Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, August 6, 2017

“လက်တွေ့ဘ၀ပုံဖျက်စက်ကွင်း (သို့) စတိဂျော့ဘ်”အခန်း (၁)

ကားဂိုဒေါင်ကစတင်ခဲ့တဲ့ ကုမ္ပဏီငယ်လေးကို ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီကြီး
ဖြစ်အောင် စတိဗ်ဂျော့ဘ်က လက်တွေ့ဘ၀ကို ဘယ်လိုပုံဖျက်ခဲ့သလဲ ဆိုတာ . . .
“လက်တွေ့ဘ၀ပုံဖျက်စက်ကွင်း (သို့) စတိဂျော့ဘ်”
Walter Isaacson ရဲ့ Steve Jobs ဘာသာပြန် အတ္ထုပတ္တိရှည်ကို ဒီ page မှာ အခန်းဆက် အနေနဲ့ တင်ပေးနေပါတယ် . . .
စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေ, လုပ်ငန်းအစပျိုးနေသူတွေ, ကိုယ်ပိုင်ကုမ္ပဏီလုပ်ကိုင် လိုသူတွေ အတွက် နည်းလမ်းယူစရာလေးတွေ ရကောင်းရနိုင်တယ်လို့မျှော်လင့်မိပါတယ် . . .
အခန်း (၁)
ငယ်စဉ်ကလေးဘဝ
စွန့်ပစ်ခံရခြင်းနှင့်ရွးချယ်ခံရခြင်း
မွေးစားခြင်း
ဒုတိယကမ္ဘာစစ်ကြီးပြီးလို့ ကမ်းခြေစောင့်တပ်ဖွဲ့က တန်းဖြုတ်ချိန်မှာတော့
ပေါ်လ်ဂျော့ဘ်ဟာ သူ့ရဲ့ သင်္ဘောသားအဖော်တွေနဲ့ အလောင်းအစားတစ်ခုလုပ်ခဲ့တယ်။
သူတို့ဟာ သူတို့ရဲ့သင်္ဘော ရပ်နားရာ ဆန်ဖရန်စစ္စကိုကို ရောက်ရှိလာခဲ့ကြတာပါ။

ပေါ်လ်က သူ့ရဲ့ ဇနီးလောင်းကို နှစ်ပတ် အတွင်း သူကိုယ်တိုင်ရှာပြမယ်ဆိုပြီးတော့
လောင်းကြေးထပ်လိုက်တယ်။ သူဟာ တောင့်တင်းပြီး ဆေးမင်ကြောင်တွေ ထိုးထားတဲ့
အင်ဂျင်မက္ကင်းနစ်တစ်ဦးပါပဲ။ အရပ်ခြောက်ပေရှည်ကာ ဂျိမ်းစ်ဒိန်းနဲ့ ဆင်တူတယ်။ ဒါပေမဲ့
အမေရိကန်မှာ အခြေချနေထိုင်လာသူတို့ရဲ့ သမီးတစ်ဦးဖြစ်တဲ့ စိတ်ထားချိုသူ ကလာရာ
ဟာဂိုပီယန်နဲ့ ချိန်းတွေ့ခွင့်ရခဲ့တာဟာ သူ့ရဲ့ ပုံပန်းသွင်ပြင်ကြောင့် မဟုတ်ပါဘူး။
သူနဲ့သူ့ရဲ့သူငယ်ချင်းတို့မှာ ကားတစ်စီး ရှိခဲ့တာကြောင့်သာပါ။ သူမဟာ အဲဒီနေ့ ညနေမှာ
အပြင်ကိုထွက်လည်ဖို့အများနဲ့မတူပဲ အစကတည်းက စီစဉ်ထားခဲ့တယ်။ ဆယ်ရက်
ကြာပြီးတဲ့နောက် ၁၉၄၆ ခုနှစ်၊ မတ်လမှာ ပေါ်လ်ဟာ ကလာရာနဲ့ စေ့စပ်ခဲ့ပြီး သူ့ရဲ့
