဲ သမိုင်းသင်တာမအအောင်လို့ဆိုပြီးတော့ပြောခဲ့ပါတယ်။ မအောင်မြင်တဲ့သူတော်တော် များများဟာ အတိတ်ကကိုယ့်ရဲ့အမှားတွေကိုသင်ခန်းစာမယူတတ်ကြပါဘူး။ တကယ်တမ်းတော့ ကျွန်တော်တို့ ဟာ သာမန်လူသားတွေပဲဖြစ်တဲ့အတွက် အမှားမကင်းကြပါဘူး။ ဘ၀တစ်လျှောက်လုံးမှာ မှားစရာတွေ အများကြီး ရှိတဲ့အထဲမှာ ဘာလို့များအမှားတစ်ခုထဲကို ထပ်ခါထပ်ခါကျူးလွန်နေကြမှာလဲ။ အဲဒီလိုအမှားတစ်ခုထဲကို ထပ်ခါ ထပ်ခါ ကျူးလွန်နေမယ်ဆိုရင် အောင်မြင်မှုနဲ့အဝေးကြီးရှောင်ပြေးနေသလိုပဲဖြစ်နေမှာပါ။ တကယ်တမ်း တော့အတွေ့အကြုံဆိုတာ ကျွန်တော်တို့ ကျူးလွန်ခဲ့တဲ့အမှားတွေကို နားထောင်လို့ကောင်းအောင် နာမည်ပေး ထားတာပါ။ တချို့သောသူတွေက ဘ၀မှာရှင်သန်နေထိုင်ကြရင်းနဲ့ သင်ယူကြပြီး တချို့ကတော့ ရှင်သန်နေထိုင်ရုံ သက်သက်ပဲ နားလည်ကြပါတယ်။ ပညာရှိတွေဟာ အမှားတွေကနေ သင်ယူတတ်ကြပြီး ပိုပြီးတော့ပညာရှိတဲ့ သူ တွေကတော့ အခြားသူတွေရဲ့ အမှားကနေပါ သင်ယူကြပါတယ်။ ကျွန်တော်တို့ရဲ့ ဘ၀ဟာတိုတောင်း လွန်းတဲ့ အတွက် သင်ယူစရာအားလုံးကို ကိုယ်တိုင်ကြုံတွေ့ရမှ သင်ယူဖို့အတွက်အချိန်မလုံလောက်ပါဘူး။တချို့လူတွေက တခုထည်းကိုပဲ ထပ်ခါမှားရင်းမှားရင်း နဲ့အဲဒီလို အမှားမျိုးကျူးလွန်တဲ့နေရာမှာကျွမ်းကျင်အဆင့် ( ၁ ) Expert တွေဖြစ်လာကြပါတယ်။

( ၅ ) စည်းကမ်းမရှိခြင်း

စဉ်းစားခဲ့ဖူးပါသလား။ တချို့လူတွေက ဘာ့ကြောင့်တချိန်လုံးရှုံးနိမ့်နေပြီး တချို့လူတွေက ဘာ့ကြောင့်အောင်မြင်မှုတွေ ဆက်တိုက်ရနေတာလဲလို့ဆိုပြီးတော့ပေါ့။ အောင်မြင်တဲ့သူတွေဟာ ဘ၀ကို ဖြတ်သန်းတဲ့အခါမှာ စည်းကမ်းနည်းလမ်းတကျ လုပ်ကိုင်ဆောင်ရွက်တတ်ကြပါတယ်။ Consistency မရှိတာဟာ စည်းကမ်းမရှိတာပဲဖြစ်ပါတယ်။ ရေတံခွန်ကကျလာတဲ့ရေကို စနစ်တကျမထိန်းသိမ်းနိုင်ခဲ့ဘူးဆိုရင် ကျွန်တော်တို့ ရေအားလျှပ်စစ်ထုတ်နိုင်မှာမဟုတ်သလိုပဲ မြစ်ကမ်းနှစ်ဘက်သာမရှိခဲ့ဘူးဆိုရင် မြစ်ထဲကရေတွေဟာ စီးချင်သလို စီးမှာဖြစ်ပါတယ်။

