Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, May 22, 2016

"အမေရိကန်ရှိ မြန်မာပြည်ဖွား ဆူရှီဆိုင်ပိုင်ရှင် သန်းကြွယ်သူဌေး ဦးဖိလစ်မောင် အကြောင်း"

"အမေရိကန်ရှိ မြန်မာပြည်ဖွား ဆူရှီဆိုင်ပိုင်ရှင်
သန်းကြွယ်သူဌေး ဦးဖိလစ်မောင် အကြောင်း"
---------------------------------------------------------------

‪#‎လူငယ်တစ်ယောက်ရဲ့အမေရိကအိပ်မက်‬
ဦးဖိလစ်မောင်ဟာ ငယ်စဉ်ဘဝမှာ အိမ်ရဲ့စီးပွားရေး အခက်အခဲကြောင့် အခြားကလေးတွေလို ကစားချိန်မှာ မကစားဘဲ စာတွေဖတ်ရင်းဖြင့် တက္ကသိုလ်ဝင်တန်းကို ထူးချွန်စွာ အောင်မြင်ခဲ့ပါတယ်။ မိဘတွေကို ပင်ပင်ပန်းပန်း မနေစေချင်တဲ့အပြင် သူများမဖြစ်နိုင်တာကို ရအောင်လုပ်ပြချင်တဲ့ စိတ်ရယ်၊ စာတွေအများကြီးဖတ်တဲ့ အသိဉာဏ်ကြောင့် ပညာနဲ့အသက် ( ၂၀ )ကျော်အရွယ် လူငယ်တစ်ယောက်ဟာ အမေရိကအိမ်မက်တွေနဲ့ အမေရိက ကို ထွက်လာခဲ့ပါတယ်။ အစပထမတော့ ငွေရလွယ်တဲ့ အိမ်အရောင်းအဝယ် လုပ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သူဝါသနာ ပါသလို၊ ကိုယ်တိုင်နှစ်ခြိုက်သဘောကျတဲ့ မက်ဒေါ်နယ်လို ဆိုင်ခွဲတွေဖွင့်နိုင်တဲ့ ဆူရှီဆိုင်အဖြစ် Hissho Sushi ကို စတင်ခဲ့ပါတယ်။

၂၀၁၁ ခုနှစ်က အမေရိကနိုင်ငံမှာ စီးပွားရေးကျဆင်းမှု ဖြစ်ခဲ့ပေမယ့် လုပ်ငန်း အရှိန်အဟုန် မပျက်တာကြောင့် အမေရိကန်သမ္မတ ဘားရက်အိုဘာမားရဲ့ Conference မှာ မိန့်ခွန်းနားထောင်ခဲ့သူလည်း ဖြစ်ပါတယ်။
•••
‪#‎မြန်မာပြည်ဖွား_အမေရိကန်နိုင်ငံသား‬
အမေရိကန်သို့ ရောက်ရှိချိန်တွင်သူ့ အိပ်ကပ်ထဲ၌ ၁၃ ဒေါ်လာသာ ကျန်တော့သည်။ မိတ်ဆွေဆို၍လည်း တစ်ယောက်သာ ရှိသည်။ တစ်ဦးတည်းသော မိတ်ဆွေ၏ ကူညီနိုင်သည့် အနေအထားမှာ သူ နေထိုင်သည့်အခန်း တွင် ၂ ရက် ၃ ရက်သာ နေထိုင်ခွင့်ပြု့မည်ထက် မပိုခြင်းဖြစ်သည်။ ထိုအခြေအနေမျိုးဖြင့် သူ့ ဘ၀ကို စခဲ့ရသည် ဟု မြန်မာပြည်ဖွား အမေရိကန် နိုင်ငံသား ကိုဖိလစ်မောင်က ဆိုသည်။
•••
