Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, January 27, 2016

ရန်ကုန်ဟာ လူမိုက် မြို့တော်လား



ရန်ကုန်မြို့သည် မြန်မာနိုင်ငံ၏ စီးပွားရေး မြို့တော်ဖြစ်သည်။ ဘ၀၀မ်းရေး အတွက်နဲ့ ဘ၀ရည်မှန်းချက် တိုးတက်မြင့်မားရေး အတွက် ရွှေ့ပြောင်း လုပ်ကိုင်သူများ အများဆုံး ဖြစ်သည်။ ရန်ကုန်မြို့သို့ ရွှေ့ပြောင်း လုပ်ကိုင်သူ အများစုမှာ လှိုင်သာယာတွင် နေထိုင်ကြသည်။

          လှိုင်သာယာတွင် စက်မှုဇုန် အများအပြား ရှိသည်။ လူဦးရေ ခုနစ်သိန်းကျော် နေထိုင်ကြသည်။ လူဦးရေ များပြားသလို ရာဇ၀တ်မှုတွေကလည်း များပြားလှသည်။ လူဆိုး၊ လူမိုက်များ ပေါသည့် မြို့နယ် အဖြစ် ထင်ရှားသည်။



          ည (၈) နာရီကျော်ရင် TAXI သမားများမှာ မလိုက်ချင်ကြပေ။ လုယက်မှုများပြားလှသည်။ လူမိုက်များ မွေးထားသော ကျောင်းသား (လူမိုက်များ၏ တပည့်များ) တွေက ဆက်ကြေး တောင်းကြသည်။ သမီးရည်းစား အတွဲတွေဆိုလျှင် ပစ္စည်းလု မိန်းကလေးများကို မုဒိမ်းကျင့်မှုများလည်း ကြားနေရသည်။ ရန်ကုန်လို တခြား မြို့နယ်များမှ ပြစ်မှုကျူးလွန်သူများသည် လှိုင်သာယာသို့ ထွက်ပြေး တိမ်းရှောင်မှုများ ရှိသည်။ အကြွေးတောင်းတာက အစ လူမိုက်ကို တောင်းခိုင်းသည်။ လှိုင်သာယာသည် လူမိုက်များ ကြီးစိုးနေသည်။ ဒေသခံ ပြည်သူများလည်း လုံခြုံမှုမရှိ။ လူမိုက်များ၏ ရန်ကိုကြောက်လန့် နေကြသည်။ စိုးရိမ်နေကြသည်။

          ''ကျူးကျော်နေတဲ့ သူတွေဆီကလည်း ဆက်ကြေးကောက်တယ်။ သူတို့လိုရင် တစ်မျိုး ၊ မလိုရင်တစ်မျိုး ဆက်ဆံတယ်။ ဒီလိုပဲ သည်းခံနေရတာပဲ'' ဟု လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းချောင်း အနီးတွင် နေထိုင်သူ အမျိုးသမီး တစ်ဦးက ဆိုသည်။

          ဖမ်းဆီး အရေးမယူမီ တစ်ပတ်အလိုတွင် လူမှုကွန်ရက် စာမျက်နှာပေါ်သို့ လူမိုက်ဟု ဆိုသူများကို ဓာတ်ပုံနှင့်တကွ ဖော်ပြခဲ့ကြသည်။

          ပြီးခဲ့သည့် သီတင်းပတ်ကလည်း လှိုင်သာယာ၊ အင်းစိန်နှင့် ရွှေပြည်သာ မြို့နယ်များတွင် နာမည်ကြီးနေသော လူမိုက်အဖွဲ့များကို စီမံချက်ဖြင့် ဖမ်းဆီး အရေးယူခဲ့သည်။

          ယင်းသို့ ဖမ်းဆီးရာတွင် နှစ်ရက်အတွင်း လူမိုက် ခေါင်းဆောင်ဟု ယူဆရသည့် အမျိုးသမီး တစ်ဦးအပါ  အ၀င် စုစုပေါင်း ကိုးဦးကို ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

          ''အခုလောလောဆယ်တော့ ခေါင်းဆောင်လို့ ယူဆရတဲ့ သူကိုးဦးကို ဖမ်းဆီးထားတယ်။ လွတ်မြောက် နေသေးတဲ့သူ ခြောက်ဦး ရှိသေးတယ်။ အဲဒီလူတွေ ဖမ်းဆီးနိုင်ဖို့ ဆက်လက် စုံစမ်းနေတယ်'' ဟု ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မူးရုံးမှ ရဲမူးတစ်ဦးက ပြောသည်။

          လူဆိုး လူမိုက်များကြောင့် ပြည်သူများမှာ ထိတ်လန့်နေကြရသည့် အပြင် တရားဥပဒေ စိုးမိုးရေးကို ထိခိုက်လာသည့် အတွက် စီမံချက်ဖြင့် ဖမ်းဆီးနေခြင်း ဖြစ်ကြောင်း သိရသည်။

          ဆက်ကြေး တောင်းခြင်း၊ အုပ်စုဖွဲ့ ရမ်းကားခြင်း၊ အခကြေးငွေ ရယူပြီး ဥပဒေနှင့် မညီညွတ်သည့် လုပ်ရပ်များ အပြင် မူးယစ်ဆေးဝါး ရောင်းချမှုများကိုပါ လူဆိုး လူမိုက်များက လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း လှိုင်သာယာမြို့နယ်တွင် နေထိုင်သူများက ပြောဆိုကြသည်။

