Han Minn Thein added 2 new photos — with Ei Khin.
====================================================
လူမှုကွန်ရက်က စီအက်စ်အိုင်အယ်လ်အေ အကောင့်ပိုင်ရှင် ဒေးဗစ် ပရမုခ် အနန္တဆီလ်ပါက DVB ကို ပြောပါတယ်။
စီအက်စ်အိုင်အယ်လ်အေဟာလိပ်ကျွန်းလူသတ်မှုနဲ့ပတ်သက်တဲ့သဲလွန်စတွေဆွဲထုတ်ရင်းလူသိများလာတဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာတခုဖြစ်ပြီးလက်ရှိ ကြည်ရှုသူပရိသတ်ပေါင်း ၆ သိန်းကျော် ရှိနေပါတယ်။
စီအက်စ်အိုင်အယ်လ်အေအကောင့်ပိုင်ရှင်ဒေးဗစ်ပရမုခ်အနန္တဆီလ်ပါ ကို DVB က ဆက်သွယ်မေးမြန်းထားပါတယ်။
မေး ။ ။ ကော့စမွီခရိုင်တရားရုံးရဲ့ ဆုံးဖြတ်ချက်ပေါ် ဘယ်လိုမြင်ပါသလဲ။
ဖြေ ။ ။“ကျနော့်အနေနဲ့ကတော့ ဘာမှမအံ့သြမိပါဘူး၊ အောက်ခြေတရားရုံးတွေက ဒီလိုပဲ လုပ်နေကျ၊ ဒေသတွင်း အာဏာပိုင်တွေ၊ သြဇာကြီးမားသူတွေကအောက်ခြေ တရား ရုံးရဲ့ဆုံးဖြတ်ချက်ကိုဝင်ရောက်စွက်ဖက်နိုင်တော့သေချာတယ်။မှားဖမ်းထားတဲ့လူငယ် ၂ယောက်ကိုလွှတ်ပေးမှာမဟုတ် ဘူး။ လွှတ်ပေးလိုက်ရင် ရဲတပ်ဖွဲ့ရော၊ ခရိုင်တည်ငြိမ်အေး ချမ်းရေးကောင်စီ (လက်ရှိအစိုးရ) ကိုရော၊ အာဏာပိုင် အဖွဲ့တွေရောမျက်နှာပျက်စရာတွေဖြစ်နေတယ်။ တစ်ဘက်မှာ ခရိုင်တည်ငြိမ်အေးချမ်းရေးကောင်စီမှာလည်း တခြားပြဿ နာတွေ ဖြေရှင်းရမှာတွေအများကြီးရှိသေး တယ်။ဒါကြောင့် ဒီကလေး ၂ ယောက်ကိုလွှတ်ပေးမှာမဟုတ် ဘူးလို့ ကျနော်ထင်ထားတယ်လေ။လက်ရှိအခြေအနေမှာ ဆင်းရဲသားရွှေ့ပြောင်းအလုပ်သမားလေး ၂ ယောက်ထက် သူတို့ရဲ့ #နာမည်တွေဂုဏ်သိက္ခာတွေကပိုပြီးအရေးကြီးနေတယ်။”
မေး ။ ။ကော့စမွီခရိုင်တရားရုံးရဲ့စီရင်ချက်ဟာထိုင်းနိုင်ငံ ပုံရိပ်ကောင်းဖို့အတွက်အကာအကွယ်ပေးနေတာများ လား။
ဖြေ ။ ။ “မဟုတ်ပါဘူး၊ နိုင်ငံ့သိက္ခာ နိုင်ငံ့ပုံရိပ်ကို အကာ အကွယ်ပေးတာထက်ဒေသတွင်းလက်ရှိအာဏာရှိသူတွေ ရဲတွေက သူတို့သိက္ခာအတွက် လုပ်နေတာ။ သူတို့က နိုင်ငံ အတွက်ပြောပြီး သူတို့ကိုယ်သူတို့ကာကွယ်နေတာ။နယ်မြေ တွင်း သြဇာအာဏာရှိသူတွေကပါ ဒီအမှုမှာပါဝင်ပတ်သက် နေတာ။ ရဲတပ်ဖွဲ့ကလူမှားပြီးဖမ်းတာမဟုတ်ပါဘူး…………… ဆိုတာကိုပြချင်တာ။
ဒီအန်အေကိစ္စမှာ ဒေါက်တာဖွန်းထစ်ကိုယ်တိုင်ကလက်မခံဘူး ဆိုတာတောင်မှ ခုလိုစီရင်ဆုံးဖြတ်လိုက်တာလေ။တရားခံအဖြစ် စွပ်စွဲခံရတဲ့ မြန်မာလူငယ် ၂ ယောက်နဲ့ စာလိုက်ရင် သူတို့မှာ ငွေရှိတယ်။ သေနတ်ရှိတယ်။အာဏာရှိတယ်။ဒါပေမယ့် ဒါဟာအောက်ခြေတရားရုံးအဆင့်မှာပဲစွက်ဖက်လို့ရမယ်။ နောက်ထပ် အဆင့်မြင့်တရားရုံး (အယူခံရုံး) နဲ့ အဆင့်အမြင့်ဆုံး (တရားလွှတ်တော်ရုံး) မှာတော့ဒေသအာဏာ ပိုင်တွေ သွားပြီးစွက်ဖက်လို့မရဘူး။ ကလေးတွေကနောက်ထပ် ၂ ဆင့်ထိအယူခံဝင်လို့ ရသေးတယ်။”
