Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, August 6, 2017

“လက်တွေ့ဘ၀ပုံဖျက်စက်ကွင်း (သို့) စတိဂျော့ဘ်”အခန်း(၁) - အပိုင်း(၂)

ကားဂိုဒေါင်ကစတင်ခဲ့တဲ့ ကုမ္ပဏီငယ်လေးကို ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီကြီး
ဖြစ်အောင် စတိဗ်ဂျော့ဘ်က လက်တွေ့ဘ၀ကို ဘယ်လိုပုံဖျက်ခဲ့သလဲဆိုတာ . . .
“လက်တွေ့ဘ၀ပုံဖျက်စက်ကွင်း (သို့) စတိဂျော့ဘ်”
Walter Isaacson ရဲ့ Steve Jobs ဘာသာပြန် အတ္ထုပတ္တိရှည်ကို ဒီ page မှာ အခန်းဆက် အနေနဲ့ တင်ပေးနေပါတယ် . . .
အခန်း(၁) - အပိုင်း(၂) (အရင်အပတ်က အဆက်ပါ)

ဘဝရဲ့နောက်ပိုင်းမှာ သူ့အသက်အရွယ်ဟာ သူ့ဖခင်အရင်းက သူ့ကိုစွန့်ပစ်ခဲ့တဲ့
အသက် အရွယ်ကို ရောက်တဲ့အခါမှာ ဂျော့ဘ်ဟာ ဖခင်တစ်ယောက်ဖြစ်လာပြီး သူ့ရဲ့
ကလေးအရင်းကို စွန့်ပစ်လိမ့်မယ်။ (သူဟာနောက်ဆုံး မှာတော့ သူမကိုတာဝန်ယူခဲ့
တယ်။) မွေးစားဖို့ပေးခဲ့တာက ဂျော့ဘ်ကို “အကွဲအပြဲတွေနဲ့ ပြည့်နှက်” စေခဲ့တယ်လို့
ကလေးရဲ့မိခင်ဖြစ်သူခရစ်ဆန် ဘရိန်နန်က ပြောခဲ့တယ်။
ပြီးတော့အဲဒါက သူ့ရဲ့တချို့
သောအပြုအမူတွေကို ရှင်းပြဖို့ အကူအညီပေးခဲ့တယ်။ “စွန့်ပစ်ခြင်းခံရသူဟာစွန့်ပစ်တဲ့
သူပါပဲ” လို့ သူမပြောခဲ့တယ်။ အန်ဒီဟာ့တ်ဇ်ဖဲလ်ဒ်ဟာ ၁၉၈၀ခုနှစ်တွေရဲ့ အစောပိုင်းမှာ
ဂျော့ဘ်နဲ့အတူ အက်ပဲလ်မှာ လုပ်ခဲ့ကြပြီး ဘရိန်နန်ရော ဂျော့ဘ်ပါ နှစ်ယောက်လုံးနဲ့
ရင်းနှီးစွာကျန်ရှိနေခဲ့တဲ့ အနည်းစုထဲက တစ်ယောက်ပါ။ “ဂျော့ဘ်နဲ့ပက်သက်လို့ အဓိက
မးခွန်း ကတော့ သူဟာ တချို့သော သူတွေကို အမှတ်မဲ့ရက်စက်ပြီး ထိခိုက်နစ်နာ
စေမယ့်အချိန်ကျရင် သူ့ကိုယ် သူဘာကြောင့် မထိန်းချုပ်နိုင်ရတာလဲ” လို့ သူကဆိုပါ
တယ်။ “အဲဒါက မွေးဖွားစဉ်မှာ စွန့်ပစ်ခြင်း ခံရတယ် ဆိုတာဆီ ပြန်ရောက်သွားတယ်။
စတိဗ်ရဲ့ဘဝမှာ အမှန် တကယ် ငုပ်လျှိုးနေတဲ့ ပြသနာကပစ်ပယ်လိုက်ခြင်းဆိုတဲ့
မကြာခဏ ပြန်ကျော့ထားတဲ့ ပဓာန တေးသွားတစ်ပုဒ် ဖြစ်နေခဲ့တယ်”
ဂျော့ဘ်က အဲဒါကိုပယ်ချခဲ့တယ်။ “ကျွန်တော်ဟာ စွန့်ပစ်ခြင်းခံရတာကြောင့်
ဆိုပြီးတော့ အယူအဆ တချို့ရှိနေခဲ့တယ်။ ကျွန်တော် အပြင်းအထန်ကြိုးစားခဲ့တာဟာ
အောင်မြင်ကြီးပွားခဲ့ရင် ကျွန်တော်ရဲ့ မိဘအရင်းတွေက ကျွန်တော့်ကို ပြန်လိုချင်လာ