‪#‎အမေရိကန်အတွေ့အကြုံဆွေးနွေးပွဲ‬
သို့ သော် ( ၂၇ ) ကြာပြီး မြန်မာပြည်သို့ ပြန်လာချိန်တွင်မူ သူ့ဘဝက များစွာပြောင်းလဲသွားခဲ့ပြီ။ အမေရိကန်နိုင်ငံတွင် ဒုတိယဆိုင်ခွဲအများဆုံး ဆူရှိလုပ်ငန်းပိုင်ရှင် ဖြစ်နေပြီဖြစ်သည်။
ဆုတံဆိပ် ( ၁၄ ) ခု ရရှိထားပြီး အမေရိကန် သမ္မတကပင် ညစားဖိတ်ကျွေး ဂုဏ်ပြု့ခံရသည်အထိ အောင်မြင်သော လုပ်ငန်းရှင်တစ်ဦး ဖြစ်လာခဲ့သည်။ အမေရိကန်နိုင်ငံ စီးပွားရေးကျဆင်း၍ ကုမ္ပဏီအများစု အရှုံးပေါ်နေချိန်တွင် သူ့ကုမ္ပဏီမှာ အမြတ်ရနေခဲ့သည်။ သူအလုပ် စတင်လုပ်ချိန်တွင် ပိုက်ဆံရရန်သာ သိခဲ့သည်။ လုပ်ငန်းအောင်မြင့်သော်လည်း သူမပျော်နိုင်။ ထိုအခြေမှ သူကိုပြောင်းလဲစေ ခဲ့သည် မှာစာအုပ်တစ်အုပ်ကြောင့်ကို ဦးဖိလစ်မောင်က ကုန်သည်စက်မူ့ အသင်းတွင်ပြု့လုပ်သော သူ၏ အမေရိကန် အတွေ့အကြုံဆွေးနွေးပွဲတွင် တက်ရောက်လာသူများအား မျှဝေခဲ့သည်။

•••
‪#‎သူ့ရင်ကိုထိမှန်စေသည့်_စာသားအချို့အား‬
ထိုစာအုပ်မှာ စာရေးဆရာ Jim Collin ၏ Good to Great စာအုပ်ဖြစ်သည်။ စာရေးဆရာ ဂျင်ကော်လင်း အနေဖြင့် စာအုပ်တစ်အုပ်ရေးမည် ဆိုပါက လေးနှစ်ငါးနှစ်လေ့လာပြီးမှာရေးသားသူ ဖြစ်သည်။ ထို့ကြောင့်လဲ သူရေးခဲ့သည့် စာအုပ်တိုင်း အရောင်းရဆုံး စာရင်းဝင်ခဲ့သည်။ ဦးဖိလစ်မောင်ဘ၀ကို ပြောင်းလဲစေသည့် စာအုပ်မှာ မအောင်မြင်သော ကုမ္ပဏီများအကြောင်း လေ့လာရေးသားထားခြင်း ဖြစ်သည်။ ထိုစာအုပ်ထဲတွင် သူရင်ကို ထိမှန်စေသော စားသားအချို့အား အခုလိုရှင်းပြခဲ့သည်။
" ကုမ္ပဏီ နှစ်မျိုးရှိပါတယ်... ကောင်းတဲ့ကုမ္ပဏီနဲ့ ကြီးကျယ်မြင့်မြတ်သော ကုမ္ပဏီပေါ့...။ ကောင်းတာက ၀င်ငွေတိုးတက်မှုရှိနေပြီး အမြတ်အစွန်းများများရနေတဲ့ ကုမ္ပဏီပေါ့"
" နောက်တစ်ခုက ကြီးကျယ်မြင့်မြတ်သောကုမ္ပဏီ သူကျတော့ ငွေကြေးတစ်ခုတည်းတင် မကတော့ပါဘူး.. ၀န်ထမ်းတွေရဲ့ဘဝနဲ့ ကုမ္ပဏီယဉ်ကျေးမှုတွေပါ ပါဝင်လာပါတယ် "
ဟုဆိုသည်။
•••

‪#‎ကုမ္ပဏီရဲ့_CoveValue‬
