Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, January 15, 2016

*ချစ်စမ်းမောင် သို့မဟုတ် ကြိုးခြောက်ချောင်းဖြင့်ဖမ်းစားသူ* အပိုင်း- ၅


*ချစ်စမ်းမောင် သို့မဟုတ်
ကြိုးခြောက်ချောင်းဖြင့်ဖမ်းစားသူ*

အပိုင်း- ၅

========
အနုပညာသမားတွေအောင်မြင်လာပြီဟေ့ဆို
လျှင် ငွေတွေလိုက်လာသည်။ မူးယစ်ဆေးဝါး၊လောင်းကစား ၊မိန်းမ ကိစ္စတွေကပ်ပါလာသည်။ နောက်ဆုံး ကျရှုံးခြင်းပင်လယ်မှာ နောင်တတွေတစ်သီကြီးနှင့် နစ်မြုတ်ကြရသည်။ သာဓကတွေအများကြီးတွေ့ ဖူးကြပါလိမ့်မည်။


ကိုချစ်စမ်းမောင်ကို လေးစားနှစ်သက်သည့်အချက်များ ထဲတွင် သူ့ ဂစ်တာကိုသာမက သူ့ ရဲ့  ကောင်းမွန်တဲ့စာရိတ္တ၊ ခင်မင်နှစ်လိုဘွယ်ကောင်းမှု၊မာန်မာနကင်းမဲ့မှု စသည့်အချက်များလည်းပါဝင်သည်
သူ့ ကိုခေတ္တခဏသာတွေ့ခဲ့ရသည့်ချိန်တွင်ပင် တွေ့သည့်သူတိုင်းကို ပြုံးပြုံး ပြုံးပြုံးနှင့် တစ်လေးတစ်စားဆက်ဆံပြီး အော်တိုရေးခိုင်းသည့်ချာတိတ်လေးများကိုလည်းမညည်းမညူလက်မှတ်ရေးထိုးပေးနေသည့်ကိုတွေ့ရှိရပါသည်။

သူ့ ဆရာကြီးဦးဘွဲ့ မှူးအပါအ၀င် သူ့ ဝိုင်းတော်သားအားလုံးက သူ့ ကိုညီလေးညီလေးနှင့်ချစ်ကြခင်ကြပါသည်။ နောက်တော့ အနုပညာ ဂီတလောကတစ်ခုလုံးမှပင်သူ့ ကို ကိုညီလေးဟု ချစ်စနိုးခေါ်ကြပါသည်။
သူ့ ဂီတလောကထဲစ၀င်စကတည်းကပင် မူးယစ်ဆေးဝါးသုံးစွဲသည်၊မိန်းမရှုတ်သည်ဟုလည်းလုံးဝမကြားဘူးခဲ့သည် မှာ သူအိမ်ထောင်ကျသည်အထိပင်ဖြစ်ပါသည်။ သူ့ ဆရာ ဦိးဘွဲ့ ကြီးကလည်းသူတို့ အိုင်စီတစ်ဖွဲ့ လုံးကိုထိန်းထိန်း သိမ်းသိမ်းကွပ်ကဲခဲ့ပါသည်။စီးပွားရေးအရ နှင့် ခေတ်၏တောင်းဆိုချက်အရ ROCK Band ဖြစ်သဖြင့် ဆံရှည်ကြီးများထားကြသော်လည်း သူတို့  ၀ိုင်းတော်သားတွေ အကျင့်သိက္ခာဖြူစင်ကြပါသည်။

