Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, December 14, 2012

* သည်းခံမှ နည်းမှန်မယ် စာစုများ *

 
*ကာယကံ -- ကိုယ်ဖြင့်ပြုလုပ်တဲ့ အလုပ် ။

*၀စီကံ -- နှုတ်ခမ်းကလေးက လုပ်တဲ့ အလုပ် ။

 *မနောကံ -- မျောက်စိတ်နဲ့ တူတတ်တဲ့ " လူ့ " စိတ်ကလုပ်တဲ့ အလုပ် ။

အဲ့ဒီအလုပ် သုံးမျိုးသုံးစား ပြဿနာတရားကတော့ ဘာများအချုပ်လဲ ။

* သည်းခံမှ နည်းမှန်မယ် * သည်မခံနိုင်သမျှ နည်းမမှန်ဘူး ။


(၁) ကိုယ်ကသူတပါးကို သည်းခံရတယ်ဆိုတာမျိုးသာ ရှိစေရတယ် ။
သူတပါးက ကိုယ့်ကို သည်းခံရတယ်ဆိုတာမျိုး မရှိစေရဘူး ။
(ပဏ္ဍိတာရာမ ရွှေတောင်ကုန်း သာသနာ့ရိပ်သာ ဆရာတော်ဘုရားကြီး)


(၂) အမျက်ထွက်တာလည်း နီစပ်တဲ့ပုဂ္ဂိုလ်အချင်းချင်း ဖြစ်တတ်ကြတာပဲ
အကျိုးကျေးဇူးဖြစ်အောင် ကူညီဆောင်ရွက်ကြာတာလည်း နီးစပ်သူ အချင်းချင်းပဲ ။ ဒါကြောင့် အပြောအဆိုစသည့် အဆင်မပြေတာကိုတွေ့ ရ
ရင် မိမိအား ကျေးဇူးပြုဖူးတာကို ဆင်ခြင်ပြီး စိတ်မဆိုးဘဲ သည်းခံနေသင့် ပါတယ်။ တတ်နိုင်ရင်တော့ နားမချမ်းသာတဲ့ စကားသံကို ရှုမှတ်ပြီး သည်းခံနေရင် ပိုကောင်းတာပဲ ။
(မဟာစည် ဆရာတော်ဘုရားကြီး )


(၃) သူတော်ကောင်း လုပ်ရတာ အောက်ဆုံးကပဲ ၊ သူတော်ကောင်းဆိုတာ
သူများအလိုလိုက်ရတယ် ၊ အစစ သည်းခံရမယ် ၊ "မင်း" ခြင်သတ်ရဲလား
သိတယ်မဟုတ်လား သူတော်ကောင်း ဆိုတာ ခြင်ကိုတောင် အရှုံးပေး ရတယ်။ အောက်ဆုံးကပဲ မဟုတ်လား ။
( စွန်းလွန်းဆရာတော် ဘုရားကြီး စွန်းလွန်း ဆရာတော် ဘုရားကြီးနှင့် ဆရာစန္ဒြ ဆောင်းပါးမှ)


(၄) ကာလဒေသ ၊ ပုဂ္ဂလကို ၊ နှိုင်းဆထောက်ချင့် ၊ သင့်မသင့်ကို ညဏ်ဖြင့်ဝေဖန် ၊စိတ်ထားမှန်လျက် ၊ သည်းခံစိတ်ရှည် ၊ တိုင်းကျိုးရည်၍ ၊ ပွားစည်မေတ္တာ ၊သင့်သူမှာ ၊ ချမ်းသာတိုးပွားမည် ။
(ချမ်းမြေ့ ဆရာတော်ဘုရားကြီး)


(၅) ခန္တီတရားဟာ ကျင့်စရှိမှလည်း ကျင့်ချင်ပါတယ် ၊ကျင့်ကြည့်တော့လည်း
ကျင့်ကျိုး ရပါတယ် ၊ ကျင့်ကျိုး ရမှလည်း ပိုပြီး ကျင့်ချင်လာပါတယ် ။
(ဓမ္မဒူတ အရှင်ပညာဇောတ)