          လက်ရှိ ဖမ်းဆီးထားသည့် လူမိုက် ကိုးဦးအား ပြစ်မှုပုဒ်မ ၅(ခ) (စ)(ဆ) ဖြင့် အမှုဖွင့်ကာ သက်ဆိုင်ရာ ရဲစခန်းများတွင် အရေးယူ စစ်ဆေးနေပြီး၊ ကျန်ရှိသည့် ခြောက်ဦးကိုလည်း အမြန်ဆုံး ဖမ်းဆီးနိုင်ရေး အတွက် စုံစမ်းနေကြောင်း သက်ဆိုင်ရာ ရဲစခန်းများထံမှ သိရသည်။

          ''လူဆိုးတွေ ဂိုဏ်းဖွဲ့ပြီး ပြစ်မှု ကျူးလွန်တာတော့ မရှိပါဘူး။ အခု ဖမ်းထားတဲ့ သူတွေကို ဂိုဏ်းဖွဲ့ထားတာတွေရှိ မရှိသေချာ စစ်ဆေးနေတယ်။ သူတို့ပြစ်မှုကျူးလွန်တယ် ဆိုရင်တော့ အရေးယူရမှာပေါ့'' ဟု လှိုင်သာယာ မြို့မရဲစခန်းမှ စခန်းမူး ဒုရဲမူးသန်းမြင့်ဦးက ပြောသည်။

          အဆိုပါ လူဆိုးဂိုဏ်းများနှင့် ပတ်သက်၍ သိရှိပါကလည်း မြို့မ ရဲစခန်းသို့ အမြန်ဆုံး အကြောင်းကြားပါက စစ်ဆေး ဖော်ထုတ် ဖမ်းဆီးသွားမည် ဖြစ်ကြောင်း ၎င်းကပြောသည်။

          ယင်းအပြင် မြို့နယ်အတွင်း နေထိုင်ကြသည့် ပြည်သူများ၊ သက်ကြီး ရွယ်အိုများ၊ အမျိုးသမီးများမှာလည်း နေ့စဉ်စိုးရိမ် ထိတ်လန့်နေရသည်ဖြစ်၍ သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းများ အနေဖြင့် လူဆိုးလူမိုက်များအား သေချာ ရှင်းလင်းဖယ်ရှားရန် လိုအပ်သည်။

          ''ဒီလို လူဆိုးလူမိုက်တွေ များနေတာ တရားဥပဒေ မစိုးမိုးလို့ပေါ့။ အုပ်ချုပ်ရေးပိုင်းက အားနည်းချက်တွေ ရှိနေလို့ပေါ့။ ဒါကြောင့် ထိရောက်တဲ့ ဥပဒေတွေကို အကောင်အထည်ဖော်ရမယ်'' ဟု လှိုင်သာယာမြို့နယ် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးနေလင်းက ပြောသည်။

          လှိုင်သာယာ မြို့နယ်အတွင်း တရားဥပဒေ စိုးမိုးရေးနှင့် ပြည်သူများ အေးချမ်းစွာ နေထိုင်နိုင်ရေး အတွက် လာမည့် အစိုးရသစ် လက်ထက်တွင် ထိရောက် ခိုင်မာသည့် ဥပဒေများကို အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း ဦးနေလင်းက သုံးသပ်ပြောသည်။

          လှိုင်သာယာ မြို့နယ်အတွင်း ပြီးခဲ့သည့် နှစ်အတွင်းက ရဲတပ်ဖွဲ့ဝင် အင်အားမှာ အရာရှိ (၂၄) ဦးနှင့် အခြား အဆင့် (၁၆၃) ဦးသာ ရှိသဖြင့် တရားဥပဒေ စိုးမိုးရေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ရဲတပ်ဖွဲ့ဝင် အချိုးအစား မညီမျှသဖြင့် အခက်အခဲ ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်တွင် လုံခြုံရေး ၀န်ကြီးက ပြောကြားထားသည်။

          သို့ဖြစ်၍ တရားဥပဒေ စိုးမိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် နယ်မြေ ရဲစခန်းကို ထပ်မံတည် ဆောက်သွားမည့် အပြင် ရဲတပ်ဖွဲ့ဝင် အင်အားကိုလည်း တိုးမြှင့်ချထားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

          လုံခြုံရေးဝန်ကြီးက ပြီးခဲ့သည့်နှစ် အတွင်း အထက်ပါ အတိုင်း ပြောကြားခဲ့သော်လည်း ယခုလက်ရှိ လှိုင်သာယာ မြို့နယ်သည် မှုခင်းဖြစ်ပွားမှု အများဆုံး ဖြစ်သည့် မြို့နယ် တစ်ခုဖြစ်သည့် အပြင် လူဆိုးလူမိုက်များ ကျင်လည် ကျက်စားနေသည့် နေရာ ဖြစ်နေခဲ့သည်။

          ထို့ကြောင့် လှိုင်သာယာ မြို့နယ်အနေဖြင့် တရားဥပဒေ စိုးမိုးမှု မရှိသည့် မြို့နယ်တစ်ခု ဖြစ်နေပြီး၊ လူဆိုးလူမိုက်များ အတွက် ငွေကြေးမြောက်မြားစွာ ရရှိနေသည့် ပျော်ရွှင်စရာ မြို့တော် ဖြစ်နေသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:Messenger

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။