ကိုချစ်စမ်းမောင် အိမ်ထောင်ကျသည်မှာ ငွေကြေးတောင့်တင်းသည့် ခရစ်ယာန်သင်းအုပ်ဆရာကြီးတစ်ဦး(ဦးဒေးဗစ်ဟုသိရပါသည်။) ၏သမီးနှင့် ဟုသိရှိရပါသည်။ ကိုချစ်စမ်းမောင်၏ဇနီးသည်လည်း စိတ်ကောင်းနှလုံးကောင်း နှင့်လူမှုရေးလုပ်ငန်းများတက်တက် ကြွကြွ လုပ်သူတစ်ဦးဟုကြားသိရပါသည်။ သူတို့ ၏သမီးကလေးသည် ဖခင်ဘက်မှဂစ်တာသွေးပါသည်ထင့်၊ ငယ် ငယ်ရွယ်ရွယ်နှင့်စင်မြင့်ပေါ်တက် ပြီးသီချင်းဆိုတာကိုတွေ့ရှိရပါသည်။ ရုပ်ရည်လေးမှာလည်းချစ်စရာလေးပင်။
ကိုချစ်စမ်းမောင်သည် ရရှိသည့်ဝင်ငွေများကိုလည်းသုံးသုံးဖြုန်းဖြုန်းမဟုတ်ဘဲ စုစုဆောင်းဆောင်းနှင့်စနစ်တကျရှိပုံ ရပါသည်။ သူ့ တွင် စုဆောင်းထားသော ဟော်လို၊ဆောလစ်ဂစ်တာပေါင်း ၂၀ ကျော် ၃၀နီးပါးရှိပါသည်။ တစ်လုံးလျှင်မြန်မာငွေကျပ် သိန်း သုံးလေးဆယ်တန် ဆောလစ် ဂစ်တာများလည်းပါဝင်ပါသည်။
အိမ်ထောင် ကျပြီးနောက် PTL ကိုယ်ပိုင်စတူဒီယိုလေးကိုထူထောင်လာနိုင်ခဲ့သည့်အထိဖြစ်ပါသည်။ သူ့ စတူဒီယိုတွင် ရက်ကော ဒင်းသွားလုပ်ပါကလည်း စိတ်ပါဝင်စားစွာဖြင့်စေတနာထားပြီး သေသေချာချာလေးလုပ်ကိုင်ဆောင်ရွက်ပေးတတ် ကြောင်းလည်းကြားသိရပါသည်။

ကိုချစ်စမ်းမောင်၏ကိုယ်ပိုင်အခန်းတွင်းမှသူ့ စုဆောင်းထားသော ဂစ်တာများစွာနှင့်ပုံကို အထက်တွင်ဖေါ်ပြထားသည်ကို ကြည့်ရှုနိုင် ပါသည်။ သူ့  အနေဖြင့်ဘ၀တွင် ယခုလိုဂစ်တာတွေအများကြီးပိုင်ဆိုင်လိမ့်မည်ဟု အိမ်မက်ပင်မမက်ခဲ့ဘူးပါ
ဟုဆိုခဲ့ပါသည်။

မောင်မောင်ဒီလင့်ခ်သည် ကိုချစ်စမ်းမောင်ကဲ့ သို့ ဂစ်တာ အလုံး ၃၀ ခန့် မပိုင်ပါသော်လည်း ဆောလစ် ဂစ်တာနဲ့ ဟောလိုဂစ်တာစုစုပေါင်း ၈လုံး လောက်ပိုင်ဆိုင်ထားပါသည်။ ဥစ္စာခြောက်ကာ ကြိုးတွေလျှော့ထားလိုက် ကတ္တီပါခင်းထားသောဂစ်တာသေတ္တာတွေထည့်ထည့်သိမ်းလိုက်နဲ့  မြန်မာပြည်တွင် အလုပ်ရှုတ်ခဲ့ဘူးပါသည်။

ကိုချစ်စမ်းမောင်၏အခန်းနှင့်ဂစ်တာများကိုချိတ်ဆွဲ ခင်းကျင်းထားမှုနှင့် ကိုချစ်စမ်းမောင်မှ ဂစ်တာများကိုအလကား နေရင်း ကြိုးလျှော့ထားစရာမလိုပါဘူးဟု မြွတ်ဟခဲ့ဘူးသည့်ကိုဆက်စပ်တွေးခေါ်မိတော့မှ၊အော်-ငါ့နှယ့် ဥစ္စာခြောက်ပြီးဖရက်တံကောက်သွားမှာစိုးလို့  ကြိုးတွေအကုန်ခံပြီိးလျှော့ထားစရာမှမလိုဘဲ သူ့ လိုဘဲ တောက်လျှောက်ချိတ်ဆွဲထားလိုက်ရင် ဂစ်တာ ဘော်ဒီိဝိတ်က ဖရက်တံကို Balance လုပ်ပြီးပြန်ဆွဲချထားသလို ဖြစ်သွားတော့ ဖရက်တံကောက်သွားမှာမပူရတော့ ဘူးပေါ့ လို့  အသိအမြင်မှန်ရလာပါသည်။

