ကားဂိုဒေါင်ကစတင်ခဲ့တဲ့
ကုမ္ပဏီငယ်လေးကို ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီကြီး ဖြစ်အောင် စတိဗ်ဂျော့ဘ်က
လက်တွေ့ဘ၀ကို ဘယ်လိုပုံဖျက်ခဲ့သလဲဆိုတာ . . .
“လက်တွေ့ဘ၀ပုံဖျက်စက်ကွင်း (သို့) စတိဂျော့ဘ်”
Walter Isaacson ရဲ့ Steve Jobs ဘာသာပြန် အတ္ထုပတ္တိရှည်ကို ဒီ page မှာ အခန်းဆက် အနေနဲ့ တင်ပေးနေပါတယ် . . .
အခန်း(၁) - အပိုင်း(၃) (အရင်အပတ်က အဆက်ပါ)
ကားဂိုဒေါင်နဲ့ မဆံ့တော့တဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်ေ တွအတွက် ကံကောင်းထောက်မ
လို့ အဲဒီအနီးအနားမှာ နေရာတစ်ခုရှိနေခဲ့တယ်။ အဲဒီနယ်မြေကို စက်မှုတော်လှန်ရေးရဲ့
အစပျိုးရာအရပ်အဖြစ် ကူညီအသွင်ပြောင်းပေးဖို့ လှုပ်ရှားမှုတစ်ခုအနေနဲ့ စတန်းဖို့ဒ်
တက္ကသိုလ်ရဲ့စက်မှုပညာ ပါမောက္ခချုပ်တစ်ဦးဖြစ်သူ ဖရဒ်ဒါရစ်ခ်တာမန်ဟာ သူ့ကျောင်း
သားတွေရဲ့စိတ်ကူးတွေကို စီးပွားဖြစ်စေမယ့် ပြင်ပကုမ္ပဏီတွေအတွက် ဧက ခုနှစ်ရာရှိ
တဲ့ စက်မှုဇုန်ကို တက္ကသိုလ်မြေမှာဖန်တီးပေးခဲ့ တယ်။ အဲဒီစက်မှုဇုန်ရဲ့ပထမဦးဆုံး အ
ငှားကတော့ ကလာရာဂျော့ဘ် အလုပ်လုပ်တဲ့ ဗာရီယံအစုစပ်များပါပဲ။
“တာမန် ဟာကြီးကျယ်တဲ့ စိတ်ကူးကိုရခဲ့တယ်၊ အဲဒါကနည်းပညာစက်မှုလက်မှုလုပ် ငန်း
တွေကို ဒီမှာဖြစ်ထွန်းလာစေဖို့ ဆိုတာထက်တောင် ပိုသေးတယ်” လို့ဂျော့ဘ်က ဆိုပါ
တယ်။
ဂျော့ဘ် အသက်ဆယ်နှစ်က အိပ်ခ်ျပီမှာ ဝန်ထမ်းပေါင်း ကိုးထောင်ရှိတယ်။ ပြီးတော့
အင်ဂျင်နီယာတိုင်းက ဘဏ္ဍာရေးတည်ငြိမ်မှုရှိလို့ လုပ်ချင်ကြတဲ့ ရှယ်ယာတန်ဖိုး ခိုင်မာမှု
ရှိတဲ့ ကုမ္ပဏီတစ်ခုပါ။
အီလက်ထရွန်နစ် ပစ္စည်းတွေမှာသုံးတဲ့ တစ်ပိုင်းလျှပ်ကူးကိရိယာ ထုတ်လုပ်
ရေးဟာ ဒေသဖွံ့ဖြိုးရေးအတွက် အမှန်ပင် အရေးကြီးဆုံးသော နည်းပညာတစ်ရပ်
ဖြစ်လာခဲ့ ပါပြီ။ နယူးဂျာစီရဲ့ ဘဲလ် ဓာတ်ခွဲခန်းမှာ ထရန်စစ္စတာကို တီထွင်ခဲ့သူတွေထဲက
တစ်ဦးဖြစ်တဲ့ ဝီလီယမ်ရှော့ခ်လေးဟာ မောင်းတိန့်ဗျုးကို ပြောင်းရွှေ့လာခဲ့တယ်၊
သုံးနေကျ ဈေးပိုကြီးတဲ့ ဂျာမေနီယမ်ကို မသုံးပဲ စီလီကွန်ကိုသုံးပြီးတော့ ထရန်စစ္စတာ
တွေကို ထုတ်လုပ်ဖို့ ကုမ္ပဏီ တစ်ခုကို စတင်ခဲ့တယ်။ ဒါပေမဲ့ ရှော့ခ်လေးဟာ အပြောင်း
အလဲများလာခဲ့ပြီး စီလီကွန် ထရန်စစ္စတာစီမံကိန်းကို လက်လွတ်လိုက်ရတယ်။ အဲဒါက
ရောဘတ်နွိုက်ဆ် နဲ့ ဂေါ်ဒွင်မိုး အပါအဝင် သူ့ရဲ့အင်ဂျင်နီယာ ရှစ်ဦးကို ဖယ်ယာချိုင်း
ဆီမီးကွန်ဒါတာ ဖွဲ့စည်းဖို့ ခွဲထွက်စေခဲ့တယ်။ အဲဒီ ကုမ္ပဏီ ဟာ ဝန်ထမ်းပေါင်း
တစ်သောင်းနှစ်ထောင်ရှိတဲ့အထိ ကြီးထွားလာခဲ့တယ်။ ဒါပေမဲ့ ၁၉၆၈ ခုနှစ်မှာ နွိုက်ဆ်
အမှုဆောင်အရာရှိချုပ်ဖြစ်ဖို့  အပြင်းအထန် ကြိုးပမ်းမှု ဆုံးရှုံးခဲ့ပြီးတဲ့နောက်မှာ တစ်ပိုင်း
တစ်စစီ ကွဲသွားခဲ့တယ်။ သူဟာ ဂေါ်ဒွင်မိုးကို ခေါ်ယူခဲ့ပြီး အင်တီဂရိတ်တတ်
အီလက်ထရွန်နစ် ကော်ပိုရေး ရှင်းလို့ သူတို့ခေါ်တဲ့ ကုမ္ပဏီတစ်ခုကို တည်ထောင်ခဲ့ကြ
တယ်။ အဲဒါက မကြာမီမှာပဲ အင်တဲလ်လို့ သူတို့ ခေတ်မီစွာနဲ့ အတိုချုံးခေါ်ဆိုခဲ့တာပါ။
သူတို့ရဲ့တတိယမြောက် ဝန်ထမ်းကတော့ အန်ဒရူးဂရူး ပါပဲ။ သူဟာ နောက်ပိုင်းမှာ
ကွန်ပျုတာ မှတ်ဉာဏ်ပြားတွေ အပေါ်မှာသာ ကုမ္ပဏီရဲ့ အာရုံစိုက်နေမှုကို
မိုက်ကရိုပရိုဆက်ဆာ (ကွန်ပျုတာ ဗဟိုတွက် ချက်မှု အစိတ်အပိုင်း) ဆီသို့ ကူးပြောင်း
စေပြီး ကုမ္ပဏီကို ပိုမိုကြီးထွားစေခဲ့တယ်။ နှစ်အနည်းငယ်အတွင်း အဲဒီနယ်မြေမှာ
တစ်ပိုင်းလျှပ်ကူးကိရိယာတွေ ထုတ်လုပ်တဲ့ကုမ္ပဏီ ငါးဆယ်ကျော်လာခဲ့တယ်။
ဒီလုပ်ငန်းမြန်မြန်ဆန်ဆန် ကြီးထွားလာခြင်းဟာ မိုး ထင်ထင်ရှားရှား ရှာဖွေ
တွေ့ရှိခဲ့တဲ့ ဖြစ်စဉ်နဲ့ ဆက်စပ်နေတယ်။ သူဟာ ၁၉၆၅ ခုနှစ်မှာ ချိ(ပ်)အပြားလေး
တစ်ပြားပေါ်မှာ ထည့်နိုင်တဲ့ ထရန်စစ္စတာ အရေအတွက် အပေါ်မှာ အခြေခံပြီးတော့
ပေါင်းစုလျှပ်စီးပတ်လမ်းတွေ ရဲ့ ဂရပ် အမြန်နှုန်းကို ရေးဆွဲခဲ့တယ်။ ပြီးတော့ အဲဒါဟာ
နှစ်နှစ်တိုင်းမှာ နှစ်ဆဖြစ်လာမယ် ဆိုတာကို ပြခဲ့တယ်။ ဆက်လက်တည်ရှိနေမယ်လို့
မျှော်လင့်နိုင်တဲ့ အနာဂတ် အလားအလာတစ်ခုပါပဲ။ အင်တဲလ်က ပြီးပြည့်စုံတဲ့
ဗဟိုတွက်ချက်မှု ယူနစ်တစ်ခုလုံးကို ချိ(ပ်)အပြားလေး တစ်ခုပေါ်မှာ ရိုက်နှိပ်ပုံဖော်ပြ
လိုက်နိုင်တဲ့အခါမှာတော့ ၁၉၇၁ ခုနှစ်မှာ အဲဒါကို ထပ်လောင်း အတည်ပြုလိုက်တယ်။
အင်တဲလ်၄၀ဝ၄ က “မိုက်ကရိုပရိုဆတ်ဆာ” လို့ အမည်ခေါ်တွင်စေခဲ့တယ်။
မိုးရဲ့နိယာမက ယနေ့အထိ ယေဘုယျ အားဖြင့် မှန်ကန်နေဆဲပါ။ ပြီးတော့ အဲဒါကိုေ
