Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, January 15, 2016

( ထိုလေပြည်ကို မြို့မငြိမ်း စေခဲ့ပါသည် ) သို့မဟုတ် မန္တလေးမြို့၏ ဒုတိယတံဆိပ်တော်

( ထိုလေပြည်ကို မြို့မငြိမ်း စေခဲ့ပါသည် )

သို့မဟုတ် မန္တလေးမြို့၏ ဒုတိယတံဆိပ်တော်

♫ ♪ ♫ ♪ ဘယ်သူတွေ ထိုလေပြည်ကိုစေ ♫ ♪ ♫ ♪
ဟောဒီ ရေနန်းဗိမာန် ငွေငန်းဓိဌာန် ရောက်ပြန်ပြီလေ၊♫ ♪ ♫ ♪
နှစ်ဦးဂီတလက်ဆောင် မာပါစေ သာပါစေ ♫ ♪ ♫ ♪

ခေတ်တစ်ခေတ်မှာမှ တစ်ယောက်ပေါ်သောအနုပညာရှင်ထဲတွင် မြို့မငြိမ်းကား
အငြင်းပွားဖွယ်မရှိသော ချစ်ဖွယ်ရာ အနုပညာရှင်ကြီးဖြစ်ပြီး တစ်နိုင်ငံလုံး၏
နှလုံးသားများကို သိမ်းကျုံးယူငင်နိုင်စွမ်းရှိကာ မိမိနေရာ ပတ်ဝန်းကျင်လောက
ကို အလှဆင်ပေးနိုင်သူတကား ဟုပြောလျှင် နည်းနေ ပါလိမ့်ဦးမည်။

သင်္ကြန်တဲ့၊ မြန်မာတွေရဲ့ထူးကဲလှတဲ့ပွဲပါ၊ တစ်နိုင်ငံလုံးကို လွှမ်းမိုးနိုင်သော
ရိုးရာပွဲဟုဆိုလျှင် နံပါတ်(၁) သင်္ကြန်ဟု အဖြေရပါလိမ့်မည်။ မြန်မာတို့၏
သင်္ကြန်သည် သမိုင်းခေတ်အဆက်ဆက်ကို ဖြတ်သန်းလာခဲ့သော်လည်း
သင်္ကြန်ကိုဖော်ဆောင်ပုံများကတော့ မြန်မာများ၏ ရိုးရာဟန်ကိုအခြေခံပြီး
အသက်သွင်း ခဲ့ကြသည်ကသာ များပါသည်။

သင်္ကြန်ကို ပို၍ပို၍အသက်ဝင်အောင် အနုပညာပုံသဏ္ဍာန်မျိုးစုံဖြင့် အသက်သွင်း
ခဲ့ကြသည်ကိုလည်း ကျွန်တော်တို့ နှစ်တိုင်းနှစ်တိုင်းမြင်တွေ့ခဲ့ကြပါပြီ၊
ထိုပုံသဏ္ဍာန်များစွာတို့ထဲမှ အမှန်တကယ်ပင် အသက်ဝင်လှုပ်ရှားသွားသော၊
သင်္ကြန်ရောက်တိုင်း အားလုံး၏နှလုံးသားကို သိမ်းပိုက်သွားနိုင်သော အနုပညာရှင်
တစ်ဦးကိုတော့ ကျွန်တော်မြင်တွေ့ခဲ့ဖူးပြီး ဂုဏ်ကျေးဇူးကို အောက်မေ့ဆင်ခြင်ခဲ့ဖူး
ပါသည်။

ကျွန်တော်တို့ရှေ့ ကျွန်တော်တို့ခေတ် တစ်လျှောက်လုံးအတွက် သင်္ကြန်တိုင်း
သင်္ကြန်တိုင်းကို နှစ်သက်ဖွယ်ရာဖြစ်အောင် နူးညံ့သောနှလုံးသား၊ ပျော်ရွှင်ဖွယ်ရာ
စိတ်ထားတို့ဖြင့် သင်္ကြန်ကာလလေးကို ကူးမြောက်နိုင်အောင် ရိုးရာအစဉ်အလာကို
အနုပညာစွက်၍ လှသောနှလုံးသားဖြင့် တစ်ခေတ်လုံးအတွက် ဖြည့်စွက်ပေးအပ်ခဲ့
သောသူ တစ်ဦးမှာ ငြိမ်း ဆိုသော မြို့မငြိမ်းပင်။
သူသာလျှင်ဖြစ်ပါသည်။