မယ်ဆိုတာပေါ့။ ဒါဟာအဓိပ္ပာယ်မရှိပါဘူး။ ဒါပေမဲ့ ရယ်စရာတော့ ကောင်းတယ်” လို့
သူအခိုင်အမာပြောခဲ့တယ်။“ကျွန်တော့်ကိုမွေးစားခဲ့တာပါဆိုတာကို သိနေတာက
ကျွန်တော့်ကို ပိုပြီးတော့ လွတ်လွတ်လပ်လပ် ခံစားရစေတာဖြစ်လိမ့်မယ်။ ဒါပေမဲ့
ကျွန်တော်ဟာ စွန့်ပစ်ခြင်း ခံခဲ့ရတယ်လို့ ဘယ်တုန်းကမှ မခံစားခဲ့ရပါဘူး။ ထူးထူးခြားခြား
ဆိုတာတော့ ကျွန်တော် အမြဲတမ်းခံစားခဲ့ရတယ်။ ကျွန်တော့်ရဲ့မိဘတွေက ကျွန်တော့်ကို
ထူးထူးခြားခြား ခံစားရအောင် လုပ်ပေးခဲ့ကြတယ်လေ”
တစ်စုံတစ်ယောက်က ပေါ်လ်နဲ့ ကလာရာဂျော့ဘ်ဟာ သူ့ရဲ့ “မွေးစား” မိဘဖြစ်တယ်လို့
ရည်ညွန်းတဲ့ အခါတိုင်း၊ ဒါမှမဟုတ် သူတို့ဟာ သူ့ရဲ့မိဘ “အစစ်” မဟုတ်ဘူးလို့
စောင်းပါးရိပ်ခြည်ပြောလာတိုင်း သူဟာနောက်ပိုင်းမှာ မျက်နှာထား တင်းသွားကောင်း
တင်းသွားလိမ့်မယ်။ “သူတို့ဟာ ကျွန်တော့်ရဲ့ မိဘတစ်ထောင်ရာခိုင်နှုန်း သေချာတယ်”
ဆိုပြီးတော့ သူပြောခဲ့တယ်။ သူ့ရဲ့မိဘရင်းတွေအကြောင်းကို ပြောတဲ့အခါမှာတော့
“သူတို့ဟာ ကျွန်တော့်ရဲ့သုတ်ပိုးနဲ့ မျိုးဥဘဏ်လေ၊ ဒါဟာရက်စက်မှုမဟုတ် ပါဘူး၊
ဒါဟာနည်းလမ်း တစ်ခုသာ ဖြစ်ခဲ့တာပါ၊ သုတ်က္ကဘဏ်ဆိုတာပေါ့၊ ဒီ့ထက်မပိုပါဘူး”
ဆိုပြီးတော့မချေမငံ ပြောခဲ့တယ်။
ဆီလီကွန်တောင်ကြား
သူတို့ရဲ့သားအသစ်ကလေးအတွက် ပေါ်လ်နဲ့ ကလာရာဂျော့ဘ်တို့ဖန်တီးပေးခဲ့တဲ့
ကလေးဘဝဟာ ၁၉၅၀ ခုနှစ်များရဲ့ သမားရိုးကျ နည်းလမ်းတွေအတိုင်းသာဖြစ်ခဲ့တယ်။
စတိဗ် အသက် နှစ်နှစ်အရွယ်ကို ရောက်တဲ့အခါမှာ ပတ်တီလို့အမည်ရတဲ့ မိန်းကလေး
တစ်ဦးကို သူတို့မွေးစားခဲ့ကြတယ်။ ပြီးတော့ နောက်သုံးနှစ်ကြာတဲ့အခါမှာ မြို့ဆင်ခြေဖုံး
မှာရှိတဲ့ခြံဝင်းကျယ် အိမ်တစ်အိမ်ကို ပြောင်းရွှေ့ခဲ့ကြတယ်။ ပစ္စည်းပြန်သိမ်းသူအဖြစ်နဲ့
ပေါ်လ် အလုပ်လုပ်တဲ့ စီအိုင်တီငွေကြေးကုမ္ပဏီက သူ့ကို ပလိုအာလ်တိုရုံးကို ပြောင်းရွှေ့
လိုက်တယ်။ ဒါပေမဲ့ သူအဲဒီမှာနေဖို့ မတတ်နိုင်ပါဘူး။ ဒါကြောင့် တောင်ဘက်နားလေးက
ဈေးသက်သာတဲ့ မြို့ဖြစ်တဲ့ မောင်းတိန့်ဗျုးက ဌာနခွဲမှာပဲ သူအခြေချလိုက်တယ်။
အဲဒီမှာ ပေါ်လ်ဟာ သူခုံမင်နှစ်သက်တဲ့ စက်ပြင်ခြင်း၊ ကားတွေနဲ့အတူ ဖြတ်သန်း
ဖို့ ကြိုးစားခဲ့တယ်။ “စတိဗ်၊ ဒါဟာမင်းရဲ့အလုပ်ခုံလေ” ကားဂိုဒေါင်ထဲမှာရှိတဲ့ စားပွဲပေါ်မှာ
