ကူညီခြင်း
++++++
ရှေးရှေးတုန်းက တရုတ်ပြည်မှာ လို့ဆိုပါတယ်။
အမှောင်ည တစ်ညမှာ ဘုန်းတော်ကြီးတစ်ပါးဟာ မျက်ကန်းတစ်ဦး မီးအိမ်ကိုင်ပြီး လမ်းလျှောက် သွာနေတာကို အံ့သြစွာတွေ့ရှိပါတယ်တဲ့။
ဘုန်းတော်ကြီး
" အလိုး ဟိုဘက်ရွာက ဒကာကြီးပါလား ၊ ဒကာကြီးက မျက်စိမမြင်ရဘဲနဲ့ ဘာလို့ မီးအိမ်ကြီးထွန်းပြီး လမ်းလျှောက်နေပါလိမ့်"
ဒကာ
" ကျနော်မမြင်ရတာ မှန်ပေမဲ့ သူများမြင်ရအောင် ထွန်းထားတာပါ ဘုရား “
ဘုန်းတော်ကြီး
" ဒါဆို ဒကာကြီးက သူများတွေ မြင်ရဖို့ ကူညီတဲ့သဘောနဲ့ မီးအိမ်ထွန်းတာပေါ့၊ ဟုတ်လား “
ဒကာ
" သူများလည်း ဒကာကြီးကို မတိုက်မိအောင်လို့ပါ ဘုရား “
ဘုန်းတော်ကြီး
" အော..ဘုန်းကြီးသိပြီ၊ သူများကို ကူညီတယ်ဆိုတာ အမှန်တော့ ကိုယ့်ကိုကို လည်းကူညီရာ ရောက်တာပါပဲ”
ဆင်ခြင်လို့ ရအောင် ဝေမျှလိုက်ပါတယ်။
Credit; Sya Aung Ko Latt

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။