ထိုအချိန်ကစပြီး သူ့ကုမ္ပဏီတွင် ကုမ္ပဏီယဉ်ကျေးမှုဖြစ်သော Core Value သတ်မှတ်ရန် စတင်ခဲ့သည်။ ထိုသို့ သတ်မှတ်ရန်အတွက် သူ့ဝန်ထမ်းအားလုံးထံမှ ကုမ္ပဏီကို မည်သည့်ပုံစံ ဖြစ်ချင်သလဲ ဟုမေးခဲ့သည်။ ၀န်ထမ်းအားလုံးမှ အဆိုပြုသော အချက်ပေါင်း ၁၀၀ ကျော်ရရှိပြီး ထိုထဲမှ အားလုံးလုပ်ချင်သည့် ၁၁ ချက်ကို ကုမ္ပဏီ၏ Core Value အဖြစ်သတ်မှတ်ခဲ့သည်။
" Value ကို ဘယ်လိုတည်ဆောက်မလဲ Core Value တွေသတ်မှတ်တဲ့အခါမှာ All Inclusive ပါဝင်ရမယ် ဆုံးဖြတ်တဲ့အခါမှာတော့ တစ်ယောက် နှစ်ယောက်ကပဲ ဆုံးဖြတ်ရတယ် ဆိုတာတော့ တော်တော်အသုံးဝင်တယ်"
ဟု ကိုဖိလစ်မောင်ဆွေးနွေးပွဲကို တက်ရောက်ခဲ့သူ မြန်မာရှေ့ ဆောင်ဘဏ် မှ ဒုတိယ အုပ်ချုပ်မူ့ ဒါရိုက်တာ ဦးကျော်စိုးမင်းကဆိုသည်။
သတ်မှတ်ခဲ့သော အချက် ၁၁ ချက်ကို သူအပါအ၀င် အားလုံးက လိုက်နာကျင့်သုံးရန် သတ်မှတ်ခဲ့ကြသည်။ သူ့ ကုမ္ပဏီအတွက် သတ်မှတ်ထားသော Core Value နံပတ် ၁ မှာ Service High-Speed and High-Teach ဖြစ်သည်။
နံပါတ် ၁ Core Value နှင့်ပတ်သက်၍ အခုလိုရှင်းပြခဲ့သည်။
" စားသုံးသူတွေကို အဓိကထား ၀န်ဆောင်မူ့ ပေးတယ်။ တစ်ခါက စားသုံးသူတစ်ယောက် ဆူရှီစားပြီး ၀မ်းသွားတယ်ပြောတယ်။ ဒါပေမယ့် သူအဲ့နေ့က အစားစုံတယ်ပြောတယ်။ ကျွန်တော်တို့ ဘာမှမမေးဘူး ချက်ချင်း ဆေးခန်းပြပေးတယ်၊ ကျွန်တော်တို့က ဆေးပို့ပေးတယ် နောက်ဆုံး အိမ်သာသုံးစက္ကူတောင် ပို့ပေးတယ်။ ပြီးတော့ ဒေါ်လာ 100 တန်ဘောင်ချာတောင် ပို့ပေးတယ်။ ဈေးတွက်တွက်ရင်တော့ မကိုက်ဘူးပေါ့။ ဒါပေမယ့် ကျွန်တော်တို့ customers ကို အလေးထားတာ သိစေချင်တယ်"
ဟု ဦးဖိလစ်မောင်ကရှင်းပြခဲ့သည်။
နံပါတ် ၂ Core Value မှာ Inspire and Be Inspire ဖြစ်သည်။ အထက်အောက် ယုံကြည်မှုကို အလေးထား တည်ဆောက်ပေးထားခြင်း ဖြစ်သည်။
