"မောင်မောင်ဇော်လတ်ပြောတဲ့ အယ်ဖြူအကြောင်း"
၂၇-၅-၂၀၀၄ နေ့လည်၁၂း၃၀
အဲဒီနေ့ဟာ ကျွန်တော့်ဘဝကို အိပ်မက်ဆိုးတွေ ရောက်ရှိလာခဲ့တဲ့ နေ့တစ်နေ့ပေါ့။မေလရဲ့ အပြင်းဆုံးအပူရှိန်ထက် ကျွန်တော့်စိတ်မှာခံစားနေရတဲ့
အပူကပိုလိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ ကျွန်တော့်စိတ်အလျဉ်မှာ
ပြေးလွှားနေတဲ့ ဝမ်းနည်းကြေကွဲမှုတွေကို ဘယ်လိုအကြောင်းတရားတွေက
တွန်းပို့လိုက်ကြသလဲ။ကံကြမ္မာလား။သဘာဝတရားလား။ဖြစ်နိုင်ရင် ကံကြမ္မာကို အုပ်စီးချယ်လှယ်ခွင့် ရချင်တယ်။သဘာဝတရားကို လိုရာစေနိုင်တဲ့လူ ဖြစ်ချင်တယ်။ဒါပေမယ့် ကျွန်တော်မလုပ်နိုင်ဘူး။ကျွန်တော့်ဆန္ဒကို တခြားလူတွေကလည်း ကူညီနိုင်ကြမှာမဟုတ်ဘူး။အဲဒီအတွက် ကျွန်တော်ဘာလုပ်ရမလဲ။ဘာမှသေချာရေရာမှုမရှိတဲ့ လူဖြစ်ရခွင့်ကို မုန်းရမလား။ဖြစ်နေပျက်နေတဲ့ သဘာဝတရားကို ကျွန်တော်မုန်းရမလား။ဆောက်တည်ရာမရတဲ့ အတွေးတွေ ကျွန်တော့်ခန္ဓာကိုယ်သွေးကြောတွေထဲမှာ ပေါက်ကွဲလည်ပတ်နေကြတယ်။ကျွန်တော့်ပါးနှစ်ဖက်ပေါ်
ဒလဟောလျှံထွက်ကျလာတဲ့ ကျွန်တော့်မျက်ဝန်းအိမ်ထဲက မျက်ရည်တွေဟာ
ကျွန်တော့်ရှေ့မှာ လဲလျောင်းငြိမ်သက်ပြီး လောကကို အပြုံးနဲ့နှုတ်ဆက်သွားတဲ့
သူ့အပေါ်ကို မိုးစက်မိုးပေါက်တွေလို လွင့်စင်ကျလာကြတယ်။
သူ....သူ.......။ကျွန်တော့်ဘဝအတွက်ရော၊လောကအတွက်ပါ အစားထိုးလို့မရနိုင်တဲ့သူ.........
Photo; bro lu maw han
၂၇-၅-၂၀၀၄ နေ့လည်၁၂း၃၀
အဲဒီနေ့ဟာ ကျွန်တော့်ဘဝကို အိပ်မက်ဆိုးတွေ ရောက်ရှိလာခဲ့တဲ့ နေ့တစ်နေ့ပေါ့။မေလရဲ့ အပြင်းဆုံးအပူရှိန်ထက် ကျွန်တော့်စိတ်မှာခံစားနေရတ
Photo; bro lu maw han
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။