လောင်းကစားပွဲကို အနိုင်ရရှိလိုက်တယ်။ ပျော်ပျော်ရွှင်ရွှင်လက်ထပ်ခဲ့ကြပြီး နောင်နှစ်
ပေါင်းလေးဆယ်ကြာ သေကွဲကွဲတဲ့အထိ ကြာရှည်စွာ ပေါင်းသင်းခဲ့ကြတယ်။
ဂျာမန်မြို့တစ်မြို့ဖြစ်တဲ့ ဝိစ်ကွန်စင်မြို့ရဲ့ နို့စားနွားမွေးမြူရေး ခြံတစ်ခြံထဲမှာ
ပေါ်လ်ရိန်ဟိုးဂျော့ဘ် ကြီးပြင်းခဲ့တယ်။ သူ့ရဲ့ဖခင်ဟာ အရက်သမားတစ်ဦးဖြစ်ပြီး
တစ်ခါတစ်ရံမှာ ရုန့်ရင်းကြမ်းတမ်းသော်ငြားလည်း ပေါ်လ်ကတော့ သူ့ရဲ့သားရေလိုမာ
ကြမ်းတဲ့ အပြင်ပန်းအောက်မှာ နုးညံ့ပြီး ပင်ကို စိတ်ထားအေးသူတစ်ယောက်အဖြစ်
အဆုံးသတ်ခဲ့တယ်။ အထက်တန်းကျောင်းက ကျောင်းထွက်ပြီးနောက် သူဟာ
အနောက်အလယ်ပိုင်းမှာ မက္ကင်းနစ်တစ်ယောက်အဖြစ် အလုပ်လုပ်နေခဲ့တာက
အသက်ဆယ့်ကိုးနှစ်ရောက်လို့ ကမ်းခြေစောင့်တပ်ဖွဲ့ကို ရေကူးမတတ်ဘဲ သူဝင်တဲ့
အချိန်ထိပါပဲ။ သူဟာ ယူအက်စ်အက်စ် ဂျန်နရယ် အမ်စီမိုင်းဂ် သင်္ဘောပေါ်မှာ တာဝန်
ထမ်းဆောင်ခဲ့ပြီး သူ့ရဲ့အချိန်အများစုကို အီတလီမှာရှိတဲ့ ဗိုလ်ချုပ်ကြီးပတ်တွန်အတွက်
တပ်သားတွေ သယ်ပေးရင်း ကုန်လွန်ခဲ့တယ်။ သူ့ရဲ့ ပင်ကိုစွမ်းရည်ဖြစ်တဲ့ မက္ကင်းနစ်နဲ
့ မီးသတ်သမားအရည်အချင်းကြောင့် သူဟာ ဂုဏ်ပြုချီးမြှင့်ခြင်း ခံခဲ့ရတယ်။ ဒါပေမဲ့
ရံဖန်ရံခါ သူကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ ပြဿနာအသေးအမွားတွေကြောင့် သင်္ဘောသား
အဆင့်ကနေ ရာထူးမတက်ခဲ့ပါဘူး။
ကလာရာကို နယူးဂျာစီမှာ မွေးဖွားခဲ့တယ်။ သူမရဲ့မိဘတွေဟာ
အာမေးနီးယားမှာရှိတဲ့ တက်ခ်တွေဆီက ထွက်ပြေးခဲ့ကြပြီးတဲ့နောက် ဒီမှာအခြေချခဲ့
ကြတယ်။ သူမ ကလေးအရွယ်မှာ ဆန်ဖရန်စစ္စကိုရဲ့ မစ်ရှင်းဒေသကို သူတို့ပြောင်းရွှေ့
ခဲ့ကြတယ်။ သူများတွေကိုပြောခဲတဲ့ လျှို့ဝှက်ချက်တစ်ခု သူမဆီမှာ ရှိနေခဲ့တယ်။
သူမဟာ အရင်က လက်ထပ်ဖူးတယ် ဆိုတာပါ။ ဒါပေမဲ့သူမရဲ့ခင်ပွန်းဟာ စစ်ပွဲမှာ
ကျဆုံးခဲ့တယ်။ ဒါကြောင့် သူမဟာ ပေါ်လ်ဂျော့ဘ် နဲ့ ပထမဆုံး ချိန်းတွေ့တဲ့နေ့မှာပဲ