ဈးနှုန်းသတ်မှတ်ဖို့အတွက် ယုံကြည်စိတ်ချရတဲ့ ခန့်မှန်းခြေ စွမ်းဆောင်ချက်က
စတိဗ်ဂျော့ဘ်နဲ့ ဘီလ်ဂိတ် အပါအဝင် လူငယ် စွန့်ဦးတီထွင်လုပ်ငန်းရှင် မျိုးဆက်သစ်
နှစ်ခုလောက်ကို သူတို့ရဲ့ ထုတ်ကုန်ပစ္စည်းတွေအတွက် ကုန်ကျစရိတ် ခန့်မှန်းခြေ
ဖန်တီးဖို့ ခွင့်ပြုခဲ့တယ်။
အပတ်စဉ်ထုတ် ကုန်သွယ်ရေးစာစောင် အီလက်ထရွန်နစ်နယူး(စ်)ရဲ့ကော်လံ
စားဖြစ်သူ ဒွန်ဟိုးဖလာ က ၁၉၇၁ ခုနှစ် ဇန်နဝါရီလမှာ “ဆီလီကွန် ဗယ်လီ
ယူအက်စ်အေ” ခေါင်းစဉ်နဲ့ ဆောင်းပါးတွဲတစ်ခု စရေးလိုက်တဲ့အခါမှာ ကွန်ပျုတာ
ချိ(ပ်)ပြားတွေ လုပ်တဲ့ လုပ်ငန်းက ဒီဒေသကို နာမည်အသစ်တစ်ခု ပေးလိုက်တယ်။
တောင်ဆန်ဖရန်စစ္စကို ကနေ ဆန့်ထွက်လာပြီး ပလိုအာလ်တိုကိုဖြတ်ကာ စန်ဂျိုးစ်အထိ
ရောက်တဲ့ မိုင်လေးဆယ် ဆန်တာကလာရာ တောင်ကြားမှာ စီးပွာရေးကျောရိုးမဏ္ဍိုင်
ဖြစ်တဲ့ အလ်ကာမိန်နို ရီးယဲလ် တော်ဝင်လမ်းမကြီးရှိတယ်။ အဲဒါဟာ တစ်ခါတုန်းက
ကယ်လီဖိုးနီးယားရဲ့ နှစ်ဆယ့် တစ်ခုသော ခရစ်ယာန်သာသနာပြု ဘုရားရှိခိုးကျောင်း
တွေကို ဆက်သွယ်ပေးပြီး ယခုအခါမှာတော့ အမေရိကန် ပြည်ထောင်စုရဲ့ နှစ်စဉ်
စီးပွားရေးရင်းနှီးမြှုပ်နှံမှုရဲ့ သုံးပုံတစ်ပုံကို ဖြည့်ဆည်းပေးနေတဲ့ ကုမ္ပဏီတွေနဲ့ အစပျိုးသူ
တွေကို ဆက်သွက်ပေး တဲ့ ပျားပန်းခတ် စည်ကားနေတဲ့ လမ်းမကြီး ဖြစ်ခဲ့ပါပြီ။
“ကြီးလာတဲ့အခါမှာ ဒီနေရာရဲ့သမိုင်းကြောင်းက ကျွန်တော့်ကို နိုးကြားအောင်လုပ်
ခဲ့တယ်” လို့ ဂျော့ဘ်က ဆိုပါတယ်။ “အဲဒါက ကျွန်တော့်ကို သူ့ရဲ့ တစ်စိတ်တစ်ဒေသ
ဖြစ်ချင်လာအောင် လုပ်ခဲ့တာလေ”
ကလေးအများစုလိုပဲ သူ့ပတ်ဝန်းကျင်က အရွယ်ရောက်ပြီးသူတို့ရဲ့ ဝါသနာကြီးမှုတွေက
သူ့ကို သွတ်သွင်းပေးခဲ့တယ်။ “အိမ်နီးနားချင်းတွေရဲ့ ဖခင်အများစုဟာ အလင်းရောင်က
လျှပ်စစ်ထုတ်လုပ်တဲ့ ကိရိယာတွေ၊ ဘက်ထရီတွေ နဲ့ ရေဒါလို တကယ်သားနားတဲ့
ဟာတွေကို လုပ်ခဲ့ကြတယ်”
ဂျော့ဘ် ပြန်အမှတ်ရခဲ့တယ်။ “ကျွန်တော်ဟာ အဲဒီလို အံ့ဩဖွယ်ကောင်းတာတွေကြား
ထဲမှာ ကြီးပြင်းခဲ့ရပြီးတော့ လူတွေကို အဲဒါတွေရဲ့ အကြောင်းကို မေးမြန်းနေခဲ့တယ်”
အိမ်နီးနားချင်းတွေထဲက အရေးပါဆုံးဖြစ်တဲ့ လာရီလန်ဂ်ကတော့ ခုနှစ်အိမ်ခြားမှာနေ
တယ်။
“သူဟာ ကျွန်တော့်ရဲ့စံပြတစ်ယောက်ေ ပါ့၊ ဘာတွေက အိတ်ချပီ အင်ဂျင်နီယာရယ်လို့
ယူဆရတာလဲဆိုတော့ ကြီးကျယ်တဲ့ အပျော်တမ်းရေဒီယိုအော်ပရေတာ ၊ အမာခံ
အီလက်ထရွန်နစ် ပုဂ္ဂိုလ်တစ်ယောက်ဖြစ်လို့ပါ ပဲ”
ဂျော့ဘ် ပြန်အမှတ်ရခဲ့တယ်။ “သူဟာ ကျွန်တော် ဆော့ဖို့ဆိုပြီး ပစ္စည်းတွေယူလာတယ်”
ကျွန်တော်တို့ လန်ဂ်ရဲ့ အိမ်အိုနားဆီ လမ်းလျှောက်သွားနေတုန်း ဂျော့ဘ်က ခြံတွင်း
လမ်းသွယ်လေးကို ညွန်ပြနေခဲ့တယ်။ “သူဟာ ကာဗွန်စကားပြောခွက်တစ်ခုရယ် ၊
ဘက်ထရီ တစ်လုံးရယ်၊ စပီကာဖုန်းတစ်လုံးရယ်ကို ယူလာတယ်၊ ပြီးတော့ ဒီလမ်းလေး
မှာထားခဲ့တယ်။ သူဟာ ကျွန်တော့်ကို ကာဗွန်စကားပြောခွက် ကနေ စကားပြောခိုင်း
ခဲ့တယ်။ အဲဒါက စပီကာဆီကနေ အသံချဲ့ပြီးတော့ထွက်လာခဲ့တာ လေ” စကားပြော
ခွက်တွေဟာ အမြဲတမ်း အသံချဲ့စက်လိုတယ်လို့ သူ့အဖေက ဂျော့ဘ်ကို သင်ကြား
ထားခဲ့တယ်။ “ဒါနဲ့ ကျွန်တော်ဟာ အိမ်ကိုပြေးသွားတယ်။ ပြီးတော့ ကျွန်တော့်အဖေကို
သူမှားကြောင့် ပြောလိုက်တယ်”
“မဟုတ်ဘူး၊ အဲဒါအသံချဲ့စက်တစ်လုံးလိုတယ်” လို့သူ့အဖေကသူ့ကို အခိုင်အမာ
ပြောလိုက်တယ်။ စတိဗ်က မလိုဘူးလို့ ကန့်ကွတ်ချိန်မှာတော့ သူ့အဖေက သူ့ကို
ရူးနေပြီလို့ ပြောလိုက်တယ်။
“အသံချဲ့စက် တစ်လုံးမပါပဲ အဲဒါဟာအလုပ်မလုပ်နိုင်ဘူး၊ အဲဒါမှာ လှည့်ကွက်
တစ်ခုတော့ ရှိရမယ်”
“ကျွန်တော်ဟာ ကျွန်တော့်အဖေကို မဟုတ်ဘူးလို့ ထပ်ခါတလဲလဲ ပြောနေခဲ့တယ်။
အဲဒါကို လိုက်ကြည့်သင့်တယ်လို့ ပြောနေခဲ့တယ်လေ။ နောက်ဆုံးမှာတော့ သူဟာ
ကျွန်တော်နဲ့လျှောက်လိုက်လာ ခဲ့ပြီးတော့ အဲဒါကို ကြည့်ခဲ့တယ်။ ပြီးတော့
‘ကောင်းပြီလေ၊ ငါတော့ ရူးတော့မယ်’ လို့ သူပြောခဲ့တယ်”
ဂျော့ဘ်ဟာ အဲဒီအဖြစ်အပျက်ကို ကွက်ကွက်ကွင်းကွင်း အမှတ်ရနေခဲ့တယ်။
ဘာကြောင့်လဲဆိုတော့ အဲဒါက သူ့အဖေဟာ အရာရာတိုင်းကို မသိနိုင်ဘူးဆိုတာ
သူ့ရဲ့ပထမဦးဆုံးသော ဘာပေါက်မိခြင်း ကြောင်းပါပဲ။ ဒီနောက်မှာတော့ ပိုပြီးတော့
အနေခက်စေတဲ့ ရှာဖွေတွေ့ ရှိမှုတစ်ခုကို သူ စပြီးတော့ တဖြည်းဖြည်း သဘော
ပေါက်လာခဲ့တယ်။ သူဟာ သူ့ရဲ့ မိဘတွေ ထက် ပါးနပ်တယ်ဆိုတာပါ။ သူဟာ
သူ့အဖေရဲ့ လုပ်ရည်ကိုင်ရည်နဲ့ စဉ်းစားဉာဏ်ကို အမြဲတမ်းချီးမွမ်းခဲ့တယ်။ “သူဟာ
ပညာတတ်တစ်ယောက် မဟုတ်ခဲ့ဘူး၊ ဒါပေမဲ့ သူဟာ တော်တော်လေး ပါးနပ်မှုရှိ
