Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, January 26, 2016

နော်ဝေးဂျီးယန်း ဆင်ဖိုနစ် ဘလက်မက်တယ်လ် မာစတာများ နဲ့ Dimmu Borgir

နော်ဝေးဂျီးယန်း ဆင်ဖိုနစ် ဘလက်မက်တယ်လ်
မာစတာများ နဲ့ Dimmu Borgir
…………………………………………………………………………

စကင်ဒီနေဗီးယန်း နိုင်ငံများ ထဲမှာ ပါဝင်တဲ့ နော်ဝေ နိုင်ငံက ဆင်ဖိုနစ် ဘလက်မက်တယ် တီးဝိုင်း Dimmu Borgir တီးဝိုင်း ဆိုရင် Extreme မက်တယ်လ် အသိုင်းအဝန်းမှာတော့ ချန်ထားဖို့ ခက်ခဲသလို ပြင်းထန်ကြမ်းတမ်း ပေါက်ကွဲလွန်း တဲ့ ဘလက်မက်တယ်လ် တီးဝိုင်း အဖြစ်လည်း မက်တယ်လ် အသိုင်းအဝန်း မှာ ဖော်ပြပေးလေ့ ရှိပါတယ်။

အထူးသဖြစ် ဒီတီးဝိုင်းဟာ extreme မက်တယ်လ် အရောရောအနှောနှော တွေနဲ့ ဘလက်မက်တယ်လ် ပုံစံဘော်ဒီကို အထိုင်ချ ထားခဲ့ပြီး brutal ပိုဖြစ်တဲ့ ဘက်ကို ယိမ်းယိုင်မှု များတဲ့ တီးဝိုင်းလို့ပဲ ပြောရမှာပဲဖြစ်သလို သူတို့ရဲ့ ဂျင်နရေးရှင်း ပေါင်းစပ်မှု တွေနဲ့ ၉၄' နောက်ပိုင်း အယ်ဘမ်တွေက စလို့ Orchestra တီးဝိုင်း သံစဉ် များကို ပေါင်းစပ် လာခဲ့တဲ့ အတွက် Dimmu Borgir တို့ဟာ Symphonic Black Metal, Symphonic မက်တယ်လ်
ပုံစံများ မှာ အရေးပါလွန်းခဲ့တဲ့ တီးဝိုင်းတစ်ဝိုင်းဖြစ်ခဲ့တယ် ဆိုရင်လည်း ဒါဟာ မေးခွန်းတောင်မေးစရာ မလိုပါဘူး လို့မက်တယ်လ် ဆိုဒ်တွေမှာ ပြောလေ့ရှိခဲ့တာပါပဲ။

နော်ဝေ နိုင်ငံ အော်စလိုမြို့ အခြေစိုက်ဖြစ်တဲ့ Dimmu Borgir (အင်္ဂလိပ်လို ဆိုရင်တော့ Dark Fortresses, Dark Cities) တို့ဟာ ၁၉၉၃ လောက်ထဲက နော်ဝေ နိုင်ငံရဲ့ အန်ဒါဂရောင်း မြင်ကွင်းထဲမှာ ကျင်လည်ဖြန်သန်း နေခဲ့ကြသလို သူတို့ရဲ့ ဟီရိုး ဝိုင်းတွေဖြစ်တဲ့ Extreme မာစတာ တွေထဲက Celtic Frost, Venom, Bathory, Immortal, Mayhem, Emperor တို့အပြင် အင်္ဂလန် ရဲ့ ဂန္တဝင် ဟဲဗီးမက်တယ်လ် တီးဝိုင်း Iron Maiden တို့ရဲ့ ဂီတ ပုံစံတွေကို ကာဗာ ပြန်ဆိုလိုက် ပေါင်းစပ် လိုက် နဲ့ ကျင်လည်နေခဲ့ကြတာပဲဖြစ်ပါတယ်။