မန္တလေးမြို့မှ မြို့မဆိုသော အပျော်တမ်းတေးဂီတအဖွဲ့လေးက သင်္ကြန်ရောက်
တိုင်း တစ်နိုင်ငံလုံး၏ နှလုံးသားတွေကို သိမ်းပိုက်ခဲ့တာ အခုမြင်တွေ့ခဲ့ကြရပါပြီ။
တူးပို့ သီချင်းမဆိုဘဲ သင်္ကြန်ကိုကြိုလို့မရကြတော့သလို အတိတ်ကောင်းနိမိတ်
ကောင်းမယူဘဲ၊ မြနန္ဒာမဆိုဘဲ သင်္ကြန်တက်လို့မရကြပါ။ မြို့မ + ငြိမ်း ဆိုသော
လိုဂိုတံဆိပ်လေး သည် သင်္ကြန်၏လိုဂိုဖြစ်ခဲ့ပါပြီ။မန္တလေး၏ icon ဖြစ်ခဲ့ပါပြီ။

ကျွန်တော့်အဖို့တော့ မင်းတုန်းမင်းလက်ထက်က တံဆိပ်တော်ဟုခေါ်သော
ဒေါင်း တံဆိပ်ပုံ သည် ရတနာပုံမန္တလေး၏ နန်းတော်ထဲမှ ပထမဆုံးတံဆိပ်တော်
ဖြစ်ခဲ့လျှင်၊ ရတနာပုံမန္တလေး၏ ဒုတိယတံဆိပ်တော်သည် ထိုမြို့ဟောင်း မြို့ရိုး
အပြင်ဘက် ကျုံးနံဘေးက မြို့မငြိမ်းသာလျှင် ဖြစ်သည်ဟု ဆိုချင်ပါသည်။

ကြည့်ရအောင်ပါ လက်နှစ်ဖက်ကို လက်ခုပ်တီးမယ်လို့ပြင်လိုက်ပါ၊ ချိုမိုင်မိုင် ကို
မေ့ထားလိုက်ပါ။ လူလားမြောက်ခဲ့ပါပြီ။ အသင့်ဖြစ်ရင် လက်ခုပ်နှစ်ဖက်ကိုတီးပါ။
ဘာသီချင်းဖြစ်နိုင်ပါသနည်း။
သင်္ကြန်နှစ်ဦး တူးပို့ တူးပို့ ပါ၊ မြနန္ဒာ နေညိုညိုရိပ်ခါသန်းတော့ ပါ ဒါပဲ ဖြစ်ပါသည်။
အဲဒါ ငြိမ်း ဆိုသော မြို့မငြိမ်းပါ၊ မြို့မငြိမ်းသည် ဂရိတ် ပါ။
အဲဒီသီချင်းတွေကိုကျော်ပြီးတော့ ဘယ်သူမှလည်းသင်္ကြန်ကိုမသိမ်းပိုက်နိုင်
တော့ပါ၊ ဒီ့ထက်လှအောင်လည်း သင်္ကြန်ကိုအသက်မသွင်းနိုင်တော့ပါ။

အဲဒီဆရာမြို့မငြိမ်းဟာ သင်္ကြန်ရောက်တိုင်း မြို့မပျော်တမ်းတီးဝိုင်းအဖွဲ့လေးနဲ့
မန္တလေးမြို့တော်ကြီးကို နှစ်စဉ်မပြတ် တင်ဆက်ဖို့အတွက် အတော်ကြိုးစားခဲ့ရ
ပါလိမ့်မယ်၊ မပြည့်မစုံနဲ့ ကသီလင်တနိုင်ခဲ့တဲ့နှစ်တွေလည်း ရှိခဲ့ပါတယ်။
ဒါပေမယ့် ငြိမ်း ဘက်ကတော့ သူ့အနုပညာ တစ်ချက်လေးမှ လျော့ပါးသွားတာ
မတွေ့ခဲ့ပါ။