တယ် ဆိုတာ ကျွန်တော် အမြဲတမ်း တွေးတောနေခဲ့တယ်။ သူဟာ စာသိပ်မဖတ်ဘူး၊
ဒါပေမဲ့ သူအများကြီး လုပ်နိုင်တယ်။ စက်မှုပိုင်းဆိုင်ရာ အားလုံးနီးပါးကို သူနား
လည်နိုင်တယ်” ကာဗွန် စကားပြောခွက် အဖြစ်အပျက် အပြီးမှာ တော့ သူဟာ
အမှန်အားဖြင့် သူ့ရဲ့မိဘတွေထက် ပိုမိုလိမ္မာပါးနပ်ပြီး လျင်တယ်ဆိုတာ သိမြင်
သဘော ပေါက်ခြင်းရဲ့ စိတ်မသက်သာဖွယ်ရာ ဖြစ်စဉ်က စတင်ခဲ့တယ်လို့
ဂျော့ဘ်က ပြောပြခဲ့တယ်။ “အဲဒါက ကျွန်တော့် စိတ်ထဲမှာ တောက်လောင်ခဲ့တဲ့
တကယ်ကို ကြီးမားလှတဲ့ အခိုက်အတန့် တစ်ခုပါပဲ။ ကျွန်တော်ဟာ ကျွန်တော့်မိဘ
တွေထက် ပါးနပ်တယ်ဆိုတာကို သိလိုက်ရတဲ့အချိန်မှာ အဲဒီလိုတွေးထင်ခဲ့တာကို
ကျွန်တော် အရှက်ကြီးရှက်မိတယ်။ ကျွန်တော် အဲဒီအခိုက်အတန့်ကို ဘယ်တော့မှ
မေ့ပျောက်မှာမဟုတ်ပါဘူး”
အဲဒီရှာဖွေတွေ့ရှိခြင်းနဲ့အ တူ သူဟာ မွေးစားခြင်းခံရတယ်ဆိုတဲ့အချက်က
သူ့ကို သူ့ရဲ့မိသားစုနဲ့ ကမ္ဘာကြီးကနေ ခွဲထုတ်လိုက်ပြီး တစ်သီးတစ်ခြားစီဖြစ်သွား
သလို ဝေးကွာစွာ ခံစားရစေတယ်လို့ သူငယ်ချင်းတွေကို နောက်ပိုင်းမှာ သူပြောပြခဲ့
တယ်။ အသိရှိခြင်းရဲ့ နောက်ထပ် အလွှာတစ်ခုက မကြာမီမှာပဲ ပေါ်ပေါက်လာတယ်။
သူဟာ သူ့မိဘတွေထက် ဉာဏ်ထက်မြက်တယ် ဆိုတာကို သူတစ်ယောက်ထဲ
ရှာဖွေတွေ့ရှိခဲ့တာ မဟုတ်ပဲ သူတို့ကပါ အဲဒါကို သိနေကြတယ်ဆိုတာ သူတွေ့
ရှိလိုက်ရတယ်။ ပေါ်လ် နဲ့ ကလာရာဂျော့ဘ်တို့ဟာ ချစ်တတ်တဲ့ မိဘတွေ ဖြစ်ကြ
တယ်၊ ပြီးတော့ သူတို့ဟာ သူတို့ရဲ့နေထိုင်မှုကို သူတို့ရဲ့သိပ်ပါးနပ်တဲ့သား၊
တစ်ဇွတ်ထိုးလုပ်တတ်တဲ့သားနဲ့  လိုက်လျော ညီထွေမှုရှိအောင် ပြောင်းလဲဖို့
လိုလိုလားလား ရှိကြတယ်။ သူတို့ဟာ သူ့ကို လိုက်လျောဖို့အတွက် ကြီးကျယ်တဲ့
အရှည်အလျားတွေဆီကို သွားကောင်းသွားကြလိမ့်မယ်။
စတိဗ်ဟာ ဒီအချက်ကိုလည်း မကြာခင်မှာပဲ ရှာဖွေတွေ့ရှိခဲ့တယ်။ “ကျွန်တော့်ရဲ့မိဘ
နှစ်ယောက်လုံးက ကျွန်တော့်ကို နားလည်ကြတယ်။ သူတို့ဟာ ကျွန်တော်ထူးခြားတယ်
ဆိုတာကို အာရုံခံမိလိုက်ကြတာနဲ့ တာဝန်ဝတ္တရား အများကြီးကို ခံစားမိကြတယ်။
သူတို့ဟာ ကျွန်တော့်ကို ကျွေးမွေးထားဖို့နဲ့ ကျောင်းကောင်းတွေ မှာထားဖို့ နည်းလမ်း
တွေကို ရှာခဲ့ကြတယ်။ သူတို့ဟာ ကျွန်တော့်ရဲ့လိုအပ်ချက်တွေ အတွက်ဆိုရင်
လိုက်လျောဖို့ လိုလိုလားလား ရှိကြတယ်လေ”
ဒါကြောင့် သူကြီးပြင်းခဲ့တာဟာ တစ်ခါက စွန့်ပစ်ခံခဲ့ရတယ်ဆိုတဲ့ အာရုံခံစားရခြင်း
တစ်ခုတည်းနဲ့ မဟုတ်ပဲ သူဟာ ထူးခြားတယ်ဆိုတဲ့ အာရုံခံစားရခြင်းနဲ့ပါ ကြီးပြင်း
ခဲ့ရတယ်။ သူ့ရဲ့ကိုယ်ပိုင်စိတ်ထဲက သူ့ရဲ့ပင်ကိုစရိုက် ဖြစ်ပေါ်မှုမှာ အဲဒါက ပိုပြီးတော့
အရေးပါခဲ့တယ်။
ကျောင်း
ဂျော့ဘ် မူလတန်းကျောင်း မတက်ခင်ကတည်းက သူ့အမေက သူ့ကို စာဖတ်ဖို့ သင်ပြ
ပေးခဲ့တယ်။ ဒါပေမဲ့ အဲဒါက သူကျောင်းတက်တဲ့ အခါမှာ အဆင်မပြေမှုတစ်ချို့ကို
ဖြစ်စေ တယ်။
“ပထမ တစ်နှစ်၊ နှစ်နှစ် လောက်မှာ ကျွန်တော်ဟာ ပျင်းခြောက်ခြောက်ဖြစ်နေခဲ့ တယ်၊
ဒါက ကျွန်တော့်ကို ကျွန်တော် ဒုက္ခရောက်စေတာလေ”
ဂျော့ဘ်ဟာ ပင်ကိုအရရော ပြုစုပျိုးထောင်မှုအရပါ အမိန့်အာဏာကို လက်ခံတတ်သူ
တစ်ယောက် မဟုတ်ဘူးဆိုတာ မကြာမီမှာပဲ ထင်ရှားလာခဲ့တယ်။ “ကျွန်တော်ဟာ
အရင်က
ရင်ဆိုင်မတွေ့ခဲ့ရတဲ့ ကွဲပြားခြားနားတဲ့ အမိန့်အာဏာကို ရင်ဆိုင်တွေ့လာခဲ့ရတယ်။
ကျွန်တော်အဲဒါကို မနှစ်သက်ခဲ့ပါဘူး။ ပြီးတော့သူတို့ ကျွန်တော့်ကို နိုင်သလာက်
ဖြစ်ခဲ့ကြတယ်။ သူတို့ ကျွန်တော့်ရဲ့ထူးဆန်းတာ တွေကို တကယ် ညှာယူနိုင်ဖို့ နီးစပ်
လာခဲ့ကြတယ်လေ”
သူ့ရဲ့ကျောင်း မွန်တာလိုမာ မူလတန်းကျောင်းဟာ ၁၉၅၀ ခုနှစ်တွေက တည်ဆောက်
ခဲ့တဲ့ ခပ်နိမ့်နိမ့် အဆောက်အဦးတစ်ခုဖြစ်ပြီး သူ့ရဲ့အိမ်ကနေ လေးခြံမြောက်မှာရှိတယ်။
သူ့ရဲ့ ပျင်းရိငြီးငွေ့ခြင်းတွေကို နောက်ပြောင်ကျီစယ်ခြင်းတွေနဲ့ တုံ့ပြန်နေခဲ့တယ်။
“ကျွန်တော့်မှာ ရစ်က်ဖာရန်တီနို လို့ ခေါ်တဲ့သူငယ်ချင်းကောင်း တစ်ယောက်ရှိတယ်။
ပြီးတော့ ပြဿနာ တိုင်းလိုလိုမှာ ကျွန်တော်တို့ ပါခဲ့ကြတယ်လေ” သူပြန်အမှတ်ရခဲ့
တယ်။ “သင်တို့ရဲ့ အိမ်မွေး တိရိစ္ဆာန်တွေကို ကျောင်းသို့ယူဆောင် လာခဲ့ကြဆိုပြီးတော့
ပိုစတာသေးသေးလေးတွေလို ဟာမျိုးကို ကျွန်တော်တို့လုပ်ခဲ့ကြတယ်။ အဲဒါက
ပွက်လောညံနေတာပဲ၊ ခွေးတွေက ကြောင်တွေကို လိုက်စနေကြတယ်၊ ပြီးတော့
ဆရာ၊ ဆရာမတွေက သူတို့ရဲ့နံဘေးမှာလေ”
နောက်တစ်ချိန်မှာတော့ သူတို့ဟာ တချို့ကလေးတွေရဲ့ စက်ဘီးသော့ လျှို့ဝှက်နံပါတ်
တွေကို ပြောခိုင်းခဲ့တယ်။ “ဒါနဲ့ ကျွန်တော်တို့ အပြင်ကိုထွက်ခဲ့ကြပြီး စက်ဘီးသော့တွေ
