[ KoThura's Note - 27 Apr 2017 ]
*** အဝေးမှုန် ***
ကျွန်တော်တို့တွေ ဝန်ထမ်းပဲလုပ်လုပ်၊ လုပ်ငန်းပဲထောင်ထောင် အလုပ်ကြိုးစားရမှာက ဓမ္မတာပါ...
အလုပ်ကြိုးစားတာက ကောင်းပါတယ်။ ကိုယ့်ရဲ့ ကိုယ်အား၊ ဥာဏ်အား၊ စွမ်းအားတွေ အကုန်စိုက်ထားပြီး တိုးတက်အောင် လုပ်တာ ကောင်းတာပေါ့...
တခုပါပဲ.. ဒီလို အားသွန်ခိုက်စိုက်တွေကြိုးစားပြီး ၁၀နှစ်လောက်ကြာခါမှ ကိုယ်လိုချင်တဲ့ နေရာ၊ ကိုယ်နေချင်တဲ့ ဘဝ ဖြစ်မလာဘူးဆိုရင် ဘယ်လိုလုပ်မလဲ...
ကျွန်တော်တို့ ရှေ့တပြကိုပဲ ကြည့်နေလို့မရပါဘူး... လမ်းဆုံးမှာ ဘာရှိနိုင်မလဲဆိုတာကိုလည်း လှမ်းကြည့်ထားဖို့ လိုပါတယ်။
လမ်းဆုံးမှာ ချောက်ကြီးဖြစ်နေမလား၊ တောနက်ကြီးပိတ်နေမလား၊ သာယာပျော်ရွှင်ဖွယ် စမ်းချောင်းလေးဖြစ်နေမလားဆိုတာတော့ အရှေ့ကို အမြဲမျှော်ကြည့်ရှုတတ်တဲ့ အဝေးမမှုန်တဲ့သူတွေပဲ သိမှာပါ...
အနာဂတ်မှာ ကိုယ် ဘာဖြစ်နိုင်တယ်ဆိုတာ ကြည့်တာက နည်းနည်းခက်တတ်ပါတယ်။ အကောင်းဆုံးကတော့ ကိုယ်ဖြစ်ချင်တဲ့ အနာဂတ်ကို အရင်စိတ်ကူးပြီးမှ နောက်ပြန်စဉ်းစားတာပိုကောင်းပါတယ်
ငါ.. ဘာဖြစ်ချင်တာလဲ....
ငါ... ဘာပိုင်ချင်တာလဲ....
ငါ... ဘယ်လို နေချင်တာလဲ...
ဒီလိုတွေ ဖြစ်ဖို့၊ ပိုင်ဖို့၊ နေနိုင်ဖို့ ဘာအလုပ်တွေ လုပ်ရင် ရမလဲ ဆိုတာကို နောက်ကြောင်းပြန် တွေးပါ...
ပြီးမှ ဒီအလုပ်တွေကို ဘယ်လို အခုစပြီး လုပ်မလဲဆိုတာ အစီအစဉ်ပြန်ချပါ..
ကဲ.... အဝေးမှုန်ခြင်းမှ ကင်းဝေးကြပါစေဗျာ..
#KoThuraNote
#27Apr2017
*** အဝေးမှုန် ***
ကျွန်တော်တို့တွေ ဝန်ထမ်းပဲလုပ်လုပ်၊ လုပ်ငန်းပဲထောင်ထောင် အလုပ်ကြိုးစားရမှာက ဓမ္မတာပါ...
အလုပ်ကြိုးစားတာက ကောင်းပါတယ်။ ကိုယ့်ရဲ့ ကိုယ်အား၊ ဥာဏ်အား၊ စွမ်းအားတွေ အကုန်စိုက်ထားပြီး တိုးတက်အောင် လုပ်တာ ကောင်းတာပေါ့...
တခုပါပဲ.. ဒီလို အားသွန်ခိုက်စိုက်တွေကြိုးစ
ကျွန်တော်တို့ ရှေ့တပြကိုပဲ ကြည့်နေလို့မရပါဘူး... လမ်းဆုံးမှာ ဘာရှိနိုင်မလဲဆိုတာကိုလည်း လှမ်းကြည့်ထားဖို့ လိုပါတယ်။
လမ်းဆုံးမှာ ချောက်ကြီးဖြစ်နေမလား၊ တောနက်ကြီးပိတ်နေမလား၊ သာယာပျော်ရွှင်ဖွယ် စမ်းချောင်းလေးဖြစ်နေမလားဆု
အနာဂတ်မှာ ကိုယ် ဘာဖြစ်နိုင်တယ်ဆိုတာ ကြည့်တာက နည်းနည်းခက်တတ်ပါတယ်။ အကောင်းဆုံးကတော့ ကိုယ်ဖြစ်ချင်တဲ့ အနာဂတ်ကို အရင်စိတ်ကူးပြီးမှ နောက်ပြန်စဉ်းစားတာပိုကောင်
ငါ.. ဘာဖြစ်ချင်တာလဲ....
ငါ... ဘာပိုင်ချင်တာလဲ....
ငါ... ဘယ်လို နေချင်တာလဲ...
ဒီလိုတွေ ဖြစ်ဖို့၊ ပိုင်ဖို့၊ နေနိုင်ဖို့ ဘာအလုပ်တွေ လုပ်ရင် ရမလဲ ဆိုတာကို နောက်ကြောင်းပြန် တွေးပါ...
ပြီးမှ ဒီအလုပ်တွေကို ဘယ်လို အခုစပြီး လုပ်မလဲဆိုတာ အစီအစဉ်ပြန်ချပါ..
ကဲ.... အဝေးမှုန်ခြင်းမှ ကင်းဝေးကြပါစေဗျာ..
#KoThuraNote
#27Apr2017
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။