ကမ္ဘာစစ်ကို ဖြတ်သန်းနေရတဲ့ ကာလ ဒေသ နောက်ခံနဲ့ မန္တလေးမြို့က မြို့သူ
မြို့သားတွေဟာ နောက်နှစ်သစ်ကို မြို့မငြိမ်းရဲ့သီချင်းသစ်တွေနဲ့ ကူးပြောင်းခွင့်
ရတဲ့ အကြောင်းအရာဟာလည်း များစွာသောကျေးဇူးတွေကို ဖြစ်ပေါ်စေမှာလည်း
မလွဲပါ။

မြို့မတီးဝိုင်းအဖွဲ့ဟာ နှစ်တစ်နှစ်မှာ သင်္ကြန်ကျဖို့အတော်ခက်ခဲခဲ့ပါတယ်တဲ့။
တီးဝိုင်းပစ္စည်းတွေကလည်းမရှိ၊ အစစအရာရာ မစုံမလင်နဲ့ အဆင်မပြေချိန်မှာ
သင်္ကြန်ချိန်ခါကလည်း ကျရောက်လာပါတယ်၊ အဖွဲ့သားတွေအားလုံး ပူပင်နေကြ
ချိန်မှာ ဆရာငြိမ်းက ဝါးပုလွေလေးတွေ လုပ်နေပါတယ်တဲ့။ တစ်ပေါက်ပုလွေ
လေးတွေပါ၊ မြန်မာလို သုံးပေါက်သံ၊ လေးပေါက်သံပေါ့။ ဒို ရေ မီ စသည်ဖြင့်
တစ်သံခြင်းသာပါတဲ့ သူ့စိတ်ကူးနဲ့သူ တီထွင်ထားတဲ့ပုလွေပါ။

ပြီးတော့ လူခွဲပြီး အပိုဒ်ခွဲပေးလိုက်ပါတယ်၊ ဒီအဖွဲ့က ကိုယ်ကျတဲ့နေရာမှာ ဒို
တစ်သံပဲမှုတ်၊ ဆို၊ မီ၊ စသဖြင့် ကိုယ့်အပိုင်းနဲ့ကိုယ် တစ်သံပဲမှုတ်၊ ကျန်တဲ့သူတွေ
အတွက်တူရိယာပစ္စည်း ကတော့ ကိုယ့်ရဲ့ ဘယ်နဲ့ညာ လက်နှစ်ဖက်ပါတဲ့၊
ကားပေါ်ရောက်ပြီး ကားစထွက်မှပဲ သီချင်းတိုက် ပေးသွားတယ်တောင် ပြောကြ
ပါတယ်။

ကဲ အဲဒီသီချင်းလေးကို အားလုံး ညီညီညာညာ သံပြိုင်လေးလက်ခုပ်တီးကြည့်
လိုက်ရအောင်ပါ။

♫ ♪ ♫ ♪ … သင်္ကြန်နှစ်ဦး တူပို့တူးပို့ တူးသံမြူးသာယာ … ♫ ♪ ♫ ♪
သင်္ကြန်မယ်များ … ♫ ♪ ♫ ♪တူးပို့တူးပို့ တူးမာရဲ့နော်ဗျာ … ♫ ♪ ♫ ♪
ငွေငန်းသံစုံ တူးပို့တူးပို့ အာရုံဖျော်ဖြေတာ … ♫ ♪ ♫ ♪
မယ်တို့ကိုလည်း တူးပို့တူးပို့ မာပါစေနော်ဗျာ ... … ♫ ♪ ♫ ♪

♫ ♪ ♫ ♪ … ပိတောက်တွေ ၀င်းလျှံ ရွှေရည်လူး တူးပို့တူးလဲ့ဝါ … ♫ ♪ ♫ ♪
ညှင်းလေဖြူးဖြူး ဆော်ကာမြူး တူးပို့တူးညင်သာ … ♫ ♪ ♫ ♪
သင်္ကြန်ရေ အေးတာ အေးတာ … ♫ ♪ ♫ ♪
သင်္ကြန်ရေ အေးတာ အေးတာ … ♫ ♪ ♫ ♪
ရွှဲရွှဲလောင်းပါ့ တူးပို့တူးပို့ … ♫ ♪ ♫ ♪
တူးသံမြူးသည် ချစ်ကြည်သင်္ကြန်ခါ ။ … ♫ ♪ ♫ ♪ … ♫ ♪ ♫ ♪