နေရာတစ်နေရာကို သတ်မှတ်ပေးရင်းသူ့ကိုပြောလိုက်တယ်။ သူ့အဖေရဲ့လက်မှုပညာ
အပေါ် အာရုံစူးစိုက်မှုကိုသဘောကျနေခဲ့တာ သူသတိရတယ်။ “ကျွန်တော့်အဖေရဲ့
ဒီဇိုင်းအာရုံဟာတော်တော် လေးကို ကောင်းမွန်တယ် လို့ကျွန်တော်ထင်တယ်” သူပြောခဲ့ တယ်။ “ဘာကြောင့်လဲဆိုတော့ သူဟာ ဘာမဆို ဘယ်လိုလုပ်လို့ ရတယ်ဆိုတာ
သိနေလို့ပေါ့။ ကျွန်တော်တို့ဟာ ဗီရိုတစ်လုံးကိုလိုနေခဲ့ရင် သူဟာအဲဒါကို လုပ်ယူ
လိမ့်မယ်။ သူ ကျွန်တော်တို့ရဲ့ ခြံစည်းရိုးကို ကာနေတုန်းကကျွန်တော့်ကို သူနဲ့အတူ
ဝိုင်းလုပ်လို့ရအောင်ဆိုပြီး ကျွန်တော့်ကို သူတူတစ်လက် ပေးခဲ့တယ်လေ”
နောင်နှစ်ပေါင်းငါးဆယ်ကျော် ကြာခဲ့တာတောင်မှ မောင်းတိန့်ဗျုးမှာရှိတဲ့အိမ်ရဲ့နံဘေးနဲ့
နောက်ဘက်ခြံဝင်း တွေမှာ ကာရံထားတဲ့ ခြံစည်းရိုးကရှိနေသေးတယ်။ ဂျော့ဘ်က အဲဒါ
ကို ကျွန်တော့် ပြရင်းနဲ့ သစ်သားဘောင်ကွက်တွေကို ယုယစွာပွတ်သတ်ပြီး သူ့အဖေဟာ
သင်ခန်းစာတစ်ခုကို သူ့ဆီမှာ နက်ရှိုင်းစွာ သွတ်သွင်း ပေးထားခဲ့တာကို ပြန်ပြီးတော့
အမှတ်ရနေခဲ့တယ်။ ဗီရိုနဲ့ ခြံစည်းရိုးတွေရဲ့ နောက်ဘက်တွေဟာ မမြင်ရပေမဲ့
စနစ်တကျတပ်ဆင်ဖို့ဟာ အရေးကြီးတယ်လို့ သူ့ဖခင်ကပြောခဲ့တယ်။ “သူဟာ မှန်မှန်
ကန်ကန် လုပ်ရတာကိုကြိုက်တယ်၊ မမြင်တွေ့နိုင်တဲ့ အစိတ်အပိုင်းတွေရဲ့ပုံပန်း
ကိုတောင် သူဂရုစိုက် တယ်လေ”
သူ့အဖေဟာ တစ်ပတ်ရစ်ကားတွေကို ပြန်ပြင်ပြီးတော့ ပြန်ရောင်းတာကို
ဆက်လုပ်ခဲ့တယ်။ ပြီးတော့ ကားဂိုဒေါင်ကို သူ့အကြိုက်ပုံတွေနဲ့ ဆင်ယင်ထားခဲ့တယ်။
သူဟာ ထိုင်ခုံတွေရဲ့ဒီဇိုင်းအသေးစိတ် တွေဖြစ်တဲ့ ပုံသဏ္ဌာန်တွေ၊ လေထွက်ပေါက်တွေ၊
သတ္ထုအစိတ်အပိုင်းတွေ၊ အနားကွတ်တွေကိုသူ့သားကို ညွှန်ပြကောင်းညွှန်ပြခဲ့လိမ့်မယ်။ နေ့တိုင်းအလုပ်ကအပြန်မှာသူရဲ့ ဝတ်စုံ ရှည်ကို လဲဝတ်ပြီးတော့ ကား ဂိုဒေါင်ထဲမှာ
ငုပ်လျှိုးနေလိမ့်မယ်။ရံဖန်ရံခါ စတိဗ်က တကောက်ကောက် ကပ်လိုက်နေလိမ့်မယ်။
“စက်မှုစွမ်းရည် နည်းနည်းနဲ့ သံရိုက်တဲ့အလုပ်ကို သူ့ကိုလုပ်ခိုင်းရင် ရလောက်တယ်လို့
ကျွန်တော် ခန့်မှန်း ခဲ့တယ်၊ ဒါပေမဲ့ သူ့လက် ညစ်ပတ်မယ့်အလုပ်ကို သူတကယ် စိတ်
မဝင်စားခဲ့ဘူး” ဆိုပြီးတော့ ပေါလ်က နောက်ပိုင်းမှာ ပြန်အမှတ်ရခဲ့တယ်။
