Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, January 27, 2016

သင့်စိတ်ထဲမှာအမှိုက်လာသွန်ခြင်း။

သင့်စိတ်ထဲမှာအမှိုက်လာသွန်ခြင်း။

တနေ့မှာ လူတယောက်ဟာ အထုပ်ကြီးတခုကို ပုခုံးမှာထမ်းပြီး အိမ်ထဲဝင်လာတယ်။.ပြီးတော့ ဘာမပြော ညာမပြောနဲ့ အထုပ်ကြီးထဲက ပစ္စည်းတွေကို ညေ့်ခန်ကကြမ်းပြင်ပေါ်ကို သွန်ချလိုက်တယ်။ ထွက်ကျလာတာတွေက ဘာတွေလဲဆိုတော့ အမှိုက်သရိုက်တွေပါ။ ဒီတော့ သင်ဘာလုပ်မလဲ။ "ဟေ့ လူ ဒါဘာလုပ်တာလဲ။ အဲဒီအမှိုက်တွေကို ချက်ခြင်းပြန်ကောက်လိုက်။ မကောက်ဘူးဆိုရင်တော့ မင်းကိုငါ သတ်ပစ်မယ်ဆိုပြီး ဓါးဖြစ်ဖြစ် သေနတ်ဖြစ်ဖြစ် သွားယူပါလိမ့်မယ်။

အဲဒီလူကလဲ ချက်ခြင်းပဲ အမှိုက်တွေကို အိပ်ထဲပြန်ထဲ့တယ်။ အမှိုက်တစ မကျန်အောင် သေချာကောက်ပြီးထဲ့တယ်။ ဒါတင် မကသေးပဲ သူ့ဘောင်းဘီအိပ်ထဲက အဝတ်စတခုကို ဆွဲထုတ်ပြီး ကြမ်းကို သေချာပြောင်အောင် ပြန်သုတ်ပေးတယ်။ ပြီးတော့ ဘာစကားမှ မပြောပဲ အိမ်ပြင်ကို သူ့အမှိုက်ထုပ်ကြီးတမ်းပြီး ပြန်ထွက်သွားတယ်။ ကြမ်းပေါ်မှာအမှိုက်သရိုက် အစအနလေး တစက်တောင်မကျန်ခဲ့ဘူး။ ကြမ်းဟာ အရင်အတိုင်း ပြန်ဖြစ်သွားပေမဲ့ သင့်ရဲ့စိတ်အခြေအနေကတော့ အရင်လိုမဟုတ်တော့ပါဘူး။ ဒီအကြောင်းကို တနူံ့နူံ့နဲ့ ပြန်စဉ်းစားပြီး ဒေါသထွက်နေလိမ့်မယ်။ နောက်တနေ့မှာ သင့်ရဲ့သူငယ်ချင်းတွေကို အရူးတယောက်ဟာ သင့်အိမ်ထဲ ဝင်လာပြီး အမှိုက်တွေ သွန်ချသွားတယ်ဆိုတာ အတန်ကြာအောင် ပြောပြနေပါလိမ့်မယ်။

ဒီအဖြစ်မျိုးကြုံဖူးသလားလို့ မေးရင် အားလုံးကမကြုံဖူးပါဘူးလို့ ဖြေကြပါလိမ့်မယ်။ မှန်ပါတယ်။ သင့်အိမ်ထဲ အမှိုက်လာပုံသွားတာ မကြုံဖူးကြပေမဲ့ သင့်စိတ်ထဲကို နေ့စဉ်အမှိုက်လာသွန်နေတာတွေကိုတော့ သင်သတိထားမိမှာ မဟုတ်ပါဘူး။ ဘယ်လို အမှိုက်မျိုးတွေလဲ။ သင့်ကို သူများအကြောင်း အတင်းအဖျင်းတွေ၊ အရေမရအဖတ်မရ အကျိုမဲ့တဲ့စကားတွေ လာပြောကြလိမ့်မယ်။ သင်လဲ အကျိုးမဲ့တဲ့စာတွေဖတ်မယ်။ ညစ်ညမ်းပြီး မကြည့်သင့်မကြည့်အပ်တာတွေကြည့်မယ်။ ဒါတွေဟာ သင့်စိတ်ထဲမှာ နေ့စဉ်လာပုံနေတဲ့အမှိုက်တွေပါ။

