Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, May 21, 2016

( အော်စလိုအခြေစိုက်၊ မြန်မာသံအမတ် ဒေါ်မော်မော်နဲ့ တွေ့ဆုံ အင်တာဗျူးခြင်း)

အကူအညီပေးနိုင်ဘို့ စာရင်းကောက်တာပါ.။
( အော်စလိုအခြေစိုက်၊ မြန်မာသံအမတ် ဒေါ်မော်မော်နဲ့ တွေ့ဆုံ အင်တာဗျူးခြင်း)

နိဒါန်း-
လွန်ခဲ့ သီတင်းပတ်တွေတုန်းက အော်စလိုအခြေစိုက် မြန်မာသံရုံးက ရက်စွဲမပါတဲ့ ကြေငြာချက်နဲ့ နော်ဝေးနေမြန်မာများရဲ့ စာရင်းကောက်ခံနေကြောင်း(ပူးတွဲဖော်ပြထား) ထုတ်ပြန်ပါတယ်။ ဒါကို နော်ဝေးနေ မြန်မာနိုင်ငံဘွားတွေက သံရုံးက သဘောထားရှင်းလင်းကွဲပြားမှုမရှိ၊ ဘာရည်ရွယ်ချက်နဲ့ထုတ်သလဲ ဆိုတဲ့မေးခွန်းတွေထုတ်ကြပါတယ်။ဒီအတွက် မနေ့က(မေ၁၉၊ကြာသပတေး) ကိုယ်တိုင် သံအမတ်နဲ့ တွေ့ဆုံ အင်တာဗျူးပြီး အပြည့်အစုံကို ရေးသားဖော်ပြလိုက်ပါတယ်။
(ကိုညို)


မြန်မာသံရုံးက ထုတ်ခဲ့တဲ့ စာဟာ ဘယ်လို ရည်ရွယ်ချက်နဲ့ ထုတ်ထားတာလဲ အရင်ဆုံး သိချင်ပါတယ်။
ဖြေ.။ ဟုတ်ကဲ့.၊ စာထဲမှာပါတဲ့အတိုင်း ၂၀၁၅ခု ဇန်န၀ါရီမှာ သံရုံးကိုစဖွင့်ပါတယ်။ အဲဒီနောက် နော်ဝေမှာနေထိုင်တဲ့ မြန်မာနိုင်ငံသားဟောင်းတွေက ကျမတို့ကို လာပြီးဆက်သွယ်ပါတယ်။ ဒါကြောင့် သူတို့ မြန်မာနိုင်ငံကို ပြန်ချင်ရင် ကျမတို့က ဆိုရှယ် ဗီဇာလျှောက်ပေးပါတယ်။ အဲဒီနောက် သူတို့ ဗမာနိုင်ငံပြန်ကြပါတယ်။ အရင် ဆိုရှယ်ဗီဇာနဲ့ ပြန်ဖူးသူတွေကို ကျမတို့ တန်းပြီး ဗီဇာထုတ်ပေးပါတယ်။
ဒီစာထုတ်ရတဲ့ အဓိက အကြောင်းအရင်းကလည်း နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးကနေ ပြည်ပမှာရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေရဲ့ အကျိုးကို သံရုံးတွေအနေနဲ့ စွမ်းစွမ်းတမံဆောင်ရွက်ပါဆိုတဲ့ ညွှန်ကြားချက်ကလေး၊ ကျမတို့ဆီရောက်လာပါတယ်။
နော်ဝေးနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေက မြန်မာနိုင်ငံသား ဟောင်း အများစုဖြစ်နေပါတယ်။ မြန်မာနိုင်ငံသားပတ်စ်ပို့စ်ကို ဆက်ကိုင်ထားသူက လက်ချိုးရေလို့ရပါတယ်။ လူဦးရေကလည်း ၁၀ဦး ၁၅ ဦးထက် မပိုတာကို တွေ့ရပါတယ်။.
ဒီလူတွေကလည်း နော်ဝေးနိုင်ငံကို ပညာသင်အနေနဲ့လာတဲ့ အလုပ် လုပ်ဖို့ ရောက်နေသူတွေပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံသားတွေအတွက်တော့ စာရင်းရှိပါတယ်။ မြန်မာနိုင်ငံသား ဟောင်းတွေအတွက်တော့ ကျမတို့ စာရင်းလိုချင်လို့ ကောက်တာပါ။
ကျမတို့ ဘာဖြစ်လို့ ကောက်ရသလဲဆိုတော့ မြန်မာနိုင်ငံသားဟောင်း ဘယ်နှစ်ယောက်နော်ဝေးနိုင်ငံမှာ နေထိုင်သလဲဆိုတဲ့စာရင်းလိုချင်လို့ ကောက်တာပါ။
သံရုံးတရုံးရဲ့ တာဝန်က မြန်မာနိုင်ငံသားတွေကို စောင့်ရှောက်ရမယ့် တာဝန်ရှိသလို မြန်မာနိုင်ငံသားဟောင်းတွေက အကူအညီတောင်းလာရင် အကူအညီပေးနိုင်ဘို့ ပါ။ ဒါကြောင့်စာရင်းတောင်းရတာပါ။

