Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, December 22, 2015

ရှေးက ပွင့်တော်မူပြီးဖြစ်ကြတဲ့ နှစ်ကျိပ်ရှစ်ဆူကုန်သော ဘုရားရှင်များ

ရှေးက ပွင့်တော်မူပြီးဖြစ်ကြတဲ့
နှစ်ကျိပ်ရှစ်ဆူကုန်သော ဘုရားရှင်များ

“ကမ္ဘာဟာ အကြမ်းအားဖြင့် သုညကမ္ဘာ အသုညကမ္ဘာရယ်လို့ နှစ်မျိုးရှိသကွယ့်၊ ဘုရားရှင်များ ပွင့်တော်မူရာမဟုတ်တဲ့ ကမ္ဘာကို သုညကမ္ဘာလို့ ခေါ်ပြီး ဘုရားရှင်များ ဖြစ်ပွင့်ရာကမ္ဘာကိုတော့ အသုညကမ္ဘာလို့ ခေါ်တယ်၊ အသုညကမ္ဘာဟာလည်း ဘုရားရှင် ပွင့်တော်မူသည်ကိုစွဲပြီး တစ်ဆူတည်း ပွင့်ခဲ့လျှင် သာရကမ္ဘာ၊ နှစ်ဆူပွင့်ခဲ့လျှင်မဏ္ဍကမ္ဘာ၊ သုံးဆူပွင့်ခဲ့လျှင် ဝရကမ္ဘာ၊ လေးဆူပွင့်ခဲ့လျှင် သာရမဏ္ဍကမ္ဘာ၊ ငါးဆူပွင့်ခဲ့လျှင် ဘဒ္ဒကမ္ဘာလို့ခေါ်တယ်၊ ဘုရားငါးဆူထက် ပိုလွန်ပွင့်တဲ့ ကမ္ဘာရယ်လို့တော့ မရှိဘူးကွယ့်”

“အဲသည်လို ကမ္ဘာအမည် ငါးမျိုးကိုမှတ်သားပြီးတဲ့နောက် ဘုရားရှင် နိယတဗျာဒိတ်ခံယူတဲ့ ကမ္ဘာက ဘုရားဖြစ်တဲ့ကမ္ဘာအထိ ကမ္ဘာတွေကို ရေတွက်ခဲ့လျှင် ကမ္ဘာပေါင်း လေးအသင်္ချေနှင့် တစ်သိန်းရှိတယ်၊ တစ်အသင်္ချေမှာ တစ်နောက်က သုညပေါင်း (၁၄၀)တိတိရှိကြောင်း သဒ္ဒါကြီး သကနာမေဟိသုတ်မှာ တွက်ပြထားတယ်၊ သည်လောက်များပြားတဲ့ ကမ္ဘာအတွင်း ဘုရားပွင့်တဲ့ ကမ္ဘာပေါင်း ဘယ်လောက်ရှိသလဲဆိုတော့ (၁၁)ကမ္ဘာမျှသာရှိတယ်၊ ပွင့်တော်မူတဲ့ဘုရားပေါင်းကလည်း နောင်ပွင့်တော်မူမည့် အရိမေတ္တယျ ဘုရားရှင်ပါ ရေတွက်ပါမှ နှစ်ကျိပ်ရှစ်ဆူမျှသာရှိတယ်၊ သည်အကြောင်းကို ဆရာများက ငါထာဖွဲ့ပြီး မှတ်တမ်းတင်ခဲ့ကြသကွယ့်”

“ဂါထာကို အမိန့်ရှိပါဦး ဆရာတော်”

“ဂါထာက သည်လိုတဲ့ကွယ်” (၁) ကပ္ပေ စ သတသဟေဿ၊
စတုရော စ အသင်္ခယေ။
ဧတ္ထန္တရေ ဇိနုပ္ပါဒါ၊ ကပ္ပေကာဒသ ဘာသိတာ (၂) ကပ္ပေ စ သတသဟေဿ၊
စတုရော စ အသင်္ခေယေ။
ဧတ္ထန္တရေ ဓမ္မရာဇာ၊ အဋ္ဌဝီသံ နာဓိကာ။

သည်ဂါထာနှစ်ပုဒ်က ဘုရားရှင်နှင့် ကမ္ဘာကို မှတ်တမ်းတင်ထားတဲ့ ဂါထာများပဲကွယ့်၊ သည်ဂါထာနှစ်ပုဒ်ကို မူတည်ပြီး ကမ္ဘာ(၁၁)ခုနှင့် ဘုရားနှစ်ကျိပ်ရှစ်ဆူကို တွက်ကြစို့ရဲ့”

