နိဗ္ဗာန် သို့ ချည်းကပ်ခြင်း !
----
ဗုဒ္ဓအအလိုတော်အားဖြင့် ဒုက္ခ၏ အဆုံးဟု ဆိုလိုသော နိဗ္ဗာန်သည် ဒဏ္ဍာရီဆန်သော ( ဝါ ) ထင်ရှားမရှိသော အရာ မဟုတ်ပေ ။ ထိုနိဗ္ဗာန်သည် ကောင်းကင် ( ဝါ ) နတ်ဘုံနတ်နန်း ( ဝါ ) ဖန်ဆင်းရှင်၏ မဟာဝိညာဉ်တော်ကဲ့သို့ မဟုတ်ပေ ။ နိဗ္ဗာန်သည် ပဋိသန္ဓေ နေရမှုများနှင့် ထိုပဋိသန္ဓေ၏ အကြောင်းတရားများ လုံးဝ ချုပ်ငြိမ်းသွားခြင်းကို ဆိုလိုသည် ။
ပဋိစ္စသမုပ္ပါဒ်တရားတော်ထဲ၌ အဆုံးမရှိသည့် ပဋိသန္ဓေများနှင့် ယင်းတို့၏ အတူဖြစ်ဖက်တရားများကို ဖြစ်ပေါ်စေသည့် အကြောင်းတရားများ တွေ့ရှိရပေမည် ။ ထို့ပြင် ထိုအကြောင်းတရားများ ချုပ်ငြိမ်းသွားခြင်းသည် အဆုံးမရှိသော ပဋိသန္ဓေနေမှုများနှင့် ယင်းတို့နှင့်အတူ ဖြစ်ဖက်တရားများ လုံးဝ ချုပ်ငြိမ်းသွားခြင်းကို မည်ကဲ့သို့ ကျေးဇူးပြု ( အကျိုးတက်ရောက်စေ ) ကြောင်းကို စာရှုသူတို့တွေ့ရှိရပေမည် ။ ဤအကြောင်းတရားများ ပဋိသန္ဓေနေမှုများနှင့် ယင်းတို့၏ အတူဖြစ်ဖက်တရားများ ချုပ်ငြိမ်းသွားခြင်းသည် နိဗ္ဗာန်ပင် ဖြစ်သည် ။
နိဗ္ဗာန်နှင့် နိဗ္ဗာန်ရောက်ကြောင်းတရားလမ်းကို တွေ့ရှိကြသော ဘုရားရှင်တို့သည် မကြာခဏ ပွင့်ပေါ်တော်မူကြသည်မဟုတ် ။ ဘုရားရှင်များ ပွင့်ပေါ်တော်မူသောအခါမှာပင်
ဘုရားရှင်တို့သည် လွန်စွာနည်းပါးပြီး တစ်ဆူနှင့် တစ်ဆူအကြား
အလွန်ကွာဝေးလှ၏ ။ သစ္စာတရားကို မသိမှု အဝိဇ္ဇာသည် အလွန်ပင်
ထုထည်ကြီးမားအားကောင်းလှသော ကြောင့် သတ္တဝါ အနည်းငယ်မျှသာ ဘုရားရှင်တို့၏ နိဗ္ဗာန်နှင့် နိဗ္ဗာန်ရောက်ကြောင်းလမ်းဆို င်ရာ
တရားတော်ကို လက်ခံနိုင်ကြပေသည် ။ မရေမတွက်နိုင်သည့် စကြာဝဠာအားလုံး၌
မဲဆန္ဒများကို ယူရလျှင် ဘုရားရှင်တို့၏ နိဗ္ဗာန်ရောက်ကြောင်းလမ်းဆို င်ရာ
တရားတော်ကို ထောက်ခံသူတို့သည် တစ်စုံတစ်ယောက်၏ လက်ဝါးပေါ်ရှိ မြူမှုန်
အနည်းငယ်နှင့် တူပေလိမ့်မည် ။ ယင်းတို့ကို ဆန့်ကျင်သည့် ပုဂ္ဂိုလ်တို့ကား
စကြာဝဠာအားလုံးရှိ မြူမှုန်များနှင့် တူပေလိမ့်မည် ။