( ၆ ) မိမိကိုယ်ကိုမလေးစားနိုင်ခြင်း Poor Self-esteem

Poor Self-esteem ဆိုတာ ကိုယ့်ကိုယ်ကိုတောင်မှပြန်ပြီးမလေးစားနိုင်တာ၊ တန်ဖိုးမထားနိုင်တာဖြစ်ပါ တယ်။ အဲဒီအခါမှာ လုပ်ချင်တာတွေလျှောက်လုပ်တတ်ပါတယ်။စိတ်ကျေနပ်မှုတစ်ခုတည်းအတွက်ပဲဦးတည်ပြီး အောင်မြင်မှုကိုဘေးချိတ်ထားတဲ့ ဆုံးဖြတ်ချက်တွေချဖြစ်စေပါတယ်။ရံဖန်ရံခါမှာ ကိုယ့်ကိုယ်ကို ပျောက်ဆုံးနေပြီး ပြန်ရှာဖွေနေရတာမျိုးတွေဖြစ်တတ်ပါတယ်။ ပျင်းရိငြီးငွေ့တာတွေ၊ ထိုင်းမှိုင်းလေးလံတာတွေဟာ Poor Self-esteem ရဲ့အကျိုးဆက်တွေပဲဖြစ်ပါတယ်။ ပျင်းရိငြီးငွေ့တာနဲ့ ထိုင်းမှိုင်းလေးလံတာဟာ သံကိုဖျက်ဆီးတဲ့ သံချေး လိုပဲကျွန်တော်တို့ကိုဖျက်ဆီးတတ်ပါတယ်။

( ၇ ) ခံယူချက်အမှားများ( Fatalistic Attitude )

ခံယူချက်အမှားများ ( Fatalistic Attitude ) ရှိတဲ့သူတွေဟာ ဘ၀ခရီးလျှောက်လှမ်းရာမှာ ကိုယ်ယူရမယ့် တာဝန်ကို တာဝန်မယူတတ်ကြသလိုပဲ တာဝန်ယူရဲတဲ့သတ္တိလဲမရှိကြပါဘူး။ သူတို့ဟာ အောင်မြင်ခြင်းနဲ့ ရှုံးနိမ့် ခြင်းကို ကံတရားအပေါ်ကိုပဲပုံချထားတတ်ကြပါတယ်။ သူတို့ဟာ ဗေဒင်ဟောကိုန်းတွေအပေါ်မှာပဲ ဘ၀ကို ပုံအပ် ထားပြီး ဘ၀မှာအောင်မြင်မှုရရှိအောင်အတွက် ကိုယ်တိုင်ကြိုးစားအားထုတ်မှရမယ်ဆိုတဲ့ခံယူချက်မရှိကြပါဘူး။ သူတို့ဟာ အောင်မြင်မှုတွေကိုဖန်တီးရယူဖို့ထက် ဘာတွေဖြစ်လာမလဲဆိုတာထိုင်စောင့်နေတတ်
ကြပါတယ်။

( ၈ ) ရဲစွမ်းသတ္တိမရှိခြင်း Lack of Courage

အောင်မြင်တဲ့သူတွေဟာ လွယ်ကူတဲ့အလုပ်တွေကိုပဲရွေးပြီးမလုပ်ကြသလိုပဲ ပုံပြင်ဆန်ဆန်သူ့ဘာသူပြီး သွားမှာပါလို့လဲ မစဉ်းစားကြပါဘူး။ သူတို့ဟာအခက်အခဲတွေကိုကျော်လွှားနိုင်ဖို့အတွက် ခွန်အားတွေ ၊ ရဲစွမ်း သတ္တိတွေကိုရရှိလာအောင် ကြိုးစားမွေးမြူကြပါတယ်။ သူတို့ဟာ အကောင်းမြင်တတ်ကြပြီး ခွက်ထဲမှာရေတစ် ၀က်တောင်ကျန်သေးတယ်လို့ စဉ်းစားကြတဲ့သူတွေဖြစ်ပါတယ်။ဆုတောင်းနေရုံနဲ့ ဘာမှရလာမှာမဟုတ်ပဲ ကြိုးစား အားထုတ်မှုနဲ့သာအောင်မြင်မှုရရှိနိုင်မယ်ဆိုတာ ယုံကြည်ထားကြပါတယ်။
အထက်မှာဖော်ပြခဲ့တဲ့ ရှုံးနိမ့်သူတို့ရဲ့အလေ့အထ ( ၈ ) ချက်ကို သတိထားပြီးရှောင်ကြဉ်နိုင်ခဲ့မယ်ဆို ရင်တော့ အောင်မြင်ခြင်းပန်းတိုင်ဟာ လက်တကမ်းမှာပဲရှိပါတယ်။

ခင်မင်စွာဖြင့်
Min Yar Pyae
Credit : မင်းခေါင် ( EMPA – 8 )

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။