မေး.။ တဖက်မှာလည်း သံရုံးတွေနဲ့ ပြည်ပနေထိုင်သူတွေအကြား မိတ်ဖက်အသွင်မဖြစ်တော့ ပြဿနာတွေကရှိနေတာပေါ့.။ ကောက်ခံတဲ့ သူတို့အမည်စာရင်းတွေအပေါ်စိုးရိမ်ပူပန်မှုရှိတယ်။ ဒီအပေါ် ဘာပြောချင်သလဲ။
ဖြေ။ သံသယဆိုတာက ဖြေဖျောက်ဖို့ တော်တော် အချိန်ယူရမှာပါ။ ကျမတို့ ဖြေဖျောက်ဘို့လည်း ကျိုးစားပါ့မယ်။ ပြည်ပရောက် မြန်မာနိုင်ငံသားတွေကလည်း သံရုံးတွေက အခွန်ပဲကောက်တယ်၊ သူတို့ ပြဿနာတခုခုဖြစ်ရင် ကူညီဘို့ ၀န်လေးတယ်။ မကူနိုင်ကြဘူးဆိုတာမျိုးတွေလည်း ကျမတို့ မြင်ခဲ့တယ်။ ဒါတွေက တကယ်ဖြစ်ခဲ့တာပါ။ ကျမတို့ ဒါတွေကို အများကြီး ကျိုးစားပြီး ပြင်ဆင်နေရပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနက ၀န်ထမ်းတွေရဲ့ မိုင်းဆက်တွေကိုလည်း ကျမတို့ ပြင်ဆင်နေကြရပါတယ်။ နှစ်ပေါင်းကာလရှည်ကြာခဲ့တဲ့ မိုင်းဆက်တွေမို့ တနေ့၊ တရက်နဲ့ ပြင်လို့မရပါဘူး။
မြန်မာနိုင်ငံသားဟောင်းတွေကလည်း သူတို့အမည်စာရင်းမပေးလိုဘူးဆိုတာလည်း ကျမတို့ နားလည်ပါတယ်။ ဒီအတွက်လည်း ကျမတို့က ဘယ်လိုပူးပေါင်းဆောင်ရွက်ကြမလဲ၊ ဥပမာ ကိုညိုတို့ဘက်က သံရုံးကိုလာတွေ့တယ်၊ အရင်အခြေအနေဆို လာတွေ့လိမ့်မယ်လဲ မထင်ဘူးလေ၊ ကျမဘက်ကလည်း လက်ခံတွေ့မှာ မဟုတ်ဖူးပေါ့။ အဲဒီတော့ ကျမတို့ဘက်ကလည်း ပြောင်းလဲမှုတွေ လုပ်ရသလို၊ မြန်မာနိုင်ငံသားဟောင်းတွေဘက်ကလည်း သံရုံးအနေနဲ့ စာရင်းကို ရလိုချင်တာကြောင့် ကောက်ခံခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံသားဟောင်း ဘယ်လောက်နေထိုင်သလဲ ဆိုတာ သိချင်လို့ စာရင်းကောက်တာပါ.။