(၆) ဆင်းရဲကြီးကို ကြောက်လျှင် ဆင်းရဲကလေးကို သည်းခံ ၊ ချမ်းသာကြီး
ကိုအလိုရှိလျှင် ချမ်းသာကလေးကိုပယ် ။
(မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီး )


(၇) ခန္တီ မေတ္တာ ဤနှစ်ဖြာ လူမှာ အလှဆုံး ။

က ။ မသိ မလိမ္မာတဲ့ ပုဂ္ဂိုလ်များ နှောက်ယှက်လာရင် သည်းခံ ခွင့်လွတ် တတ်ရမယ် ။

ခ ။ သူများရဲ့  ပိုက်နက်အခွင့်အရေးကို ဘယ်တော့မှ မကျူးကျော် မနှောက် ယှက် မစော်ကားရဘူး ။

ဂ ။ မိမိ ရသင့်ရထိုက်တဲ့ အခွင့်အရေးကို သူများအတွက် ရက်ရက်ရောရော ခွဲဝေပေးနိုင်ရမယ် ၊သူများကြီးပွားရေးအတွက် စေတနာ မေတ္တာနဲ့  အကူ အညီ ပေးနိုင်ရမယ် ။

ဃ ။သူများတွေ ကြီးပွားတိုးတက် ၊ပြည့်စုံနေတာကို မြင်ရ ၊ ကြားရလို့ ရှိရင်
ကိုယ် တိုးတက်ကြီးပွားသလိုပဲ လှိုက်လှိုက်လှဲလှဲ ၀မ်းသာတတ်ရမယ် ၊
ဒါဟာ သူတော်ကောင်း လမ်းစဉ်ပဲ ။
(* အရှင်သိရိန္ဒာဘိဝံသ * ယောဆရာတော်ဘုရားကြီး )


(၈)လူရိုင်းလူမိုက်တွေက ရိုင်းသည်အလျောက် ၊ မိုက်သည့်အလျောက် ၊
အကြမ်း အရမ်း ၊ ဆဲဆို ကြိမ်းမောင်း ၊ အော်ငေါက်ခြင်းပြုတဲ့အခါမှာ
" သြော် ....မကောင်းတဲ့လူမို့  မကောင်းပြောတာပဲ " လို့  နှလုံးသွင်းပြီး
သည်းခံပါ ၊ ဆဲဆိုခံရလို့  ကိုယ်လည်း ဘယ်နေရာမှာမှ ပေါက်ပြဲမသွားပါ ။
(ဓမ္မဒူတ အရှင်ပညာဇောတ)


(၉) မိမိတို့  ခန္ဓာကိုယ်ကြီးက တစ်နေ့  မြေကြီးသြဇာ ၊ မြေစာကျွေးရမယ့်
ခန္ဓာကိုယ်ကြီးပါ ၊ ဘာအဆီအနှစ်မှ မရှိပါ ၊ အပုပ်ကောင်တွေ ပြည့်နေတဲ့
ခန္ဓာကိုယ်ကြီးပါ ၊ အဲ့ဒီ ခန္ဓာကိုယ်ကြီးထဲကို ခန္တီတရားတည်းဟူသော
အဆီအနှစ်ကို နေ့ စဉ်နေ့ တိုင်း ထည့်ပေးပါ ။
(ဓမ္မဒူတ အရှင်ပညာဇောတ)


(၁၀) ဒါနကုသိုလ် ၊သီလကုသိုလ် ၊ဝေယျဝစ္စကုသိုလ် ၊ အစရှိတဲ့ ကုသိုလ် တရားတွေရဲ့ အကြောင်းရင်း ၊ မူလဘူတ တရားဟာ ခန္တီတရားပါ ၊ခန္တီတရား လက်ကိုင်းထားပြီးတော့ဥပုသ်စောင့်ရပါတယ် ၊ အထူးသဖြင့် ဆာတဲ့ဒဏ်ကို သည်းမခံနိုင်ကမရပါ ၊ ဒါကြောင့် ကုသိုလ်တရား အားလုံးရဲ့  အကြောင်းရင်း ဟာ ခန္တီပါ ။
( ဓမ္မဒူတ အရှင်ပညာဇောတ )


