မျက်နှာကြီးရာ ဟင်းဖတ်ပါ။
ဆင်းရဲသားများ ပိုက်ဆံလိုလို့ သူများဆီချေးရင် ၁၀၀ ကို အတိုးက ၂၀/ ၃၀ ကျပ်၊ ငွေချေးပေးသူကို မျက်နှာကိုအောက်ချပြီးပြောသမျှေ ခါင်းငုံ့ခံ ကာ ချေးရသည်။
သူဌေးများ ပိုက်ဆံလိုလို့ သူများဆီချေးရင် ၁၀၀ ကို အတိုးက ၂/၃ ကျပ်၊ ငွေချေးခံရသူက နောက်လည်း လိုရင်ပြောအုံးနော် ဟု မျက်နှာ ချိုသွေးကာ ပြောရသည်။
ဆင်းရဲသား၏ မှန်သောစကားသည် အရေးမပါ။
သူဌေး၏ မုသားစကားသည် အရေးပါ၏။
ဆင်းရဲသားများ တန်းလျားနှင့် စားပွဲနှင့် ထမင်း စားလျှင် တောကျသည်။
သူဌေးများ တန်းလျားနှင့် စားပွဲနှင့် ထမင်းစားလျှင် ခေတ်မှီသည်။
ဆင်းရဲသားများ လျှပ်စစ်မီးမရှိ၍ ဖယောင်းတိုင်မီး ထွန်းလျှင် သနားစရာဟု မြင်သည်။
သူဌေးများ လျှပ်စစ်မီးပိတ်၍ ဖယောင်းတိုင်မီး ထွန်းလျှင် romantic ဆန်သည်။
“မျက်နှာကြီးရာ ဟင်းဖတ်ပါ” တဲ့ လောကကြီးထဲမှာ မျက်နှာကြီး ဟင်းခွက်ထဲ အရိုးမထည့်ရဲတဲ့ လောကွပ်တို့အတွက် မျက်နှာငယ်သူတွေက "မြေနိမ့်ရာ လှံစိုက်ခံ" ရတော့တာပေါ့။
#Yangonlife #SocialInterest
Credit to - ဖြူဖြူလှိုင် (ကျောက်ပန်းတောင်း)
Contributed by Lily (Yangon life)
ဆင်းရဲသားများ ပိုက်ဆံလိုလို့ သူများဆီချေးရင် ၁၀၀ ကို အတိုးက ၂၀/

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။