အဲဒီအချိန်မှာ သူတို့ရဲ့ အဓိကမြူးစစ် ဒါရိုက်ရှင် ကတော့ black metal ဆီကို သွားထားခဲ့ကြ တာပါပဲ။ သူတို့ဟာ ထုတ်ဝေခြင်း မလုပ်ခဲ့ တဲ့ ကက်ဆက်တိပ် နဲ့ တစ်ခွေစာ အသံသွင်း ခဲ့ကြပြီး ဓတ်ပြားတိုက် တွေနဲ့ ချိတ်ဆက် နေခဲ့ကြရာကနေ ၉၄' မှာတော့ Dimmu Borgir တို့ရဲ့ ဘလက်မက်တယ်လ် ပုံစံများနဲ့ ပွဲဦးထွက် အယ်ဘမ် For All Tid (၁၉၉၄) ကို စတင်ဖြန့်ချိနိုင်ခဲ့ပါတယ်။ တီးဝိုင်းရဲ့ ဦးဆောင်လူ နဲ့ အဆိုတော် ဖြစ်တဲ့ Shagrath ဟာ အဲဒီအယ်ဘမ် မှာထဲက သူ့တို့ရဲ့ မြူးစစ် ဒါရိုက်ရှင် ကို သိပ်ကျေနပ်မူ မရှိခဲ့သလို တီးဝိုင်းက လည်း လူအပြောင်းအလဲ တွေဖြစ်လာခဲ့ပါတယ်။ ဒါဟာ အဲဒီအချိန် နော်ဝေ ဘလက်မက်တယ်လ် မီးတောက်ထဲကို ဆီပိုလောင်းပေး လိုက်သလို ဖြစ်လာခဲ့ပြီး နိုင်ငံတစ်ကာ မက်တယ်လ် အသိုင်းအဝိုင်း ကပိုမို အာရုံစိုက် လာစေခဲ့တာပဲဖြစ်ပါလိမ့်မယ်

လူအပြောင်း အလဲတွေနဲ့ အတူ Dimmu တို့ရဲ့ ဒုတိယ အယ်ဘမ် Stormblast (၁၉၉၆)ဟာ ထူးခြားမှုတွေရှိလာခဲ့ပြီး ကြေကွဲဝမ်းနည်းဖွယ် ကောင်းတဲ့ စန္တယားသံတွေ တစ်ယော သံတွေ နဲ့အတူ ခြောက်ခြားဖွယ် ကောင်းတဲ့ ဒရမ်သံ ခပ်အုပ်အုပ် တွေရဲ့ ပေါင်းစပ်မှု တွေကြောင့် သူတို့ရဲ့ ပုံစံဟာ melodic black metal ဟန်ထဲကို ရောက်လာခဲ့ သလို နားထောင်သူ ပရိတ်သတ်တွေကိုလည်း ဖမ်းစားသွားနိုင်ခဲ့ပါတယ်။ဒါကို အဲဒီအယ်ဘမ် ထဲက Sorgens Kammer မှာ ရှည်လျှားတဲ့ ပီယာနို သံတွေ KB သံတွေ မရဏ ခေါင်းလောင်းသံတွေ နဲ့အတူ တစ်ယောသံ တွေ နဲ့ပဲ instrumental ဖန်တီးထားတာ ဟာ ခြောက်ခြား ကြေကွဲဖွဲရာ ဖြစ်နေတာကို ခံစားမိစေမှာပါ။ ဒီအယ်ဘမ် ကိုတော့ ၂၀၀၄ မှာ Stormblast MMV ဆိုပြီး စတူဒီယို ပြန်ဝင်ခဲ့သလို ခုနှစ်ချပ်မြောက်အယ်ဘမ် အဖြစ်၂၀၀၅ မှာ ပြန်လည် ထုတ်ဝေ ထားခဲ့ပါတယ်။