တူးမာ၊ တူးသံ၊ တူးလဲ့၊ တူးဝါ၊ တူးညင် တွေနဲ့ တူးသံသာနေတာတွေက နောက်မှ
အကဲဖြတ်ပါ အဲဒါ ကျွန်တော်တို့ တစ်ခေတ်လုံးမှာ သီချင်းတွေထဲမှာ သံစဉ် Tune
ကို စာသားလုပ်ပြီးဆိုတဲ့ တစ်ပုဒ်တည်းသော သီချင်းပါ။

လက်ခုပ်သံတွေရဲ့ အဓိပ္ပာယ်ကိုလည်း နားလည်ပါပြီ၊ နောင်ခေတ်အဆက်ဆက်ကို
လည်း တူးပို့တူးပို့ သီချင်းလေး ဖြတ်သန်းသွားတော့မှာကိုလည်းသိပါပြီ။
ကျန်တဲ့ တန်ဖိုးမြောက်များစွာပါဝင်ပြီး အကဲဖြတ်ခံနိုင်စွမ်း ရှိတာကိုလည်း မြင်တွေ့
ရပါပြီ။

ဗေပုံ တူးပို့ တူးပို့ ဆိုတဲ့ သင်္ကြန်ဒိုးဆစ်သံကလေးကိုလည်း ဘယ်သူရသွားသလဲ
လို့မေးစရာမလိုတော့ပါ၊ ဆရာမြို့မငြိမ်းက သူ ရသော်လည်း ယူမသွားတော့ပါ၊
မြန်မာတစ်မျိုးသားလုံးကို အန္တိမ ပိုင်ဆိုင်ခွင့်ပေးခဲ့ပါပြီ
အပေါ်ယံအမြင် လိုဂို (LOGO) ဖြစ်တဲ့ မြို့မတံဆိပ်ကလေးကိုလည်း ဆရာငြိမ်း
ကိုယ်တိုင် ရေးဆွဲခဲ့သလို မြို့မဆိုသော အနှစ်သာရကိုလည်း ရှာဖွေပေးခဲ့ပြီး
မန္တလေးမြို့နှင့် သင်္ကြန်၏ ပုံရိပ်အတွက် တံဆိပ်ဖြစ်စေခဲ့ပါပြီ။

ပျော်ရွှင်တတ်သော မြန်မာတို့၏ နောက်နှစ်သစ်တစ်ခုသို့ ကူးပြောင်းသည့်
အထိမ်းအမှတ်ဖြစ်သော ရိုးရာအစဉ်အလာသင်္ကြန်ပွဲတော်ကို အစဉ်အလာတွင်
မြို့မငြိမ်းက အနုပညာစွက်ပေးခဲ့ပုံကို ယနေ့မြင်လိုက်ရပြီမဟုတ်ပါလာ

မကြာခင်အချိန်အတွင်းမှာ နောက်နှစ်သစ်တစ်ခုကို ဝင်ရောက်ကူးမြောက်ပါ
တော့မယ်။
ဒီ အကြောင်းအရာတစ်ခုတည်းကိုပဲ ခေတ်အဆက်ဆက်မှာ ပုံသဏ္ဍာန်များစွာနဲ့
ကူးပြောင်းခဲ့ကြတာ၊ Sexy Lady ဆက်ဆီလေးဒေးးး လား၊ ဆူညံနေသလား၊
အော်ဟစ်နေသလား မူးနေသလား၊ ရူးနေသလား၊ ပြဲနေတဲ့ဂျင်းဘောင်းဘီနဲ့ 
ကျိုးနေတဲ့ခါးလား၊ ဖင်ပဲလုံယုံစကဒ်အတိုနဲ့  နှုတ်ခမ်းကအနီလား ပြဿနာမဟုတ်
တော့ပါ၊ နောက်နှစ်ကို ကူးမြောက်ဝင်ရောက်ဖို့ ချောမွေ့ ပြေပြစ်တဲ့ အရာကလေး
တစ်ခုရှိနေပါတယ်၊ မြို့မငြိမ်းပါ။
သူအလှဆင်ပေးသွားတဲ့ကမ္ဘာထဲက မြန်မာတွေပါ၊

