#အောင်မြင်မှုပန်းတိုင်
အချိန်ကိုတန်ဖိုးရှိရှိ အသုံးချဖို့လိုတယ်ဆိုတဲ့
ကိုမောင်သန်း(MD) ၊နေဇွန်ဝမ်းစတား ကုမ္မဏီလီမိတက်
မန္တလေးမြို့ ၃၆ လမ်းနှင့် ၈၃ လမ်းထောင့် နှင့် ၃၆လမ်း ၈၂×၈၃လမ်းကြားမှာကား၊ ထော်လာဂျီ၊အလွိုင်းဝှီး၊သဲေ ဂွ၊ကျွတ်၊တာရာ ရောင်းဝယ်ရေးဆိုင်ကြီးများ ဖွင့်လှစ်နေသူ လူမှုကူညီရေးအသင်းများ ၊ဘာသာရေးလုပ်ငန်းများစွာမှာ လိုအပ်သလို လစဉ်လှူဒါန်းရင်းမဟာပရဟိတနဲ့ လောကကိုအလှဆင်နေသူကိုမောင် သန်းကသူရဲ့တာရာလုပ်ငန်းဘ၀အစ ကို“ကျွန်တော်အထက်တန်းကျောင်းသားဘ၀ကတည်းကမနက်၆နာရီဆိုတာရာဆိုင်လေးဆိုင်ကိုဘုရားပန်းလဲ၊ဆိုင်ခင်းပေးရတယ်။တစ်ဆိုင်ကိုတစ်လလုပ်အားခတစ်ဆယ်ရ တယ်။မိဘကနွမ်းပါးတဲ့ဝန်ထမ်း မိသားစုဆိုတော့ဒီကရတဲ့ပိုက် ဆံနဲ့ပဲကျောင်းစိမ်းဝယ်၊အင်္ကျီဝယ်၊စာအုပ်ဝယ်ကျောင်းတက်ရ တယ်။ကျောင်းအားရက်တွေမှာကား တာရာဘီးတွေရေဆေးပေးရတယ်။ဒီက ရတဲ့ ပိုက်ဆံလေးတွေကို စုရင်းကျွန်တော်ရင်ထဲကခံစား ချက်ခံယူချက်ပြင်းပြတဲ့တစ်ေ န့မှာဆိုင်ပိုင်ရှင်တစ်ယောက်ဖြစ်ရမယ်ဆိုတဲ့စိတ်နဲ့ကြိုးစားပြီး၁၉၈၆ခုနှစ်မှာကိုယ် ပိုင်တာရာဆိုင်လေးကိုသူငယ်ချင်းတစ်ယောက်နဲ့စပ်တူဖွင့်ြ ဖစ်တယ်။အဲ့ဒီအချိန်ကစက်ဘီလေးတစ်စီးနဲ့တင်မြို့လုံပတ်ပြီးကားတာရာအဟောင်းအရောင်းအ၀ယ် ထွက်ရတယ်” လို့ပြောပြပါတယ်။
လုပ်ငန်းတစ်ခုလုပ်ဆောင်ရာမှာ ရိုးသားမှုရဲ့အရေးပါပုံကိုလည်း
သူဘ၀ဖြတ်သန်းမှုနှင့် နှိုင်းယှဉ်ပြီး ၉၄ ခုနှစ်မှာ ဘဝပျက်သွားတယ်။ အဲဒါ
လူငယ်တွေကို အတုယူစေချင်တယ်။ အဲဒီအချိန်က ငွေရရှိမှုကိုပဲ ရှေ့တန်းတင်ပြီး
လောဘနဲ့ လုပ်မိတော့ အောင်မြင်မှုက ရေရှည်မခံဘူး။ ဥပမာ မကောင်းတဲ့ ပစ္စည်းကို
ကောင်းတယ်ပြောပြီး ရောင်းတာ။ မသာမာမှုနဲ့ ရှာထားတဲ့ ပိုက်ဆံဟာ တစ်ချိန်မှာ
တက်တက်စင်အောင် ကုန်သွားတယ်။ ဒီအမှားကို သင်ခန်းစွာယူပြီး ၉၄ ခုနှစ်မှာ
စိတ်သစ်လူသစ်နဲ့ ဘဝသစ်ကို စခဲ့တာ ယနေ့ကုမ္ပဏီတည်ထောင်နိုင်တဲ့
အချိန်ထိပဲ။ ကုမ္ပဏီတည်ထောင်ရာမှာလဲ ကားတာရာတွေ၊ Truck ကားတွေကို
ဂျူတီနဲ့ပဲသွင်းတယ်။ မှောင်ခိုသွင်းပြီး မတရားတဲ့ငွေနဲ့ လှူရင်
အပြစ်မြင်မှာဆိုးတယ်။ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးတွေမှာလည်း လိုအပ်သလို
လှူတယ်။ လှူရာမှာလည်း ၁၀သိန်းကုန်ရင် ၅သိန်းပဲလှူတယ်။ ကျန်တာ သူ့ကိုပဲ
ကြိုးစားခိုင်းတယ်။ ၁၀ကုန်မှာ ၁၀ သိန်းလုံးလှူရင် လူပေါသွားမှာ၊
ကိုယ်အပေါ်မှီခိုစိတ်ဖြစ်သွားမှာစိုးတယ်။
လုပ်ငန်းမှာအောင်မြင်ဖို့ ကြိုးစားနေတဲ့ လူငယ်များကိုလည်း အချိန်ကို တန်ဖိုးရှိရှိ အသုံးချဖို့ အကြံပြုတယ်။ အချိန်ကို တန်ဖိုးမထားရင် အချိန်က အချီးနှီးဖြစ်သွားမယ်။ ဒါကြောင့် အချိန်ကို အကျိုးရှိရှိအသုံးချပြီး လုပ်ငန်းမှာ မှန်မှန်ကန်ကန် သစ္စာရှိရှိနဲ့ တစိုက်မတ်မတ်လုပ်ဆောင်သွားရ င် တစ်နေ့မှာ အောင်မြင်မှုရရှိမှာပါလို့ အကြံပြုလိုက်ပါတယ်။
#SHARK EnergyDrink
အချိန်ကိုတန်ဖိုးရှိရှိ အသုံးချဖို့လိုတယ်ဆိုတဲ့
ကိုမောင်သန်း(MD) ၊နေဇွန်ဝမ်းစတား ကုမ္မဏီလီမိတက်
မန္တလေးမြို့ ၃၆ လမ်းနှင့် ၈၃ လမ်းထောင့် နှင့် ၃၆လမ်း ၈၂×၈၃လမ်းကြားမှာကား၊ ထော်လာဂျီ၊အလွိုင်းဝှီး၊သဲေ
လုပ်ငန်းတစ်ခုလုပ်ဆောင်ရာမှ
လုပ်ငန်းမှာအောင်မြင်ဖို့ ကြိုးစားနေတဲ့ လူငယ်များကိုလည်း အချိန်ကို တန်ဖိုးရှိရှိ အသုံးချဖို့ အကြံပြုတယ်။ အချိန်ကို တန်ဖိုးမထားရင် အချိန်က အချီးနှီးဖြစ်သွားမယ်။ ဒါကြောင့် အချိန်ကို အကျိုးရှိရှိအသုံးချပြီး လုပ်ငန်းမှာ မှန်မှန်ကန်ကန် သစ္စာရှိရှိနဲ့ တစိုက်မတ်မတ်လုပ်ဆောင်သွားရ
#SHARK EnergyDrink
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။