" အောက်ကို လုပ်ပိုင်ခွင့်ပေးထားတယ်။ မှားချင်မှားပလေ့စေ။ ပြတ်သားတိကျဖို့လိုတယ်။ ခေါင်းဆောင်က တုန့်နှေးနေရင် အလုပ်မဖြစ်ဘူးလေ။ ယုံကြည်မှုရဖို့ဆိုတာက ခေါင်းဆောင်တွေကလည်း ငယ်သားတွေနဲ့အတူတူ အလုပ်လုပ်ပြီး ယုံကြည်မှုကို ယူမှရမှာ"
ဟု ဦးဖိလစ်မောင်ကရှင်းပြခဲ့သည်။
နံပါတ် ၃ Core Value မှာ Open and Honest Communication ဖြစ်သည်။
"အစပိုင်း ၁၀ နှစ်လောက်က ကျွန်တော်ကရုံးခန်းထဲမှာပဲ ထိုင်နေခဲ့တာ။ ဘယ်သူမှ တံခါးလာမခေါက်ရဲဘူး။ ဒီတော့ သူတို့ဆီက အတွေးအမြင်အသစ်တွေ မရလာဘူး။ နောက် ကျွန်တော်ရုံးခန်းကို အပြင်ထုတ်လိုက်တယ်။ သူတို့နဲ့အတူတူလုပ်တယ်။ အစပိုင်းက အဆင်မပြေဖြစ်ပေမယ့် နောက်ပိုင်းရင်းနှီးလာတာနဲ့ အမျှအဆင်ပြေလာတယ်။ သူတို့ဆီက အကြံဉာဏ်တွေ ရလာတယ်။ ဒါလည်းကောင်းတဲ့အချက်ပဲ"
အခြားသောအချက်များမှာ ကိုယ်လာတဲ့ ပတ်ဝန်းကျင်ကို မမေ့ရန်၊ ၀န်ထမ်းတွေကို အလုပ်လုပ်ရင်း ပရဟိတမျှဝေဖို့ပါ သင်ပေးခြင်း၊ ပြသာတစ်ခုခုဖြစ်လာပါက လွဲမချပဲ အားလုံးတိုင်ပင်ပြီး ဖြေရှင်းခြင်း နှင့် အလုပ်လုပ်ရင် Team work ကို အလေးထားစေခြင်း တို့ ဖြစ်သည်။
"၀န်ထမ်းတွေကို မန်နေဂျာပုံစံမျိုး မဟုတ်ပဲနဲ့ Leader ( ခေါင်းဆောင် ) ပုံစံအုပ်ချုပ်တာ ခိုင်းလို့ လုပ်တာ မဟုတ်ဘူး ကိုယ်ကိုတိုင်က လုပ်ချင်လို့ လုပ်တာမျိုးဖြစ်အောင် အုပ်ချုပ်တာ"
ဟု ဦးဖိလစ်မောင်၏ ဆွေးနွေးပွဲအား တက်ရောက်နားထောင်ခဲ့သူ မယမင်းခင်း က သုံးသပ်သည်။
ဦးဖိလစ်မောင်၏ အတွေ့ အကြုံဆွေးနွေးပွဲတွင် လူကြိုက်များသောတစ်ခုမှာ ၀န်ထမ်းချိန် သတ်မှတ် မထားပဲဆောင်ရွက်ခြင်း ဖြစ်သည်။ ထိုကဲ့သို့ ဆုံးဖြတ်စဉ်က အခြားသော လုပ်ငန်းရှင်များက သူ့အား ရူးသွားပြီး ဟုပင်ပြောဆိုကြောင် ဦးဖိလစ်မောင်က ရှင်းပြခဲ့သည်။ ခေတ်လူငယ်များအနေဖြင့် ထိန်းချုပ်မှုကိုမကြိုက်သဖြင့် ထိုကဲ့သို့ ဆုံးဖြတ်ရခြင်းဖြစ်ပြီး ထိန်းချုပ်မူ့ များ လာပါကတီထွင်မူ့ ကျဆင်းလာနိုင်သည် ဟု သူယုံကြည်ခဲ့၍ဖြစ်သည်။