၉၇' မှာတော့ Dimmu Borgir တို့ဟာ သူတို့ကို အောင်မြင်လာစေမယ့် စကင်ဒီနေဗီးယန်း မက်တယ်လ် မြင်ကွင်းမှာ အရေးပါလွန်းခဲ့တဲ့ သုံးချပ်မြောက် အယ်ဘမ် Enthrone Darkness Triumphant (၁၉၉၇) ကိုဖြန်ချိထားခဲ့ပါတယ်။ ဒီအယ်ဘမ်ဟာ မှာ သူတို့ဟာ ပိုမိုပြင်းထန်လာ
ခဲ့ပြီး အဆိုတော် Shagrath ဟာ မယ်လိုဒစ်ရှ် ဘလက်ဒရှ် ပုံစံတွေနဲ့ အတူ စူးရှကျယ်လောင် တဲ့ အော်ဟစ်သံတွေ death growls တွေကိုပါ တွဲဆို လာခဲ့တဲ့အပြင် ဘေ့စ်ဂစ်တာသမားအသစ် ဖြစ်တဲ့ Nagash က clean ဆန်ဆန်ပုံစံတွေ ကိုပါ တွဲဖက် ဘက်ကင် လိုက်ပေးခဲ့သလို Stain Aarstad က ဆင်သိုက်ဇာ, ပီယာနို နဲ့ KB တွေ ကိုသုံးပြီး ပေါင်းစပ်မှု တွေ လုပ်လာခဲ့ပြီး ပထမဦးဆုံး တစ်ခွေလုံး အင်္ဂလိပ်လို
သီဆို ထားခဲ့တဲ့ အတွက် အင်္ဂလန် နဲ့
ယူအက်စ် ဘက်တွေထိပါ သူတို့ကို ပိုမိုသတိထားမိစေလာခဲ့ပါတော့တယ်။ ဒီအယ်ဘမ် ရဲ့ အဖွင့် သီချင်း Mourning Palace ကို ဖွင့်လိုက်တာနဲ့ ဟဲဗီးဖြစ်လွန်းတဲ့ ဒီစတောတဒ် ဂစ်တာသံတွေ tremolo picking တွေ, double bass ဒရမ်ရိုက်ချက် တွေ နဲ့အပြိုင် တစ်ယောသံတွေ တောက်လျှောက်
လိုက် နေတာတွေ အပြင် မယ်လိုဒစ် black/death နဲ့ အဆိုပုံစံ တွေကို တစ်ပြိုင် နက်ခံစားရမှာ ပါ။

99' မှာ ထွက်ရှိခဲ့ တဲ့ လေးချပ်မြောက် အယ်ဘမ် ဖြစ်တဲ့ Spiritual Black Dimensions မှာတော့ Dimmu Borgir တို့ဟာ symphonic black metal ဘက်ကို လုံဝ ပြောင်းလာခဲ့ပြီး အသစ်ဝင်လာတဲ့ ဘေ့စ် ဂစ်တာသမား I.C.S. Vortex ဟာ အဆိုတော် Shagrath ရဲ့ စူးရှတဲ့ မန်ဖီဟိန်းဟောက် ညဉ်းညူ သံတွေ နဲ့အတူ clean တွေကို တွဲဆိုလာခဲ့သလို KB နဲ့ Orchestral သံတွေကို ပိုမိုအသုံးပြု ဖန်တီးလာ ခဲ့ပြီး ဒါဟာ Dimmu Borgir တို့ရဲ့ ရေးပါတဲ့ အဓိက မြူးစစ် ဒါရိုက်ရှင် ဖြစ်လာခဲ့သလို အဲဒီအယ်ဘမ် နောက်ပိုင်းတွေဟာ အဲဒီ လမ်းကြောင်း အတိုင်း ဆက်သွားထားခဲ့တာ ဖြစ်ခဲ့ပါတယ်။

အောင်မြင်လာခဲ့ပြီ ဖြစ်တဲ့ Dimmu Borgir တို့ဟာ နောက်ပိုင်းမှာတော့ KB လိုင်း တွေ နေရာမှာ Orchestral တီးဝိုင်းအစစ် တွေကို ငါးချပ်မြောက် အယ်ဘမ် မှာ အသုံးပြု လာခဲ့ပြီး Dimmu တို့ရဲ့ အပြောင်မြောက်ဆုံး လက်ရာ (masterpiece) ဖြစ်တဲ့ ခြောက်ချပ်မြောက် အယ်ဘမ် Death Cult Armageddon (၂၀၀၃) ကိုဖြန့်ချိ ထားခဲ့ပါတော့တယ်။ black,death,thrash,industrial,symphonic မက်တယ်လ် ပုံစံ ပေါင်းစပ် မှုများနဲ့ ဒီခြောက်ချပ် မြောက် အယ်ဘမ်ဟာ သူတို့အတွက်တော့ အအောင်မြင်ဆုံး အနေအထားဆီကို ပို့ဆောင်ပေးခဲ့သလို ၂၀၀၄ ခုနှစ် ozzfest ရှိုးပွဲမှာ နံမည်ကြီး ဂန္တဝင် တီးဝိုင်းတွေဖြစ်တဲ့ Black Sabbath, Judas Priest, Slayer တို့နဲ့အတူ မိန်းစတိတ်စင် မှာ ဖြေဖျော်ခွင့်ရခဲ့ သလို us heatseekrs chart မှာ နံပတ် ၇, Independent chart မှာ နံပတ် ၁၀ နဲ့ us billboard ၂၀၀ chart မှာ ၁၆၉ ထိ ဝင်ရောက်နိုင်ခဲ့ပြီး ဥရောပ နိုင်ငံ တွေရဲ့ chart တွေမှာပါ နေရာမြင့်မြင့်တွေ ချိတ်ထား နိုင်တဲ့ အထိအောင်မြင်လာခဲ့တာပါ။