ဘဝသစ်ကိုစတင်ဖို့ ပြင်ဆင်ခဲ့ပြီးပါပြီ။
စစ်ကြီးအတွင်းမှာ ဖြတ်သန်းခဲ့ကြရတဲ့ အများသူငါတွေလိုပဲ စစ်ကြီးပြီးသွားရင်
ဘာလုပ်မယ်ဆိုတဲ့ စိတ်လှုပ်ရှားပျော်ရွှင်မှု အတွေ့အကြုံ အပြည့်အဝ သူတို့မှာ ရှိနေခဲ့
ကြတယ်။ အခြေချဖို့ ရိုးရိုးရှင်းရှင်း လိုအင်ဆန္ဒတွေ သူတို့မှာရှိနေခဲ့တယ်။ မိသားစုဘဝ
တစ်ခုကို စတင်ဖို့နဲ့ သိပ်ထူးထူးခြားခြားမရှိလှတဲ့ ဘဝလေးနဲ့ နေသွားဖို့ပါပဲ။ သူတို့မှာ
ပိုက်ဆံနည်းနည်းပဲရှိတယ်။ ဒါကြောင့် ပေါ်လ်ရဲ့မိဘတွေနဲ့အတူ နှစ်အနည်းငယ်
လောက် နေထိုင်ဖို့ ဝီစ်ကွင်စင်မြို့ကို သူတို့ပြောင်းရွေ့ခဲ့ကြတယ်။ ဒီနောက်မှာတော့
အင်ဒီယာနာကို သူတို့ပြောင်းရွေ့ခဲ့ကြတယ်။ ဒီမှာ သူဟာ မက္ကင်းနစ်အလုပ်ကို
အင်တာနေရှင်နေဟားဗတ်ကုမ္ပဏီမှာ ရရှိခဲ့တယ်။ သူ့ရဲ့ဝါသနာကြီးခြင်းက ကားဟောင်း
တွေကို ကလိနေရခြင်းပင်၊ သူ့ရဲ့အားလပ်ချိန်မှာ ကားဟောင်းတွေကို ဝယ်ယူခြင်း၊
ပြန်လည်ပြုပြင်ခြင်း၊ ပြန်လည်ရောင်းချခြင်းတို့ကနေဝင်ငွေရရှိခဲ့တယ်။ နောက်ဆုံးမှာ
တော့ သူအလုပ်ထွက်လိုက်ပြီး အချိန်ပြည့်တစ်ပတ်ရစ် ကားအရောင်းသမားဖြစ်လာ
ခဲ့တယ်။
ဘာပဲဖြစ်ဖြစ် ကလာရာဟာ ဆန်ဖရန်စစ္စကို ကိုချစ်တယ်။ ဒါနဲ့ ၁၉၄၆ ခုနှစ်မှာ
အဲဒီကိုပြန်ပြောင်းဖို့ သူမရဲ့ခင်ပွန်းကို သူမသိမ်းသွင်းစည်းရုံးခဲ့တယ်။ ဂိုးလ်ဒင်းဂိတ်ပက်ခ်
ရဲ့ တောင်ဘက်မှာရှိပြီး၊ ပစိဖိတ်ကို မျက်နှာမူထားတဲ့ ဆန်းဆတ်ဒေသမှာ သူတို့ တိုက်ခန်း
တစ်ခန်းရခဲ့တယ်။ ပြီးတော့ အရစ်ကျစနစ်နဲ့ ရောင်းဝယ်ငွေစိုက်ပေးတဲ့ ကုမ္ပဏီတစ်ခုမှာ
ပစ္စည်းပြန်သိမ်းသူအဖြစ် အလုပ်တစ်ခု သူရယူလိုက်တယ်။ ချေးငွေကို ပြန်မပေးဆ်
နိုင်တဲ့ ကားပိုင်ရှင်တွေရဲ့ ကားတွေက ကားသော့တွေကို လိုက်နှုတ်ပြီး ကားကိုပြန်လည်
သိမ်းဆည်းရတဲ့ အလုပ်ပါပဲ။ သူလဲ ကားတွေကိုဝယ်တယ်၊ ပြန်ပြုပြင်တယ်၊ တချို့ကို
ပြန်ရောင်းပြီးတော့ သင့်တင့်လျောက်ပတ်တဲ့ စားဝတ်နေထိုင်ရေးဖူလုံမှုကို ဖန်တီးနိုင်