လောလောဆယ်တော့ မောင်မောင်ဒီလင့်ခ်ဘေးမှာ Gibson ဂျမ်ဘိုဂစ်တာကြီးတစ်လုံးဘဲရှိပါသည်။ ကျန်ဂစ်တာတွေအားလုံးမြန်မာ ပြည်မှာကျန်ရစ်ခဲ့ပါသည်။ဆောလစ်ဂစ်တာမတီးတာကြာတော့ အက်ဖက်တွေအကြောင်း အကျယ်တ၀ံ့တင်ပြချင်တာ တောင်ပြန်စမ်းသပ်ခွင့် မရသဖြင့်အခက်တွေ့နေရပါသည်။ နောက်ထပ်ဂစ်တာတွေထပ်ဝယ်စုဖို့ အစီအစဉ်ရှိပါသည်။
ပြီိးရင်ကိုချစ်လို ချိတ်ဆွဲသိမ်းဆည်းရေးအစီအစဉ်အကောင်အထည်ဖေါ်ရပါမည်။

ကိုချစ်စမ်းမောင်သည် ဂစ်တာအမျိုးအစားတွေထဲမှာ Ibanez ကို အကြိုက်နှစ်သက်ဆုံးလို့ ကြားသိရပါသည်။ နောက်ပြီးသူ တီိးသည့် Ibanez ဂစ်တာတွေ ၏ဖရက် ဘုတ်ဒီဇိုင်းမှာ နွယ်ပင် တွေဖြစ်ကြောင်းသတိထားမိပါသည်။
ကျွန်တော်တင်ပြခဲ့သလို Entertaining Guitarists ၂ ဦးဖြစ်သော ကိုချစ်စမ်းမောင်နှင့် ကိုတိုးတိုး တို့  ၂ ဦးစလုံး
Ibanez ဂစ်တာများကို အထူးနှစ်သက်သည်ဟုလေ့လာသိရှိရပါသည်။

ကိုချစ်စမ်းမောင်က ကျွန်တော်သိပ်ကြိုက်ပြီး လေးစားခဲ့ရ ၊ အားကျခဲ့ရတဲ့ ဂစ်တာဆရာကြီးတွေက ကျွန်တော့ဆရာ ဦးစောဘွဲ့ မှူး၊ ကိုဇော်မျိုးထွဋ် (မဇ္ဈိမလှိုင်း)နှင့် ကိုပက်ထရစ်မေလာ တို့ ပါဟု ပြောဆိုခဲ့ဖူးပါသည်။ (ဒီနေရာမှာ ဂစ်တာရူး အာပလာ မောင်ဒီလင့်ခ်နဲ့  စိတ်အဟာရချင်းလာတူနေပါလား )

တစ်ခါက ကိုချစ်စမ်းမောင်တို့ ၏ သူရဲကောင်လေးများ တီးဝိုင်းသည် ပြည်ပမှဖိတ်ကြားချက်အရ ဂျပန်နိုင်ငံသို့ သွား ရောက်ဖျော်ဖြေရပါသည်။ ကော်ပီသီချင်းများကို ဂုဏ်သိက္ခာအရ သီဆိုတီးခတ်ရန်မကြိုးစားတော့ဘဲ ကိုလေးဖြူ ကြီိး ကို မသွားကာ ကိုငှက် (ကိုထူးအိမ်သင်) ၏ သမိုင်းဝင် သီချင်း ဧရာဝတီ ကို ရော့ခ်ဗားရှင်းဖြင့်ခမ်းခမ်းနားနားကြီး တီးခတ်တင်ပြခဲ့ကြပါသည်။ အာရှနိုင်ငံအများအပြားမှနံမည်ကြီးတီးဝိုင်းများလာရောက် ကြသည်ဖြစ်ရာ ကိုချစ်စမ်းမောင်တို့  IC Rock Band အား မြန်မာနိုင်ငံမှ သာမာန်တီးဝိုင်းအဆင့်လောက်ဘဲထင်မြင်ပြီး ကိုချစ်တို့  ဂစ်တာကြိုးတွေဘာတွေညှိကြတော့၊ အခြား ဖိလစ်ပိုင် တိုင်ဝမ်နိုင်ငံများမှ Rock Band များမှ အထင်အမြင် သေးချင်သည့်သဘောမျိုးလေးတွေ ပြကြပါသည်။ သီချင်းသည် သွားလေသူ ကိုငှက်၏ နှလုံးသားနှင့် ထုဆစ်ခဲ့ သော ဇာတိသွေးဇာတိမာန်တက်ကြွစေသည့် ဂန္ဓ၀င် သီချင်းတစ်ပုဒ်ဖြစ်သည့် ဧရာဝတီ (သို့ မဟုတ်) ရာဇ၀င်များ၏သတို့ သမီးဖြစ်ပါသည်။ Metallica ကြီး ကိုလေးဖြူ၏ အသံသြဇာကတော့ အထူး စာဖွဲ့ ဖို့ ပင်မလို ပါ။ မြန်မာနိုင်ငံကိုကိုယ်စားပြုပီး သီချင်းတစ်ပုဒ်တည်းကိုသာ တီးခတ်ဖျော်ဖြေခွင့်ရသည် ဆိုတော့ မြန်မာပြည်၏ဂစ်တာသူရဲကောင်း Entertaining Guitarist ကို ချစ်စမ်းမောင် ဘာတွေဘယ်လိုတီးပြသွားမည်ကို တော့ မှန်း ဆကြည့်ကြပါ။ ၆ကြိုးကဝေကြီး ပညာကုန်ထုတ်တော့မည်မှာ မြေကြီးလက်ခတ်မလွဲပင် ။
(အဲဒီ ဂျပန်ပွဲ အခွေလေးများ ဒီဖိုရမ်ထဲမှာ ဒီပို့ စ်ဖတ်ပြီး တင်ပေးမဲ့သူရှိရင်သိပ်ကောင်းမှာဘဲ၊ ) ^:)^
ပွဲပြီးတော့ အထင်အမြင်သေးချင်သည့်မျက်လုံးများဖြင့် ကြည့်ခဲ့ကြသော အခြားနိုင်ငံများမှ ဂစ်တာသမားများ ကိုချစ်စမ်းမောင် ကို မျက်လုံးအပြူးသားနှင့် တစ်လေးတစ်စား Congratulations ! လာလုပ်ရပါသည်။ အလေးလာပြုကြရပါသည်၊ မြန်မာ့ဂစ်တာကိုကမ္ဘာကသိအောင် ပြသနိုင်ခဲ့သဖြင့်အင်မတန်ဂုဏ်ယူဖွယ်ရာကောင်းလှပါသည်။