ထိုလေပြည်ကို မြန်မာတွေအတွက် မြို့မငြိမ်းစေခဲ့ပါသည်။

အေးမြသောညနေချမ်းက ဆိုက်ရောက်လို့ လာခဲ့ပါပြီ။
သာယာအေးချမ်းကာစအချိန်တွင် ညနေလေပြည်ထဲတွင် တစ်ညီတစ်ညာတည်း
သော အသံကို ကြားယောင်လာစပြုပါပြီ၊ အတိတ်ကောင်းဆောင်ရတော့မည်၊
နိမိတ်ကောင်းယူကြရတော့မည်၊ သာယာပြန့်ပြူးကြည်နူးစရာကောင်းသော
သဘာဝပတ်ဝန်းကျင်နောက်ခံ အခြေအနေပေါ်က နေညိုညိုရစ်သန်းစအချိန်မှာ၊
ပျော်ရွှင်နေတဲ့ စိတ်အခြေအနေလေးတွေ မကုန်ဆုံးခင် မျှော်လင့်ချက်အသစ်
များစွာက ပန်းပိတောက်တွေလိုဖူးပွင့်နေမယ့် နှစ်သစ်တစ်ခုကိုကျွန်တော်တို့ 
မြန်မာများ ကူးပြောင်းဝင်ရောက်ကြပါတော့မည်။

ဘယ်ညာလက်နှစ်ဖက်ကို အသင့်ပြင်လိုက်ပါ၊ လက်ခုပ်နှစ်ဖက်ကို အားပါးတရ
တီးခတ်ပြီး ခန္တာကိုယ်ကိုယ် စီးချက်နဲ့ အတူယိမ်းနွဲ့ လိုက်ပါ၊
နှုတ်ခမ်းနီလည်းရဲခဲ့လို့ ရသလို၊ စကဒ်လည်းကွဲပါ၊ ဂျင်းဘောင်းဘီလည်းပြဲခဲ့လို
ရပါသည်၊ တစ်နိုင်ငံလုံးက တီးခတ်လိုက်တဲ့ လက်ခုတ်သံတွေက ညနေထဲမှာ
လွင့်ပြန့်လို့လာပါတော့မည်။

မြနန္ဒာ နေညိုညိုရစ်ခါသန်းတော့-----
---- --- --- --- --- ---- --- --- --- ---

သင်္ကြန်လေလို့ ခေါ်တဲ့ အတာကူးတဲ့လရဲ့ညနေ လေပြည်လေး တိုက်ခတ်လာပါပြီ၊
အားလုံးကို ထိုလေပြည်လေးက နောက်ထပ်နှစ် အသစ်တစ်ခု သို့ ခေါ်ဆောင်
သွားတော့မည်၊
ထိုလေပြည်လေးနှင့်အတူလိုက်ပါနိုင်ဖို့ --

အရောင်၊ အဆင်း၊ အနံ့အရသာမရှိသော ထိုလေပြည်လေးကို မြင်တွေ့ နိုင်ဖို့ ၊
ခံစားနိုင်ဖို့--

သိရှိနိုင်ဖို့ ၊ လိုက်ပါနိုင်ဖို့ ၊ ကူးပြောင်းနိုင်ဖို့ အတွက်

တစ်ခေတ်လုံးတွင် တစ်ယောက်တည်းသာပေါ်ခဲ့လေသော နည်းပညာအကူအညီ
မပါပဲ၊ စောစီးစွာ ကမ္ဘာကြည့် ကြည့်မြင်နိုင်ခဲ့သော မန်းတလေးမြို့က နောက်ဆုံး
မင်းနေပြည်တော်၏ ကျူံးနဘေး ဒေါ့ဂျစ်ကားပေါ်မှ နှလုံးသားလှသော အနုပညာရှင်
တစ်ဦးသည် အသိ၊ ဥာဏ်ပညာ၊ တရားဓမ္မတို့ တွင် နှလုံးသားကိုထည့်သွင်းလျက်
ထိုလေပြည်လေးကို
အရောင်၊ အဆင်း၊ အနံ့အရသာ အဓိပ္ပါယ်များထည့်သွင်းပြီး အသိပေးခဲ့ပါလေပြီ။

ထိုလေပြည်ကို မြို့မငြိမ်း စေခဲ့ပါသည်။

ဒီဇိုင်းမျိုးဆွေသန်း
(၂၀၁၄ သင်္ကြန်အတက်နေ့  ညနေ ၁ နာရီ ၂၁ မိနစ်)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။