“စက်မှုပိုင်းနဲ့ပက်သက်လို့ သူတကယ်ပဲ ဘယ်တော့မှ သိပ်ဂရုမစိုက်ခဲ့ဘူး”
“ကျွန်တော်ဟာ ကားတွေကိုပြင်ဖို့အတွက် မဟုတ်ခဲ့ဘူး” ဆိုပြီးဂျော့ဘ်က ဝန်ခံခဲ့တယ်။
“ဒါပေမဲ့ ကျွန်တော်ဟာ ကျွန်တော့်အဖေနဲ့ အချိန်ဖြုံးရတာကို စိတ်အားထက်သန်ခဲ့
တယ်လေ” သူဟာမွေးစားခံခဲ့ရတာကို သူကြီးလာလို့ ပိုပြီးသိလာချိန်မှာ သူ့အဖေကို
ပိုပြီးတော့ တွယ်တာလာခဲ့တယ်။ သူ့အသက် ရှစ်နှစ်လောက်က တစ်နေ့မှာ သူ့အဖေ
ကမ်းခြေစောင့် တပ်ဖွဲ့တုန်းက ရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံကို သူရှာဖွေတွေ့ရှိခဲ့တယ်။
“သူစက်ခန်းထဲမှာလေ၊ သူ့ရှပ်အင်္ကျီကိုဖွင့်ထားတယ်၊ ဂျိမ်းစ်ဒိန်း နဲ့တူတယ်ဗျ၊ အဲဒါဟာ
ကလေးဘဝရဲ့ အို....ဟာ.... အခိုက်အတန့်တွေထဲကတစ်ခုပေါ့။ ဟာ....ကျွန်တော့်ရဲ့
မိဘတွေဟာ တစ်ချိန်တစ်ခါတုန်းက တကယ်ကို နုပျိုပြီးတကယ်ကို ကြည့်လို့ကောင်း
တာဗျ”
စတိဗ်ရဲ့ပထမဦးဆုံး အီလက်ထရွန်နစ်နဲ့ ထိတွေ့ မှုကို သူ့အဖေကကားတွေကနေ
ပေးခဲ့တယ်။ “ကျွန်တော့်ရဲ့အဖေဟာ အီလက်ထရွန်နစ်နဲ့ပက်သက်ပြီး သိပ် ဂဃနဏ
မသိဘူး။ ဒါပေမဲ့ သူဟာ အဲဒါကို မော်တော်ကားတွေနဲ့ တခြားသောသူ ပြင်ရမဲ့ အရာ
တွေမှာ အများကြီး ကြုံတွေ့ခဲ့ရတယ်။ သူဟာ ကျွန်တော့်ကို အီလက်ထရွန်နစ်ရဲ့
အခြေခံသဘောတရားကို ပြခဲ့တယ်။ ကျွန်တော်ဟာ အဲဒါကိုတော်တော်စိတ်ဝင်စား
ခဲ့တယ်”
ပိုပြီးတော့စိတ်ဝင်စားဖို့ကောင်းတာက စက်ပစ္စည်းအစိတ်အပိုင်းတွေ အရှာထွက်ရ
တာပါ။ “စနေ၊ တနင်္ဂနွေအားလပ်ရက်တိုင်းမှာ တိုလီမိုလီတွေ ရောင်းတဲ့နေရာတစ်ခုခု
ဆီကို ထွက်ခဲ့ကြတယ်။ ကျွန်တော်တို့ဟာ ဂျင်နရေတာ၊ ကာဗရက်တာ၊ အခြားသော
အစိတ်အပိုင်း အမျိုးအစားအားလုံးကို ရှာဖွေခဲ့ကြတယ်”
သူ့အဖေ ကောင်တာမှာဈေးညှိနေတာကို ငေးကြည့်နေခဲ့တာ သူပြန်သတိရမိတယ်။
“သူဟာဈေးဆစ်ကောင်းတဲ့ သူတစ်ယောက်လေ၊ ဘာကြောင့်လဲဆိုတော့ စက်ပစ္စည်း
အစိတ်ပိုင်းတွေရဲ့ ကျသင့်တဲ့ဈေးကို ကောင်တာကလူတွေထက်သူကပိုသိနေလို့ပေါ့”
အဲဒါက သူ့မိဘတွေ သူ့ကို မွေးစားစဉ်က ပေးထားတဲ့ ကတိကို ကူညီဖြည့်ဆည်းပေး
ခဲ့တယ်။ “ကျွန်တော့် ရဲ့ ကောလိပ်ကျောင်းစရိတ်ဟာ ဖို့ဒ်ဖာလ်ကွန် ဒါမှမဟုတ်
အခြားမောင်းလို့ မရတဲ့ ကားတစ်စီးကို ကျွန်တော့်အဖေ ဒေါ်လာငါးဆယ်နဲ့ဝယ်မယ်၊