ပိုမို အသက်ရှည်ရန် အသက်ရှင်နေထိုင်ရန် ပျော်ရွှင်စွာ ခံစား စံစားနိုင်ရန် လိုချင်တောင်းတမှုသည် အလွန်ပင် အားကောင်းလှသောကြောင့် ထာဝရ ကောင်းကင်ဘုံ ထာဝရဘဝနှင့် ထာဝရ ချမ်းသာဟူသော အယူအဆသည် အလွန်အမင် များပြားလှသည့် သတ္တဝါအများစုကို အကြိုက်တွေ့စေသည် ။ ဤသတ္တဝါအများစုကြီးအဖို့ ( ဒုက္ခ၏ ချုပ်ငြိမ်းမှု ပဋိသန္ဓေနေမှုနှင့် ယင်း၏ အကြောင်းတရားများ ချုပ်ငြိမ်းမှု ) ဟူသော နိဗ္ဗာန်ကိုမူကား ထာဝရ အမိုက်မှောင်ကြီးသို့ အဆုံးစီရင်မှုဟူသော ထာဝရ သေသွားမှု အဖြစ်ဖြင့် ယူဆလေသည် ။
ထိုအယူအဆနှင့် ဆန့်ကျင်လျက် ဘုရားရှင် ဟောကြားထားချက်များ ရှိနေငှားလည်း ဗုဒ္ဓဘာသာဝင် အချို့ထဲမှာပင် နိဗ္ဗာန်ကို ထာဝရဘဝ ထာဝရချမ်းသာတည်ရာ ထာဝရကောင်းကင်ဘုံ ဟု ဟောကြားရေးသားလိုသည့် သဘောထားများ ရှိကြသေးသည် ။ ဘုရားရှင်သည် ဓမ္မစက္ကပဝတ္တနသုတ် ( ဓမ္မစကြာ ) မည်သော ကိုယ်တော်၏ ပထမဆုံး သုတ်တရားတော်ထဲ၌ အတိအကျဆုံးသော ဧကဝုစ်စကားတို့ဖြင့် မိမိ၏ ပဋိသန္ဓေသည် ကုန်ဆုံးလေပြီ ။ စုနေပြီးနောက် မိမိအတွက် နောက်ထပ်ဘဝ ရှိတော့မည်မဟုတ်ဟု ကြေငြာမိန့်ကြားပြီးဖြစ်၏ ။ ထိုအချက်သည် အထင်အရှားရှိနေပါလျက် စုတေပြီး ဘုရားရှင် ရဟန္တာများ အားလုံးသည် ထာဝရဘဝ ထာဝရချမ်းသာကို ခံစားလျက် နိဗ္ဗာန်၌ ယခုရှိနေကြ၏ ဟု အယူအဆများကို ဖြန့်ချီနေကြသည့် ဗုဒ္ဓဘာသာဝင်အချို့ ရှိနေကြသေးသည်ကို တွေ့မြင်ရသည်မှာ လွန်စွာ အံသြဖွယ်ရာပင် ဖြစ်လေတော့၏ ။
#htoohtoolay
myothetzaw23.blogspot.com
----
ဗုဒ္ဓအအလိုတော်အားဖြင့် ဒုက္ခ၏ အဆုံးဟု ဆိုလိုသော နိဗ္ဗာန်သည် ဒဏ္ဍာရီဆန်သော ( ဝါ ) ထင်ရှားမရှိသော အရာ မဟုတ်ပေ ။ ထိုနိဗ္ဗာန်သည် ကောင်းကင် ( ဝါ ) နတ်ဘုံနတ်နန်း ( ဝါ ) ဖန်ဆင်းရှင်၏ မဟာဝိညာဉ်တော်ကဲ့သို့ မဟုတ်ပေ ။ နိဗ္ဗာန်သည် ပဋိသန္ဓေ နေရမှုများနှင့် ထိုပဋိသန္ဓေ၏ အကြောင်းတရားများ လုံးဝ ချုပ်ငြိမ်းသွားခြင်းကို ဆိုလိုသည် ။