ဤဘဒ္ဒကမ္ဘာမှာ ပြန်ရေတွက်ခဲ့သော် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းထက်မှာ
(၁) တဏှင်္ကရာ၊ (၂) မေဓင်္ကရာ၊ (၃) သရဏင်္ကရာ၊ (၄) ဒီပင်္ကရာ အမည်တော်များရှိကြတဲ့ ဘုရားလေးဆူ ပွင့်တော်မူကြတယ်၊ ဘုရားလေးဆူ ပွင့်တဲ့အတွက် အဲသည်ကမ္ဘာကို သာရမဏ္ဍကမ္ဘာလို့ ခေါ်တယ်၊

အဲသည် ဘုရားလေးဆူအနက် နောက်ဆုံးပွင့်တဲ့ ဒီပင်္ကရာဘုရားရှင်ရဲ့ထံမှာ ဂေါတမဘုရားရှင်ဟာ သုမေဓာရသေ့အဖြစ်ဖြင့် နိယတဗျာဒိတ် ရတော်မူသတဲ့၊ အဲသည် သာရမဏ္ဍ ကမ္ဘာပျက်ပြီးသည့်နောက် ကမ္ဘာပေါင်းများစွာဖြစ်ပျက်ခြင်းရှိသော်လည်း
ဘုရားတစ်ဆူမျှမပွင့်ကြတဲ့သုညကမ္ဘာတွေဖြစ်ကြတယ်၊
အဲသည်လို သုညကမ္ဘာပေါင်း ဘယ်လောက်လွန်သွားသလဲဆိုတော့ -

အထဿ အပရဘာဂေ ဧကမသင်္ချေယမတိက္ကမိတွာ ဧကသ္မိံကပ္ပေ ကောဏ္ဍညော နာမ သတ္ထာ ဥဒပါဒိ -
လို့ ဗုဒ္ဓဝံသ ဋ္ဌ (၁၆၀)မှာ မိန့်တော်မူတဲ့အတိုင်း ကမ္ဘာပေါင်း တစ်သင်္ချေ လွန်သွားတယ်၊ ကမ္ဘာတစ်သင်္ချေလွန်သွားပြီးတဲ့နောက် တစ်ခုသော ကမ္ဘာမှာ ကောဏ္ဍညအမည်ရှိတဲ့ တစ်ဆူသောဘုရား ပွင့်တော်မူတယ်၊ ဘုရားတစ်ဆူတည်း ပွင့်တဲ့အတွက် အဲသည်ကမ္ဘာကို သာရကမ္ဘာလို့ ခေါ်တယ်၊ သာရကမ္ဘာပျက်စီးပြီးသည့်နောက် ကမ္ဘာတစ်သင်္ချေ(သုညကမ္ဘာ) လွန်သွားပြန်တယ်၊

ထို့နောက် ဘုရားလေးဆူပွင့်တဲ့ သာရမဏ္ဍကမ္ဘာဖြစ်လာတယ်၊ ပွင့်တဲ့ ဘုရာလေးဆူက (၁) မင်္ဂလ၊ (၂) သုမန၊ (၃) ရေဝတ၊ (၄) သောဘိတ ဘုရားများဖြစ်ကြတယ်။

သောဘိတရားဘုရားရှင် ပရိနိဗ္ဗာန်ဝင်စံလို့ သာရမဏ္ဍကမ္ဘာကြီး ပျက်စီးပြီးတဲ့နောက် သုညကမ္ဘာပေါင်း တစ်အသင်္ချေလွန်ပြန်တယ်၊ တစ်အသင်္ချေလွန်ပြီးမှ (၁) မနောမဒဿီ၊ (၂) ပဒုမ၊ (၃) နာရဒ ဘုရားသုံးဆူပွင့်တော်မူရာ
ဝရကမ္ဘာဖြစ်လာတယ်။