ခဲ့တယ်။
ဘယ်လိုပဲဖြစ်ဖြစ် သူတို့ရဲ့ဘဝမှာ တစ်စုံတစ်ခုက လိုအပ်နေတယ်။ သူတို့ဟာ
ကလေး လိုချင်နေကြတယ်။ ဒါပေမဲ့ ကလာရာဟာ သားအိမ်အပြင်ဘက်မှာ သန္ဓေ
တည်တဲ့ရောဂါခံစားနေရတယ်။ မျိုးဥတွေဟာ သားအိမ်တွင်းကို ဝင်ရောက်ရမယ့်အစား
သားအိမ်ြွပန်အတွင်းကို ရောက်ရှိသွားတာ ကြောင့်ပါ။ ပြီးတော့ သူမဟာ နောက်ထပ်
မရယူနိုင်တော့တာပါပဲ။ ဒါနဲ့ လက်ထပ်ပြီးလို့ ကိုးနှစ်အကြာ ၁၉၅၅ ခုနှစ်မှာ ကလေး
တစ် ယောက်ကိုမွေးစားဖို့ သူတို့လိုက်ရှာခဲ့ကြတယ်။
ပေါ်လ်ဂျော့ဘ်လိုပဲ ဂျိုအန်နီ စကီဘာလ်ဟာ ဝီစ်ကွန်စင်မြို့ ကျေးလက်ဒေသ
က ဂျာမန်အမျိုးအနွယ် မိသားစုတစ်စုကပါ။ သူမရဲ့ဖခင် အာသာစကီဘာလ်ဟာ
ဂရိမ်းဘေးရဲ့ ဆင်ခြေဖုံးမှာ အခြေချနေထိုင်ခဲ့တယ်။ ဒီမှာ သူနဲ့ သူ့ဇနီးတို့ဟာ
အမွေးရှည်ြွေမပါတွေမွေးမြူတဲ့ ခြံတစ်ခြံကို ပိုင်ဆိုင်ခဲ့ကြပြီး အိမ်ခြံမြေရောင်းဝယ်ရေးနဲ့
ပုံနှိပ်လုပ်ငန်းအပါအဝင် တခြားသောစီးပွားရေးလုပ်ငန်းတွေမှာလဲ ဟိုစပ်စပ် သည်စပ်စပ်နဲ့
အောင်မြင်မှုရရှိခဲ့ကြတယ်။ သူဟာသူ့သမီးရဲ့ အဆက်အသွယ်တွေနဲ့ပက်သက်လို့
တော်တော်လေး တင်းကြပ်ထားခဲ့တယ်။ ပြီးတော့ သူမရဲ့ ရည်းစားဦး ကတ်သိုလစ်ဂိုဏ်း
ဝင်မဟုတ်တဲ့ အနုပညာသမားကို အပြင်းအထန် ကန့်ကွတ်မှုရှိခဲ့တယ်။ သူမဟာ
ဝီစ်ကွန်စင် တက္ကသိုလ်မှာ ဘွဲ့ကြိုကျောင်းသူအဖြစ် တက်ရောက်နေတုန်း အစ္စလာမ်
ဘာသာဝင် တစ်ဦးဖြစ်တဲ့ ဆီးရီးယားက လက်ထောက်ဆရာ အဗဒူလ်ဖတ်တာ့
ဂျွန်ဂျန်ဒါလီနဲ့ ချစ်ကြိုက်မိချိန်မှာ သူဟာ ဂျိုအန်နီကို လုံးဝ အဆက်အသွယ်
ဖြတ်တောက်မယ်လို့ ခြိမ်းခြောက်ခဲ့တာက ဘာမှအံ့ဩစရာမရှိပါဘူး။
ဂျန်ဒါလီဟာ အရေးပါတဲ့ ဆီးရီးယမ်မိသားစုရဲ့ မွေးချင်းကိုးယောက်ထဲက
အငယ်ဆုံးပါ။ သူ့ရဲ့ဖခင်ဟာ ရေနံချက်စက်ရုံတွေနဲ့ တခြားသော စီးပွားရေးလုပ်ငန်း
အမြောက်အမြားကို ပိုင်ဆိုင်ပြီး ဒါမာစကာ့စ် နဲ့ ဟွန်းစ်မှာ ကြီးမားတဲ့ပိုင်ဆိုင်မှုတွေ
ရှိခဲ့တယ်။ ဒေသရဲ့ဂျုံဈေးနှုန်းကို တော်တော်လေး ချုပ်ကိုင်ထားခဲ့တယ်။ သူ့မိခင်ဟာ