"ဆရာ့ဆွေးနွေးမှုထဲမှာ အကြိုက်ဆုံးက Hissho ရဲ့ဝန်ထမ်းတွေကို ရုံးတက်ချိန် ဆင်းချိန် သတ်မှတ်မပေးဘဲ လွတ်လပ်စွာ နေစေတာပါပဲ။ ဒီ့အတွက် အလုပ်လုပ်ချိန်တွေ တိုလာတယ်။ ဖန်တီးနိုင်စွမ်းတွေ မြင့်တက်လာတယ်ဆိုတာကို သဘောအကျဆုံးပဲ"
ဟုဆွေးနွေးပွဲကိုလာရောက် နား ထောင်သူ ကိုဖြိုးေ၀၀င်းက ပြောသည်။
ဦးဖိလစ်မောင် ၏ ဖတ်ဖူးသောစာအုပ်များနှင့် အတွေ့ အကြုံအရ၀န်ထမ်းများအား အဆင့် ၅ ဆင့်ခွဲ ခြား သတ်မှတ်ထားသည်။ ရန်လိုသည့်လူမျိုး အပျက်သဘောမြင့်သူ ငါဆိုသည့် အတ္တများနေသူ ငါ့တို့  ( We are Great ) နှင့် ရည်မှန်းချက်အောင်မြင်အောင် ဆောင်ရွက်သူ ဟူ၍ဖြစ်သည်။
သုတနေသနစစ်တမ်းအရ အမေရိကန်နိုင်ငံမှာတွင် အတ္တများနေသူမှာ ၄၉ ရာခိုင်နှုန်း ငါ့တို့ ဟုစဉ်းစား သူက ၂၂ ရာခိုင်နှုန်းနှင့် ရည်မှန်းချက် အောင်မြင်အောင် ဆောင်ရွက်သူမှာ ၂ ရာခိုင်နှုန်းသာရှိသည်။ သူ့ အနေဖြင့် မြန်မာနိုင်ငံမှာ စွန်းဦးတီထွင်လုပ်ငန်း လုပ်ကိုင်ချင်သူများနှင့် ပတ်သက်၍လည်း အချက်သုံးချက် လုပ်ဆောင်ရန်ညွှန်ပြခဲ့သည်။
ထိုအချက် ၃ ချက်မှာ မိမိအလုပ်အား နှစ်ခြိုက်မှုရှိပါစေ ( Pacsion ) ရည်ရွယ်ချက်ရှိပါစေ ( Purpose ) နှင့်အမြတ်ရပါစေ ( Profit ) တို့ ဖြစ်သည်။ ထို အချက် ၃ ချက်နှင့် ပတ်သက်၍ ဦးဖိလစ်မောင်က အခုလိုပဲရှင်းပြခဲ့သည်။
"ဆိုလိုတာက မိမိအလုပ်ကို နှစ်ခြိုက်မှုရှိရမယ်။ စိတ်မ၀င်စားဘဲလုပ်နေရင်တော့ ဘာမှထူးလာမှ မဟုတ်ဘူး တိကျတဲ့ ရည်ရွယ်ချက်ရှိရမယ်။ ငွေကြေးတစ်ခုတည်းမဟုတ်တဲ့ ရည်ရွယ်ချက်ပေါ့ ကိုယ်အောင်မြင်လာရင် ကိုယ့်ပတ်ဝန်းကျင်ကို ဘယ်လို ထောက်ပံ့ပေးမလဲ ဆိုတာမျိုး ဒါမှရှင်သန်ရတာ အဓိပ္ပါယ်ရှိမှာပေါ့။ ဒါကိုအခြေခံ ကြိုးစားမယ်ဆိုရင် နောက်ဆုံး Profit က အလိုလိုရလာမှာပါ.....။
ဦးဖိလစ်မောင် အောင်မြင်ရခြင်း၏ အဓိကအကြောင်းအရင်းမှာ သူ၏၀န်ထမ်းများအား လုပ်ငန်းခွင်တွင် ပျော်ရွှင်အောင် ဆောင်ရွက်ပေးထားခြင်းဖြစ်သည်။ သူအနေဖြင့်လည်း လုပ်ငန်းရှင်တစ်ယောက်ပုံစံဖြင့် အလုပ်လုပ်ခြင်းမဟုတ်ပေ။ ခေါင်းဆောင်တစ်ယောက်ပုံစံဖြင့် သူလုပ်ငန်းအား ပုံဖော်သွားခဲ့သည်။