ပဋိစ္စသမုပ္ပါဒ်တရားတော်ထဲ၌ အဆုံးမရှိသည့် ပဋိသန္ဓေများနှင့် ယင်းတို့၏ အတူဖြစ်ဖက်တရားများကို ဖြစ်ပေါ်စေသည့် အကြောင်းတရားများ တွေ့ရှိရပေမည် ။ ထို့ပြင် ထိုအကြောင်းတရားများ ချုပ်ငြိမ်းသွားခြင်းသည် အဆုံးမရှိသော ပဋိသန္ဓေနေမှုများနှင့် ယင်းတို့နှင့်အတူ ဖြစ်ဖက်တရားများ လုံးဝ ချုပ်ငြိမ်းသွားခြင်းကို မည်ကဲ့သို့ ကျေးဇူးပြု ( အကျိုးတက်ရောက်စေ ) ကြောင်းကို စာရှုသူတို့တွေ့ရှိရပေမည် ။ ဤအကြောင်းတရားများ ပဋိသန္ဓေနေမှုများနှင့် ယင်းတို့၏ အတူဖြစ်ဖက်တရားများ ချုပ်ငြိမ်းသွားခြင်းသည် နိဗ္ဗာန်ပင် ဖြစ်သည် ။
နိဗ္ဗာန်နှင့် နိဗ္ဗာန်ရောက်ကြောင်းတရားလမ်
ပိုမို အသက်ရှည်ရန် အသက်ရှင်နေထိုင်ရန် ပျော်ရွှင်စွာ ခံစား စံစားနိုင်ရန် လိုချင်တောင်းတမှုသည် အလွန်ပင် အားကောင်းလှသောကြောင့် ထာဝရ ကောင်းကင်ဘုံ ထာဝရဘဝနှင့် ထာဝရ ချမ်းသာဟူသော အယူအဆသည် အလွန်အမင် များပြားလှသည့် သတ္တဝါအများစုကို အကြိုက်တွေ့စေသည် ။ ဤသတ္တဝါအများစုကြီးအဖို့ ( ဒုက္ခ၏ ချုပ်ငြိမ်းမှု ပဋိသန္ဓေနေမှုနှင့် ယင်း၏ အကြောင်းတရားများ ချုပ်ငြိမ်းမှု ) ဟူသော နိဗ္ဗာန်ကိုမူကား ထာဝရ အမိုက်မှောင်ကြီးသို့ အဆုံးစီရင်မှုဟူသော ထာဝရ သေသွားမှု အဖြစ်ဖြင့် ယူဆလေသည် ။
ထိုအယူအဆနှင့် ဆန့်ကျင်လျက် ဘုရားရှင် ဟောကြားထားချက်များ ရှိနေငှားလည်း ဗုဒ္ဓဘာသာဝင် အချို့ထဲမှာပင် နိဗ္ဗာန်ကို ထာဝရဘဝ ထာဝရချမ်းသာတည်ရာ ထာဝရကောင်းကင်ဘုံ ဟု ဟောကြားရေးသားလိုသည့် သဘောထားများ ရှိကြသေးသည် ။ ဘုရားရှင်သည် ဓမ္မစက္ကပဝတ္တနသုတ် ( ဓမ္မစကြာ ) မည်သော ကိုယ်တော်၏ ပထမဆုံး သုတ်တရားတော်ထဲ၌ အတိအကျဆုံးသော ဧကဝုစ်စကားတို့ဖြင့် မိမိ၏ ပဋိသန္ဓေသည် ကုန်ဆုံးလေပြီ ။ စုနေပြီးနောက် မိမိအတွက် နောက်ထပ်ဘဝ ရှိတော့မည်မဟုတ်ဟု ကြေငြာမိန့်ကြားပြီးဖြစ်၏ ။ ထိုအချက်သည် အထင်အရှားရှိနေပါလျက် စုတေပြီး ဘုရားရှင် ရဟန္တာများ အားလုံးသည် ထာဝရဘဝ ထာဝရချမ်းသာကို ခံစားလျက် နိဗ္ဗာန်၌ ယခုရှိနေကြ၏ ဟု အယူအဆများကို ဖြန့်ချီနေကြသည့် ဗုဒ္ဓဘာသာဝင်အချို့ ရှိနေကြသေးသည်ကို တွေ့မြင်ရသည်မှာ လွန်စွာ အံသြဖွယ်ရာပင် ဖြစ်လေတော့၏ ။
#htoohtoolay
myothetzaw23.blogspot.com
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။