အားလုံး ကို လဲလိုက်ကြတယ်။ တစ်ယောက်မှ သူတို့ရဲ့စက်ဘီးတွေကို ပြန်စီးလို့
မရကြတော့ဘူး။ အဲဒါက သော့တွေကို ပြန်ဖွင့်ဖို့ သူတို့ကိုညာဥ့်နက်တဲ့အထိ ကြာအောင်
လုပ်ခဲ့တာပေါ”
သူသုံးတန်းရောက်တဲ့အခါမှာ နောက်ပြောင် ကျီစယ်ခြင်းတွေက နည်းနည်းပိုပြီးတော့
အန္တရာယ်ရှိလာခဲ့တယ်။ “တစ်ချိန်မှာတော့ ကျွန်တော်တို့ဟာ ပေါက်ကွဲစေတဲ့ ပစ္စည်း
တစ်ခုကို ကျွန်တော်တို့ ဆရာမ သာမန်ရဲ့ ထိုင်ခုံအောက်မှာ ဖောက်ခွဲလိုက်ကြတယ်။
ကျွန်တော်တို့ဟာ သူ့ကို ရင်ဖိုပြီးတော့ တွန့်ခနဲဖြစ်သွားအောင် လုပ်ခဲ့ကြတယ်လေ”
သူသုံးတန်း မပြီးခင်မှာ နှစ်ကြိမ်၊သုံးကြိမ်လောက် အိမ်ပြန်ပို့ခံခဲ့ရတာဟာ အံ့ဩစရာ
မရှိပါဘူး။ ဒါပေမဲ့ ဒီနောက်မှာတော့ သူ့အဖေက သူ့ကို အထူး အနေနဲ့ ပြုမူဆက်ဆံခဲ့
တယ်။ ပြီးတော့ သူ့ရဲ့ တည်ငြိမ်မှုနဲ့ ခိုင်မာတဲ့ ပြုမူ ပြောဆိုပုံတွေကို ကျောင်းကလည်း
သူလုပ်သလိုပဲလုပ်ဖို့ မျှော်လင့်တယ်ဆိုတာ သူ သိသာအောင်လုပ်ခဲ့တယ်။ “ကြည့်
ဒါဟာ သူ့ရဲ့အမှား မဟုတ်ဘူး” ပေါ်လ်ဂျော့ဘ်က ဆရာဆရာမတွေကို ပြောခဲ့တာ
သူ့သားက ပြန်အမှတ်ရခဲ့တယ်။
“သူ့ကိုစိတ်ဝင်စားလာအောင် ခင်ဗျားတို့ မလုပ်နိုင်ခဲ့ရင် အဲဒါခင်ဗျားတို့အမှား”
သူကျောင်းမှာ စည်းကမ်းဖောက်ဖျက်တဲ့အတွက် သူ့မိဘတွေက သူ့ကို ဘယ်တော့မှ
အပြစ်မပေးခဲ့ပါဘူး။ “ကျွန်တော့်အဖေရဲ့အဖေဟာ အရက်သမား တစ်ယောက်လေ၊
ပြီးတော့ သူ့ကိုခါးပတ်နဲ့ ရိုက်ခဲ့တယ်။ ဒါပေမဲ့ တကယ်လို့ ကျွန်တော်သာ ရိုက်နှက်ဆုံးမ
ခံခဲ့ရရင်တော့ဖြင့် ကျွန်တော် ဘယ်လိုနေမလဲမသိဘူး”
“ကျွန်တော့်ကို တက်ကြွလာအောင် လုပ်ရမယ့်အစား မိုက်မဲတဲ့အရာတွေကိုပဲ
ကျွန်တော် အမှတ်ရနေအောင်လုပ်နေတာက ကျွန်တော့်ရဲ့ကျောင်းမှားတယ်ဆိုတာ
ကျွန်တော့်ရဲ့မိဘနှစ်ယောက်လုံးက သိခဲ့ကြတယ်လေ” ဆိုပြီး သူထပ်ပြောခဲ့တယ်။
ထိခိုက်လွယ်ခြင်းနဲ့ မထိခိုက်လွယ်ခြင်း၊ စိတ်ဆိုးနာကြည်းခြင်းနဲ့ အဆက်ဖြတ်ခြင်း
တို့ဖြင့် ပေါင်းစပ်ထားကြောင်း ကိုပြဖို့ သူဟာ စတင်ခဲ့ပြီးပါပြီ။ အဲဒါက သူ့ရဲ့ကျန်ရှိနေ
တဲ့ ဘဝတစ်လျောက်လုံးမှာ အမှတ်အသား ဖြစ်ကောင်းဖြစ်နေလိမ့်မယ်။
သူဟာ လေးတန်းကို တက်ရမယ့်အချိန်ကို ရောက်တဲ့အခါတော့ ကျောင်းက
ဂျော့ဘ်နဲ့ ဖာရန်တီနိုကို အတန်းခွဲပြီးတော့ ထားဖို့ ဆုံးဖြတ်လိုက်တယ်။ အဆင့်မြင့်
အတန်းရဲ့ ဆရာမက အင်မိုဂျင်ဟီးလ်လို့ အမည်ရတဲ့ ဇွဲသတ္တိကောင်းတဲ့ အမျိုးသမီး
တစ်ဦး ဖြစ်ပြီး “တက်ဒီ” လို့သိခဲ့ကြတယ်။ သူဟာ “ကျွန်တော့်ဘဝမှာ ဆိုးကျိုးကို
ခံနိုင်သူတွေထဲကတစ်ဦး” ဖြစ်လာခဲ့တယ်လို့ ဂျော့ဘ်က ပြောခဲ့တယ်။ ရက်သတ္တပတ်
အနည်းငယ်လောက် ဂျော့ဘ်ကို စောင့်ကြည့်အပြီးမှာတော့ သူ့ကိုကိုင်တွယ်ဖို့
အကောင်းဆုံး နည်းလမ်းက သူ့ကို လာဘ်ထိုးဖို့ပဲ ဆိုပြီး သူမ တွက်ဆနိုင်ခဲ့တယ်။
“တစ်နေ့ကျောင်းကအပြန်မှာ သင်္ချာပုစ္ဆာတွေပါတဲ့ စာအုပ် တစ်အုပ်ကို ကျွန်တော့်ကို
ပေးတယ်၊ ပြီးတော့ ‘ငါမင်းကို အဲဒါ အိမ်ယူသွားပြီး လုပ်စေချင်တယ်’
လို့ သူပြောတယ်။ ‘ရူးနေလား’ လို့ကျွန်တော်ထင်ခဲ့တယ်။ ဒါနဲ့ ကမ္ဘာလုံးလောက်တောင်
ကြီးသလားလို့ ထင်ရတဲ့ အဲဒီ ချိုချဉ်ပလုတ်တုတ် အကြီးကြီးတွေထဲကတစ်ခုကို သူဆွဲ
ထုတ်လိုက်တယ်။ ပြီးတော့ ‘မင်းအဲဒါတွေတွက်ပြီးသွားလို့ ရှိရင် မင်းဒါကိုရမယ်နော်၊
ငါမင်းကို ဒီဟာနဲ့ ငါးဒေါ်လာပေးမယ်’ လို့ သူပြောတယ်။ ဒါနဲ့ကျွန်တော်ဟာ အဲဒါကို
နှစ်ရက်အတွင်းလုပ်ပြီးပြန်ေ ပးလိုက်တယ်လေ”
လအနည်းငယ်ကြာတဲ့ အခါမှာတော့ သူ့ကို လာဘ်ထိုးစရာ မလိုတော့ပါ။ “ကျွန်တော်ဟာ
သင်ယူချင်ခဲ့ပြီးတော့ သူ့ကိုကျေနပ်စေချင်ခဲ့တာ သက်သက်ပါ”
သူမဟာ ပြန်လည်တုံ့ပြန်တဲ့အနေနဲ့ မှန်ဘီလူးသွေးပြီး ကင်မရာ လုပ်လို့ရတဲ့
ဝါသနာရှင်တွေ အတွက် လုပ်ထားတဲ့ကိရိယာတန်ဆာပလာ တစ်စုံ သူ့ကိုပေးခဲ့တယ်။
“ကျွန်တော်ဟာ ဒီပြင့် ဆရာ၊ ဆရာမတွေထက် သူ့ဆီကနေ ပိုပြီးတော့လေ့လာသင်ယူ
ခဲ့တယ်။ သူ့ဆီကိုသာ မရောက်ခဲ့ရင်တော့ ကျွန်တော်ဟာ ထောင်ထဲကိုရောက်ခဲ့မယ်
ဆိုတာ သေချာသလောက်ရှိတယ်”
အဲဒါက သူဟာ ထူးခြားသူတစ်ယောက် ဖြစ်တယ်ဆိုတဲ့စိတ်ကူးကို ထပ်ပြီးတော့
ထောက်ခံ ပေးခဲ့တယ်။ “အတန်းထဲမှာ သူဂရုစိုက်တာဆိုလို့ ကျွန်တော်တစ်ယောက်
ပဲ ရှိတယ်၊ သူဟာ ကျွန်တော့်ဆီမှာ တစ်စုံတစ်ရာကိုမြင်ခဲ့တယ်လေ ”
(ဆက်လက်ပြီးတင်ပေးပါ့မယ်)
“လက်တွေ့ဘ၀ပုံဖျက်စက်ကွင်း (သို့) စတိဂျော့ဘ်”
Walter Isaacson ရဲ့ Steve Jobs ဘာသာပြန် အတ္ထုပတ္တိရှည်ကို ဒီ page မှာ အခန်းဆက် အနေနဲ့ တင်ပေးနေပါတယ် . . .
