(က)
(၁) ကျားရဲရာ ကြမ္မာမယိုးသာ ၊
(၂) ကံမရှိ ဉာဏ်ရှိတိုင်းမွဲ ၊
(၃) ကြက်တူရွေးက တော်တော် မယ်ဘော်ကကဲ ၊
(၄) ကြက်ကန်း ဆန်အိုးတိုး ၊
(၅) ကြက်မှာ အရိုး လူမှာအမျိုး ၊
(၆) ကြာကြာပေါင်းမှ အကြောင်းသိသည် ၊
(၇) ကြောက်လွဲ ရဲမင်းဖြစ် ၊
(၈) ကြောက်တတ် ၀န်ကင်း ၊
(၉) ကျွေးကားကျွေး၏မ၀ ၊
(၁၀) ကြွေတလက် ကြက်တခုန် ၊
(၁၁) ကိုယ်ထင် ကုတင်ရွှေနန်း ၊
(၁၂) ကိုယ်ရေးကြုံက သက်လုံကောင်းရမည် ၊
(၁၃) ကိုယ်မချိ အမိသော်လဲ သားတော်ခဲ ၊
(၁၄) ကြံသာအစဉ်ချိုသည် လူအစဉ်မချို ၊
(၁၅) ကြမ်းပေါက်ကျွံလျှင်နှုတ်လို
(၁၆) ကိုယ်ကောင်း ခေါင်းဘယ်မှ မရွေ့နိုင် ၊
(၁၇) ကိုင်းကျွန်းမှီ - ကျွန်းကိုင်းမှီ ၊
(၁၈) ကိုယ့်ကြမ္မာ ကိုယ်ဖန်တီး ၊
(၁၉) ကြိုးစားက ဘုရားဖြစ်နိုင်သည် ၊
(၂၀) ကျွန်ယုံတဖက်ကန်း - သားသမီးယုံ စုံလုံးကန်း ၊
(၂၁) ကျားသနားမှ နွားချမ်းသာသည် ၊
(ခ)
(၂၂) ခရုမှာအဆန် လူ့မှာ အကြံ ၊
(၂၃) ခလုတ်ထိမှ အမိတ ၊
(၂၄) ချွေတာစုဆောင်း သူဌေးလောင်း ၊
(၂၅) ခွေးမြီးကောက် ကျည်တောက်စွပ် ၊
(၂၆) ချောင်းကိုပစ်၍ မြစ်ကိုရှာ ၊
(၂၇) ခွေးရူးကောင်းစား တမွန်းတည့် ၊
(င)
(၂၈) ငကန်းသေ- ငစွေပေါ်လိမ့်မည် ၊
(၂၉) ငါးကြင်းဆီနှင့် ငါးကြင်းကြော်သည် ၊
(၃၀) ငါးခုံးမတကောင်ကြောင့် တလှေလုံးပုပ်သည် ၊
(၃၁) ငါးသိုင်းများ ဟင်းဟုံသည် ၊
(၃၂) ငွေမရှိက ကတိမတည် ၊
(၃၃) ငိုအားထက် ရယ်အားသန်သည် ၊
(၃၄) ငှက်တို့မည်သည်ပျံရင်းသေ-လူ
(၃၅) ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက် ၊
(၃၆) ငါ့လှေငါထိုး ပဲခူးရောက်ရောက် ၊
(၃၇) ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက် ၊
(စ)
(၃၈) စိန်နားကပ်(နားဋောင်း)အရောင
(၃၉) စကားနောက် တရားပါသည် ၊
(၄၀) စကားဆိုသော်မတင်းနှင့်၊ တရားလိုသော် မငြင်းနှင့်၊ ပညာလိုသော် မပျင်းနှင့် ၊
(၄၁) စာမတတ် လမ်းမှာဖတ် ၊
(၄၂) စစ်မရောက်ခင် မြှားကုန်သည်၊
(၄၃) စိတ်ထားတတ်မှ မြတ်သည်၊
(၄၄) စိတ်သာရှင်စော ဘုရားဟော၊
(၄၅) စိတ်ကြောင့်ကြေ လက်ကြောင့်သေ၊
(၄၆) စောင်ခြုံမလုံ မေတ္တာခြုံမှ လုံသည်၊
(၄၇) စစ်ရောက်မှ မြှားချွန်သည်၊
(ဆ)
(၄၈) ဆရာမပြ ငပိဖုတ်တောင် နည်းမကျ၊
(၄၉) ဆပ်ပြာကောင်း၍ ခေါင်းပေါင်းဖြူသည်၊
