ကျမ လူအတယောက် မဟုတ်ခဲ့ပါ
မောင်လုပ်သမျှကို ချစ်တဲ့စိတ်နဲ့
အပြစ်မမြင်ခဲ့သည်သာ ရှိပါတယ်
ကျမ မိန်းမညံ့တယောက် မဟုတ်ခဲ့ပါ
မောင်လိမ်သမျှကို မျက်စိမှိတ်နားပိတ်ပြီး
မသိချင်ယောင်ဆောင်ခဲ့သည်သာ ရှိပါတယ်
ကျမ အတ္တကြီးသူတယောက် မဟုတ်ခဲ့ပါ
မောင့်ကိုကျမ အနားမှာရှိစေချင်တဲ့စိတ်နဲ့
ဖက်တွယ်နေခဲ့သည်သာ ရှိပါတယ်
ကျမ ပျော့ညံ့တဲ့သူတယောက် မဟုတ်ခဲ့ပါ
ခတ်ထန်တဲ့ မောင့်စကားတွေကြောင့်သာ
မျက်ရည်များစွာကျနေရသည်သာ ရှိပါတယ်
ကျမ တကိုယ်ကောင်းဆန်တဲ့သူ မဟုတ်ခဲ့ပါ
မောင့်ကို တယောက်တည်းပိုင်ဆိုင်ချင်လို့သာ
ချုပ်ချယ်ပြီးပြောဆိုခဲ့သည် သာ ရှိပါတယ်
ကျမ ကဗျာဆန်တတ်သူ မဟုတ်ခဲ့ပါ
မောင်ဖတ်ဖို့အတွက် ညစဉ်ညတိုင်း
ကဗျာတွေရေးနေခဲ့သည်သာ ရှိပါတယ်
ကျမ လှပတဲ့ရုပ်ဆင်းရှိသူ မဟုတ်ခဲ့ပါ
မောင့်အတွက်ဆို အမြဲတမ်းလှပကျော့ရှင်း
သန့်စင်အောင်နေတတ်ခဲ့သည်သာ ရှိပါတယ်
ကျမ ................ အမြဲတမ်း.............. မောင့်အတွက်.........ရှင်သန်နေမယ့်..............သူတယောက်ပါ.............
Viruss Queen
မောင်လုပ်သမျှကို ချစ်တဲ့စိတ်နဲ့
အပြစ်မမြင်ခဲ့သည်သာ ရှိပါတယ်
ကျမ မိန်းမညံ့တယောက် မဟုတ်ခဲ့ပါ
မောင်လိမ်သမျှကို မျက်စိမှိတ်နားပိတ်ပြီး
မသိချင်ယောင်ဆောင်ခဲ့သည်သာ ရှိပါတယ်
ကျမ အတ္တကြီးသူတယောက် မဟုတ်ခဲ့ပါ
မောင့်ကိုကျမ အနားမှာရှိစေချင်တဲ့စိတ်နဲ့
ဖက်တွယ်နေခဲ့သည်သာ ရှိပါတယ်
ကျမ ပျော့ညံ့တဲ့သူတယောက် မဟုတ်ခဲ့ပါ
ခတ်ထန်တဲ့ မောင့်စကားတွေကြောင့်သာ
မျက်ရည်များစွာကျနေရသည်သာ ရှိပါတယ်
ကျမ တကိုယ်ကောင်းဆန်တဲ့သူ မဟုတ်ခဲ့ပါ
မောင့်ကို တယောက်တည်းပိုင်ဆိုင်ချင်လိ
ချုပ်ချယ်ပြီးပြောဆိုခဲ့သည်
ကျမ ကဗျာဆန်တတ်သူ မဟုတ်ခဲ့ပါ
မောင်ဖတ်ဖို့အတွက် ညစဉ်ညတိုင်း
ကဗျာတွေရေးနေခဲ့သည်သာ ရှိပါတယ်
ကျမ လှပတဲ့ရုပ်ဆင်းရှိသူ မဟုတ်ခဲ့ပါ
မောင့်အတွက်ဆို အမြဲတမ်းလှပကျော့ရှင်း
သန့်စင်အောင်နေတတ်ခဲ့သည်သာ ရှိပါတယ်
ကျမ ................ အမြဲတမ်း.............. မောင့်အတွက်.........ရှင်သန
Viruss Queen

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။