ဝါးခြင်းတောင်းနဲ့ရေခပ်ခြင်း
===============
တစ်ခါတုန်းက မြို့ပြနဲ့အလှမ်းဝေးတဲ့ ကျေးရွာလေးမှာ အတူနေတဲ့ မြေးအဖိုး နှစ်ယောက်ရှိကြတယ် ။ မနက်တိုင်း မှာ အဖိုးဖြစ်သူက ထမင်းစားပွဲမှာထိုင်လို့ သူ့ရဲ့ ဟောင်းနွမ်းနေပြီဖြစ်တဲ့ တရားစာအုပ်ကြီးကို ဖတ်နေလေ့ရှိ တယ် ။ မြေးဖြစ်သူကလည်း အဖိုးဖြစ်သူကို အားကျပြီး အဖိုးဖြစ်သူလုပ် တဲ့အတိုင်း လိုက်လုပ်လေ့ ရှိတယ် ။
တစ်နေ့မှာ မြေးဖြစ်သူကမေးတယ် ။ “ အဖိုး ကျွန်တော်လည်း အဖိုးလို တရားစာအုပ်ကိုဖတ်ချင်ပါတယ် ဒါပေ မယ့် ကျွန်တော်နားမလည်ဘူးဖြစ်နေတ ယ်
ပြီးတော့ နားလည်တဲ့အရာလေးတွေကလည်း စာအုပ်ပိတ် လိုက်ပြီဆို တာနဲ့
မေ့မေ့သွားတယ် တရားစာအုပ်ကို ဖတ်လို့ ဘာကောင်းကျိုးတွေရတာလဲ ” အဖိုးဖြစ်သူက
တိတ်ဆိတ်စွာပဲ မီးဖိုထဲ ကို ကျောက်မီးသွေးတွေထည့်နေရာက လှည့်လိုက်တယ်
ပြီးတော့ မြေးဖြစ်သူကိုပြောတယ် ။
“ ဒီကျောက်မီးသွေးထည့်တဲ့ ၀ါး ခြင်းတောင်းကို ယူသွား မြစ်ထဲမှာ ရေတွေခပ်ပြီး ပြန်သယ်လာခဲ့ပါ ”
မြေးဖြစ်သူက အဖိုးခိုင်းတဲ့အတိုင်း လုပ်ခဲ့တယ် ။ ဒါပေမယ့် သူအိမ်ကို ပြန်မရောက်ခင်မှာပဲ ၀ါးခြင်းတောင်းကနေ သူ ခပ်လာတဲ့ရေတွေအကုန်လုံးထွက် ကျပြီး
ရေမပါပဲပြန်လာခဲ့ရတယ် ။ အဖိုးဖြစ်သူက ရယ်မောပြီး ပြောတယ် ။ “ နောက်တစ်ခါ
ခပ်မြန်မြန်လေး ခပ်ပြီး ပြေးလာပေါ့ ငါ့မြေး ” ပြီးတော့ နောက်ထပ်တစ်ခါ
ရေခပ်ဖို့ မြေးဖြစ်သူကို ထပ်ခပ်ခိုင်းလိုက်တယ် ။ဒီတစ်ကြိမ်မှာတော့ေ
ကာင်လေးဟာ မြန်မြန်ပြေးတယ် ဒါပေမယ့် လည်း အိမ် မရောက်ခင်မှာ
ဝါးခြင်းတောင်းထဲက ရေတွေထွက်ကျပြီး ဘာမှ မပါလာခဲ့ဘူး ။ အမောဖြေပြီးတဲ့အခါ
သူ့အဖိုးဖြစ် သူကို ပြောတယ် ။ “ ၀ါးခြင်းတောင်းနဲ့
ရေကိုခပ်ဖို့မဖြစ်နိုင်ဘူး ” အဲဒီလိုပြောပြီး ၀ါးခြင်းတောင်းကို လွှတ်ချ
လို့ ရေခပ်ဖို့ ရေပုံးသွားရှာခဲ့တယ် ။ အဖိုးဖြစ်သူကပြောတယ် ။
“ အဖိုးက ရေပုံးနဲ့ခပ်တဲ့ ရေကို လိုချင်တာမဟုတ်ဘူးမြေးရဲ့ ၀ါးခြင်းတောင်းနဲ့ ခပ်တဲ့ရေကိုလိုချင်တာပါ ငါ့မြေးလုပ်နိုင်ပါတယ် မင်း သေသေချာချာ ခက်ခက်ခဲခဲမကြိုးစားလို့ပါ ” ပြီးတော့ မြေးဖြစ်သူကို ၀ါးခြင်းတောင်း နဲ့ပဲ ထပ်ပြီးကြိုးစားစေခဲ့တယ် ။