(၁၁) ခန္ဓာကိုယ်ကြီးရဲ့  ၀န်ထုပ်ဝန်ပိုးကြီးဟာ အလွန်လေးလံလှတယ် ၊ အလွန်လေးလံလှတဲ့ခန္ဓာ ၀န်ထုပ်ဝန်ပိုးကြီးကို ဒါန ၊သီလ ၊ ဘာဝနာ နဲ့ ပေါ့အောင်လုပ်လို့ ရတယ် ။ လူ့ ဘ၀ ပြည့်စုံမှုနှင့် ကုသိုလ်ပါရမီ ပြည့်စုံ မှုဆိုတာ သည်းခံမှု ခန္တီကို အခြေခံမှ ပြည့်စုံတာ ၊ သည်းခံမှု ခန္တီဆိုတာ ဆန့် ကျင့်ဘက် နှိပ်စက်သူရှိမှဖြစ်တာ ။
( ဘဒ္ဒ န္တ၀ိနယာစာရာ ဘိဝံသ ပန်းတနော် )


(၁၂) သည်းခံလျှင် သူများအလျင် ရောက်၏ ။ ခန္တျာဘိယျော တ၀ိဇ္ဖတိ သည်းခံခြင်းသည်ထက် ကြီးမားသောအား မည်သည်မရှိ ၊ သူတော်ကောင်း တို့ ၏ အားသည် စိတ်နှလုံး နှုးညံ့ သိမ်မွေ့ ခြင်းပေးတည်း ၊သူတော်ကောင်း မှတ်လျှင် အရာရာ သည်းခံနိုင်ရမည် ။
( ဆရာတော်ကြီးတပါး )


(၁၃) မေတ္တာတရားဖြင့် ချမ်းမြေ့ ပျော်ရွှင်စွာ နေလိုသူသည် မေတ္တာ၏ အခြံအရံ ၊ ကူဖော်လောင်ဖက်ဖြစ်သော သည်းခံခြင်းအလေ့ ရှိရသည် ၊ ခွင့်လွတ်နိုင်စွမ်းအလေ့ရှိရသည် ၊ ဤနှစ်မျိုးသော အလေ့ကို စိတ်ရင်း စေ
တနာဖြင့် ပုံမှန်ထားရှိရမည် ၊ စင်စစ်မှာလည်းသည်းခံခြင်းနှင့် ခွင့်လွတ်ခြင်း ၊ သဘောအားဖြင့် တစ်ပေါင်းတည်း ဖြစ်၏ ၊ နှစ်ပါးတစ်ပါး သဟဇာတ်တရား မျိုးဖြစ်သည် ၊ ဤ၌ အထူးသတိပြုရမည်မှာ " ငါကား မေတ္တာဖြင့်နေသူသည် "ဟု မေတ္တာတစ်ခုတည်းသာ ပွားများနေပြီး ခွင့်လွတ်ခြင်း ၊သည်းခံတတ်ြ
ခင်း စေတနာ အလေ့မရှိခဲ့သော် ထာဝစဉ် ချမ်းမြေ့စွာ နေနိုင်လိမ့်မည် မဟုတ်ချေ ။
( အရှင်ဦးဥတ္တမသာရ တောင်တန်းသာသနာပြု ဆရာတော်ဘုရားကြီး )


