Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, August 6, 2017

မိုးခါးရေ။

 
 
မိုးခါးရေ။

ကျွန်တော် က စားသောက်ဆိုင် တစ်ခု က စားပွဲထိုး တစ်ယောက် ပါ။ ကျွန်တော် နဲ့  အတူ စားပွဲထိုး ၅ယောက် ရှိ ပါတယ်။ ပြီးတော့ ကျွန်တော် တို့  ကို လိုက်ကြည့် တဲ့ စူပါဗိုက်စာ ဆိုတာ ၁ ယောက် နဲ့ ကောင်တာ မှာ ငွေသိမ်း တဲ့ မန်နေဂျာ ဆိုတဲ့ ပုဂ္ဂိုလ် နဲ့ ဆို အားလုံး ၇ ယောက် ရှိပါတယ်။

ကျွန်တော် တို့ ဆိုင်ကို ပိုင်တဲ့ သူဌေး က တ ပတ်ကို တစ်ရက်ပဲ လာ တယ်။ အားလုံး မန်နေဂျာ နဲ့ ပဲ လွှဲထား တယ်။ ပြောရမယ် ဆိုရင် ဒီ ဆိုင်မှာ မန်နေဂျာ ပြီးရင် အားလုံး ပြီးတယ် ဆိုပါ တော့။ ကျွန်တော် က အလုပ် စ၀င်တဲ့ လူသစ် ဆိုတော့ အလုပ် ကို ကျိုးစားပြီး လုပ်ရ တယ် ပြီးတော့ ကျွန်တော့ အရင် ရောက်နေတဲ့ စားပွဲထိုး အစ်ကို တွေရဲ့ ခိုင်းတာ ကိုလဲ လုပ်ရတယ်။။

ကျွန်တော် တို့ ဆိုင်က coffee shop ဆိုတော့ အရည် မျိုးစုံ ရောင်းပါတယ်။ အစား အသောက် ကိုတော့ ဘေးဆိုင် ကလေးတွေ က ရောင်း ပါတယ်။ ကျွန်တော် တို့  အလုပ် က လူလာရင် ဘာသောက် မလဲလို့ မေး ပြီးရင် အဖျော်ခန်း ထဲက အဖျော် ဆရာ ကိုပြော ဖျော်ပြီး တာနဲ့ ယူလာပြီး ပေး ပိုက်ဆံ ရှင်း အဲဒီ ပိုက်ဆံ ကို ကောင်တာ က မန်နေဂျာ ဆီမှာ အပ်ရတယ် ဆိုပါ တော့။

အဲဒီလို လုပ်တာ ကို ဆိုင် အခေါ် အရ အော်ဒါ ကောက်တယ် လို့  ခေါ်ပါတယ်။ကျွန်တော် က လူသစ် မို့ လို့ အော်ဒါ မကောက် ရပါဘူး သူတို့ ပဲ ကောက်ကြ တယ် ကျွန်တော့ ကိုတော့ စားပြီးသား ပုဂံတွေနဲ့ သောက်ပြီး သား ဖန်ခွက် တွေပဲ သိမ်းခိုင်း တယ်။

ဒီလိုနဲ့ ၎ - ၅ လ လောက်ကြာ လာတော့ ကျွန်တော် လဲ အော်ဒါ ကောက်တတ် လာတယ်။ အဲဒီလို ကောက်တတ် လာတော့ အရင် အစ်ကိုတွေ က ကျွန်တော့ ကို " ဟေ့ မောင်မောင် ပိုက်ဆံတွေ ကို သေခြာ ရှင်းနော် ပြီးရင် မန်နေဂျာ ဆီမှာ သေသေ ခြာခြာ အပ် " "ဟုတ်ကဲ့ အစ်ကို စိတ်ချပါ မမှားစေ ရပါဘူး ကျွန်တော် ဂရုစိုက် ပါ့မယ်"စူပါဗိုက်စာ ဆိုတဲ့ လူကလဲ ကျွန်တော့ ကိုပဲ သတိထား စောင့်ကြည့် တယ်။

