သေမင်းကိုရှာဖွေသူ
***************
သူငယ်ချင်း
၁၈ သိန်းတန် ဆိုင်ကယ်ကြီးစီး
၅ သောင်းကျော်တန် မျက်မှန်ကိုတပ်
၃ သောင်ကျော်တန်အဝတ်အစားတွေနဲ့ 
မင်းရောက်လာတာငါအားကျမိပေမဲ့ 
ထောင်ကျော်တန်ဦးထုပ်လေးမပါ လာတော့ သေမင်းကိုပါ နောက်ကတင်လာခဲ့သလိုမြင်နေတာ မို့ ငါထိန့်လန့်မိတယ်ကွာ နောက်တစ်ခါငါ့စီလာရင် သေမင်းကိုတော့ခေါ်မလာပါနဲ့
သူငယ်ချင်း
KTV အတွက်အချိန်တစ်ညပေး
ဘီယာဝိုင်းအတွက်အချိန်နှစ်နာရီနဲ့
COC အတွက်ရသမျှအချိန်တွေ မင်းပေးနိုင်ခဲ့ပေမဲ့ အဝိုင်းပတ် မီးပွိုင့် လမ်းဆုံ လမ်းလေးခွနဲ့ လူသူရှုပ်တဲ့နေရာတွေမှာ မိနစ်ပိုင်းလေး ယာဉ်မောင်းရင်းပေးရမဲ့အချိန်တွေကိုတော့ ဖင်တကြွကြွဖြစ်နေတဲ့မင်းပုံ စံဟာ သေမင်းစီးကိုအရောက်နောက်ကျမှာစိုးနေသလိုပါပဲ နောက်တစ်ခါငါနဲ့သွားရင် သေမင်းအတွက်အချိန်မပေးပါနဲ့
သူငယ်ချင်း
ရှင်သန်ခြင်းနဲ့သေဆုံးခြင်း တွေရဲ့ ပေါင်းကူးတံတားမှာ တို့ရဲ့ ပေါ့လျှော့ခြင်းလှေကားထစ်တွေမခင်းမိပါစေနဲ့ ဒီနေ့ ဒီအချိန် ဒီအောင်မြင်မှုတွေရအောင် အပတ်တကုတ်ကြိုးစားလာခဲ့ပီးကာမှ ပေါ့လျှော့ခြင်းတစ်ခုကြောင့်  ဘဝမပျက်ပါစေနဲ့ ယာဉ်မတော်တဆမှုတွေကြောင့် တဖြုတ်ဖြုတ်သေဆုံးနေကြတဲ့သူ တွေထဲ ကိုယ်မပါမိခင်ကထဲက တို့တွေ အသိနဲ့သတိတွေရှိကြပါစို့။
ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ
12.9.2016
***************
သူငယ်ချင်း
၁၈ သိန်းတန် ဆိုင်ကယ်ကြီးစီး
၅ သောင်းကျော်တန် မျက်မှန်ကိုတပ်
၃ သောင်ကျော်တန်အဝတ်အစားတွေနဲ
မင်းရောက်လာတာငါအားကျမိပေမဲ
ထောင်ကျော်တန်ဦးထုပ်လေးမပါ
သူငယ်ချင်း
KTV အတွက်အချိန်တစ်ညပေး
ဘီယာဝိုင်းအတွက်အချိန်နှစ်န
COC အတွက်ရသမျှအချိန်တွေ မင်းပေးနိုင်ခဲ့ပေမဲ့ အဝိုင်းပတ် မီးပွိုင့် လမ်းဆုံ လမ်းလေးခွနဲ့ လူသူရှုပ်တဲ့နေရာတွေမှာ မိနစ်ပိုင်းလေး ယာဉ်မောင်းရင်းပေးရမဲ့အချိန
သူငယ်ချင်း
ရှင်သန်ခြင်းနဲ့သေဆုံးခြင်း
ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသ
12.9.2016
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။