Daw Aung San Suu Kyi
ဆဲတဲ့သူကို ပြုံးပြီးကြည့်ရဲတဲ့သတ္တိ
~~~~~~~~~~~~~~~
``ဂျုတီကျ ဗိုလ်မှုး ပြောပြတဲ့ အမေစုမိန့်ခွန်း´´
ပြည်လုံးကျွတ်နဲ့သတင်းစာကနေ
ဆဲပွဲကြီး လုပ်နေချိန်ကပါ။
လူထုဆဲပွဲအပြန် ဘတ်စ်ကားတစ်စီး
သံဆူးကြိုးတွေဖွင့်ဝင်လာကာ အိမ်ရှေ့ရပ်
ဆဲကြပါသည်။
"ကုလား………ဘီလူး
ပြည်ဖျက် တိုင်းပြည်က ထွက်သွား ငါ………………"
စုံနေအောင် အုပ်လိုက် တပျော်တပါးကြီး
အကျယ်ကြီး ဆဲကြတာ...
အနားမှာ စစ်သားတွေဘဲ ရှိတယ်။
ဘယ်သူမှ ပေးမဝင်ထားတဲ့နေရာမှာ
(သင်ဆိုဘာလုပ်မလဲ)
အိမ်ထဲခြံထဲကနေ မကြားသလို နေမယ်ထင်ပါလား။
မဟုတ်ဘူးခင်ဗျာ။
အရင် သံတခါးနား ခုံလေးနဲ့
ထွက်လာပါတယ်။
အားလုံးမျက်လုံးပြူးကြီးနဲ့
ဝိုင်းကြည့်ကြပါတယ်။
အမေစုက အောင်မြင်တဲ့ အသံနဲ့ပြောပါတယ်။
ဝါကျ ၆ ကြောင်းပဲ ပါပါတယ်။
တိတ်ဆိတ်ငြိမ်သက်ပြီး ပါစပ်အဟောင်းသား
ဖြစ်တဲ့သူဖြစ် မျက်ရည်လည်တဲ့သူလည်နဲ့
ဖြစ်သွားပါတယ်။
တိတ်ဆိတ်စွာခြောက်ခြားမှုကို မခံနိုင်တဲ့အဆုံး
ဗိုလ်မှူးက "ဟေ့ကောင် ကားမောင်းစမ်း"တဲ့။
ဒရိုင်ဘာစက်နှိုးပြီး မောင်းထွက်သွားပါတယ်။
တိတ်ဆိတ်စွာ မျက်စေ့တဆုံး လိုက်ကြည့်နေတဲ့
အမေစု သက်ပြင်းချ ရင်မောပြုံးနဲ့ အိမ်ထဲ
ပြန်ဝင်သွားပါတယ်။
ဘာပြောလိုက်တာလဲ ...
ကျွန်တော့် အသည်းထဲမှာ အမြဲသတိရတိုင်း
တုန်ယင်လာအောင် ကောင်းပါတယ်။
လက်တွေ့ ပါဝင်တဲ့ သူတွေဆီပြန်မေးကြည့်ကြပါ။
ကျွန်တော်ပြန်မရေးနိုင်အောင် ခံစားရပါတယ်။
တာဝန်ကျ စစ်သည် တအုပ်လုံး အသစ်လဲပေးရသည် အထိ ကြားခဲ့ရတဲ့ အစောင့်
စစ်သားတွေပေါ် သက်ရောက်ခဲ့ရတာပါ။
သူမ ပြောခဲ့တာက…………။
" သားတို့ ခဏနေကြပါဦး
အန်တီ တခုလောက်ပြောချင်လို့ပါ…… "
အားလုံးငြိမ်သွားမှ
" အခု သားတို့လုပ်နေကြတာကို
အန်တီ သဘောကျတယ်။
ကိုယ်မကြိုက်တဲ့သူကို မကြိုက်တဲ့အကြောင်း အဲ့ဒီလူရှေ့မှာ ရဲရဲတင်းတင်း ပြောရဲပြောခွင့်ရှိရမယ်။
အဲ့ဒါ အန်တီ တောင်းဆိုနေတဲ့ ဒီမိုကရေစီဆိုတာပဲ။
ဆက်ပြောကြပါ... ။" တဲ့
(Khaingkooo ဘလော့ခ် မှကူးယူဖော်ပြပါသည်။)
ဆဲပွဲကြီး လုပ်နေချိန်ကပါ။
လူထုဆဲပွဲအပြန် ဘတ်စ်ကားတစ်စီး
သံဆူးကြိုးတွေဖွင့်ဝင်လာကာ အိမ်ရှေ့ရပ်
ဆဲကြပါသည်။
"ကုလား………ဘီလူး
ပြည်ဖျက် တိုင်းပြည်က ထွက်သွား ငါ………………"
စုံနေအောင် အုပ်လိုက် တပျော်တပါးကြီး
အကျယ်ကြီး ဆဲကြတာ...