ထို့ အချက်သည် သူ့လုပ်ငန်း အောင်မြင်ရခြင်း၏ သော့ချက်ဖြစ်သည်။
•••
‪#‎အောင်မြင်မှုမှတ်တမ်း‬
မြန်မာပြည်ဖွား ဦးဖိလစ်မောင် ဟာ အမေရိကန် လောအိန်ဂျလိ ကို ၁၉၈၉ မှာ စတင်ရောက်သွားပါတယ်။ ရောက်စက လက်ထဲမှာ ၁၃ ဒေါလာသာရှိပါတယ်။
ဆူရှီလုပ်နည်းကို ဗီယက်နမ်နဲ့ ကိုရီးယား စားဖိုမှုးတွေဆီက ပညာသင်ယူပြီး ဆူရှီစားစရာတွေကို ကျောင်းအသီးသီး စားသောက်ဆိုင်းများနှင့် ဆေးရုံတွေကို ပို့ထားပြီး သူ၏ ဆိုင်ခွဲများကို Hissho Sushi ဆိုပြီး ဖွင့်လှစ်ထားပါတယ်။
၂၀၀၂ ခုနှစ်တွင် ပြည်နယ် ( ၅ ) ခု
၂၀၀၅ မှာ ပြည်နယ် ( ၁၂ ) ခု
၂၀၁၀ ကစတင်ပြီး ယနေ့ထိတိုင် ပြည်နယ် ( ၃၀ ) မှာ ဆိုင်ခွဲပေါင်း ( ၄၀၀ ) ခု
၂၀၁၄ ခုနှစ်တွင် ဆိုင်ခွဲပေါင်း ( ၈၀၀ ) ကို ဖွင့်လှစ်နိုင်ခဲ့ပါတယ်။

၁၇ နှစ်ကြာအတွင်း ဆူရှီဆိုင်ခွဲ ၈၀၀ ကျော် ဖွင့်လှစ်ထားပြီး အမေရိကန်သမ္မတ အိုဘားမားက စီးပွားရေးမိန့်ခွန်း ပြောတဲ့ပွဲကို တက်ရောက်ဖို့ ဖိတ်ကြားခြင်းခံရတဲ့ မြန်မာလုပ်ငန်းရှင် တစ်ဦးဖြစ်ပါတယ်။ အမေရိကန်မှာ စီးပွားရေးကျဆင်း၊ ဝန်ထမ်းတွေ လျှော့ချနေချိန်မှာ လုပ်ငန်းအောင်မြင်နေသူ တစ်ဦးအဖြစ် အမေရိကန်ပြည်သူတွေကို အတုယူစေရန် စံပြပုဂ္ဂိုလ်အဖြစ် ဖိတ်ခေါ်ခြင်း ဖြစ်ပါတယ်။
စွန့်ဦးတီထွင်လုပ်ကိုင်သူ Hissho Sushi ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် ဦးဖီလစ်မောင် သည် ဆူရှီဆိုင် ၁ ဆိုင်မှ စတင်၍ ဆိုင်ခွဲပေါင်း ၈၀၀ ( အမေရိကန်တွင် ဆိုင်ခွဲဒုတိယအများဆုံး ) အထိ တိုးချဲ့လုပ်ကိုင်လျှက်ရှိသည်။
အမေရိကန်ရှိ ကုန်တိုက်များတွင် အရည်အသွေး ပြည့်မှီကာ ထူးခြားဆန်းသစ်သော ဆူရှီစားသောက်ကုန် လုပ်ငန်းကို အောင်းမြင်စွာ လုပ်ကိုင်လျှက်ရှိပါသည်။

၂၀၁၄ ခုနှစ်မှ စတင်၍ The Carolina Asian-American Chamber of Commerce တွင် အရေးပါသော နေရာမှ ဝင်ရောက်ပါဝင်ခဲ့ပါသည်။
၂၀၁၂ ခုနှစ်တွင်...