ဒါပေမဲ့ စိတ်ထဲမှာအမှိုက်လာသွန်တာဟာ အိမ်ထဲမှာ အမှိုက်လာသွန်တာနဲ့ မတူပါဘူး။ ပိုဆိုးပါတယ်။ အိမ်ထဲလာသွန်လိုက်တဲ့ အမှိုက်ကို သေချာပြန်ကောက်ထဲ့ပြီး သန့်ရှင်းရေးလုပ်ပေးလိုက်ရင် ကြမ်းဟာ ပြောင်သွားပေမဲ့ သင့်စိတ်ထဲက အမှိုက်ကတော့ ပြန်ရှင်းဖို့မလွယ်တော့ဘူး။ ဘာကြောင့်လဲ။

သင့်ကို လူတယောက်က တခြားလူတယောက်ရဲ့မကောင်းကြောင်းတွေ လာပြောတယ်။ သင်လဲ နားထောင်လိုက်တယ်။ အဲဒီလူလဲ ပြောပြီး ပြန်သွားတယ်။ ဒါပေမဲ့ သူထားခဲ့တဲ့အမှိုက်ဟာ သင့်ခေါင်းထဲမှာကျန်ခဲ့ပြီ။ ဘယ်လိုကျန်ခဲ့သလဲ။ အဲဒီလူပြန်သွားပေမဲ့ သင့်စိတ်ထဲမှာဆက်တွေးနေမိလိမ့်မယ်။ သူပြောတာ ဟုတ်မှာပဲ။ သူပြောလဲ ပြောစရာပဲ။ အဲဒီလူက သိတ်မိုက်တာကိုး။.သူ့မိန်းမနဲ့ကလေးတွေတော့ ဒုက္ခရောက်တော့မှာပဲစသဖြင့် သင့်စိတ်က ဆင့်ကဲဆင့်ကဲဆက်တွေးနေတော့မယ်။ ဒါက တကြိမ်ပဲ ရှိသေးတယ်။ နေ့စဉ် ဒီလိုသာ ကြုံနေရင် သင့်စိတ်မှာ အမှိုက်တွေ တောင်လိုပုံနေလောက်ပြီ။

ဒီတော့ စိတ်ထဲမှာ အမှိုက်ပုံကြီးနဲ့ပြည့်နေတဲ့ လူတယောက်ရဲ့စိတဟာ ကြည်လင်ပါအုံးမလား။ အကြံသစ်ဉာဏ်သစ်တွေ ထွက်နိုင်ပါ့အုံးမလား။ အလုပ်ထဲမှာရော စိတ်ကြည်ကြည်လင်လင်နဲ့ အလုပ်လုပ်လို့ရပါ့မလား။ သင့်မိသားစုနဲ့ကော ပျော်ပျော်ရွှင်နေနိုင်ပါ့မလား။ ကျောင်းက စာတွေကိုကော အာရံစူးသိုက် သင်ယူနိုင်ပါ့မလာ။ သေချာစဉ်းစားကြည့်ပါ။

ဒါတွေမဖြစ်ချင်ဘူးဆိုရင် သင့်စိတ်ထဲကို အမှိုက်လာသွန်တာတွေကို လက်မခံပါနဲ့။ အမှိုက်သွန်မဲ့လူတွေကို ဝေးဝေးရှောင်ပါ။

အချိန်ပြည့် ဖေ့ဘုတ်ကို ပွတ်ပြီး လူတွေစိတ်ရူးပေါက်သလို ရေးချင်ရာတွေ ရေးထားတာကို ဖတ်နေတာလဲ မိမိစိတ်ထဲကို အမှိုက်တွေထဲ့နေတယ်ဆိုတာကိုလဲ သဘောပေါက်စေချင်ပါတယ်။ (ဗဟုသုတရအောင်၊ သတင်းသိရအောင် ဖတ်တာကိုမဆိုလိုပါ)။ အဆိုးဆုံးက ကွန်မင့်မှာရေးထားတဲ့ဆဲစာတွေကို ဖတ်နေခြင်းပါပဲ။

ဗန်းမော်သိန်းဖေ
၂၀၁၆၊ဇန်နဝါရီ(၂၇)ရက်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။