အဲဒီတော့ ကျွန်တော် ကလဲ မမှားအောင် ဂရုစိုက် ပြီး လုပ်ကိုလုပ် ရတယ်။ တနေ့ တော့ ကျွန်တော် တို့ ဆိုင်မှာ ကျွန်တော့ အရင် ရောက်တဲ့ အစ်ကို တစ်ယောက် က သူရှင်း လာတဲ့ ပိုက်ဆံ တစ်ချို့ တစ်ဝက်ကိုသူ့ ဘောင်းဘီ အိပ်ထဲ ကို ထည့်လိုက်တာ ကျွန်တော် တွေ့ လိုက်တယ် ကျွန်တော် လဲ တစ်ကြိမ် မို့ လို့ ပဲလေ ဆိုပြီး အမှတ်တမဲ့ နေ လိုက်ပါတယ်။ ဒါပေမဲ့ သတိထား ကြည့်မိ တော့ သူတို့ အားလုံး ဟာ ရောင်းရတဲ့ ပိုက်ဆံ တစ်ချို့ တစ်ဝက်ကို ဒီလိုပဲ နေ့ တိုင်း ယူနေတာ သွားတွေ့ ရတယ်။

ကျွန်တော် ပြန် စဉ်းစား မိတယ် ငါ့ ကျတော့ ပိုက်ဆံ ကို ဂရုတစ်စိုက် ရှင်း လို့ ပြောပြီး သူတို့ ကျတော့ ပိုက်ဆံ တွေ ကို ခိုးနေ ကြတယ်။ ကျွန်တော် ဘာလုပ်ရင် ကောင်းမလဲ လို့ စဉ်းစား တယ်။ ဒါပေမဲ့ လောလော ဆယ် အဖြေ မရဘူး။ အဲ တစ်ရက် နှစ်ရက် လောက်ကျမှ အဖြေရ သွားတယ်။

၁။ သူတို့ ခိုးတာ ကို ဖမ်းပြီး သတိပေး တဲ့ နည်း။

၂။ သူတို့ ကို ဘာမှ မပြောပဲ မန်နေဂျာ ကို သွားပြော တဲ့နည်း။

ဒီလိုနဲ့ ဆိုင်ပိတ် တဲ့ တစ်ရက် မှာသူတို့ ပိုက်ဆံ ယူတာကို ရိပ်မိတဲ့ အစ်ကို တစ်ယောက် က ကျွန်တော့် ကို ခေါ်ပြီး" ညီလေး မောင်မောင် မင်း သိရင် မင်း ၀မ်းထဲ ထား ပါကွာ။ သူဌေး ပေးတဲ့ လခ ကနဲ လို့ အစ်ကို တို့ လုပ်ရ တာပါ ဘယ်သူ မှ မပြော နဲ့ နော် ။ မင်းလဲ လုပ်ချင် ရင် လုပ် အစ်ကိုတို့ မသိချင် ယောင် ဆောင်နေမယ် သိလား "ကျွန်တော့ ကို အဲဒီလို စည်းရုံး ပါတော့ တယ်။

ရက် တော်တော်ကြာ တဲ့ အထိ ဘယ်လို လုပ်ရင် ကောင်းမလဲ လို့  အဲဒီ ကိစ္စကို စဉ်းစား နေမိတယ်။ ကျွန်တော် ကတော့ ခိုးလို့ မဖြစ်ဘူး ။ ဘာဖြစ် လို့ လဲ ဆိုတော့ ကျွန်တော် က မိဘ မရှိတော့ ဘူးလေ ရွာက ဘုန်းကြီး ကျောင်းမှာ နေရတာ ဆိုတော့ ဆရာတော် က အမြဲ ဆုံးမတယ် ။

" ဟေ့ ဒကာလေး မောင်မောင် သူများ ပစ္စည်းကို ပိုင်ရှင် မသိဘဲ မယူ နဲ့ မခိုးနဲ့ နော် သူများ မသထာ ရေစာ စားရင် သံခဲ ကျောက်ခဲ မျို ရသလို ပဲ ဘယ်တော့ မှ လူမွှေး မပြောင် ဘူး။ ဘယ်သူ တရား ပျက်ပျက် ကိုယ် မပျက်နဲ့  သူများ မိုးခါးရေ သောက် လို့ လဲ ကိုယ်လိုက် မသောက် နဲ့ သတိ ကြပ်ကြပ်ထား "

" တင်ပါဘုရား တပည့်တော် ဂတိပေး ပါတယ် "

အဲဒီလို ဂတိ ခံခဲ့ ရတော့ ကျွန်တော် ခိုးလို့ မဖြစ်ဘူး။ သူဌေး ကနေ တဆင့် ဆရာတော် သိသွားရင် မလွယ်ဘူး လေ။ ဒီလို နဲ့ ဆိုင် ပိတ်တဲ့ တ နေ့ ကျွန်တော် နဲ့ ခင်နေတဲ့ အစ်ကိုကြီး ကို ပြောမိတယ်။