ဝရကမ္ဘာပျက်ပြီးသည့်နောက် သုညကမ္ဘာပေါင်း တစ်အသင်္ချေနှင့် ကမ္ဘာတစ်သိန်းခံနေတယ်၊ အဲသည်နောက်မှ ပဒုမုတ္တဘုရား တစ်ဆူတည်းသော ပွင့်တဲ့ သာရကမ္ဘာဖြစ်လာတယ်၊ ပဒုမုတ္တရဘုရားရှင်က သည်ဘဒ္ဒကမ္ဘာမှာ ပြန်တွက်လျှင် ကမ္ဘာတစ်သိန်းထက်မှာ ပွင့်တော်မူလာတာပေါ့၊ သာရကမ္ဘာပျက်စီးပြီးတဲ့နောက် သုညကမ္ဘာပေါင်း ခုနစ်သောင်း(၇၀၀၀၀)ခံတယ်၊ကမ္ဘာခုနစ်သောင်းလွန်တော့ (၁) သုမေဓ၊ (၂)သုဇာတဘုရားနှစ်ဆူပွင့်တော်မူရာ မဏ္ဍကမ္ဘာဖြစ်လာတယ်၊ အဲသည် မဏ္ဍကမ္ဘာဟာ သည် ဘဒ္ဒကမ္ဘာမှာ ပြန်တွက်လျှင် ကမ္ဘာသုံးသောင်းထက်က ဖြစ်တယ်။

အဲသည် မဏ္ဍကမ္ဘာပျက်စီးပြီးသည့်နောက် ဘုရားမပွင့်တဲ့ သုညကမ္ဘာတွေ ခံနေပြန်တယ်၊ သည်ကမ္ဘာမှ ပြန်တွက်ကြည့်လျှင် (၁၁၈) ကမ္ဘာထက်မှာတော့ (၁) ပီယဒဿီ၊ (၂) အတ္ထဒဿီ၊ (၃) ဓမ္မဒဿီရယ်လို့ ဘုရားသုံးဆူပွင့်တယ်၊ ဘု၇ားသုံးဆူပွင့်တဲ့အတွက် ဝရကမ္ဘာလို့ ခေါ်ရတာပေါ့၊

ဝရကမ္ဘာပျက်စီးပြီးသည့်နောက် သုညကမ္ဘာတွေ ခံပြန်ပြီး (၉၄)ကမ္ဘာထက်မှာတော့ တစ်ဆူတည်းသော သိဒ္ဓတ္ထ ဘုရားပွင့်တော်မူတယ်၊ ဘုရားတစ်ဆူတည်း ပွင့်တော်မူလို့ ကမ္ဘာကို(သာရကမ္ဘာ)လို့ခေါ်တယ်၊ သာရကမ္ဘာပျက်ပြီးသည့်နောက် သုညကမ္ဘာတစ်ခုခံပြန်တယ်၊
(၉၂) ကမ္ဘာထက်ကျတော့ (၁)တိဿ၊ (၂)ဖုဿ အမည်တော်ရတဲ့ ဘုရားနှစ်ဆူပွင့်တယ်၊ ဘုရားနှစ်ဆူပွင့်တော့ မဏ္ဍကမ္ဘာခေါ်တာပေါ့။

မဏ္ဍကမ္ဘာကွယ်တော့ သုညကမ္ဘာမခံတော့ဘဲ (၉၁) ကမ္ဘာထက်မှာ တစ်ဆူတည်းသော ဝိပဿီဘုရား ပွင့်တော်မူတယ်၊ ဘုရားတစ်ဆူ မျှသာပွင့်လို့ ကမ္ဘာကို သာရကမ္ဘာလို့ ခေါ်တယ်။

သာရကမ္ဘာလွန်ပြီးတဲ့နောက် သုညကမ္ဘာပေါင်း (၅၉)ကမ္ဘာခံတယ်၊ (၃၁) ကမ္ဘာထက်ရောက်တော့ (၁)သိခီ၊ (၂) ဝေဿဘူရားနှစ်ဆူပွင့်တော်မူတဲ့ မဏ္ဍကမ္ဘာဖြစ်လာတယ်။

မဏ္ဍကမ္ဘာပျက်ပြီးတဲ့နောက် ယခု ဘဒ္ဒကမ္ဘာအထိ ဘုရားမပွင့်တဲ့သုညကမ္ဘာတွေချည်း ခံနေတယ်၊
ယခု ဘဒ္ဒကမ္ဘာကိုရောက်မှ (၁) ကကုသန်၊ (၂) ကောဏာဂုမ်၊ (၃) ကဿပ၊ (၄) ဂေါတမ။ (၅) အရိမေတ္တယျရယ်လို့ ဘုရားငါးဆူပွင့်တော်မူမယ်၊ ဘုရားလေးဆူကတော့ ပွင့်ပြီးပြီ၊ အရိမေတ္တယျ ဘုရားရှင်ကတော့ နောင်အခါပွင့်မှာဖြစ်တယ်၊

တည်တောဆရာတော်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။