တစ်ပတ် နှစ်ပတ်အတွင်း သူအဲဒါကိုပြင်မယ်၊ ပြီးတော့ အဲဒါကိုသူ ဒေါ်လာ နှစ်ရာ့
ငါးဆယ်နဲ့ပြန်ရောင်းလို့ ရတာတွေ ကနေ ပေးခဲ့တာလေ။ ပြီးတော့ အခွန်ဌာနကို
သူအသိမပေးခဲ့ဘူး”
ဂျော့ဘ်တို့ရဲ့အိမ်နဲ့ အခြားအိမ်နီးနားချင်းတွေရဲ့အိမ်တွေကိုအိမ်ခြံမြေဆောက်လုပ်တဲ့
ဂျိုးဇက်အိချလာက ဆောက်ခဲ့တာပါ။ သူ့ရဲ့ကုမ္ပဏီက ၁၉၅၀ နဲ့ ၁၉၇၄ ခုနှစ်ကြားမှာ
ကယ်လီဖိုးနီးယားက နယ်မြေခွဲတွေအများအပြားမှာ အိမ်ခြေတစ်သောင်းကျော်ကျော်
ကို ပွားခဲ့တယ်။ ဖရန့်ခ်လွှိုက်ရိုက်ရဲ့ အမေရိကန် “လူတိုင်းအတွက်” ရိုးရှင်းပြီး ခေတ်မှီတဲ့
အိမ်များ အမြော်အမြင်ကို စိတ်ကူး ညဏ်ကွန့်ပြီးတော့ ဈေးသက်သာတဲ့အိမ်တွေကို
ကြမ်းခင်းကနေ မျက်နာကြက်ထိရှိတဲ့ မှန်သားနံရံတွေ၊ အဖွင့်ကြမ်းခင်းပုံစံတွေ၊
တိုင်နဲ့ရက်မတွေကို အားပြုပြီး တည်ဆောက်ထားတာတွေ၊ ကွန်ကရိ လောင်းထားတဲ့
ကြမ်းခင်းတွေ၊ ပြီးတော့ ရွေ့လျှားနိုင်တဲ့မှန်တံခါး အများအပြားနဲ့ အသားပေးပြီးတော့
အိချလာက ဆောက်ခဲ့တယ်။
“အိချလာဟာ ကြီးကျယ်တာတစ်ခုကို လုပ်ခဲ့တယ်” သူ့ရဲ့အိမ်အနီးအနားမှာကျွန်တော်တို့
လမ်းလျှောက် နေကြတုန်းမှာ ဂျော့ဘ် ကပြောခဲ့တယ်။ “သူ့ရဲ့အိမ်တွေက ခေတ်ဆန်တယ်၊
ဈေးသက်သာတယ်၊ ကောင်းတယ်။ သူတို့ဟာသန့်စင်တဲ့ဒီဇိုင်းနဲ့ ရိုးရှင်းတဲ့ရသာရုံကို
ဝင်ငွေနည်းပါးသူတွေအတွက်
ဆောင်ကြဉ်းလာခဲ့ကြတယ်။ သူတို့ဆီမှာ ကြမ်းခင်းတွေကနေ အပူဓာတ် ဖြာထွက်တဲ့
စနစ်လို တကယ် ကောင်းတဲ့အားသာချက်ကလေးတွေပါတယ်။ ကော်ဇောကို အဲဒီမှာသာ
ချထားလိုက်၊ ပြီးတော့ ကျွန်တော်တို့ငယ်ငယ်တုန်းကမီးလှုံလို့ရတဲ့ ကြမ်းခင်းတွေကို
ကျွန်တော်တို့ရခဲ့တာလေ”
အိချလာရဲ့အိမ်တွေကို သူကြိုက်နှစ်သက်ခဲ့တာက ဈေးကွက်အမြောက်အမြားအတွက်
လှလှပပ ဒီဇိုင်းပြုလုပ်ထားတဲ့ ထုတ်ကုန်ပစ္စည်းတွေကို ထုတ်လုပ်ဖို့ဆိုတဲ့ သူ့ရဲ့စိတ်ကူး
စိတ်သန်းကို သွတ်သွင်း ပေးခဲ့တယ်လို့ ဂျော့ဘ်ကပြောခဲ့တယ်။ “ဒီဇိုင်းက တကယ်ကို
ကောင်းပြီးတော့ စရိတ်သိပ်မကုန်ဘူး ဆိုတဲ့ ရိုးရှင်းတဲ့ လုပ်နိုင်စွမ်းတစ်ခုကို ယူလာ
နိုင်ခဲ့ရင် ကျွန်တော်ဟာ အဲဒါကို ကြိုက်တယ်”
အိမ်တွေရဲ့ သန့်စင်ပြီး နှစ်လိုဖွယ်ကောင်းတာတွေကို ညွှန်ပြရင်းနဲ့ သူပြောခဲ့တယ်။