အခန်း(၁) - အပိုင်း(၃) (အရင်အပတ်က အဆက်ပါ)
ကားဂိုဒေါင်နဲ့ မဆံ့တော့တဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်ေ
လို့ အဲဒီအနီးအနားမှာ နေရာတစ်ခုရှိနေခဲ့တယ်။ အဲဒီနယ်မြေကို စက်မှုတော်လှန်ရေးရဲ့
အစပျိုးရာအရပ်အဖြစ် ကူညီအသွင်ပြောင်းပေးဖို့ လှုပ်ရှားမှုတစ်ခုအနေနဲ့ စတန်းဖို့ဒ်
တက္ကသိုလ်ရဲ့စက်မှုပညာ ပါမောက္ခချုပ်တစ်ဦးဖြစ်သူ ဖရဒ်ဒါရစ်ခ်တာမန်ဟာ သူ့ကျောင်း
သားတွေရဲ့စိတ်ကူးတွေကို စီးပွားဖြစ်စေမယ့် ပြင်ပကုမ္ပဏီတွေအတွက် ဧက ခုနှစ်ရာရှိ
တဲ့ စက်မှုဇုန်ကို တက္ကသိုလ်မြေမှာဖန်တီးပေးခဲ့
ငှားကတော့ ကလာရာဂျော့ဘ် အလုပ်လုပ်တဲ့ ဗာရီယံအစုစပ်များပါပဲ။
“တာမန် ဟာကြီးကျယ်တဲ့ စိတ်ကူးကိုရခဲ့တယ်၊ အဲဒါကနည်းပညာစက်မှုလက်မှုလုပ်
တွေကို ဒီမှာဖြစ်ထွန်းလာစေဖို့ ဆိုတာထက်တောင် ပိုသေးတယ်” လို့ဂျော့ဘ်က ဆိုပါ
တယ်။
ဂျော့ဘ် အသက်ဆယ်နှစ်က အိပ်ခ်ျပီမှာ ဝန်ထမ်းပေါင်း ကိုးထောင်ရှိတယ်။ ပြီးတော့
အင်ဂျင်နီယာတိုင်းက ဘဏ္ဍာရေးတည်ငြိမ်မှုရှိလို့ လုပ်ချင်ကြတဲ့ ရှယ်ယာတန်ဖိုး ခိုင်မာမှု
ရှိတဲ့ ကုမ္ပဏီတစ်ခုပါ။
အီလက်ထရွန်နစ် ပစ္စည်းတွေမှာသုံးတဲ့ တစ်ပိုင်းလျှပ်ကူးကိရိယာ ထုတ်လုပ်
ရေးဟာ ဒေသဖွံ့ဖြိုးရေးအတွက် အမှန်ပင် အရေးကြီးဆုံးသော နည်းပညာတစ်ရပ်
ဖြစ်လာခဲ့ ပါပြီ။ နယူးဂျာစီရဲ့ ဘဲလ် ဓာတ်ခွဲခန်းမှာ ထရန်စစ္စတာကို တီထွင်ခဲ့သူတွေထဲက
တစ်ဦးဖြစ်တဲ့ ဝီလီယမ်ရှော့ခ်လေးဟာ မောင်းတိန့်ဗျုးကို ပြောင်းရွှေ့လာခဲ့တယ်၊
သုံးနေကျ ဈေးပိုကြီးတဲ့ ဂျာမေနီယမ်ကို မသုံးပဲ စီလီကွန်ကိုသုံးပြီးတော့ ထရန်စစ္စတာ
တွေကို ထုတ်လုပ်ဖို့ ကုမ္ပဏီ တစ်ခုကို စတင်ခဲ့တယ်။ ဒါပေမဲ့ ရှော့ခ်လေးဟာ အပြောင်း
အလဲများလာခဲ့ပြီး စီလီကွန် ထရန်စစ္စတာစီမံကိန်းကို လက်လွတ်လိုက်ရတယ်။ အဲဒါက
ရောဘတ်နွိုက်ဆ် နဲ့ ဂေါ်ဒွင်မိုး အပါအဝင် သူ့ရဲ့အင်ဂျင်နီယာ ရှစ်ဦးကို ဖယ်ယာချိုင်း
ဆီမီးကွန်ဒါတာ ဖွဲ့စည်းဖို့ ခွဲထွက်စေခဲ့တယ်။ အဲဒီ ကုမ္ပဏီ ဟာ ဝန်ထမ်းပေါင်း
တစ်သောင်းနှစ်ထောင်ရှိတဲ့အထ
အမှုဆောင်အရာရှိချုပ်ဖြစ်ဖို
တစ်စစီ ကွဲသွားခဲ့တယ်။ သူဟာ ဂေါ်ဒွင်မိုးကို ခေါ်ယူခဲ့ပြီး အင်တီဂရိတ်တတ်
အီလက်ထရွန်နစ် ကော်ပိုရေး ရှင်းလို့ သူတို့ခေါ်တဲ့ ကုမ္ပဏီတစ်ခုကို တည်ထောင်ခဲ့ကြ
တယ်။ အဲဒါက မကြာမီမှာပဲ အင်တဲလ်လို့ သူတို့ ခေတ်မီစွာနဲ့ အတိုချုံးခေါ်ဆိုခဲ့တာပါ။
သူတို့ရဲ့တတိယမြောက် ဝန်ထမ်းကတော့ အန်ဒရူးဂရူး ပါပဲ။ သူဟာ နောက်ပိုင်းမှာ
ကွန်ပျုတာ မှတ်ဉာဏ်ပြားတွေ အပေါ်မှာသာ ကုမ္ပဏီရဲ့ အာရုံစိုက်နေမှုကို
မိုက်ကရိုပရိုဆက်ဆာ (ကွန်ပျုတာ ဗဟိုတွက် ချက်မှု အစိတ်အပိုင်း) ဆီသို့ ကူးပြောင်း
စေပြီး ကုမ္ပဏီကို ပိုမိုကြီးထွားစေခဲ့တယ်။ နှစ်အနည်းငယ်အတွင်း အဲဒီနယ်မြေမှာ
တစ်ပိုင်းလျှပ်ကူးကိရိယာတွေ
ဒီလုပ်ငန်းမြန်မြန်ဆန်ဆန် ကြီးထွားလာခြင်းဟာ မိုး ထင်ထင်ရှားရှား ရှာဖွေ
တွေ့ရှိခဲ့တဲ့ ဖြစ်စဉ်နဲ့ ဆက်စပ်နေတယ်။ သူဟာ ၁၉၆၅ ခုနှစ်မှာ ချိ(ပ်)အပြားလေး
တစ်ပြားပေါ်မှာ ထည့်နိုင်တဲ့ ထရန်စစ္စတာ အရေအတွက် အပေါ်မှာ အခြေခံပြီးတော့
ပေါင်းစုလျှပ်စီးပတ်လမ်းတွေ
နှစ်နှစ်တိုင်းမှာ နှစ်ဆဖြစ်လာမယ် ဆိုတာကို ပြခဲ့တယ်။ ဆက်လက်တည်ရှိနေမယ်လို့
မျှော်လင့်နိုင်တဲ့ အနာဂတ် အလားအလာတစ်ခုပါပဲ။ အင်တဲလ်က ပြီးပြည့်စုံတဲ့
ဗဟိုတွက်ချက်မှု ယူနစ်တစ်ခုလုံးကို ချိ(ပ်)အပြားလေး တစ်ခုပေါ်မှာ ရိုက်နှိပ်ပုံဖော်ပြ
လိုက်နိုင်တဲ့အခါမှာတော့ ၁၉၇၁ ခုနှစ်မှာ အဲဒါကို ထပ်လောင်း အတည်ပြုလိုက်တယ်။
အင်တဲလ်၄၀ဝ၄ က “မိုက်ကရိုပရိုဆတ်ဆာ” လို့ အမည်ခေါ်တွင်စေခဲ့တယ်။
မိုးရဲ့နိယာမက ယနေ့အထိ ယေဘုယျ အားဖြင့် မှန်ကန်နေဆဲပါ။ ပြီးတော့ အဲဒါကိုေ
ဈးနှုန်းသတ်မှတ်ဖို့အတွက် ယုံကြည်စိတ်ချရတဲ့ ခန့်မှန်းခြေ စွမ်းဆောင်ချက်က
စတိဗ်ဂျော့ဘ်နဲ့ ဘီလ်ဂိတ် အပါအဝင် လူငယ် စွန့်ဦးတီထွင်လုပ်ငန်းရှင် မျိုးဆက်သစ်
နှစ်ခုလောက်ကို သူတို့ရဲ့ ထုတ်ကုန်ပစ္စည်းတွေအတွက် ကုန်ကျစရိတ် ခန့်မှန်းခြေ
ဖန်တီးဖို့ ခွင့်ပြုခဲ့တယ်။
အပတ်စဉ်ထုတ် ကုန်သွယ်ရေးစာစောင် အီလက်ထရွန်နစ်နယူး(စ်)ရဲ့ကေ