(၅၀) ဆင်သေကို ဆိတ်သားရေနှင့် ဖုံးမရ၊
(၅၁) ဆရာများက သားသေသည်၊
(၅၂) ဆင့်ပါးစပ် နှမ်းစက်သလို၊
(၅၃) ဆင်ဖြူတော်မှီ၍ ကြံစုပ်သည်၊
(၅၄) ဆင်ကန်းတောတိုး၊
(၅၅) ဆန်ရင်း နာနာဖွတ်သည်၊
(၅၆) ဆိုခဲစေမြဲစေ - ဆိုလွယ်စေ ပြယ်စေ၊
(၅၇) ဆွမ်းခံရင်း ငှက်သင့်သည်၊
(၅၈) ဆင်ကျီစားရာ ဆိတ်မခံသာ၊
(ဇ)
(၅၉) ဇာတိပုည ဂုဏ်မာန၊
(၆၀) ဇွဲရှိမှ အောင်နိုင်သည်၊
(၆၁) ဇတ်တူသားစားက ဟင်္သာကိုးသောင်းပျက်သည်၊
(စ်)
(၆၂) ဈေးသုံးလည်း မလွယ်နှင့်၊ ရှေးထုံးလည်း မပယ်နှင့်၊
(တ)
(၆၃) တကျောင်းတဂါထာ တရွာတပုဒ်ဆန်းသည်၊
(၆၄) တခါဆက်ဆံ ဆယ်ခါလန်သည်၊
(၆၅) တချက်ခုတ် နှစ်ချက်ပြတ်၊
(၆၆) တခါလာလဲ မဲပြာပုဆိုး၊
(၆၇) တယောက်ကောင်းက တသောင်းဗိုလ်ခြေညက်ညက်ကြေ၊
(၆၈) တရားတက်၏မဖြောင့်၊ စကားတတ်၏ မစောင့်၊
(၆၉) တရားရှာ ကိုယ်မှာတွေ့၊
(၇၀) တရွာမပြောင်း သူကောင်းမဖြစ်၊
(၇၁) တောင်ကြီးဖ၀ါးအောက်- လှိုင်းကြီးလှေအောက်၊
(၇၂) တန်ဖိုးထက် လက်ခကြီးသည်၊
(၇၃) တိတ်တိတ်နေ ထောင်တန်သည်၊
(၇၄) တပည့်မကောင်း ဆရာ့ခေါင်း၊
(၇၅) တနေ့တလံ ပုဂံဘယ်ရွေ့မလဲ၊
(၇၆) တန်ဆေး လွန်ဘေး၊
(၇၇) တခါသေဘူး ပျဉ်ဘိုးနားလည်သည်၊
(၇၈) တံလျှပ်ကို ရေထင်သည်၊
(၇၉) တရွာပြောင်းမှ သူကောင်းဖြစ်မည်၊
(၈၀) တောင်းဆိုးပလုံးဆိုး ပစ်ရိုးထုံးစံရှိသည်၊ သားသမီးဆိုး ပစ်ရိုးထုံးစံမရှိ၊
(ထ)
(၈၁) ထောင်တန်သည့်စကား ရယ်ပေါ့၊
(၈၂) ထမင်းကို အကုန်စား စကားကို အကုန်မပြောနှင့်၊
(၈၃) ထင်ပေါ်မှ စက်တော်က ကောက်သည်၊
(၈၄) ထင်တိုင်းလည်း မဆိုနှင့် ၀င်တိုင်းလည်းမမျိုနှင့်၊
(၈၅) ထိုင်နေအကောင်းသား ထသွားမှကျိုးမှန်းသိ၊
(၈၆) ထန်းသီးကြွေခိုက် ကျီးနင်းခိုက်၊
(ဒ)
(၈၇) ဒါနနဲ့ သီမမပါ သေခါမှသိ၊ ဘိနပ်နှင့် ရေဗူးမပါ နွေခါမှသိ၊
(၈၈) ဒေါသရှေ့ထားက မှားတတ်သည်၊
(၈၉) ဒုက္ခအရင်းတည်မှ သုခကိုရမည်၊
(ဓ)
(၉၀) ဓားခုတ်ရာ လက်လျှို၊
(၉၁) ဓားသွားထက် ကလောင်သွားထက်သည်၊
(န)
(၉၂) နဂိုရ်ရှိမှ နဂိုဏ်းထွက်သည်၊
(၉၃) နာဖျားလို့မသေ ၀ါကြွားလို့သေ၊
(၉၄) နူရာဝဲစွဲ လဲရာသူခိုးထောင်း- မြေနိမ့်ရာ လှံစိုက်၊
(၉၅) နည်းနည်းပြော များများနားထောင်၊
(၉၆) နှိုင်းနှိုင်းချိန်ချိန် သုခမိန်၊
(၉၇) နွားရှေ့ထွန်ကျူး၊
(ပ)