“အဲဒါက အက်ပဲလ်ရဲ့စိတ်ကူးအမြင် အစလေ၊ အဲဒါက ပထမဦးဆုံး မတ်ခ် အတွက်
ကျွန်တော်တို့ ဘာတွေကြိုးစားခဲ့တယ် ဆိုတာပေါ့၊ အဲဒါက အိုင်ပေါ့ဒ် အတွက်
ကျွန်တော်တို့ ဘာတွေလုပ်ခဲ့တယ်ဆိုတာပေါ့”
ဂျော့ဘ်တို့ရဲ့လမ်း အခြားတစ်ဖက်မှာနေတဲ့ လူတစ်ဦးဟာ အိမ်ခြံမြေပွဲစားလုပ်ပြီး
တော့ အောင်မြင်မှုရခဲ့တယ်။ “သူဟာ ထက်မြတ်တာတော့မဟုတ်ဘူး” ဂျော့ဘ်
အမှတ်ရခဲ့တယ်။ “ဒါပေမဲ့ သူဟာ ကံကောင်းခဲ့ပုံရတယ်၊ ဒါကြောင့် ကျွန်တော့်အဖေ
ဟာ ‘ငါအဲဒါကို လုပ်နိုင်တယ်’ လို့ထင်ခဲ့တယ်။သူဟာ တော်တော်ကြိုးစားခဲ့တာကို
ကျွန်တော်မှတ်မိတယ်။ သူဟာ ညနေပိုင်း သင်တန်းတွေတက်ခဲ့တယ်၊ လိုင်စင်
စာမေးပွဲဖြေဆိုအောင်မြင်ခဲ့တယ်၊ပြီးတော့ အိမ်ခြံမြေ လုပ်ငန်းထဲကိုဝင်ခဲ့တယ်။
အဲဒီမှာ အိမ်ခြံမြေဈေးကွက်ကပျက်သွားခဲ့တယ်လေ”
အကျိုးဆက်အနေနဲ့ မိသားစုတစ်နှစ်လောက် ဘိုင်ကျနေခဲ့တယ်။ စတိဗ်က အဲဒီ
အချိန်မှာ မူလတန်း ကျောင်းတက်နေတုန်း။ သူ့အမေဟာ သိပ္ပံတိုင်းတာရေးကိရိယာ
တွေထုတ်လုပ်တဲ့ ဗာရီယံ အစုစပ်များကုမ္ပဏီမှာ စာရင်းကိုင်အဖြစ် ဝင်လုပ်ခဲ့ရတယ်။
ပြီးတော့ ဒုတိယမြောက်အိမ်ချေးငွေကို သူတို့ ထုတ်ယူခဲ့တယ်။ တစ်နေ့မှာ လေးတန်း
ပြတဲ့ဆရာက “စကြဝဠာ အကြောင်းကို မင်းနားမလည်ဘူး၊ ဒါဘာသဘောလဲ” လို့
သူ့ကိုမေးလိုက်တယ်။
“ကျွန်တော် နားမလည်တာက ကျွန်တော့် အဖေဟာ ဘာကြောင့် ချက်ချင်းကြီးဘိုင်ကျ
သွားရတာလဲ ဆိုတာလေ” ဂျော့ဘ်က ပြန်ဖြေလိုက်တယ်။ သူ့အဖေဟာ ဖော်လံဖား
အကျင့် ဒါမှမဟုတ် သူ့ကိုပိုပြီးတော့ကောင်းမွန်တဲ့ အရောင်းသမားဖြစ်အောင်
လုပ်ပေးမယ့် အထင်ကြီးသဘောကျလောက်တဲ့ ဟန်ပန်မူရာတွေကို ဘယ်တော့မှ
မမွေးစားခဲ့တာကို သူဂုဏ်ယူခဲ့တယ်။ “အိမ်ခြံမြေ ရောင်းဖို့အတွက် သူများတွေကို
ဖားရမယ်လေ၊ သူကအဲဒါမှာ မကောင်းဘူး၊ ပြီးတော့ အဲဒါက သူ့ရဲ့ပင်ကိုမဟုတ်ဘူး။
ကျွန်တော် အဲဒါ သူ့ကိုသဘောကျတယ်”
ပေါ်လ်ဂျော့ဘ်ဟာ မက္ကင်းနစ်တစ်ယောက် ပြန်ဖြစ်လာခဲ့တယ်။သူ့အဖေဟာ
စိတ်အေးပြီးတော့ နုးညံ့တယ်၊ နောက်ပိုင်းမှာ သူ့သားက သူ့ဆီကအတုယူတာ
ထက်တောင် သာလွန်ပြီး ကိုးကွယ်ခဲ့တဲ့ ညဉ်တွေပါပဲ။ သူဟာ ဆုံးဖြတ်ချက်ခိုင်မာသူ
တစ်ယောက်။ ဂျော့ဘ်က ဥပမာတစ်ခုပြခဲ့တယ်။
“အနားမှာ ဝင်စတန်ဟောက်စ်မှာလုပ်နေတဲ့ အင်ဂျင်နီယာတစ်ယောက်ရှိတယ်။