(၁၄)သည်းခံခြင်းကား နှစ်မျိုးနှစ်စား ရှိ၏ တိတိက္ခခန္တီ ၊ အဓိဝါသနခန္တီ ၊တို့ ဖြစ်ကြ၏ ၊ သူတစ်ပါး ဆဲဆို ၊ရိုက်ပုတ် ၊ သတ်ဖြတ် ၊ နှိပ်စက်ညှင်း ပန်းခြင်းကို ၊သည်းခံခြင်းကာ တိတိက္ခ ခန္တီမျိုး ဖြစ်၏ ။ မိမိ လုပ်ကိုင်ကြံ စည်သော အရာတစ်ခုခု၌ ဆူးငြောင့်ခလုပ် ၊ အနှောက်ယှက် ၊အဖျက်အဆီး ၊ အဖုအထစ်တို့ ကို ၊သည်းခံနိုင်ခြင်းကား အဓိဝါသန ခန္တီမျိုးဖြစ်၏ ။
ထိုသည်းခံခြင်းနှစ်မျိုးအနက် စွန့် စွန့် စားစား လုပ်ကိုင်ကြံစည်မည့်သူမှာ
မိမိရည်ရွယ်ချက် မပေါက်မချင်း အဓိဝါသန ခန္တီမျိုး ရှိရပေမည် ။
အခေါင်အဖျားသို့  စွန့် စားတက်ရောက်သူတိုင်း ၄င်းခန္တီမျိုး ရှိကြမြဲဖြစ်၏ ၊
အနှောက်အယှက်ညည်းတွား၍ နေလေ့မရှိကြ ၊ မိမိလုပ်ရမည့်ဝတ္တရားကို
သာပျော်ပျုက်စွာ လုပ်ဆောင်လေ့ ရှိကြ၏ ။
(အရှင်ဦးသောဘဏ ကာလကတ္တားမြို့  )


(၁၅) သည်းခံခြင်းနှင့် ပတ်သက်လို့  ဘုန်းကြီးတစ်ခု ပြောချင်တယ် ၊ ဘုန်းကြီးရဲ့ ဆရာတော်ကြီးက ဟဲ.....နင်တို့ က မဟုတ်တာကို သည်းမ ခံနိုင်ဘူး၊ မဟုတ်တာကို သည်းမခံနိုင်ဘူး၊နဲ့ ပြောကြတယ် ၊ ဟုတ်တာ သည်းခံဖို့  လိုသေးသလား ၊မဟုတ်တာမှ သည်းခံရတာ မဟုတ်တာကို သည်းမခံနိုင်ရင် နင်တို့ သည်းခံတာဘာရှိသေးသလဲ လို့  ဆုံးမဖူးတယ် ၊ ဘုန်းကြီးရဲ့  ဆရာတော်ကြီး အမိန့် ရှိတာပါ ၊ အင်မတန် စဉ်းစားစရာကောင်း တယ် ၊ မဟုတ်တာကို သည်းခံနိုင်အောင် ကြိုးစားပါ ၊ဒါမှလည်း မြတ်စွာ ဘုရားရဲ့  အလိုတိုင်း လိုက်နာကျင့်ကြံရာလည်း ကျမယ် ။
(ရွှေကျင်သာသနာပိုင် မြောင်းမြ ဆရာတော်ဘုရားကြီး)


(၁၆) ကိုယ်စိတ်နှစ်ဖြာ ချမ်းသာချင်ပါတယ် ၊ပစ္စည်းတွေဖြင့် ချမ်းသာပါတယ် ဆိုရင် အစစအရာရာ နေရာတကာ အောက်ခြေသိမ်း အားလုံး သည်းခံပါ ၊ သည်းခံခြင်းဟာ အရှုံးမဟုတ်ပါ ၊ အမြတ်ဆုံး မင်္ဂလာပါ ၊ လောက သဘောနဲ့  ကြည့်ရင်တော့ ၊ အောက်ကျနိုင်သလိုလိုပဲ ၊ အမှန်တကယ်တော့ အောက် ကျနောက်ကျ မဟုတ်ပါ ။

(ဓမ္မဒူတ အရှင်ပညာဇောတ)

You'realways Onmymind

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။