စားဖြစ်သူ ဒွန်ဟိုးဖလာ က ၁၉၇၁ ခုနှစ် ဇန်နဝါရီလမှာ “ဆီလီကွန် ဗယ်လီ
ယူအက်စ်အေ” ခေါင်းစဉ်နဲ့ ဆောင်းပါးတွဲတစ်ခု စရေးလိုက်တဲ့အခါမှာ ကွန်ပျုတာ
ချိ(ပ်)ပြားတွေ လုပ်တဲ့ လုပ်ငန်းက ဒီဒေသကို နာမည်အသစ်တစ်ခု ပေးလိုက်တယ်။
တောင်ဆန်ဖရန်စစ္စကို ကနေ ဆန့်ထွက်လာပြီး ပလိုအာလ်တိုကိုဖြတ်ကာ စန်ဂျိုးစ်အထိ
ရောက်တဲ့ မိုင်လေးဆယ် ဆန်တာကလာရာ တောင်ကြားမှာ စီးပွာရေးကျောရိုးမဏ္ဍိုင်
ဖြစ်တဲ့ အလ်ကာမိန်နို ရီးယဲလ် တော်ဝင်လမ်းမကြီးရှိတယ်။ အဲဒါဟာ တစ်ခါတုန်းက
ကယ်လီဖိုးနီးယားရဲ့ နှစ်ဆယ့် တစ်ခုသော ခရစ်ယာန်သာသနာပြု ဘုရားရှိခိုးကျောင်း
တွေကို ဆက်သွယ်ပေးပြီး ယခုအခါမှာတော့ အမေရိကန် ပြည်ထောင်စုရဲ့ နှစ်စဉ်
စီးပွားရေးရင်းနှီးမြှုပ်နှ
တွေကို ဆက်သွက်ပေး တဲ့ ပျားပန်းခတ် စည်ကားနေတဲ့ လမ်းမကြီး ဖြစ်ခဲ့ပါပြီ။
“ကြီးလာတဲ့အခါမှာ ဒီနေရာရဲ့သမိုင်းကြောင်းက ကျွန်တော့်ကို နိုးကြားအောင်လုပ်
ခဲ့တယ်” လို့ ဂျော့ဘ်က ဆိုပါတယ်။ “အဲဒါက ကျွန်တော့်ကို သူ့ရဲ့ တစ်စိတ်တစ်ဒေသ
ဖြစ်ချင်လာအောင် လုပ်ခဲ့တာလေ”
ကလေးအများစုလိုပဲ သူ့ပတ်ဝန်းကျင်က အရွယ်ရောက်ပြီးသူတို့ရဲ့ ဝါသနာကြီးမှုတွေက
သူ့ကို သွတ်သွင်းပေးခဲ့တယ်။ “အိမ်နီးနားချင်းတွေရဲ့ ဖခင်အများစုဟာ အလင်းရောင်က
လျှပ်စစ်ထုတ်လုပ်တဲ့ ကိရိယာတွေ၊ ဘက်ထရီတွေ နဲ့ ရေဒါလို တကယ်သားနားတဲ့
ဟာတွေကို လုပ်ခဲ့ကြတယ်”
ဂျော့ဘ် ပြန်အမှတ်ရခဲ့တယ်။ “ကျွန်တော်ဟာ အဲဒီလို အံ့ဩဖွယ်ကောင်းတာတွေကြား
ထဲမှာ ကြီးပြင်းခဲ့ရပြီးတော့ လူတွေကို အဲဒါတွေရဲ့ အကြောင်းကို မေးမြန်းနေခဲ့တယ်”
အိမ်နီးနားချင်းတွေထဲက အရေးပါဆုံးဖြစ်တဲ့ လာရီလန်ဂ်ကတော့ ခုနှစ်အိမ်ခြားမှာနေ
တယ်။
“သူဟာ ကျွန်တော့်ရဲ့စံပြတစ်ယောက်ေ
ယူဆရတာလဲဆိုတော့ ကြီးကျယ်တဲ့ အပျော်တမ်းရေဒီယိုအော်ပရေတာ
အီလက်ထရွန်နစ် ပုဂ္ဂိုလ်တစ်ယောက်ဖြစ်လို့ပါ
ဂျော့ဘ် ပြန်အမှတ်ရခဲ့တယ်။ “သူဟာ ကျွန်တော် ဆော့ဖို့ဆိုပြီး ပစ္စည်းတွေယူလာတယ်”
ကျွန်တော်တို့ လန်ဂ်ရဲ့ အိမ်အိုနားဆီ လမ်းလျှောက်သွားနေတုန်း ဂျော့ဘ်က ခြံတွင်း
လမ်းသွယ်လေးကို ညွန်ပြနေခဲ့တယ်။ “သူဟာ ကာဗွန်စကားပြောခွက်တစ်ခုရယ်
ဘက်ထရီ တစ်လုံးရယ်၊ စပီကာဖုန်းတစ်လုံးရယ်ကို ယူလာတယ်၊ ပြီးတော့ ဒီလမ်းလေး
မှာထားခဲ့တယ်။ သူဟာ ကျွန်တော့်ကို ကာဗွန်စကားပြောခွက် ကနေ စကားပြောခိုင်း
ခဲ့တယ်။ အဲဒါက စပီကာဆီကနေ အသံချဲ့ပြီးတော့ထွက်လာခဲ့တာ
ခွက်တွေဟာ အမြဲတမ်း အသံချဲ့စက်လိုတယ်လို့ သူ့အဖေက ဂျော့ဘ်ကို သင်ကြား
ထားခဲ့တယ်။ “ဒါနဲ့ ကျွန်တော်ဟာ အိမ်ကိုပြေးသွားတယ်။ ပြီးတော့ ကျွန်တော့်အဖေကို
သူမှားကြောင့် ပြောလိုက်တယ်”
“မဟုတ်ဘူး၊ အဲဒါအသံချဲ့စက်တစ်လုံးလိုတယ
ပြောလိုက်တယ်။ စတိဗ်က မလိုဘူးလို့ ကန့်ကွတ်ချိန်မှာတော့ သူ့အဖေက သူ့ကို
ရူးနေပြီလို့ ပြောလိုက်တယ်။
“အသံချဲ့စက် တစ်လုံးမပါပဲ အဲဒါဟာအလုပ်မလုပ်နိုင်ဘူး၊ အဲဒါမှာ လှည့်ကွက်
တစ်ခုတော့ ရှိရမယ်”
“ကျွန်တော်ဟာ ကျွန်တော့်အဖေကို မဟုတ်ဘူးလို့ ထပ်ခါတလဲလဲ ပြောနေခဲ့တယ်။
အဲဒါကို လိုက်ကြည့်သင့်တယ်လို့ ပြောနေခဲ့တယ်လေ။ နောက်ဆုံးမှာတော့ သူဟာ
ကျွန်တော်နဲ့လျှောက်လိုက်လာ
‘ကောင်းပြီလေ၊ ငါတော့ ရူးတော့မယ်’ လို့ သူပြောခဲ့တယ်”
ဂျော့ဘ်ဟာ အဲဒီအဖြစ်အပျက်ကို ကွက်ကွက်ကွင်းကွင်း အမှတ်ရနေခဲ့တယ်။
ဘာကြောင့်လဲဆိုတော့ အဲဒါက သူ့အဖေဟာ အရာရာတိုင်းကို မသိနိုင်ဘူးဆိုတာ
သူ့ရဲ့ပထမဦးဆုံးသော ဘာပေါက်မိခြင်း ကြောင်းပါပဲ။ ဒီနောက်မှာတော့ ပိုပြီးတော့
အနေခက်စေတဲ့ ရှာဖွေတွေ့ ရှိမှုတစ်ခုကို သူ စပြီးတော့ တဖြည်းဖြည်း သဘော
ပေါက်လာခဲ့တယ်။ သူဟာ သူ့ရဲ့ မိဘတွေ ထက် ပါးနပ်တယ်ဆိုတာပါ။ သူဟာ
သူ့အဖေရဲ့ လုပ်ရည်ကိုင်ရည်နဲ့ စဉ်းစားဉာဏ်ကို အမြဲတမ်းချီးမွမ်းခဲ့တယ်။ “သူဟာ
ပညာတတ်တစ်ယောက် မဟုတ်ခဲ့ဘူး၊ ဒါပေမဲ့ သူဟာ တော်တော်လေး ပါးနပ်မှုရှိ
တယ် ဆိုတာ ကျွန်တော် အမြဲတမ်း တွေးတောနေခဲ့တယ်။ သူဟာ စာသိပ်မဖတ်ဘူး၊
ဒါပေမဲ့ သူအများကြီး လုပ်နိုင်တယ်။ စက်မှုပိုင်းဆိုင်ရာ အားလုံးနီးပါးကို သူနား
လည်နိုင်တယ်” ကာဗွန် စကားပြောခွက် အဖြစ်အပျက် အပြီးမှာ တော့ သူဟာ
