Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, January 30, 2016

သစ်ပင်ကပဲ မချစ်တတ်တာလား၊ လေကပဲ ဇွဲကောင်းလို့လား

သစ်ပင်ကပဲ မချစ်တတ်တာလား၊ လေကပဲ ဇွဲကောင်းလို့လား
-------------------------------------------------------------------------
လေပြည်က သစ်ရွက်ကိုပိုးပန်းနေပါတယ်။ သစ်ရွက်နဲ့အတူ အပြင်လောကရဲ့ရောင်စုံအလှတွေသွားကြည့်မယ်လို့ ကတိပေးနေပါတယ်။
လေပြည်နဲ့အတူသွားဖို့ သစ်ရွက်လေးတွေဝေနေခဲ့လို့ သစ်ပင်ကိုအကြံဉာဏ်ပေးဖို့ သစ်ရွက်တောင်းဆိုခဲ့တယ်။

"နင်သာခွဲထွက်မသွားရင် ငါလည်း နင့်ကိုစွန့်လွှတ်မှာမဟုတ်ဘူး" လို့ သစ်ပင်ကဆိုတယ်။

ဒီလိုနဲ့တစ်နေ့မှာ လေပြည်ရဲ့ခေါင်းမာတင်းခံမှုက သစ်ရွက်လေးရဲ့ရင်ကို လှုပ်ခတ်နိုင်ခဲ့တယ်။ လေပြည်နဲ့အတူမျောလွင့်ဖို့ သစ်ရွက်လေး ဆုံးဖြတ်လိုက်တယ်။ ခွဲခွာမယ့်အခိုက်အတန့်မှာ သစ်ရွက်က သစ်ပင်ကိုမေးတယ်။

"သစ်ပင် ငါ့ကိုနေခဲ့ပါလို့ ဘာဖြစ်လို့ နင်မတားတာလဲ"

"လောကမှာ သစ်ရွက်က နင့်တစ်ရွက်တည်းရှိတာမှာ မဟုတ်တာ" တဲ့။ သစ်ပင်က မာနနဲ့ဆိုတယ်။

"ငါ့ကို နင်ဘာဖြစ်လို့ ပိုးပန်းတာလဲ လေပြည်" သစ်ရွက်က လေပြည်ကို မေးလိုက်တယ်။

"လောကမှာ ထပ်တူကျတဲ့သစ်ရွက်နှစ်ရွက်ဆိုတာ မရှိလို့ပါ"တဲ့ လေပြည်ကဖြေတယ်။

သစ်ပင်နဲ့ လေပြည်ရဲ့မတူတဲ့အဖြေနှစ်ခုက သစ်ရွက်လေးကို နှုတ်ဆိတ်သွားစေခဲ့တယ်။

သစ်ပင်က အချစ်ကို နားမလည်တာလား၊ ဒါမှမဟုတ် လေပြည်ကပဲ သိပ်ခေါင်းမာ ဇွတ်တရွတ်နိုင်တာပဲလား....

"ဘာဖြစ်လို့ ငါ့ကို နင်ခွဲသွားချင်တာလဲ" တဲ့...သစ်ပင်က သစ်ရွက်ကိုမေးတယ်။

"အပြင်လောကကို ငါသွားကြည့်ချင်လို့ပါ" သစ်ရွက်က တက်တက်ကြွကြွ ဖြေတယ်။

"ဘာဖြစ်လို့ ငါနဲ့အတူ နင်လိုက်ခဲ့တာလဲ" တဲ့...လေပြည်က သစ်ရွက်ကိုမေးတယ်။

"နင်က ငါ့ကို စိတ်ကူးအိပ်မက်တွေပေးပြီး ငါ့ကို ကျေနပ်လောက်စေလို့" လို့ သစ်ရွက်က ဝမ်းသားအားရဖြေတယ်။

လေပြည်နဲ့အတူမျောလွင့်ပြီး လောကကြီးကို သစ်ရွက်လေး တအံ့တသြကြည့်နေချိန်မှာ လေငြိမ်သွားပါတယ်။ သစ်ရွက်လေး မြေပြင်ပေါ်ဖြုတ်ခနဲပြုတ်ကျသွားခဲ့တယ်။ မျက်နှာချင်းဆိုင်ကလာတဲ့ ကားတစ်စီးဟာ သစ်ရွက်လေးအပေါ် ဖြတ်နင်းသွားခဲ့ပါတယ်။

သစ်ပင် နောင်တရမိပါတယ်။ သစ်ရွက်ကို မတားခဲ့မိတဲ့အတွက်၊ သစ်ရွက်ကို တင်းတင်းတွယ်နှောင်မထားမိတဲ့အတွက် နောင်တရမိပါတယ်။

လေပြည်က ဆက်လက်တိုက်ခတ်နေပါတယ်။ ဘာမှ မခံစားရသလိုနဲ့ ဆက်လက်တိုက်ခတ်နေပါတယ်။ နင့်ကို ငါကျေနပ်စေခဲ့ပြီ.. အဲဒီအတွက် နင်လည်းတစ်ခုခုတော့ ပေးဆပ်ရမှာပေါ့တဲ့...