(၉၈) ပုဆိုးခြုံထဲက လက်သီးပြသည်၊
(၉၉) ပညတ်သွားရာ ဓာတ်သက်ပါသည်၊
(၁၀၀) ပညာရှိသော်လဲ သတိဖြစ်ခဲသည်၊
(၁၀၁) ပညာရှိအမျက် အပြင်မထွက်၊
(၁၀၂) ပေးကမ်းခြင်းသည် အောင်မြင်ရာ၏၊
(၁၀၃) ပုဂ္ဂိုလ်ခင်မှ တရားမင်သည်၊
(၁၀၄) ပျံလေသည့်ငှက်ခါး နားခါမှသိမည်၊
(၁၀၅) ပေးကားပေး၏ မရ၊
(၁၀၆) ပတ္တမြားမှန်လျှင် နွံမှာမနစ်၊
(၁၀၇) ပညာရဲရင့် ပွဲလယ်တင့်၊
(၁၀၈) ပျက်အစဉ် ပြင်ခဏ၊
(၁၀၉) ပိုးသာကုန် မောင်ပုံစောင်းမတတ်၊
(၁၁၀) ပညာရွှေအိုး လူမခိုး၊
(၁၁၁) ပညာအရောင် ထွန်းလင်းပြောင်၊
(၁၁၂) ပညာရှာ ပမာသူတောင်းစား၊
(၁၁၃) ပိုနေမြဲ-ကျားနေမြဲ၊
(ဖ)
(၁၁၄) ဖေါင်စီးရင်း ရေငတ်၊
(၁၁၅) ဖားတု၍ခရုခုန်က အိုင်ပျက်ရုံသာရှိမည်၊
(ဗ)
(၁၁၆) ဗူးတရာ အပေါက်ကို ပိတ်နိုင်သည် လူတယောက် ပါးစပ်ကို မပိတ်နှိုင်၊
(၁၁၇) ဗူးလေးရာ ဖရုံဆင့်သည်၊
(၁၁၈) ဗူးသီးမှ အရီးတော်သည်၊
(၁၁၉) ဗမာစော ရှမ်းတောကပြန်သည်၊
(၁၂၀) ဗိုင်းကောင်း ကျောက်ဖိ၊
(ဘ)
(၁၂၁) ဘုရားတောင်မှ အမှီရှိမှ ပွင့်သည်၊
(၁၂၂) ဘုန်းကြီးစာချ၊
(၁၂၃) ဘုန်းကြီးအမှု ရွာပတ်သည်၊
(၁၂၄) ဘုရားပြီး ငြမ်းဖျက်၊
(မ)
(၁၂၅) မှန်ကင်းမလှဲ့ ထင်းတလှဲ့၊
(၁၂၆) မိချောင်းမင်း ရေကင်းပြ၊
(၁၂၇) မိုးရွာတုန်းရေခံ၊
(၁၂၈) မေးပါများ စကားရ၊
(၁၂၉) မအိပ်မနေ အသက်ရှည်၊
(၁၃၀) မြွေပါလည်းဆုံး သားလည်းဆုံး၊
(၁၃၁) မျောက်ပြဆန်တောင်း၊
(၁၃၂) မသိလျှင်မေး မစင်လျှင်ဆေး၊
(၁၃၃) မတဲ့ အတူနေ၊
(၁၃၄) မချမ်းသာလျှင် မကြွားနှင့် မကျန်းမာလျှင် မစားနှင့်၊
(၁၃၅) မပြည့်တဲ့အိုး ဘောင်ဘင်ခတ်သည်၊
(၁၃၆) မြွေပွေး ခါးပိုက် ပိုက်၊
(၁၃၇) မမှားသော ရှေ့နေ့ မသေသောဆေးသမား၊
(ယ)
(၁၃၈) ယာလည်းညက် ကြက်လည်းပန်း၊
(ရ)
(၁၃၉) ရေကြည်ရာ မြက်နုရာ
(၁၄၀) ရွာနားကမြက် ရွာနွားမစား၊
(၁၄၁) ရွာနားကဘုရား ရွာသားမကြည်ညို၊
(၁၄၂) ရန်သူကို အထင်မသေးနှင့်၊
(၁၄၃) ရိုးရိုးကျင့် မြင့်မြင့်ကြံ၊
(၁၄၄) ရေစီးတခါ ရေသာတလှဲ့၊
(၁၄၅) ရှင်နည်းရာ အဂ္ဂလူထွက်၊
(၁၄၆) ရှင်ကြီးနေပါဦး မြသင်း ကျောချည်းဘဲ၊
(၁၄၇) ရေနစ်သူ ၀ါးကူလို့ထိုး၊
(၁၄၈) ရွှေရှိမှ အမျိုးတော်ကြသည်၊
(၁၄၉) ရွှေအကြောင်း ဖယောင်းမှ သိသည်၊
(၁၅၀) ရေများရာ မိုးရွာသည်၊
(၁၅၁) ရိုးလွန်းလျှင် အ လွန်းသည်၊