“အစ္စလာမ်ဘာသာဓလေ့ကို ကိုင်းရှိုင်းသူအမျိုးသမီး”၊ “ရှေးရိုးစွဲ ရိုသေကျိုးနွံတဲ့ အိမ်ရှင်မ
တစ်ဦး” ဆိုတာ သူနောက်မှပြောပြခဲ့တယ်။ စကီဘာလ်မိသားစုလိုပဲ ဂျန်ဒါလီ တို့ဟာ
ပညာရေးကို တန်ဖိုးထားခဲ့တယ်။ အစ္စလာမ်ဘာသာဝင်တစ်ယောက်ဖြစ်ပေမဲ့
အဗဒူလ်ဖတ်တာ့ကို ဘရင်ဂျီဘာသာဝင်တွေတက်တဲ့ ကျောင်းကိုပို့ခဲ့တာပါ။
ဝီစ်ကွန်စင်တက္ကသိုလ်မှာ နိုင်ငံရေးသိပံ္ပပါရဂူဘွဲ့အတန်းကို မတက်ရောက်ခင်
ဘေရွတ်မှာရှိတဲ့ အမေရိကန်တက္ကသိုလ်မှာ ဘွဲ့တစ်ခုကို သူရယူခဲ့တယ်။
၁၉၅၄ ခုနှစ် နွေရာသီမှာ ဂျိုအန်နီဟာ အဗဒူလ်ဖတ်တာ့နဲ့အတူ ဆီးရီးယားကို
သွားခဲ့တယ်။ သူတို့ဟာ ဟွန်းစ်မှာ နှစ်လကြာနေခဲ့ကြတယ်၊ ဒီမှာသူမဟာ ဆီးရီးယား
ဟင်းတွေ ဘယ်လို ချက်ရတယ် ဆိုတာကို သူ့ရဲ့မိသားစုဆီကနေ လေ့လာသင်ယူခဲ့
တယ်။ ဝီစ်ကွန်စင်ကို သူတို့ ပြန်လည်ရောက်ရှိပြီးတဲ့နောက် သူမမှာ ကိုယ်ဝန်ရှိနေပြီ
ဆိုတာကို သိရှိလိုက်ရတယ်။ သူတို့နှစ်ယောက်လုံးရဲ့အသက်က ၂၃နစ်၊ ဒါပေမဲ့
လက်မထပ်ဖို့ သူတို့ ဆုံးဖြတ်လိုက်ကြတယ်။ အဲဒီအချိန်မှာ သူမရဲ့ဖခင်ကသေခါနီး
ဆဲဆဲ၊ ပြီးတော့ သူမဟာ အဗဒူလ်ဖတ်တာ့ကို လက်ထပ်လို့ရှိရင် အမွေပြတ်စွန့်လွတ်
မယ်ဆိုပြီးတော့ သူကခြိမ်းခြောက်ထားခဲ့တယ်။ ကိုယ်ဝန်ဖျက်ချခြင်းဟာလည်း
ကတ်သိုလစ်အသိုင်းအဝိုင်း ကျဉ်းကျဉ်းလေးမှာ လွယ်ကူတဲ့ ရွေးချယ်နိုင်ခြင်း အခွင့်အရေး
မဟုတ်လို့ပဲ ဖြစ်ရမယ်။ ၁၉၅၅ ခုနှစ်အစောပိုင်းမှာ ဂျိုအန်နီဟာ ဆန်ဖရန်စစ္စကို ကိုခရီး
သွားခဲ့တယ်။ အဲဒီမှာ သူမဟာ လက်မထပ်ရတဲ့မိခင်တွေကို ခိုလှုံခွင့်ပေးထားတဲ့
သနားကြင်နာတတ်တဲ့ ဆရာဝန်တစ်ယောက်ရဲ့ စောင့်ရှောက်ပြုစုခြင်းကို ရရှိခဲ့တယ်။
ကလေးကို မွေးဖွားခဲ့တယ်။ ပြီးတော့ မွေးစားဖို့ပေးဖို့ကို တိတ်တိတ်ကလေး စီစဉ်ခဲ့တယ်။
ဂျိုအန်နီရဲ့လိုလားချက်တစ်ခုကတော့ သူ့ကလေးကို ကောလိပ်ဘွဲ့ရတွေရဲ့
မွေးစားခြင်းကိုသာ ခံရမယ် ဆိုတာပါပဲ။ ဒါကြောင့် ဆရာဝန်က ကလေးကို ရှေ့နေ