မေး..။ စာရင်းအတိအကျရမယ်လို့ရော မျော်လင့်နိုင်သလား၊ မပေးဘူးဆိုရင်ကော.။
ဖြေ.။ ဒါကတော့ သူတို့ ဆန္ဒပါ။ သံသယဆိုတာ တနှစ်နဲ့ ၂နှစ်နဲ့လည်းမရပါဘူး၊ တော်တော်အချိန်ယူလုပ်ရမှာပါ။ သူတို့စာရင်းမပေးလည်း နားလည်ပါတယ်။ ကျမတို့ဘာမှ ဖိအားပေးစရာအကြောင်းလည်းမရှိပါဘူး။ ပေးမယ်ဆိုရင်တော့ ကျမတို့အတွက် တန်ဘိုးရှိမှာပါ။ ဘာလို့လဲဆိုတော့..မြန်မာနိုင်ငံသားတွေ အစက သံရုံးမရှိလို့ ဗီဇာမလျှောက်နိုင်ဘူး။ အခုဆို လာလျှောက်ကြပြီ။ တလောက မိသားစုတွေ တပြုံကြီးရောက်လာတော့ ကျမတို့ ဗီဇာရအောင် လုပ်ပေးပါတယ်။ အရင်တုန်းကတော့ ဆိုရှယ်ဗီဇာမို့ ပြန်ပြီး တင်ပြနေရတယ်။ အခုဆိုရင် ကျမတို့ကို ဘာပြောထားသလဲဆိုတော့ ဒါကလဲ On Going Process ပါ။ ဒါက မြန်မာနိုင်ငံသား ဟောင်းတွေကို သံအမတ်ကြီးတွေအနေနဲ့ ဗီဇာထုတ်ပေးနိုင်မယ်လို့ ယူဆမယ်ဆို ဗီဇာထုတ်ပေးပါလို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆက်သွယ်မှုအရ ကျမတို့သိထားပါတယ်။ တရားဝင်စာတွေ အခုမထွက်လာသေးပါဘူး။ နောင်တချိန်မှာ ထွက်လာမှာပါ။
ကျမတို့ သံရုံးအနေနဲ့ မြန်မာနိုင်ငံသားအဟောင်းတွေနဲ့ ဘယ်လိုများ ပူးပေါင်းဆောင်ရွက်မလဲဆိုတာမျိုးနဲ့ ကျမတို့ စာရင်းကောက်ခြင်းဖြစ်ပါတယ်။

မေး.။ မြန်မာပြည်တခါမှ မသွားဖူးသေးတဲ့ နိုင်ငံသားဟောင်းတွေအနေနဲ့ကျတော့ရော.ဒီသံရုံးက ဆိုရှယ်ဗီဇာထုတ်ပေးသလား.။
ဖြေ.။ အဲဒါကတော့ လောလောဆယ်၊ ဘယ်လိုဖြစ်နေသလဲဆိုတော့..ရှင်းရှင်းလင်းလင်းဘာမှမရှိသေးပါဘူး`။ဟို.. ဒီဟာက ရက်တစ်ရာစီမံကိန်းမှာ ပါနေပါတယ်။ ရက်တရာစီမံကိန်းမှာ ပါနေလို့ ဆိုရှယ်ဗီဇာကို ထုတ်ပေးခွင့်ရအောင် ကျမတို့ တင်ထားပါတယ်။..ဒီဟာကလည်း မကြာခင် ညွှန်ကြားချက် တိတိကျကျ ပြန်လာလိမ့်မယ်လို့ မျော်လင့်ပါတယ်။
မြန်မာနိုင်ငံသား ဟောင်းတွေက တချိန်ကထွက်လာခဲ့ပေမယ့် အခု မြန်မာနိုင်ငံပြန်သွားချင်တဲ့စိတ် ရှိကြပါတယ်၊ ဒါကိုအားပေးတဲ့အနေနဲ့ သံအမတ်ကြီးတွေက ဒီလူတွေ အမည်မည်းစာရင်းမပါရင် ဗီဇာထုတ်ပေးခွင့် ကို နိုင်ငံခြားရေး ၀န်ကြီးဌာနကတဆင့် လူဝင်မှုကြီးကြပ်ရေးရုံးကို ပြန်တောင်းထားပါတယ်။ ဗီဇာထုတ်ပေးတာ နိုင်ငံခြားရေးဝန်ကြီးဌာနက လုပ်ဆောင်တာ မှန်ပေမယ့် ဒါတွေရဲ့ လုပ်ပိုင်ခွင့်အားလုံးကို လူဝင်မှုကြီးကြပ်ရေးက ကိုင်ထားတာပါ။ ဒါကို ကျမတို့ ၀န်ကြီးဌာန၂ခုကြားထဲ ပြန်လည်ညှိနှိုင်းပြီး ဖြေလျှော့တာတွေ အခု လုပ်နေပါတယ်။