သစ်ရွက်လေးက သစ်ပင်ရဲ့တန်ဖိုးကို နားမလည်တာလား၊ ဒါမှမဟုတ် လေပြည်ကပဲ ရက်စက်လွန်းနေတာလား..

-----

တစ်ခါတလေမှာ ငါတို့လည်း ဒီအတိုင်းပါပဲ။ ရှေ့တိုးမရ နောက်ဆုတ်မရတဲ့အခြေအနေရောက်မှ
ကိုယ်လက်လွှတ်လိုက်မိတဲ့အရာတွေက ကိုယ့်ဘဝထဲမှာ နောက်ထပ်တစ်ဖန်ပြန်မရ၊ ပြန်မဆုံနိုင်မှန်းကို သိရတယ်။

တကယ်လို့ စိတ်သာ မလှုပ်ရှားခဲ့ရင် လေပြည်လည်း ဘာမှတတ်နိုင်မှာမဟုတ်ဘူး။
စိတ်တည်ငြိမ်မှ ကိုယ့်စိတ်ရဲ့အသံကို ကိုယ်ပြန်ကြားနိုင်မှာ၊
စိတ်တည်ငြိမ်မှ အမှားအမှန်ကို ခွဲခြားသိနိုင်မှာဖြစ်တယ်။

လက်မလွှတ်ရက်ဘူးဆိုတဲ့အရာတိုင်းဟာ အဖိုးထိုက်တန်တဲ့အရာ မဟုတ်နိုင်သလို ပင်ပင်ပန်းပန်း လိုက်လံရှာဖွေတဲ့အရာတိုင်းကလည်း ဘဝရဲ့လိုအင်တွေ မဟုတ်ပါဘူး။

လူ့ဘဝရဲ့ခြေလှမ်းတွေဟာ အမြဲတမ်း အလောတကြီးနိုင်လွန်းတယ်၊ ကတိုက်ကရိုက်နိုင်လွန်းတယ်။ ပင်ပန်းတာတွေ၊ အလောကြီးတာတွေကို ခေတ္တခဏဘေးဖယ်ပြီး
တစ်ခါတလေမှာ ပတ်ဝန်းကျင်က ရှုခင်းတွေကိုလည်း ရပ်နားကြည့်ရှုခံစားသင့်ပါတယ်။
ပန်းပွင့်တာကို ခဏလောက် ဆိတ်ဆိတ်ငြိမ်ငြိမ် ထိုင်ပြီးကြည့်မယ်၊ ကန်ရေမျက်နှာပြင်လို ခဏလောက် တည်ငြိမ်ကြည့်မယ်၊ ငှက်ကလေးတွေရဲ့ တေးသီသံကို နားစွင့်ကြည့်မယ်၊ ကိုယ့်ရင်ခုန်သံကို ကိုယ်နားထောင်ကြည့်မယ်ဆိုတာမျိုးတွေလည်း လုပ်နိုင်ပါတယ်။

ဘာပဲရှုံးရှုံး ခံစားချက်တော့မရှုံးစေနဲ့တဲ့....
စိတ်ခံစားချက်ဆိုတာ ဘဝရဲ့အရာအားလုံးမဟုတ်ပေမယ့် ဘဝကို အကျဉ်းအကျပ်ထဲရောက်စေနိုင်ပါတယ်။
စိတ်ခံစားချက်ကောင်းရင် ဘာကိုပဲကြည့်ကြည့် မျက်စိပသာဒဖြစ်စေပြီး ဘာလုပ်လုပ် အဆင်ပြေနေရောတဲ့။
စိတ်ခံစားချက်မကောင်းရင် ဘာကိုပဲကြည့်ကြည့် မျက်စိစူးစေပြီး ဘာလုပ်လုပ် အကုန်ရှုပ်ကုန်ရောတဲ့။
စိတ်သာမလှုပ်ရှားရင် လေပြည်လည်း တိုးနိုင်မှာမဟုတ်ပါဘူး။
---

http://www.52114.org/weixintuwen/xinlingjitang/58/285190.html ကို ဆီလျော်သလို ဘာသာပြန်ရေးမျှဝေပါတယ်။

နိုင်းနိုင်းစနေ (Nov. 10 . 2014)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။