ရှည်လျှားခဲ့တဲ့ သူတို့ဂီတ သက်တမ်းမှာ လူအပြောင်းအလဲ တွေရှိခဲ့ပေမယ့် အဆိုတော် နဲ့ တူရိယာ တော်တော် မ် ားမ် ားတီးနိုင္တဲ့ ဦးဆောင်လူ Shagrath, ရစ်သမ် ဂစ်တာနဲ့ ဘက်ကင်း တွေဆိုတဲ့ Silenoz, လိဒ် ဂစ်တာ သမား Galder တို့ကတော့ လက်ရှိအချိန်ထိ ပါဝင်နေဆဲပဲဖြစ်သလို ရိုးပွဲတွေ မှာတော့ Daray (ဒရမ်), Cyrus (ဘေစ့်), Gerlioz (ကီးဘုတ်, ဆင်သိုက်ဇာ) တွေကို တီးခတ်ကြလေ့ရှိပါတယ်။ နောက်ပိုင်း ထွက်တဲ့ ရှစ်ချပ်မြောက် အယ်ဘမ် In Sorte Diaboli (၂၀၀၇) ဟာလည်း Extreme မက်တယ်လ် ပေါင်းစပ်မှု များနဲ့အတူ ဆင်ဖိုနစ် ဘလက်မက်တယ်လ် ပုံစံ တွေဆီကိုပဲ သွားထားခဲ့တာပဲဖြစ်ပါတယ်။

Dimmu Borgir တို့ နောက်ဆုံးထွက် ရှိခဲ့တဲ့ Abrahadabra (၂၀၁၀) မှာ Max Cavalera (Sepultura,Soulfly), ဆွီဒင်က နံမည်ကြီး ပရိုဂျူ ဆာ ဖြစ်တဲ့ Fredrik Nordstrom (At the Gates, In Flames, Opeth, Arch Enemy, Soilwork, Dark Tranquillity အယ်ဘမ် တွေရဲ ပရိုဂျူ ဆာ) တို့က ပရိုဂျူ ဆာ များအဖြစ် ပါဝင်ပေးထားခဲ့သလို London Philharmonic Orchestral တီးဝိုင်း နဲ့ တွဲဖက် အသံသွင်း ထားခဲ့တဲ့ အမိုက်စား အယ်ဘမ် ဖြစ်တာပါ။

ဒီနှစ် ၂၀၁၆ ထဲမှာတော့ သူတို့ရဲ့ ဆယ်ချပ်မြောက် အယ်ဘမ် အသစ်ဟာ ထွက်ရှိလာဖို့ အဆင်သင့် ဖြစ်နေခဲ့ပြီး SSFS ရဲ့ အကြမ်းစား မက်တယ်လ် တွေကိုမှ ကြိုက် နှစ်သက်သူများ အတွက် အပြင်းဆုံး extreme မက်တယ်လ် ဂျင်နရေးရှင်း ပေါ့င်းစပ် မှုများနဲ့ ဆင်ဖိုနစ် ဘလက်မက်တယ်လ် တီးဝိုင်း Dimmu Borgir ကို မိတ်ဆက်ပေးရင်း သူတို့ရဲ့ နောက်ဆုံး ထွက်ရှိထားတဲ့ အယ်ဘမ် နှစ်ချပ် ဖြစ်တဲ့ In Sorte Diabolia (၂၀၀၇) နဲ့ Abrahadabra (၂၀၁၀) အယ်ဘမ် တွေကို ဒေါင်းဖို့လင့်ပေးထားပါတယ်။

…\ထွဋ်/…

ခင်သောမင်သော
စေကာ္ပီယံမ် ား

DL : http://www.mediafire.com/download/3wb1petq3os7o1s/Dim10.rar

DL : http://www.mediafire.com/download/reze97c4rra985p/Dim07.rar

**p.s. The stuffs we share on this page are not owned by us. Just for review. Please buy original CDs and support the artists if you love their creation & inspiration. Thanks! **

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။