အနားမှာ စစ်သားတွေဘဲ ရှိတယ်။
ဘယ်သူမှ ပေးမဝင်ထားတဲ့နေရာမှာ
(သင်ဆိုဘာလုပ်မလဲ)
အိမ်ထဲခြံထဲကနေ မကြားသလို နေမယ်ထင်ပါလား။
မဟုတ်ဘူးခင်ဗျာ။
အရင် သံတခါးနား ခုံလေးနဲ့
ထွက်လာပါတယ်။
အားလုံးမျက်လုံးပြူးကြီးနဲ့
ဝိုင်းကြည့်ကြပါတယ်။
အမေစုက အောင်မြင်တဲ့ အသံနဲ့ပြောပါတယ်။
ဝါကျ ၆ ကြောင်းပဲ ပါပါတယ်။
တိတ်ဆိတ်ငြိမ်သက်ပြီး ပါစပ်အဟောင်းသား
ဖြစ်တဲ့သူဖြစ် မျက်ရည်လည်တဲ့သူလည်နဲ့
ဖြစ်သွားပါတယ်။
တိတ်ဆိတ်စွာခြောက်ခြားမှုကို မခံနိုင်တဲ့အဆုံး
ဗိုလ်မှူးက "ဟေ့ကောင် ကားမောင်းစမ်း"တဲ့။
ဒရိုင်ဘာစက်နှိုးပြီး မောင်းထွက်သွားပါတယ်။
တိတ်ဆိတ်စွာ မျက်စေ့တဆုံး လိုက်ကြည့်နေတဲ့
အမေစု သက်ပြင်းချ ရင်မောပြုံးနဲ့ အိမ်ထဲ
ပြန်ဝင်သွားပါတယ်။
ဘာပြောလိုက်တာလဲ ...
ကျွန်တော့် အသည်းထဲမှာ အမြဲသတိရတိုင်း
တုန်ယင်လာအောင် ကောင်းပါတယ်။
လက်တွေ့ ပါဝင်တဲ့ သူတွေဆီပြန်မေးကြည့်ကြပါ။
ကျွန်တော်ပြန်မရေးနိုင်အောင် ခံစားရပါတယ်။
တာဝန်ကျ စစ်သည် တအုပ်လုံး အသစ်လဲပေးရသည် အထိ ကြားခဲ့ရတဲ့ အစောင့်
စစ်သားတွေပေါ် သက်ရောက်ခဲ့ရတာပါ။
သူမ ပြောခဲ့တာက…………။
" သားတို့ ခဏနေကြပါဦး
အန်တီ တခုလောက်ပြောချင်လို့ပါ…… "
အားလုံးငြိမ်သွားမှ
" အခု သားတို့လုပ်နေကြတာကို
အန်တီ သဘောကျတယ်။
ကိုယ်မကြိုက်တဲ့သူကို မကြိုက်တဲ့အကြောင်း အဲ့ဒီလူရှေ့မှာ ရဲရဲတင်းတင်း ပြောရဲပြောခွင့်ရှိရမယ်။
အဲ့ဒါ အန်တီ တောင်းဆိုနေတဲ့ ဒီမိုကရေစီဆိုတာပဲ။
ဆက်ပြောကြပါ... ။" တဲ့
(Khaingkooo ဘလော့ခ် မှကူးယူဖော်ပြပါသည်။)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။