တစ်ယောက်နဲ့ သူ့ရဲ့မိန်းမတို့အတွက် နေရာချထားခဲ့တယ်။ ဒါပေမဲ့ ၁၉၅၅ ခုနှစ်၊
ဖေဖော်ဝါရီလ၊ ၂၄ ရက်နေ့ ယောကျာ်းလေး မွေးဖွားလာ ချိန်မှာ သတ်မှတ်ထားတဲ့
ဇနီးမောင်နှံဟာ သူတို့လိုချင်တာက မိန်းကလေးဖြစ်တယ်လို့ ဆုံးဖြတ်ချက်ချခဲ့ ကြ
တာကြောင့် ပြန်ရုတ်သိမ်းခဲ့ရတယ်။ ဒါကြောင့် အဲဒီယောကကျာ်းလေးဟာ ရှေ့နေရဲ့
သားမဖြစ်ခဲ့ပါဘူး။ ဒါပေမဲ့ အထက်တန်းကျောင်းထွက် မက္ကင်းနစ်ကို စိတ်ဝင်စားသူနဲ့
စာရင်းကိုင် အလုပ်လုပ်နေတဲ့ သူ့ရဲ့ ဗိုင်းကောင်းကျောက်ဖိ ဇနီးဖြစ်သူတို့ရဲ့သားဖြစ်
လာခဲ့တယ်။ ပေါ်လ် နဲ့ ကလာရာဟာ သူတို့ရဲ့ကလေးကို စတီဗင်ပေါ်လ်ဂျော့ဘ်
ဆိုပြီးတော့ အမည်ပေးခဲ့ကြတယ်။
သူမရဲ့ကလေးကို အထက်တန်းကျောင်းတောင်မအောင်တဲ့ ဇနီးမောင်နှံ
အတွက် နေရာချထား ပေးတာကို ဂျိုအန်နီ သိရှိလိုက်ရချိန်မှာတော့ သူမဟာ
မွေးစားခြင်းစာချုပ်ကို လက်မှတ်ထိုးပေးဖို့ ငြင်းဆိုလိုက်တယ်။ ကလေးဟာ ဂျော့တို့ရဲ့
အိမ်ထောင်စုစာရင်းဝင် ဖြစ်သွားသည့်တိုင် ရက်သတ္တပတ် ပေါင်းများစွာ မထုံတက်သေး
လုပ်နေခဲ့တယ်။ နောက်ဆုံးမှာတော့ ဇနီးမောင်နှံက စာချုပ်ကိုလက်မှတ်ထိုး ပေးစေရန် အလို့ငှာ ကလေးရဲ့ ကောလိပ်ပညာရေးအတွက် ဘဏ်မှာငွေစုစာရင်းတစ်ခု ပြုလုပ်
ပေးမယ်ဆိုပြီး ကတိသတ်မှတ်ချက်ပေးတော့မှ သူမအလျော့ပေးလိုက်တယ်။
မွေးစားခြင်းစာချုပ်ကို လက်မှတ်ထိုးပေးဖို့ ဂျိုအန်နီ တွန့်ဆုတ်နေတာ နဲ့
ပက်သက်လို့ နောက်ထပ်အကြောင်းအရာတစ်ခု ရှိနေခဲ့တယ်။ သူမရဲ့ ဖခင်ဟာ
သေခါနီးဆဲဆဲဖြစ်နေတယ်။ သေပြီးတာနဲ့ ဂျန်ဒါလီကို ချက်ချင်း လက်ထပ်ဖို့ သူမ
အစီအစဉ်ရေးဆွဲနေခဲ့တယ်။ တစ်ခါတစ်ရံ ဦးနှောက်ထဲမှာ အစိတ်စိတ်အမြွာမြွာ
ဆုတ်ဖြဲပစ်လိုက်ပေမဲ့ သူမရဲ့မျှော်လင့်ချက်ကို အမြဲထိန်းသိမ်းထားခဲ့တယ်။ သူတို့
လက်ထပ်ပြီးတာနဲ့ သူမရဲ့ မိသားစုဝင်တွေကို ပြောပြဖို့၊ ပြီးတော့ သူတို့ရဲ့ကလေးကို
ပြန်လည်ခေါ်ယူဖို့ပါပဲ။
မွေးစားခြင်း အပြီးသတ်ခဲ့ပြီးတဲ့နောက် ၁၉၅၅ ခုနှစ်၊ ဩဂုတ်လမှာ