မေး ။ ။အဲဒီ ၂ ဆင့်မှာကော လွှတ်မြောက်နိုင်ဖို့ အခြေအနေရှိပါသလား။
ဖြေ ။ ။“ရှိပါတယ်။
ကျနော် လွန်ခဲ့တဲ့ ၁၉၉၀ ခုနှစ်က ထိုင်းနိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ လူသတ်မှုတခုကို ပြန်ပြောပြချင်တယ်။ ရှယ်လီအန်း (Sherry Ann) ဆိုတဲ့ ထိုင်းအမေရိကန် ကပြားမလေး အသတ်ခံခဲ့ရတဲ့အမှုပါ၊ အဲဒီတုန်းက လူ ၆ ယောက်ကိုတရားခံအဖြစ် ဖမ်းဆီးပြီးသေဒဏ်အပြစ် ပေးခဲ့ တယ်။ အမှန်ကလူမှားပြီးဖမ်းတာဖြစ်တယ်။ အပြစ်ပေးခံရသူတွေဟာအဆင့်မြင့်တရားရုံးထိအဆင့်ဆင့်တက်ပြီး အယူခံဝင်ခဲ့တဲ့အတွက် နောက်ဆုံး ၆ ယောက်စလုံး ပြန်လွတ်လာခဲ့တယ်။ ဒီခိုတောင်အမှု (လိပ်ကျွန်းအမှု) ကိုလည်း တချို့ကဒုတိယရှယ်လီအန်းအမှုလို့တောင် တင်စားပြောဆိုကြတယ်။ဒါကြောင့် မြန်မာလူငယ် ၂ ယောက် အနေနဲ့ စိတ်မပျက်ဖို့ပြောချင်ပါတယ်။ ဒါဟာအစပိုင်းပဲရှိပါသေးတယ်။ရှေ့ဆက်ရင်ဆိုင်ရမယ်။ နောက်ထပ်တရားရုံးတွေမှာ အတွေ့အကြုံတွေအများကြီးယူ ရဦးမယ်။”
မေး ။ ။ စီအက်စ်အိုင်အယ်လ်အေအနေနဲ့ ထိုင်းလူမျိုး တယောက်ဖြစ်ပြီး လိပ်ကျွန်းလူသတ်မှုမှာမြန်မာအလုပ် သမား ၂ ယောက်ဘက်ကနေ ရပ်တည်ပြောဆိုနေတဲ့အပေါ် ထိုင်းလူမျိုးတွေက ထိုင်းအာဏာပိုင်တွေကဘယ်လိုပြော ဆိုကြပါသလဲ။
ဖြေ ။ ။“ကန့်ကွက်တဲ့လူလည်း ရှိပါတယ်၊ ထောက်ခံတဲ့လူလည်းရှိပါတယ်၊ ခြိမ်းခြောက်တာတွေလည်း ခံရပါတယ်။ ကိုယ့်လူမျိုးဘက်ကမနေဘဲ မြန်မာဘက်ကို အရေးပေးတာတို့၊ ၀တ္တရားနှောင့်ယှက်တာတို့၊ ကိုယ့်နိုင်ငံကိုယ် နာမည်ပျက်အောင်လုပ်တယ်တို့ ဘာညာပေါ့ဗျာ။ ကျနော့်ဘက်ကနေ ထောက်ခံတဲ့လူကတော့ ပိုများတယ်ဗျ၊ ဒါပေမယ့် ကျနော်ကတော့ ဘယ်နိုင်ငံ ဘယ်လူမျိုးဆိုပြီး မူတည်ပြီးလုပ်နေတာ မဟုတ်ပါဘူး။ တရားမျှတမှု နဲ့ အမှန်တရားက အဓိကပါ။ အမှန်တရားဟာ အမှန်တရားပါပဲ။”
မေး ။ ။အခုလိုအချိန်ပေး ဖြေကြားပေးတာကျေးဇူးတင် ပါတယ်။ နောက်ထပ်ကော ဘာများပြောစရာရှိပါသေးလဲ။
ဖြေ ။ ။“လူငယ် ၂ ယောက်ဘက်က လူတွေအနေနဲ့ စိတ်ဓာတ်မကျပါနဲ့ ဆက်ပြီးရင်ဆိုင်ပါလို့ ပြောချင်ပါတယ်။ ကျနော့်ဖေ့စ်ဘွတ်ခ်ပေါ်က ထိုင်းလူမျိုးအများစုကလည်း မြန်မာလူငယ် ၂ ယောက်ဘက်ကရပ်တည်ကြတယ်။ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ဥပဒေဆိုင်ရာ ဗဟုသုတတွေရှာဖွေလေ့လာထားသင့်ပါတယ်။ #အာဏာပိုင်တွေရဲတွေကခြိမ်းခြောက်တာချော့မော့တာတွေကိုအလွယ်တကူလက်မခံပါနဲ့။ကိုယ့်မှာအသိပညာမရှိရင် ဥပဒေနားမလည်ရင်အလွယ်တကူ လူမှားဖမ်းဆီးခံရသူ ဖြစ်တတ်ပါတယ်။
ဝင်း နဲ့ ဇော်တို့ရဲ့ အဖြစ်အပျက်ကိုကြည့်ပြီး သင်ခန်းစာယူနိုင်ပါတယ်။
DVB @ CSILA Fan Page
အမေး အဖြေ။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။