--အနောက်မြောက်လွင်ပြင် ( မုံရွာ ) -ကဗျာဆုရတဲ့
ခိုင်မြဲကျော်စွာရဲ့ " စာ"--
# စာ
--------------------
ရုတ်တရက် TV မျက်နှာပြင် လိမ္မော်ရောင်ဖြစ်သွား ။
အဲဒါ ရိုးရာ ဆိုင်ကလုန်းမုန်တိုင်းနတ်
ကိုင်တာ ။ ဘင်္ဂလားပင်လယ်အော်ကနေ ငါတို့အိမ်နား
အဲဒီနတ်ကွန်းရွေ့လျား
လာတာ ။
ကျွန်တော် သတိနဲ့နေရမယ့်အစား
သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေထံ
ဖုန်းဆက်တယ် ။
သတင်းစာ စာမျက်နှာတွေလည်းသတိနဲ့နေ ။
FM ရေဒီယိုများက
BREAKING NEWS အတွက် ဘာပန်းတင်မလဲ ခူးထားကြ ။
ဟားခါးကသူငယ်ချင်းဆီ စာတစ်စောင်ပို့တယ် ။
သူ့ဘက်က ချက်ခြင်းတုန့်ပြန်ခြင်း ။
လူကြီးမင်း ခေါ်ဆိုသောသူငယ်ချင်းသည် ဆက်သွယ်မှုဧရိယာ အပြင်သို့
ရောက်ရှိနေပါသဖြင့် ။
စာတစ်စောင်ပြန်လာတယ်။ ယနေ့မှာ
ရုန်းတောင်ပေါ်ကဆင်းလာတဲ့အက်ကွဲကြောင်းဟာ
မြို့ကိုစောင့်ကြပ်နေတဲ့ရဲတွေ ဖြစ်တယ်။
နောက်စာလာတယ် ။ ဒါပေမယ့် သူ့မှာဆန် ၃လုံးပဲဘာကြောင့်ကျန်တာလဲ ။
မေးခွန်းများ ။
အဲဒီစာရဲ့အပြင်ဘက်မှာ ။
မုန်တိုင်းအ၀န်းဟာ ခေါက်ဆွဲပြုတ်ကို ဆက်ပြီးသောက်နေတယ် ။
ကျွန်တော် စာပြန်ပို့လိုက်တယ် ။ ပရဟိတမီးသတ်ကားတွေ
ငါတို့အကြေးခွံလာလောင်နေတဲ့
မီးကို
ငြှိမ်းဖို့ ထွက်ကုန်ပြီ ။
တံတား ဘယ်နှစ်ချောင်းကျိုးမှ
မိုးရေချိန် ၃၃လက်မ အယားပြေမှာလဲ ။
သူ့ဘက်က ပြန်စာ။
တွဲချိတ်ထားတဲ့ဖိုင်ဖွင့်လိုက်တယ်။နေ့လည်ခင်းကျတော့
ဟင်းအိုးတွေ
အစာသစ်အိမ်ဆီအသားတင်သွင်းမှုရပ်ဆိုင်းခံရ ။
ညနေခင်းသတင်းကြေညာတယ် ။
အခန့်မသင့်ရင် တွဲလောင်းကျဓါတ်တိုင်အကျိုးက
ငါ့လက်ချောင်း ဖြစ်သွားမှာ ။
ည ၈ နာရီသတင်း ။ သံမှိုတစ်ရာရိုက်တဲ့
သူများဘ၀နဲ့ ငါ့မြေပုံအက်ကွဲမှုက အတူတူဖြစ်တယ်။
ဘုရားကျောင်းဆီ အီးမေးလ်တစ်စောင်ပို့တယ် ။
တပည့်တော်ဟာ ဘူမိဗေဒပညာရှင်တွေ
စောင့်ကြည့်ရမယ့်
မလုံခြုံမှုမြို့သားဖြစ်တယ် ။ ၁၉၉ ကို ဖုန်းခေါ်တယ် ။
အားကစားရုံထဲ ဧည့်ခန်းဖွင့်နေရ ။
၁၉၉ ကဖုန်းပြန်ဆက်တယ် ။
မြေကြီးဟာ မြို့ဟောင်းဘက်ရှိတဲ့အဆောက်အအုံတွေအပေါ်
သစ္စာမဲ့သွား။ နောက်စာမျက်နှာမှာ
ငိုသံတရွဲရွှဲဖြစ်လာ ။ငါတို့မြို့ကို အိပ်မက်ထဲက
Print ပြန်ထုတ်လဲ အကောင် အတိုင်းမရတော့ ။
လက်အုပ်ချီပြီးပြောတယ် ။
တနည်းပြောရင်တောင်ကတုံးဆိုတာအဖုံးဖွင့်ထားတဲ့
ရေနွေးအိုးကမ္ဘာ ။
နောက်တစ်မျိုးပြောတယ် ။
Happy မီးဖိုချောင်ဟာ ပန်းကန်ပြားထဲ ဆက်မပျံနိုင်တော့ဘူး ။
သတင်းစာထုပ်ကြီးပေါ် သေးပေါက်ချမိတယ် ။ တည်ငြိမ်မှုကို
သူနေရာနဲ့သူပြန်ထားရမယ့်
ပရောဂျက်ဟာ စိတ်ရောဂါပညာရှင်တွေနဲ့
အစိမ်းချုပ်မှ ရတော့မယ် ။ အကို ။
ရုပ်သံထဲက မျောက်ကို ဆက်ကြည့်တယ် ။ ဟင်းသီးဟင်းရွက်တွေ
တယ် လတ်ဆတ်တာပဲ
ကိုယ့်လူ ။ ဆဲတယ် ။ကိုမန်မုန်တိုင်းဟာ သစ်ခုတ်သမားတမ်းချင်းရဲ့
ဧည့်သည်။
ငါတို့ခေါက်ဆွဲခြောက်ထုတ်သာ စာတစ်စောင်ဖြစ်ခဲ့လျှင်။
ဘုရင့်အိမ်တော်ရေချိုးကြွေဇလုံထဲ မီးရောင်စုံငါးကို အလှမွေးထား။
ကိုယ့်ဖြစ်တည်မှုဘက်က
အဲဒီ ငါးလှလှပြာပြာကို ချက်စားချင်လိုက်တာလို့ ပြောပါတယ် ။ ။
#ခိုင်မြဲကျော်စွာ

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။