မေး.။ ဟုတ်ကဲ့၊ ကိုယ့်ကိုယ်ကိုနဲ့ပဲ ဥပမာပေးမေးချင်တာတခုရှိပါတယ်။ ကျနော်က ၂၈နှစ်ရှိပြီ မြန်မာပြည်မပြန်နိုင်ဘူး။ မှတ်ပုံတင်ဟောင်းလည်း မရှိတော့ဘူး။ နော်ဝေးနိုင်ငံသားတောင်ဖြစ်နေပြီ။ ဒီတော့ ကျနော့မိသားစုမောင်နှမတွေနဲ့ တွေ့ချင်လို့ ဗီဇာကို ဒီမှာပဲတိုက်ရိုက်လျှောက်မယ်ဆိုရင် သံအမတ်ကြီး ဘယ်လို တုန့်ပြန်မလဲ.။
ဖြေ.။ ဒီမှာ ဗီဇာက ၂ပိုင်းရှိပါတယ်။ ဆိုရှယ်ဗီဇာနဲ့ သွားမလား၊ တိုးရစ်ဗီဇာနဲ့ သွားမလား။
တိုးရစ်ဗီဇာနဲ့ လျှောက်ရင် ကျမတို့က ပတ်စ်ပို့စ်နဲ့ ဒီမှာနေထိုင်ကြောင်းမှန်ကန်ရင် ဗီဇာထုတ်ပေးပါတယ်။ မြန်မာနိုင်ငံသားဟောင်းတွေက တိုးရစ်ဗီဇာနဲ့သွားရင် တည်းခိုခ၊သွားလာစရိတ်ကြီးမားလို့ မသွားလိုဘူး။ ဆိုရှယ်ဗီဇာလျှောက်ရင် တိုးဗီဇာထက် နည်းနည်း အခွင့်အရေးပိုသာတတ်ပါတယ်။ ကိုညိုအနေနဲ့ တိုးရစ်ဗီဇာလျှောက်မယ်ဆိုရင် အမည်မည်းစာရင်းထဲ မပါရင်ကျမတို့ ပေးနိုင်ပါတယ်.။အမည်မည်းစာရင် မဖျက်မချင်းတော့သံရုံးအနေနဲ့ ဗီဇာပေးခွင့်မရှိပါဘူး.။