သူဟာ သမားရိုးကျတွေကို ဆန့်ကျင်တဲ့ ခေတ်လူငယ် လူပျိုတစ်ယောက်လေ။
သူ့မှာရည်းစားကောင်မလေး တစ်ယောက်ရှိတယ်။ သူဟာ တစ်ခါတစ်ရံမှာ ကျွန်တော့်
ကို ကလေးထိန်ပေးတတ်တယ်။ ကျွန်တော့်ရဲ့မိဘနှစ်ယောက် လုံးက အလုပ်လုပ်
ကြတယ်။ ဒါကြောင့်ကျွန်တော်ဟာ ကျောင်းပြီးတာနဲ့ အဲဒီမှာ နှစ်နာရီလောက်လာ
ပြီးတော့ အချိန်ဖြုန်းနေခဲ့တယ်။ ဒီလူဟာ အရက်မူးပြီးတော့ သူ့ကို အကြိမ်ကြိမ်
ရိုက်နှက်တတ်တယ်။ တစ်ညမှာတော့ သူရောက်လာတယ်၊ ကြံရာမရဖြစ်ပြီး ကြောက်ရွံ့
နေတယ်၊ ပြီးတော့ ဒီလူဟာ အရက်မူးပြီး ရောက်လာတယ်။ ကျွန်တော့်အဖေဟာ သူ့ကို
ဖယ်ပေးလိုက်ရင်းနဲ့ ‘သူဒီမှာရှိတယ်၊ ဒါပေမဲ့ မင်းဝင်မလာခဲ့နဲ့’ လို့ ပြောလိုက်တယ်။
သူအဲဒီမှာပဲရပ်နေတယ်။ ၁၉၅၀ နှစ်တွေမှာ အရာရာတိုင်းဟာ ချမ်းမြေ့ဖွယ် ကောင်း
တယ်လို့ ကျွန်တော်တို့ထင်တတ်ကြတယ်။ ဒါပေမဲ့ ဒီငနဲကတော့ ဆိုးရွားပျက်စီးတဲ့ အနေအထိုင်တွေရှိတဲ့ အင်ဂျင်နီယာတွေထဲက တစ်ယောက်ပေါ့”
ဒီဒေသဝန်းကျင်ကို အခြား ထောင်ပေါင်းများစွာသော အမေရိကတစ်ဝန်းက ရိုးတံရှည်
အပင်တွေနဲ့ ဒေသခွဲတွေကနေ ဘာတွေကခြားနားအောင်လုပ်ခဲ့လဲဆိုတော့
အသုံးမကျတဲ့သူတွေတောင် အင်ဂျင်နီယာတွေ ဖြစ်နေခဲ့ကြတာပါ။ “ကျွန်တော်တို့
ပြောင်းလာတုန်းက တရုတ်ဆီးသီးပင်နဲ့ မက်မန်းလိုသစ်သီးခြံတွေက အဲဒီထောင့်တွေ
အားလုံးမှာ ရှိနေခဲ့တာလေ” ဆိုပြီးတော့ဂျော့ဘ်က ပြန်အမှတ်ရခဲ့တယ်။ “ဒါပေမဲ့
စစ်ဖက်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွေကြောင့် အဲဒါက အရှိန်အဟုန်နဲ့တိုးတက်ဖို့
စတင်နေခဲ့ပြီ” သူဟာ ဒီချိုင်ဝှမ်းဒေသရဲ့သမိုင်းကြောင်းမှာ နစ်မျောနေခဲ့ပြီး သူ့ရဲ့
အခန်းကဏ္ဍကို တင်ဆက်ဖို့ဆိုတဲ့ တမ်းတမှုတစ်ခုကို ရင့်ကျက်အောင်လုပ်ခဲ့တယ်။
ရုရှားတွေရဲ့ခြိမ်းခြောက်မှုဟာ ဘယ်လောက်ထိ မှန်ကန်လဲဆိုတာကို ကြည့်ဖို့
ယူ-နှစ်သူလျှိုလေယာဉ် ကင်မရာတွေ ကူညီတည်ဆောက်ပေးဖို့ အီဆန်ဟောက်ဝါးရဲ့
မေးမြန်းစုံစမ်းခြင်း ခံခဲ့ရတာနဲ့ပက်သက်လို့ ပိုလာရွိုက်က အီဒွင်လန်ဒ်က သူ့ကိုပြော
ပြခဲ့တယ်။ ဖလင်ကို ဗူးလေးတွေထဲမှာထည့်ပြီး ဂျော့ဘ်တို့နေတဲ့ နေရာနဲ့သိပ်မဝေးတဲ့
ဆန်နီဗဲလ်မှာရှိတဲ့ နာဆာရဲ့ အမီစ် သုတေသနဗဟိုဌာနကို ပြန်ပို့လိုက်တယ်။