အာသာစကီဘာလ် ကွယ်လွန်ခဲ့တယ်။ အဲဒီနှစ် ခရစ်စမတ်အပြီးမှာ ဂျိုအန်နီ နဲ့
အဗဒူလ်ဖတ်တာ့တို့ဟာ ဂရိမ်းဘေးမှာရှိတဲ့ စိန့်ဖီးလစ် တမန်တော်ခရစ်ယာန်ဘုရား
ရှိခိုးကျောင်းမှာ လက်ထပ်လိုက်ကြတယ်။ သူဟာ သူ့ရဲ့အပြည်ပြည်ဆိုင်ရာ နိုင်ငံရေး
ပါရဂူဘွဲ့ကို နောင်နှစ်မှာ ရရှိခဲ့တယ်။ ဒီနောက်မှာတော့ သူတို့ရဲ့နောက်ထပ်ကလေး
မိုနာလို့အမည်ရတဲ့ မိန်းကလေးတစ်ဦးကို ရရှိခဲ့ကြတယ်။ သူမနဲ့ ဂျန်ဒါလီတို့ ၁၉၆၂
ခုနစ်မှာ တရားဝင်ကွာရှင်း ပြတ်စဲခဲ့ကြပြီးနောက် ဂျိုအန်နီဟာ သူမရဲ့သမီး၊ နောင်ချီးကျူး
ဂုဏ်ပြုခြင်းခံရတဲ့ စာရေးဆရာမ မိုနာဆင်း(ပ်)ဆန်း ဖြစ်လာသူက သူမရဲ့
“ဘယ်နေရာမဆို ဒါပေမဲ့ ဒီနေရာမှာ” စာအုပ်မှာ ရေးသားခဲ့သလို ဝိုးတဝါးနဲ့ လှည့်လည်
သွားလာနေထိုင်ရတဲ့ ဘဝကို စတင်ခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ စတိဗ်ရဲ့
မွေးစားခြင်းက အဆုံးသတ်ခဲ့ပြီ။ ဒါက သူတို့အားလုံး တစ်ယောက်ကိုတစ်ယောက်
ပြန်လည်တွေ့ရှိဖို့ နောက်ထပ်နှစ်ပေါင်းနှစ်ဆယ်လောက်တော့ကြာဦးမှာပါ။
စတိဗ်ဂျော့ဘ်ဟာ အသက်ငယ်ရွယ်စဉ်မှာ သူဟာ မွေးစားခြင်းခံရတာကို
သိရှိခဲ့ရတယ်။ “ကျွန်တော့်ရဲ့ မိဘတွေဟာ ကျွန်တော့်ကိုမွေးစားတာနဲ့ပက်သက်လို့
ပွင့်ပွင့်လင်းလင်း ရှိခဲ့ကြတယ်လေ” သူ ပြန်အမှတ်ရခဲ့တယ်။ သူ့အသက် ၆ နှစ်
ဒါမှမဟုတ် ၇ နှစ်လောက်မှာ သူ့အိမ်က မြက်ခင်းပြင်မှာထိုင်ပြီး အိမ်ရှေ့က မိန်းကလေး
ကို ပြောပြနေခဲ့တာ သူကွတ်ကွတ်ကွင်းကွင်း အမှတ်ရနေမိတယ်။ “ဒါဆိုရင်နင့်ရဲ့
မိဘအရင်းတွေက နင့်ကို မလိုလို့ပေါ့နော်” မိန်းကလေးကမေးလိုက်တယ်။
“လျှပ်စီးမိုးကြိုးတွေ ကျွန်တော့်ခေါင်းကို ထိမှန်သွားတယ်လေ” ဂျော့ဘ်ရဲ့ပြောပြချက်
အရပါ။ “အိမ်ထဲကိုပြေးဝင်သွားပြီးတော့ ငိုနေတာကို ကျွန်တော်သတိရတယ်။
ကျွန်တော့်ရဲ့ မိဘတွေက ‘မဟုတ်ဘူး၊ မင်းနားလည်ရမယ်’ လို့ပြောတယ်။ သူတို့ဟာ
တကယ့်ကိုအသည်းအသန်ပါပဲ၊ ပြီးတော့ ကျွှန်တော့်ရဲ့ မျက်လုံးကို တည့်တည့်ကြည့်