(၁၅၂) ရေငတ်တုန်း ရေတွင်းထဲကျသည်၊
(လ)
(၁၅၃) လူကိုယုံသော်လည်း စကားအကုန်မပြောနှင့်၊
(၁၅၄) လူ့အလို နတ်မလိုက်နိုင်၊
(၁၅၅) လူမိုက်နောက်မှ အကြံရ၊
(၁၅၆) လူမိုက်သား ရမ်းကား လူလိမ္မာသား ယဉ်ပါး၊
(၁၅၇) လူမိုက်တွင် ဆေးမရှိ၊
(၁၅၈) လေ့ကျင့်ရာ ကျွမ်းကျင်သည်၊ ကျွမ်းကျင်ရာ လိမ္မာသည်၊
(၁၅၉) လသာတုန်း ဗိုင်းငင်သည်၊
(၁၆၀) လူမိုက်နဲ့ငွေ အတူမနေ၊
(၁၆၁) လယ်ထွန်သွား နွားမေ့၊
(၁၆၂) လိုလျှင်ကြံဆ-နည်းလမ်းရ၊
(၁၆၃) လာလိုလျှင်အနီးလေး-မလာလိုလှ
(၀)
(၁၆၄) ၀ မရှိပဲ ၀ိမလုပ်ရ၊
(၁၆၅) ၀မ်းတလုံးကောင်း ဦးခေါင်းမခဲ၊
(သ)
(၁၆၆) သူ့ကို ငါဖျက် ငါလျှင်ပျက်၏၊
(၁၆၇) သူကြီးဘုရား ရွာသားကောင်းမှု၊
(၁၆၈) သားမှအချစ် မြေးမှအနှစ်၊
(၁၆၉) သူခိုးပြေးမှ ထိုးကွင်းထသည်၊
(၁၇၀) သစ်တပင်ကောင်း ငှက်တသောင်းနားနိုင်သည်၊
(၁၇၁) သတိမမူ ဂူမမြင်၊
(၁၇၂) သူခိုး ဓားရိုးကမ်းသည်၊
(၁၇၃) သေချင်တဲ့ကျား တောပြောင်း၊
(၁၇၄) သားရေပေါ်အိပ် သားရေနားစား၊
(ဟ)
(၁၇၅) ဟောတော့တရား လုပ်တော့အမှား၊
(၁၇၆) ဟန်ကိုယ့်ဘို့ မာန်သူ့ဘို့၊
(၁၇၇) ဟောင်လွန်းတဲ့ခွေး လူမလေး၊
(၁၇၈) ဟန်ဆောင်သောမိတ်ဆွေ ရန်သူထက်ဆိုး၏၊
(ဠ)
(၁၇၉) ဠင်းတလောက်တော့ ငှက်တိုင်းလှသည်၊
(အ)
(၁၈၀) အကျင်းအကျပ်ကိုတွေ့မှ အလေ့အကျင့်ကိုသိရသည်၊
(၁၈၁) အချင်းရှိမှ အဆင်းရှိသည်၊
(၁၈၂) အချိန်နှင့် ဒီရေသည် လူကိုမစောင့်၊
(၁၈၃) အနာခံမှ အသာစံရသည်၊
(၁၈၄) အမှီကောင်းလျှင်တချက် အနေကောင်းလျှင် တသက်၊
(၁၈၅) ဥစ္စာရင်လို ဥစ္စာရင်ခဲ၊
(၁၈၆) ဥစ္စာဟူသည် မျက်လှည့်မျိုး-ပညာဟူသည် မြတ်ရွှေအိုး၊
(၁၈၇) ဥမကွဲ သိုက်မပျက်၊
(၁၈၈) အတုမြင် အတတ်သင်သည်၊
(၁၈၉) အလှူ့ရှင်လဘက်နှင့် မျက်နှာလုပ်သည်၊
(၁၉၀) အလိုကြီးက အရနည်းသည်၊
(၁၉၁) အရေးကြီးက သွေးနီးသည်၊
(၁၉၂) အသွားမတော်တလှမ်း-အစားမတော်
(၁၉၃) အလိမ္မာ စာမှာရှိသည်၊
(၁၉၄) အိပ်ပေါက်နှင့် ဖားကောက်၊
(၁၉၅) အဆိပ်ပင် ရေလောင်း၊
(၁၉၆) အမိမဲ့သား ရေနည်းငါး၊
(၁၉၇) ဥစ္စာကစောင့် အသက်ဉာဏ်စောင့်၊
(၁၉၈) အစကောင်းမှ အနှောင်းသေချာသည်၊
(၁၉၉) အကြောက်ရှိမှ အရှက်ရှိသည်၊
(၂၀၀) အကွပ်မရှိသောကြမ်း ဗရမ်းပတာ၊
You'realways Onmymind
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။