အမှန်အားဖြင့် သူ့ရဲ့မိဘတွေထက် ပိုမိုလိမ္မာပါးနပ်ပြီး လျင်တယ်ဆိုတာ သိမြင်
သဘော ပေါက်ခြင်းရဲ့ စိတ်မသက်သာဖွယ်ရာ ဖြစ်စဉ်က စတင်ခဲ့တယ်လို့
ဂျော့ဘ်က ပြောပြခဲ့တယ်။ “အဲဒါက ကျွန်တော့် စိတ်ထဲမှာ တောက်လောင်ခဲ့တဲ့
တကယ်ကို ကြီးမားလှတဲ့ အခိုက်အတန့် တစ်ခုပါပဲ။ ကျွန်တော်ဟာ ကျွန်တော့်မိဘ
တွေထက် ပါးနပ်တယ်ဆိုတာကို သိလိုက်ရတဲ့အချိန်မှာ အဲဒီလိုတွေးထင်ခဲ့တာကို
ကျွန်တော် အရှက်ကြီးရှက်မိတယ်။ ကျွန်တော် အဲဒီအခိုက်အတန့်ကို ဘယ်တော့မှ
မေ့ပျောက်မှာမဟုတ်ပါဘူး”
အဲဒီရှာဖွေတွေ့ရှိခြင်းနဲ့အ
သူ့ကို သူ့ရဲ့မိသားစုနဲ့ ကမ္ဘာကြီးကနေ ခွဲထုတ်လိုက်ပြီး တစ်သီးတစ်ခြားစီဖြစ်သွား
သလို ဝေးကွာစွာ ခံစားရစေတယ်လို့ သူငယ်ချင်းတွေကို နောက်ပိုင်းမှာ သူပြောပြခဲ့
တယ်။ အသိရှိခြင်းရဲ့ နောက်ထပ် အလွှာတစ်ခုက မကြာမီမှာပဲ ပေါ်ပေါက်လာတယ်။
သူဟာ သူ့မိဘတွေထက် ဉာဏ်ထက်မြက်တယ် ဆိုတာကို သူတစ်ယောက်ထဲ
ရှာဖွေတွေ့ရှိခဲ့တာ မဟုတ်ပဲ သူတို့ကပါ အဲဒါကို သိနေကြတယ်ဆိုတာ သူတွေ့
ရှိလိုက်ရတယ်။ ပေါ်လ် နဲ့ ကလာရာဂျော့ဘ်တို့ဟာ ချစ်တတ်တဲ့ မိဘတွေ ဖြစ်ကြ
တယ်၊ ပြီးတော့ သူတို့ဟာ သူတို့ရဲ့နေထိုင်မှုကို သူတို့ရဲ့သိပ်ပါးနပ်တဲ့သား၊
တစ်ဇွတ်ထိုးလုပ်တတ်တဲ့သားနဲ
လိုလိုလားလား ရှိကြတယ်။ သူတို့ဟာ သူ့ကို လိုက်လျောဖို့အတွက် ကြီးကျယ်တဲ့
အရှည်အလျားတွေဆီကို သွားကောင်းသွားကြလိမ့်မယ်။
စတိဗ်ဟာ ဒီအချက်ကိုလည်း မကြာခင်မှာပဲ ရှာဖွေတွေ့ရှိခဲ့တယ်။ “ကျွန်တော့်ရဲ့မိဘ
နှစ်ယောက်လုံးက ကျွန်တော့်ကို နားလည်ကြတယ်။ သူတို့ဟာ ကျွန်တော်ထူးခြားတယ်
ဆိုတာကို အာရုံခံမိလိုက်ကြတာနဲ့ တာဝန်ဝတ္တရား အများကြီးကို ခံစားမိကြတယ်။
သူတို့ဟာ ကျွန်တော့်ကို ကျွေးမွေးထားဖို့နဲ့ ကျောင်းကောင်းတွေ မှာထားဖို့ နည်းလမ်း
တွေကို ရှာခဲ့ကြတယ်။ သူတို့ဟာ ကျွန်တော့်ရဲ့လိုအပ်ချက်တွေ
လိုက်လျောဖို့ လိုလိုလားလား ရှိကြတယ်လေ”
ဒါကြောင့် သူကြီးပြင်းခဲ့တာဟာ တစ်ခါက စွန့်ပစ်ခံခဲ့ရတယ်ဆိုတဲ့ အာရုံခံစားရခြင်း
တစ်ခုတည်းနဲ့ မဟုတ်ပဲ သူဟာ ထူးခြားတယ်ဆိုတဲ့ အာရုံခံစားရခြင်းနဲ့ပါ ကြီးပြင်း
ခဲ့ရတယ်။ သူ့ရဲ့ကိုယ်ပိုင်စိတ်ထဲက သူ့ရဲ့ပင်ကိုစရိုက် ဖြစ်ပေါ်မှုမှာ အဲဒါက ပိုပြီးတော့
အရေးပါခဲ့တယ်။
ကျောင်း
ဂျော့ဘ် မူလတန်းကျောင်း မတက်ခင်ကတည်းက သူ့အမေက သူ့ကို စာဖတ်ဖို့ သင်ပြ
ပေးခဲ့တယ်။ ဒါပေမဲ့ အဲဒါက သူကျောင်းတက်တဲ့ အခါမှာ အဆင်မပြေမှုတစ်ချို့ကို
ဖြစ်စေ တယ်။
“ပထမ တစ်နှစ်၊ နှစ်နှစ် လောက်မှာ ကျွန်တော်ဟာ ပျင်းခြောက်ခြောက်ဖြစ်နေခဲ့
ဒါက ကျွန်တော့်ကို ကျွန်တော် ဒုက္ခရောက်စေတာလေ”
ဂျော့ဘ်ဟာ ပင်ကိုအရရော ပြုစုပျိုးထောင်မှုအရပါ အမိန့်အာဏာကို လက်ခံတတ်သူ
တစ်ယောက် မဟုတ်ဘူးဆိုတာ မကြာမီမှာပဲ ထင်ရှားလာခဲ့တယ်။ “ကျွန်တော်ဟာ
အရင်က
ရင်ဆိုင်မတွေ့ခဲ့ရတဲ့ ကွဲပြားခြားနားတဲ့ အမိန့်အာဏာကို ရင်ဆိုင်တွေ့လာခဲ့ရတယ်။
ကျွန်တော်အဲဒါကို မနှစ်သက်ခဲ့ပါဘူး။ ပြီးတော့သူတို့ ကျွန်တော့်ကို နိုင်သလာက်
ဖြစ်ခဲ့ကြတယ်။ သူတို့ ကျွန်တော့်ရဲ့ထူးဆန်းတာ တွေကို တကယ် ညှာယူနိုင်ဖို့ နီးစပ်
လာခဲ့ကြတယ်လေ”
သူ့ရဲ့ကျောင်း မွန်တာလိုမာ မူလတန်းကျောင်းဟာ ၁၉၅၀ ခုနှစ်တွေက တည်ဆောက်
ခဲ့တဲ့ ခပ်နိမ့်နိမ့် အဆောက်အဦးတစ်ခုဖြစ်ပြီး သူ့ရဲ့အိမ်ကနေ လေးခြံမြောက်မှာရှိတယ်။
သူ့ရဲ့ ပျင်းရိငြီးငွေ့ခြင်းတွေကို
“ကျွန်တော့်မှာ ရစ်က်ဖာရန်တီနို လို့ ခေါ်တဲ့သူငယ်ချင်းကောင်း တစ်ယောက်ရှိတယ်။
ပြီးတော့ ပြဿနာ တိုင်းလိုလိုမှာ ကျွန်တော်တို့ ပါခဲ့ကြတယ်လေ” သူပြန်အမှတ်ရခဲ့
တယ်။ “သင်တို့ရဲ့ အိမ်မွေး တိရိစ္ဆာန်တွေကို ကျောင်းသို့ယူဆောင် လာခဲ့ကြဆိုပြီးတော့
ပိုစတာသေးသေးလေးတွေလို ဟာမျိုးကို ကျွန်တော်တို့လုပ်ခဲ့ကြတယ်။
ပွက်လောညံနေတာပဲ၊ ခွေးတွေက ကြောင်တွေကို လိုက်စနေကြတယ်၊ ပြီးတော့
ဆရာ၊ ဆရာမတွေက သူတို့ရဲ့နံဘေးမှာလေ”
နောက်တစ်ချိန်မှာတော့ သူတို့ဟာ တချို့ကလေးတွေရဲ့ စက်ဘီးသော့ လျှို့ဝှက်နံပါတ်
တွေကို ပြောခိုင်းခဲ့တယ်။ “ဒါနဲ့ ကျွန်တော်တို့ အပြင်ကိုထွက်ခဲ့ကြပြီး စက်ဘီးသော့တွေ
အားလုံး ကို လဲလိုက်ကြတယ်။ တစ်ယောက်မှ သူတို့ရဲ့စက်ဘီးတွေကို ပြန်စီးလို့