" အစ်ကို ခင်ဗျား သူများ ပိုက်ဆံတွေ မယူပါ နဲ့ လားဗျာ ပိုင်ရှင် မသိပဲ ယူတာ မကောင်း ပါဘူး အဲဒါ ခိုးတာ နဲ့ အတူတူ ပဲ ကိုယ်ကျင့် တရား ပျက်ရာ မကျဘူး လား "

" ဟ မောင်မောင် ကလဲ မင်း တော်တော် ညံ့တဲ့ ကောင်ပဲ မန်နေဂျာ က အစ အားလုံး ယူနေ ကြတာ သူများ မိုးခါးရေ သောက် လို့ မှ ကိုယ် မသောက်ရင် ကိုယ် လူမိုက် ဖြစ်သွား မှာ ပေါ့ကွ မင်းလဲ အဆင်ပြေ သလို သာ လုပ် ငါသွား တော့မယ် "

ဒီလိုနဲ့ အစ်ကိုကြီး ထွက်သွား တော့ ဆရာတော် ပြောတာ ကိုလဲ သတိရမိ တယ်။

" ဒကာလေး မောင်မောင် သူများ မိုးခါးရေ သောက် လို့ လဲ ကိုယ် လိုက် မသောက်နဲ့ နော် ကြပ်ကြပ် သတိထား "။

ရက် တော်တော်ကြာ တော့ ကျွန်တော် ဆုံးဖြတ်ချက် တစ်ခု ချလိုက် တယ်။ ဒီကိစ္စ သူဌေး သိသွားရင် အားလုံး ဒုက္ခရောက် ကုန်မယ်။ ကျွန်တော် လဲ နာမည် ပျက်မယ်။ ဒါကြောင့် မန်နေဂျာ ကို ပြောပြဖို့ ကျွန်တော် ဆုံးဖြတ် လိုက်တယ်။

ပိတ်ရက် တစ်ရက် မှာ မန်နေဂျာ ဆိုတဲ့ ဦးလေးကို ကျွန်တော် သွားတွေ့ ပြီး " ဦးလေး စားပွဲထိုး တွေ အားလုံး ပိုက်ဆံ ခိုးနေတာ ကျွန်တော် တွေ့ ရတယ်။ အဲဒါ ဦးလေး ခေါ်ပြီး ဆုံးမ ပေးပါ လား ကျွန်တော် က အားလုံး ကောင်းစေချင် လို့  လာပြောပြ တာပါ "

" သြော် အေးအေး မင်း ဘယ်သူ့ ကိုမှ လျှောက် မပြော နဲ့ နော်။ မင်း စိတ်ထဲမှာ ပဲထား ဦးလေး သူတို့ ကို ခေါ်ပြီး ဆုံးမ ပေးမယ် သိလား "

" ဟုတ်ကဲ့ ဦးလေး ကျေးဇူးတင်ပါတယ် "

ဒီလိုနဲ့  နေလာ လိုက်တာ တနေ့ မှာ -- လာစား တဲ့ သူတွေ ကလဲများ နေတဲ့ အချိန် ကျွန်တော် ပုဂံတွေ သယ်လာ တုံး စားပွဲထိုး အစ်ကို တစ် ယောက် က အမှတ်တမဲ့ ကျွန်တော့် ကို မတော်တဆ သဘော မျိုး နဲ့ ဝင်တိုက် လိုက်တယ် အဲဒီတော့ ကျွန်တော့် လက်ထဲ က ပုဂံတွေ အားလုံး ကျကွဲ ကုန်တယ်။

လူတွေ အားလုံးလဲ ကျွန်တော့် ကို ၀ိုင်းကြည့် ကြတယ် ရှက် လိုက်တာ မပြော ပါနဲ့ တော့။ ဒါနဲ့ ပုဂံကွဲ တွေ ကို မြန်မြန် လိုက်သိမ်း ပြီး ကြမ်းပြင် ကို လဲ သန့် ရှင်းရေး ပြန်လုပ် လိုက်တယ်။ ပြီးတော့ မန်နေဂျာ က ကျွန်တော့် ကို ခေါ်ပြီး " မောင်မောင် ရာ ပုဂံတွေ ကို သေသေချာချာ သယ်မှ ပေါ့ကွာ ခုတော့ ကွဲကုန်ပြီ။ အလုပ် ကို ဂရုစိုက်မှ ပေါ့ "

ကျွန်တော် ပြန်ပြော မလို့ ပါးစပ် အဟမှာ -- " တော်ပြီ မင်း ဘာမှ ပြန်ပြော မနေနဲ့ လုပ်စရာ ရှိတာ သွားလုပ်တော့ "