နေကြတယ်လေ။ သူတို့က ပြောတယ် ‘ငါတို့မင်းကို သေသေချာချာ ရွေးထုတ်ယူခဲ့တာ’
တဲ့။ ကျွန်တော့်ရဲ့မိဘနှစ်ယောက်လုံးက အဲဒါကိုပြောကြတယ်။ ပြီးတော့ အဲဒါကိုပဲ
ဖြည်းဖြည်းချင်း ကျွန်တော့်ကို ထပ်ပြောခဲ့ကြတယ်။ သူတို့ဟာ အဲဒီစာကြောင်းရဲ့
စကားလုံးတိုင်းကို အလေးအနက်ထားခဲ့ကြတယ်လေ”
စွန့်ပစ်ခံရသူ။ ရွေးချယ်ခံရသူ။ ထူးခြားသူ။ အဲဒီ အယူအဆတွေက ဂျော့ဘ်ဟာ
ဘယ်သူလဲ ဆိုတာနဲ့ သူ့ကိုယ်သူ ဘယ်လိုသဘောထားလဲ ဆိုတာရဲ့ တစ်စိတ်တစ်ပိုင်း
ဖြစ်လာခဲ့တယ်။ မွေးဖွားစဉ်မှာပဲ စွန့်ပယ်ခြင်းခံခဲ့ရတယ်ဆိုတဲ့ အသိတရားက
အမာရွတ်တချို့ ထင်ကျန်စေခဲ့တယ်လို့ သူ့ရဲ့ အရင်းနှီးဆုံးသူငယ်ချင်းတွေက
ထင်ခဲ့ကြတယ်။ “သူလုပ်သမျှကို သူလုံးဝထိန်းချုပ်မယ်ဆိုတဲ့ သူ့ရဲ့ လိုအင်ဆန္ဒဟာ
သူ့ရဲ့ပင်ကိုစရိုက်၊ ပြီးတော့ သူဟာမွေးဖွားစဉ်မှာပဲ စွန့်ပစ်ခြင်းကို ခံခဲ့ရတယ်ဆို
တဲ့အချက်ကနေ တိုက်ရိုက်ဆင်းသက်လာတယ်လို့ ထင်ပါတယ်” ဆိုပြီးတော့ သူ့ရဲ့
အကြာရှည်ဆုံး လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်တဲ့ ဒယ်လ်ယိုကမ်က ပြောခဲ့ပါတယ်။ “သူဟာသူ့ရဲ့ ပတ်ဝန်းကျင်ကို ထိန်းချုပ်ချင်တယ်၊ ပြီးတော့ သူဟာ ထုတ်ကုန်ပစ္စည်းတွေကို သူ့ရဲ့
ကိုယ်ခွဲတွေအဖြစ်နဲ့ မြင်တယ်” ကောလိပ်အပြီးမှာ ဂျော့နဲ့ ရင်းနှီးလာခဲ့သူ
ဂရက်ကာလ်ဟွန်က နောက်သက်ရောက်မှု တစ်ခုကို မြင်ခဲ့တယ်။ “စတိဗ်ဟာ
စွန့်ပစ်ခြင်းကိုခံခဲ့ရတာနဲ့ နာကျင်ဝမ်းနည်းခဲ့ရတာတွေကို ကျွန်တော့်ကို တော်တော်
များများ ပြောပြခဲ့တယ်လေ” လို့ သူက ပြောပါတယ်။ “အဲဒါတွေက သူ့ကို အမှီအခို
ကင်းဝေးသူတစ်ယောက် ဖြစ်လာစေခဲ့တယ်။ သူဟာခြားနားတဲ့ ဒရမ်တီးခတ်သူ
တစ်ယောက်ရဲ့ စည်းဝါးကို လိုက်နာခဲ့တယ်။ ပြီးတော့ အဲဒါက သူမွေးဖွားလာရာ
မဟုတ်တဲ့ ခြားနားတဲ့ ကမ္ဘာတစ်ခုကနေ လာခဲ့တာပေါ့”
(ဆက်လက်ပြီး တင်ပေးသွားပါ့မယ်)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။