“ကျွန်တော် ပထမဦးဆုံး ကွန်ပျူတာကို မြင်တွေ့ခဲ့ရတာကတော့ ကျွန်တော့်အဖေ
အမီစ် ဗဟိုဌာနကို ခေါ်သွားတုန်းကလေ” သူပြောခဲ့တယ်။ “ကျွန်တော် အဲဒါကို လုံးဝ
နှစ်သက်သွားခဲ့တယ်”
၁၉၅၀ ခုနှစ်တွေမှာ ကာကွယ်ရေးဌာနရဲ့ အခြားသော ကန်ထရိုက်တာတွေလည်း
အနီးအနားမှာ ပေါ်ပေါက်လာခဲ့ကြတယ်။ ရေငုပ်သင်္ဘောကနေပစ်လွတ်ရတဲ့ ဖျက်ဒုံး
ကျည်တွေ တည်ဆောက်တဲ့ လော့ခ်ဟီးဒ် ဒုံးကျည်နဲ့ အာကာသဌာနခွဲကို ၁၉၅၆ ခုနှစ်မှာ
နာဆာရဲ့ဗဟိုဌာနနဲ့ကပ်လျှက်နေရာမှာ တည်ထောင်ခဲ့တယ်။ ဂျော့ဘ် အဲဒီဒေသကို
ပြောင်းပြီးလို့ လေးနှစ်အကြာမှာ အဲဒီဌာနက လူပေါင်း နှစ်သောင်းကို အလုပ်ခန့်ခဲ့တယ်။
ကိုက်ပေါင်း တစ်ရာနှစ်ရာလောက်ဝေးတဲ့ တစ်နေရာမှာတော့ ဒုံးကျည်စနစ်တွေအတွက်
ပြွန်ချောင်းတွေနဲ့ လျှပ်စစ်ထရန်စဖော်မာတွေ တည်ဆောက်တဲ့အဆောက်အအုံတွေ
ကို ဝင်စတန်ဟောက်စ်က တည်ဆောက်ခဲ့တယ်။ “အဲဒီနောက်ဆုံးပေါ် စစ်ဖက်ဆိုင်ရာ
ကုမ္ပဏီတွေအားလုံးရှိခဲ့တယ်လေ” သူပြန်အမှတ်ရခဲ့တယ်။ “အဲဒါက လျှို့ဝှက်
ဆန်းကြယ်တာတွေ၊ အဆင့်မြင့်နည်းပညာတွေနဲ့ ဒီမှာနေရတာက သိပ်ပြီးတော့
စိတ်လှုပ်ရှားစရာ ကောင်းခဲ့တာပေါ့”
စစ်ဘက်ဆိုင်ရာ စက်မှုလက်မှုလုပ်ငန်းတွေ နိုးထလာချိန်မှာ နည်းပညာကို အခြေခံတဲ့
စီးပွားရေးဟာလဲ အရှိန်အဟုန်နဲ့ တိုးတက်ဖြစ်ထွန်းခဲ့တယ်။ အဲဒါရဲ့ အရင်းအမြစ်တွေက ၁၉၃၆ ခုနှစ်ဆီကို ပြန်လည်ဆန့်ထွက်သွားခဲ့တယ်။ ဒေးဗစ်ပက်ကားဒ်နဲ့ သူ့ရဲ့ဇနီး
အသစ်ကလေးတို့ဟာပလိုအာလ်တို မှာရှိတဲ့ အိမ်တစ်အိမ်ကို ပြောင်းရွေ့လာတုန်း
ကပေါ့။ အဲဒီမှာသူ့ရဲ့သူငယ်ချင်း ဘီလ်ဟျူးလတ် မကြာခင်မှာ အနေကျလာမယ့်
ရုံတစ်ရုံရှိတယ်။ ဒီတောင်ကြားမှာ အသုံးဝင်ပြီးအလေးထားခံရကြောင်းသက်သေပြမယ့်
အစိတ်အပိုင်း တစ်ခုဖြစ်တဲ့ ကားဂိုဒေါင်ဟာ အဲဒီအိမ်မှာရှိနေခဲ့တယ်။ အဲဒီမှာ သူတို့ရဲ့
ပထမဦးဆုံး ထုတ်ကုန်ပစ္စည်းဖြစ်တဲ့ အသံလှိုင်းထုတ်ကိရိယာတစ်ခုကို ရရှိတဲ့အထိ
သူတို့ ဟိုဟိုသည်သည် ကလိနေခဲ့ကြတယ်။ ၁၉၅၀ ခုနှစ်များမှာ ဟျုးလတ်-ပက်ကားဒ်
ဟာ နည်းပညာပိုင်းဆိုင်ရာ ကိရိယာတွေပြုလုပ်ပြီး လျင်မြန်စွာ ကြီးမားလာတဲ့ ကုမ္ပဏီ
တစ်ခု ဖြစ်ခဲ့ပါပြီ။

(ဆက်လက်ပြီးတင်ပေးသွားပါ့မယ်)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။