" သြော် ... ပြန် ဖြေရှင်း ခွင့်တောင် မပေး တော့ ပါလား တော်တော် စိတ်ဆိုး သွား တာပဲ " ဒီလို နဲ့ လကုန်ရက် လခ ထုတ် တဲ့နေ့ မှာ သူဌေး ရောက်လာပြီး ကျွန်တော် တို့ အားလုံး ကို လခ ထုတ်ပေး တယ်။

ပြီးတော့ ကျွန်တော့် ကို ခေါ်ပြီး --
" မောင်မောင် မင်း လုပ်လို့ ပုဂံတွေ ကွဲသွားတယ် ဆို မန်နေဂျာ က ပြောနေတယ် ဟုတ် သလား "

" ဟုတ်ပါတယ်သူဌေး "

" ပြီးတော့ သူတို့ အားလုံး က ပြောကြတယ် မင်းက အလုပ်ကို ကြိုးကြိုး စားစား မလုပ်ဘူး တဲ့ " "

ကျွန်တော် သူတို့ အားလုံး ရဲ့ မျက်နှာကို လိုက်ကြည့် လိုက်တယ် ။အားလုံး မျက်နှာ လွှဲ နေကြ တယ် ကျွန်တော် နဲ့ ခင်တဲ့ အစ်ကို တစ်ယောက် ပဲ ၀မ်းနည်း နေတဲ့ မျက်နှာ နဲ့ ကျွန်တော့် ကို ကြည့်နေတာ သတိထား မိတယ် သူဌေး က ကျွန်တော့် ကို ဆက်ပြော တယ်။

" ဒါဆိုရင် သူတို့ အားလုံး ကလဲ သဘော မကျဘူး ဆိုတော့ မင်းကို ငါ အလုပ် ဆက်ခိုင်း လို့ မဖြစ် တော့ဘူး ရော့ဒီမှာ မင်း လစာ "

သူဌေး ကမ်းပေး တဲ့ လစာ စာအိပ် ကလေး ကို လှမ်းယူ လိုက် ပါတယ်။ ပြီးတော့ သူဌေး က

" တကယ် သာ ဆက်လုပ်မယ် ဆိုရင် မင်းခွဲခဲ့တဲ့ ပုဂံတွေ ရဲ့ တန်ဖိုး ကို မင်းရော်ရမှာ ဒါပေမဲ့ မင်းကို ငါဆက် မခိုင်းတော့ ဘူး ဆိုတော့ အဲဒီ ပုဂံဖိုး တွေ မဖြတ်ပဲ မင်းလစာ အပြည့် ငါပေး လိုက်တယ် "

" ဟုတ်ကဲ့ ကျေးဇူးတင် ပါတယ် သူဌေး "

ကျွန်တော် ပြောပြီး လှည့်ထွက် လာခဲ့တယ် နောက်က ခြေသံကြား လို့ လှည့်ကြည့် လိုက်တော့ ကျွန်တော့် ကို ခင်တဲ့ အစ်ကို ဖြစ်နေတယ် သူက ကျွန်တော့် ပုခုံးကို ဖက်ပြီး ။

" မင်း တော်တော် မိုက်တာပဲ မောင်မောင် ရာ ဘာဖြစ်လို့ မန်နေဂျာ ကိုမှ သွားပြော ရတာလဲ ကွာ သူတို့ အားလုံး က အတူတူ တွေ ချည်း ပဲကွ။ ဒါကြောင့် အကွက် ဆင်ပြီး မင်းကို အလုပ် ထုတ် လိုက်တာ "

" ဗျာ တကယ် လား အစ်ကို "

" ဟုတ်တယ် ဒါကြောင့် မင်းကို အစ်ကို ပြောခဲ့သား ပဲ ဘယ်သူမှ မပြော ပါနဲ့ လို့  သူများ မိုးခါးရေ သောက် လို့ မှ ကိုယ်လိုက် မသောက် တော့ ကိုယ် လူမိုက် ဖြစ်သွား တာ ပေါ့ကွာ "

အစ်ကိုကြီး စကား အဆုံး မှာတော့ ကျွန်တော် စကား တစ်ခွန်း ပြောပြီး နှုတ်ဆက် ထွက်လာ ခဲ့ပါ တော့တယ် ကျွန်တော် ပြော ခဲ့တဲ့ စကား ကတော့။

" ကျွန်တော် လူမိုက် မိုးခါးရေ မကြိုက်ဘူး အစ်ကို "

Ko Mg Mg ( ရိုးရာလေး )

Myawady News မှ ပြန်လည် ကူးယူပါသည်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။