မရကြတော့ဘူး။ အဲဒါက သော့တွေကို ပြန်ဖွင့်ဖို့ သူတို့ကိုညာဥ့်နက်တဲ့အထိ ကြာအောင်
လုပ်ခဲ့တာပေါ”
သူသုံးတန်းရောက်တဲ့အခါမှာ နောက်ပြောင် ကျီစယ်ခြင်းတွေက နည်းနည်းပိုပြီးတော့
အန္တရာယ်ရှိလာခဲ့တယ်။ “တစ်ချိန်မှာတော့ ကျွန်တော်တို့ဟာ ပေါက်ကွဲစေတဲ့ ပစ္စည်း
တစ်ခုကို ကျွန်တော်တို့ ဆရာမ သာမန်ရဲ့ ထိုင်ခုံအောက်မှာ ဖောက်ခွဲလိုက်ကြတယ်။
ကျွန်တော်တို့ဟာ သူ့ကို ရင်ဖိုပြီးတော့ တွန့်ခနဲဖြစ်သွားအောင် လုပ်ခဲ့ကြတယ်လေ”
သူသုံးတန်း မပြီးခင်မှာ နှစ်ကြိမ်၊သုံးကြိမ်လောက် အိမ်ပြန်ပို့ခံခဲ့ရတာဟာ အံ့ဩစရာ
မရှိပါဘူး။ ဒါပေမဲ့ ဒီနောက်မှာတော့ သူ့အဖေက သူ့ကို အထူး အနေနဲ့ ပြုမူဆက်ဆံခဲ့
တယ်။ ပြီးတော့ သူ့ရဲ့ တည်ငြိမ်မှုနဲ့ ခိုင်မာတဲ့ ပြုမူ ပြောဆိုပုံတွေကို ကျောင်းကလည်း
သူလုပ်သလိုပဲလုပ်ဖို့ မျှော်လင့်တယ်ဆိုတာ သူ သိသာအောင်လုပ်ခဲ့တယ်။ “ကြည့်
ဒါဟာ သူ့ရဲ့အမှား မဟုတ်ဘူး” ပေါ်လ်ဂျော့ဘ်က ဆရာဆရာမတွေကို ပြောခဲ့တာ
သူ့သားက ပြန်အမှတ်ရခဲ့တယ်။
“သူ့ကိုစိတ်ဝင်စားလာအောင် ခင်ဗျားတို့ မလုပ်နိုင်ခဲ့ရင် အဲဒါခင်ဗျားတို့အမှား”
သူကျောင်းမှာ စည်းကမ်းဖောက်ဖျက်တဲ့အတွက် သူ့မိဘတွေက သူ့ကို ဘယ်တော့မှ
အပြစ်မပေးခဲ့ပါဘူး။ “ကျွန်တော့်အဖေရဲ့အဖေဟာ အရက်သမား တစ်ယောက်လေ၊
ပြီးတော့ သူ့ကိုခါးပတ်နဲ့ ရိုက်ခဲ့တယ်။ ဒါပေမဲ့ တကယ်လို့ ကျွန်တော်သာ ရိုက်နှက်ဆုံးမ
ခံခဲ့ရရင်တော့ဖြင့် ကျွန်တော် ဘယ်လိုနေမလဲမသိဘူး”
“ကျွန်တော့်ကို တက်ကြွလာအောင် လုပ်ရမယ့်အစား မိုက်မဲတဲ့အရာတွေကိုပဲ
ကျွန်တော် အမှတ်ရနေအောင်လုပ်နေတာက ကျွန်တော့်ရဲ့ကျောင်းမှားတယ
ကျွန်တော့်ရဲ့မိဘနှစ်ယောက်လ
ထိခိုက်လွယ်ခြင်းနဲ့ မထိခိုက်လွယ်ခြင်း၊ စိတ်ဆိုးနာကြည်းခြင်းနဲ့ အဆက်ဖြတ်ခြင်း
တို့ဖြင့် ပေါင်းစပ်ထားကြောင်း ကိုပြဖို့ သူဟာ စတင်ခဲ့ပြီးပါပြီ။ အဲဒါက သူ့ရဲ့ကျန်ရှိနေ
တဲ့ ဘဝတစ်လျောက်လုံးမှာ အမှတ်အသား ဖြစ်ကောင်းဖြစ်နေလိမ့်မယ်။
သူဟာ လေးတန်းကို တက်ရမယ့်အချိန်ကို ရောက်တဲ့အခါတော့ ကျောင်းက
ဂျော့ဘ်နဲ့ ဖာရန်တီနိုကို အတန်းခွဲပြီးတော့ ထားဖို့ ဆုံးဖြတ်လိုက်တယ်။ အဆင့်မြင့်
အတန်းရဲ့ ဆရာမက အင်မိုဂျင်ဟီးလ်လို့ အမည်ရတဲ့ ဇွဲသတ္တိကောင်းတဲ့ အမျိုးသမီး
တစ်ဦး ဖြစ်ပြီး “တက်ဒီ” လို့သိခဲ့ကြတယ်။ သူဟာ “ကျွန်တော့်ဘဝမှာ ဆိုးကျိုးကို
ခံနိုင်သူတွေထဲကတစ်ဦး” ဖြစ်လာခဲ့တယ်လို့ ဂျော့ဘ်က ပြောခဲ့တယ်။ ရက်သတ္တပတ်
အနည်းငယ်လောက် ဂျော့ဘ်ကို စောင့်ကြည့်အပြီးမှာတော့ သူ့ကိုကိုင်တွယ်ဖို့
အကောင်းဆုံး နည်းလမ်းက သူ့ကို လာဘ်ထိုးဖို့ပဲ ဆိုပြီး သူမ တွက်ဆနိုင်ခဲ့တယ်။
“တစ်နေ့ကျောင်းကအပြန်မှာ သင်္ချာပုစ္ဆာတွေပါတဲ့ စာအုပ် တစ်အုပ်ကို ကျွန်တော့်ကို
ပေးတယ်၊ ပြီးတော့ ‘ငါမင်းကို အဲဒါ အိမ်ယူသွားပြီး လုပ်စေချင်တယ်’
လို့ သူပြောတယ်။ ‘ရူးနေလား’ လို့ကျွန်တော်ထင်ခဲ့တယ်။ ဒါနဲ့ ကမ္ဘာလုံးလောက်တောင်
ကြီးသလားလို့ ထင်ရတဲ့ အဲဒီ ချိုချဉ်ပလုတ်တုတ် အကြီးကြီးတွေထဲကတစ်ခုကို သူဆွဲ
ထုတ်လိုက်တယ်။ ပြီးတော့ ‘မင်းအဲဒါတွေတွက်ပြီးသွားလိ
ငါမင်းကို ဒီဟာနဲ့ ငါးဒေါ်လာပေးမယ်’ လို့ သူပြောတယ်။ ဒါနဲ့ကျွန်တော်ဟာ အဲဒါကို
နှစ်ရက်အတွင်းလုပ်ပြီးပြန်ေ
လအနည်းငယ်ကြာတဲ့ အခါမှာတော့ သူ့ကို လာဘ်ထိုးစရာ မလိုတော့ပါ။ “ကျွန်တော်ဟာ
သင်ယူချင်ခဲ့ပြီးတော့ သူ့ကိုကျေနပ်စေချင်ခဲ့တာ သက်သက်ပါ”
သူမဟာ ပြန်လည်တုံ့ပြန်တဲ့အနေနဲ့ မှန်ဘီလူးသွေးပြီး ကင်မရာ လုပ်လို့ရတဲ့
ဝါသနာရှင်တွေ အတွက် လုပ်ထားတဲ့ကိရိယာတန်ဆာပလာ တစ်စုံ သူ့ကိုပေးခဲ့တယ်။
“ကျွန်တော်ဟာ ဒီပြင့် ဆရာ၊ ဆရာမတွေထက် သူ့ဆီကနေ ပိုပြီးတော့လေ့လာသင်ယူ
ခဲ့တယ်။ သူ့ဆီကိုသာ မရောက်ခဲ့ရင်တော့ ကျွန်တော်ဟာ ထောင်ထဲကိုရောက်ခဲ့မယ်
ဆိုတာ သေချာသလောက်ရှိတယ်”
အဲဒါက သူဟာ ထူးခြားသူတစ်ယောက် ဖြစ်တယ်ဆိုတဲ့စိတ်ကူးကို ထပ်ပြီးတော့
ထောက်ခံ ပေးခဲ့တယ်။ “အတန်းထဲမှာ သူဂရုစိုက်တာဆိုလို့ ကျွန်တော်တစ်ယောက်
ပဲ ရှိတယ်၊ သူဟာ ကျွန်တော့်ဆီမှာ တစ်စုံတစ်ရာကိုမြင်ခဲ့တယ်လေ
(ဆက်လက်ပြီးတင်ပေးပါ့မယ်)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။