မေး..။ ဘယ်လိုသိနိုင်မလဲ၊ အမည်မည်းစာရင်းပါ၊မပါဆိုတာက.။
ဖြေ.။ အဲဒါကတော့ သံရုံးတွေကိုပဲ ထုတ်ပေးထားတာပါ။ သံရုံးတွေကပဲ သိထားရပြီး ပါမပါစစ်ဆေးရတာပါ။ ဆိုရှယ်ဗီဇာကျတော့ ကျမတို့ ၀န်ကြီးဌာနတခုတည်းနဲ့ မသက်ဆိုင်ပဲ တခြားဝန်ကြီးဌာန(လူဝင်မှုကြီးကြပ်) နဲ့လည်း ပတ်သက်နေတာမို့ ဌာနချင်း ပြန်ညှိပြီး ပြေလည်အောင် လုပ်တဲ့အခါမှာ အမြန်ဆုံးပြီးပါတယ်။
မေး။ ဒါဆို ကျနော်တို့က ဆိုရှယ်ဗီဇာလျှောက်မယ်ဆိုရင် အချိန်ကာလတခုက လိုနေသေးတာပေါ့..။
ဖြေ.။ ဆိုရှယ်ဗီဇာလျှောက်မယ်ဆို တခါမှ မသွားဖူးသေးရင် ကျမတို့က နိုင်ငံခြားရေးဝန်ကြီးဌာနကို ပြန်တင်ရပါတယ်။ ပြန်တင်တဲ့အခါ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီလူကို လူမှုရေးဗီဇာထုတ်ပေးပါဆိုရင် ကျမတို့ထုတ်ပေးလို့ရပါတယ်။

မေး.။ (ဘယ်လောက်ကြာသလဲ)
ဖြေ..။ (ဗီဇာဌာန၀န်ထမ်းတစ်ဦးမှဆက်၍ှ ကြားဖြတ်ဖြေပေးသည်)
ဒါတော့ သိပ်မကြာဘူးထင်တယ်။
တခါတလေ တစ်လ၊ တခါတလေကျတော့ ၂လ၊ ၃လ ကြာတယ်ရှင့်.။
လူဝင်မှုကြီးကြပ်ရေးအဖွဲ့က ပြန်လာတဲ့အပေါ်မှာ မူတည်တယ်။

မေး..။ ဒီမှာနေတဲ့ မြန်မာတွေနဲ့ ဆက်ဆံရေးပြန်လည်ကောင်းမွန်ဘို့ သံရုံးဘက်က ဘယ်လို ဆောင်ရွက်မယ့် အစီအစဉ်တွေရှိသလဲ.။
ဖြေ.။ ကျမတို့ သံရုံးအနေနဲ့တော့ အကုန်လုံးကို လက်ကမ်းကြိုဆိုနေပါတယ်။ ကျမတို့အဓိကတာဝန်က ၂နိုင်ငံ(နော်ဝေး- မြန်မာ) ကြားသံတမန်ဆက်သွယ်မှု တိုးမြှင့်ဘို့က အဓိကပါ။ တဆက်တည်းမှာ မြန်မာနိုင်ငံသားတွေကို စောင့်ရှောက်ဘို့တာဝန်ကလည်း အဓိက ကျပါတယ်။ အခြေအနေအကြောင်းကြောင်းကြောင်း ထွက်သွားခဲ့ပေမယ့် သူတို့ဟာ မြန်မာနိုင်ငံသားတွေပါပဲ၊ တခြားနိုင်ငံသားခံယူထားပေမယ့်၊ ချင်းဖြစ်စေ၊ ကချင်၊ ကရင် ဖြစ်စေ သူတို့ဟာ မြန်မာနိုင်ငံသားတွေပါ။ မြန်မာနိုင်ငံသားဟောင်းတွေ သံရုံးကို ဆက်သွယ်လာရင် အချိန်မရွေး ကျမတို့ လက်ကမ်းကြိုဆိုပါတယ်။ ကျမတို့ ဒီရောက်နေတာ လပိုင်းပဲရှိပါတယ်၊ မြန်မာနိုင်ငံသားဟောင်းတွေက ဒီရောက်နေတာကြာပါပြီ။ သူတို့ရဲ့ အကူအညီကို ကျမတို့က ပိုပြီးယူရမှာပါ။
ဟုတ်ကဲ့..၊ ကျေးဇူးတင်ပါတယ်-
ကိုညို( အော်စလို)
ဓာတ်ပုံ- Arnfinn & Torgeir

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။