အဲဒီအချိန်မှာ မြေးဖြစ်သူက ဒါဟာ မဖြစ်နိုင်ဘူးဆိုတာ သိနေခဲ့တယ် ။ ဒါပေမယ့် သူ ဘယ်လောက် ထိ မြန်မြန်ပြေးပြီး ခက်ခက်ခဲခဲ ကြိုးစားတာတောင် ရေတွေထွက်ကျတယ်ဆိုတာ သိအောင် အဖိုးဖြစ်သူ ကိုပြချင်ခဲ့တယ် ။ ဒီလိုနဲ့ မြေးဖြစ်သူဟာ မြစ်ဆီကို သွားပြီး ရေ ကို အမြန်ခပ် ခါတိုင်းထက်ပိုမြန်အောင်ပြေးပြီး
အဖိုးဆီကိုပြန်လာခဲ့တယ် ။ ဒါပေမယ့်လည်း ၀ါးခြင်းတောင်းထဲမှာတော့ ဘာရေမှ
ရှိမနေခဲ့ဘူး ။ အမောဖြေပြီးတဲ့အခါ အဖိုးဖြစ်သူကိုပြောတယ် ။ “ အဖိုး
တွေ့ပြီလား ဒါဟာ အသုံးမ၀င်ဘူးဆိုတာ ” “ ဒါက အသုံးမ၀င်ဘူးလို့ မြေးထင်သလား ”
အဖိုးဖြစ်သူကမေးတယ် ။ ပြီးတော့ ဆက်ပြောတယ် ။ “ ခြင်းတောင်းကို ကြည့်လိုက် ”
ကောင်လေးက ၀ါးခြင်းတောင်းကို ကြည့်တယ် ပြီးတော့ ပထမဆုံးအကြိမ်သူနားလည်လိုက် တာက ၀ါးခြင်းတောင်းဟာ အနည်းငယ်ကွဲပြားခြားနားနေခဲ့ တယ်ဆိုတာကိုပဲ ။ အရင်က ကျောက်မီးသွေးတွေ သယ်ထား လို့ ညစ်ပတ်ပေရေနေတဲ့ ၀ါးခြင်းတောင်းဟာ အခုတော့ သစ်လွင်တောက်ပြောင်နေခဲ့တယ် ။
“ ငါ့မြေး ဒါဟာ မင်းတရားစာအုပ်တွေဖတ်တဲ့အခါ
ဘာတွေ ဖြစ်လာမလဲဆိုတဲ့အဖြေပါပဲ မင်းဟာ အကုန်လုံး ကိုနားလည်ချင်မှ
နားလည်လိမ့်မယ် ဒါမှမဟုတ် အကုန်လုံးကို မှတ်မိချင်မှ မှတ်မိလိမ့်မယ်
ဒါပေမယ့် မင်း တရားတော်တွေကို ဖတ်လိုက်တဲ့အခါ မင်းရဲ့ ညစ်နွမ်းနေတဲ့
အတွင်းပိုင်း စိတ်သဏ္ဍာန် ဟာ ပြောင်း လဲဖြူစင် သွားပါလိမ့်မယ် ”
-------------------------- ------------
မြတ်စွာဘုရားက ကျွန်တော်တို့ကို တရားတော်တွေနဲ့ယဉ်ကျေးလိမ္မာ အောင်
လမ်းမှန်ရောက်အောင် ပို့ဆောင်ပေး ခဲ့တယ် ပြီးတော့ တဖြည်းဖြည်း
တရားဓမ္မနဲ့နီးစပ်လို့ အမှန်တရားကို ထိုးထွင်း သိမြင်နိုင်တဲ့ သူဖြစ်အောင်
လမ်းပြပေးခဲ့တယ် ။ မြတ်စွာဘုရားဟာ ဖန်ဆင်းရှင်မဟုတ်ပါဘူး ဒါပေမယ့်
လူသားအားလုံးကို အကောင်း ဆုံး အမှန်တရားကို ပြသပေးနိုင်တဲ့ “ လမ်းပြသူ ”
ဖြစ်ပါတယ် ။
နေ့တိုင်းနေ့တိုင်းအနည်းငယ် လောက်ဖြစ်ဖြစ် တရားဓမ္မတွေကို
လေ့လာဖတ်ရှုခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ ညစ်နွမ်းခက်ထန်နေတဲ့ အတွင်းစိတ်တွေဟာ တရားဓမ္မတွေရဲ့အနှစ်သာ ရတွေကြောင့် ပျော့ပြောင်းဖြူစင် လာပါ လိမ့်မယ် ။