ကိုချစ်စမ်းမောင်ကြောင့်ဂစ်တာကိုင်ချင်စိတ်ကုန်ခမ်းသွားပြီိး ဂစ်တာကိုပစ်ချကာ မိုက်ကရိုဖုံးကိုင်လိုက်ရသည့်ဘ၀ ရောက်သွားသည့် ယနေ့  နံမည်ကြီိး Rocker တစ်ဦးရှိပါသည်။ ခေတ်လူငယ်တွေ၏အသဲစွဲ ကိုမျိုးကြီိး ဖြစ်ပါသည်။ ကိုမျိုးကြီးသည် မူလ က အဆိုတော်ကြီးအန်တီ ဒေါ်နွဲ့  ယဉ်ဝင်း၏ သားတော်မောင် ကို မျိုးမျိုးတို့ ၏ Ghost Rider Band တွင် Lead Guitarist တစ်ဦး ဖြစ်ခဲ့ပါသည်။ နောက်တော့ ကိုချစ်စမ်းမောင်နှင့်
တွေ့ ဆုံခင်မင်ကာ ကိုချစ်စမ်းမောင်ထံမှလည်း ဂစ်တာ ပညာများဆည်းပူးသင်ယူ ပြီးသည့် သကာလ ဆရာ ချစ်ကို နောက် ၁၀နှစ် လောက်ကြိုးစားတောင် လိုက်မမှီနိုင်တော့ပါဘူး၊ တော်ပါပြီ ဂစ်တာမတီးတော့ပါဘူး ၊ သီချင်းဘဲဆိုပါတော့မည် ဟု ဖြစ်သွားကာယနေ့ နံမည်ကြီိး ရော့ခ်ကာတစ်ယောက်ဘ၀သို့ အသွင်ပြောင်းရောက်ရှိသွားခဲ့ကြောင်း သိရှိ ရပါသည်။ IC ၏ နှစ်ပတ်လည် Live Show တွင် ကို မျိုးကြီးက ကိုချစ်စမ်းမောင်၏ Acoustic Guitar Solo Skill မပြသမီ ၊ ကျွန်တော့ကို လွန်ခဲ့တဲ့ ၁၀နှစ်ကျော်ကဂစ်တာသင်ပေးခဲ့တဲ့သူတစ်ဦးရှိပါတယ်။သူ့  ကိုကျွန်တော်က ဆရာ ချစ်လို့ ခေါ်ပါတယ် ၊ဆရာချစ်..! ဆိုပြီး ပရိတ်သတ်ကို မိတ်ဆက် ပေးခဲ့တာ ကြည့်ဖူးကြမှာပါ။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။