( ၁ ) Business Leader Magazine မှ အမေရိကန်တောင်ပိုင်းရှိ ထိပ်တန်းအသေးစား စီးပွားရေးလုပ်ငန်းပေါင်း ၃၀၀ ကျော်တွင်း ပထမအဆင့်
( #1 ) အနေဖြင့် လည်းကောင်း၊

( ၂ ) Mayor's lnternational Cabinet Awards ပွဲတွင် " Pat M McCrory နိုင်ငံတကာစီးပွားရေး စွန့်ဦးတီထွင်လုပ်ငန်းရှင်ဆု " ကို လည်းကောင်း၊
( ၃ ) နှစ်တစ်နှစ်၏ အအောင်မြင်ဆုံး လူနည်းစု ကိုယ်စားပြု့ လုပ်ငန်းရှင်အား ချီးမြှင့်သည့် " Crown of Enteprise Awards " ကို လည်းကောင်း၊
( ၄ ) lnc မဂ္ဂဇင်းမှ ဖော်ပြသော နှစ်တစ်နှစ်၏ တိုးတက်မှု အမြန်ဆုံး ပုဂ္ဂလိက Company ပေါင်း 5000 တွင် အဆင့် 500 အနေဖြင့် ၃ နှစ် ဆက်တိုက် ချိတ်ဆွဲခဲ့ပါသည်။
အထက်ပါ ဆု ( ၄ )ခုနှင့် အတူ အောင်မြင်မှုကို အသိအမှတ်ပြု့သည့် ဆုပေါင်း ၁၀ ခုကိုလည်း ၂၀၁၂ ခုနှစ် အတွင်းတွင် ချီးမြှင့်ခြင်း ခံခဲ့ရပါသည်။
ယနေ့တိုင် စားသုံးသူများထံမှ မျှော်မှန်းချက်ထက် သာလွန်သော အကောင်းဆုံးအရည်အသွေးနှင့် ပြည့်မှီသည့် ဆူရှီစားသောက်ကုန်များကို ဖြည့်ဆည်းပေးနိုင်ရန် အစဉ်တစိုက် ဆောင်ရွက်လျှက်ရှိပါသည်။ ဝန်းထမ်းများ အစစအရာရာ အဆင်ပြေစေရန် ဖြည့်ဆည်းပေးခြင်း၊ ပွင့်လင်းမြင်သာမှုရှိပြီး လေးစားမှုရှိသော လုပ်ငန်းခွင်တစ်ခု ဖော်ဆောင်ရေး နှင့် ပတ်သက်၍ လွန်စွာ စိတ်အားထက်သန်သူ ဖြစ်ပါသည်။
•••••
‪#‎ဦးဖီလစ်မောင်ရဲ့ရန်ကုန်ဟောပြောပွဲအပိုင်း_‬( ၁ )_
Philip Maung Talk 1... Mp3 https://drive.google.com/…/0B88qWw_pvpY3SXZpc2h2SXJYc…/view…
•••••
Credit _ https://www.facebook.com/philipmaung…
စောကရင်၊
ပန်းအိဖြူ၊
စာပေဟောပြောပွဲ Mp3Librery

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။