သက်တန့်ချို
#သုတဇုန်
www.thutazone.com
===============
တစ်ခါတုန်းက မြို့ပြနဲ့အလှမ်းဝေးတဲ့ ကျေးရွာလေးမှာ အတူနေတဲ့ မြေးအဖိုး နှစ်ယောက်ရှိကြတယ် ။ မနက်တိုင်း မှာ အဖိုးဖြစ်သူက ထမင်းစားပွဲမှာထိုင်လို့ သူ့ရဲ့ ဟောင်းနွမ်းနေပြီဖြစ်တဲ့ တရားစာအုပ်ကြီးကို ဖတ်နေလေ့ရှိ တယ် ။ မြေးဖြစ်သူကလည်း အဖိုးဖြစ်သူကို အားကျပြီး အဖိုးဖြစ်သူလုပ် တဲ့အတိုင်း လိုက်လုပ်လေ့ ရှိတယ် ။
တစ်နေ့မှာ မြေးဖြစ်သူကမေးတယ် ။ “ အဖိုး ကျွန်တော်လည်း အဖိုးလို တရားစာအုပ်ကိုဖတ်ချင်ပါတယ် ဒါပေ မယ့် ကျွန်တော်နားမလည်ဘူးဖြစ်နေတ
“ ဒီကျောက်မီးသွေးထည့်တဲ့ ၀ါး ခြင်းတောင်းကို ယူသွား မြစ်ထဲမှာ ရေတွေခပ်ပြီး ပြန်သယ်လာခဲ့ပါ ”
မြေးဖြစ်သူက အဖိုးခိုင်းတဲ့အတိုင်း လုပ်ခဲ့တယ် ။ ဒါပေမယ့် သူအိမ်ကို ပြန်မရောက်ခင်မှာပဲ ၀ါးခြင်းတောင်းကနေ သူ ခပ်လာတဲ့ရေတွေအကုန်လုံးထွက်
“ အဖိုးက ရေပုံးနဲ့ခပ်တဲ့ ရေကို လိုချင်တာမဟုတ်ဘူးမြေးရဲ့ ၀ါးခြင်းတောင်းနဲ့ ခပ်တဲ့ရေကိုလိုချင်တာပါ ငါ့မြေးလုပ်နိုင်ပါတယ် မင်း သေသေချာချာ ခက်ခက်ခဲခဲမကြိုးစားလို့ပါ ” ပြီးတော့ မြေးဖြစ်သူကို ၀ါးခြင်းတောင်း နဲ့ပဲ ထပ်ပြီးကြိုးစားစေခဲ့တယ် ။
အဲဒီအချိန်မှာ မြေးဖြစ်သူက ဒါဟာ မဖြစ်နိုင်ဘူးဆိုတာ သိနေခဲ့တယ် ။ ဒါပေမယ့် သူ ဘယ်လောက် ထိ မြန်မြန်ပြေးပြီး ခက်ခက်ခဲခဲ ကြိုးစားတာတောင် ရေတွေထွက်ကျတယ်ဆိုတာ သိအောင် အဖိုးဖြစ်သူ ကိုပြချင်ခဲ့တယ် ။ ဒီလိုနဲ့ မြေးဖြစ်သူဟာ မြစ်ဆီကို သွားပြီး ရေ ကို အမြန်ခပ် ခါတိုင်းထက်ပိုမြန်အောင်ပြေ
ကောင်လေးက ၀ါးခြင်းတောင်းကို ကြည့်တယ် ပြီးတော့ ပထမဆုံးအကြိမ်သူနားလည်လိုက်
“ ငါ့မြေး ဒါဟာ မင်းတရားစာအုပ်တွေဖတ်တဲ့အခါ
--------------------------
မြတ်စွာဘုရားက ကျွန်တော်တို့ကို တရားတော်တွေနဲ့ယဉ်ကျေးလိမ္မာ
နေ့တိုင်းနေ့တိုင်းအနည်းငယ်
လေ့လာဖတ်ရှုခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ ညစ်နွမ်းခက်ထန်နေတဲ့ အတွင်းစိတ်တွေဟာ တရားဓမ္မတွေရဲ့အနှစ်သာ ရတွေကြောင့် ပျော့ပြောင်းဖြူစင် လာပါ လိမ့်မယ် ။
သက်တန့်ချို
#သုတဇုန်
www.thutazone.com
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။