ကိုယ့်ရဲ့ကြီးမားတဲ့ အိပ်မက်ရည်မှန်းချက်ကို ဘယ်သူ့ဆီမှာမ အပ်နှံထားမိပါစေနဲ့
===============
ကျွန်တော် အကြိမ်ပေါင်းများစွာညည်းညူနေကြတာကို ကြားနေ ခဲ့ဖူးတယ်။ ဟိုလူသာ ဟိုလိုလုပ်လိုက်ရင် ငါ့ဘဝ ဒီလိုကောင်းစားနေပြီ ၊ ဒီလူသာ ဒီလိုမလုပ်ခဲ့ရင် ငါ့ဘဝအောင်မြင်နေခဲ့ ပြီ စသဖြင့် နားထောင် မိပြီးတော့ အံ့သြမိ တွေးမိတာ
ဘာကြောင့် သူတစ်ပါးကို ကိုယ့်ရဲ့ရည်မှန်းချက်ရည်ရွယ်ချက်တွေ သွားအပ်ထားသလဲပေါ ကိုယ့်ဖာသာစောင့်ရှောက်ရမဲ့ အရာကို ပဲဟာ
......................
ကိုယ့်အိပ်မက် ဆိုတာ ကိုယ့်ဟာပဲ ၊ ကိုယ့်ဘဝ ဆိုတာ ကိုယ်ပိုင်တာပဲ ဥစ္စာ ၊ တစ်ပါးသူနဲ့ သွားသက်ဆိုင်နေတယ် ဆိုရင်ဘယ်လိုလုပ်ပြီး ကိုယ့်ဟာဖြစ်နေမှာလဲ
.......................
အဲလိုအတွေး ဟာ ကိုယ့်ကိုကိုယ်ကြည့်ကောင်းစေချင် တဲ့ အတွေးကြောင်သာပါပဲ ။ ကိုယ့်ရဲ့ အသုံးမကျတဲ့ အစွမ်းအစတွေ ကို ကိုယ် လက်မခံချင်လို့ ရှောင်လွဲတဲ့ အကြောင်းပြချက် စကားလှလှတွေ နဲ့ တစ်ပါးသူကိုအပြစ် ပုံချ တာပါ ။
သူရဲဘောကြောင်တတ်တဲ့ လူစားဟာအောင်မြင်ဖို့ ခက်ခဲလှပါတယ်
......................
- ဘဝသစ်ကိုစတင်ပါ။
- ကိုယ့်ဘဝ ကိုယ့်အိပ်မက် ကို ကိုယ်တာဝန်ယူပါ ။
- အတွေးအခေါ် ပြောင်းလဲခြင်းကနေစတင်ပါ။
- ကိုယ့်ရဲ့ရည်မှန်းချက်ပန်းတိုင်နဲ့ အိပ်မက်ကို ထင်ထင်ရှားရှားပြတ်ပြတ်သားသားချမှတ်ပါ။
- အရည်အချင်းရှိ သလောက်အပြည့်အဝ လုပ်ဆောင် လိုက်ပါ ။
-ဘယ်လိုအခက်အခဲတွေ ကိုမဆိုလွယ်လွယ် အရှုံးမပေးလိုက်ပါနဲ့
.......................
မသေမချင်း မှတ်ထားရမှာက သင့်ဘဝနဲ့ သင့်အိပ်မက်က သင့်ဥစ္စာပါ။
အကယ်လို့ သင်ကိုယ်တိုင်မတည်ဆောက် ရင် ဘယ်ကလူက လာတည်ဆောက်ပေးမှာတဲ့ လဲ ???
...........................................
လွပ်လပ်မှုဆိုတာလူတိုင်းအတွက်ဖြစ်နိုင်ပါတယ် ကိုယ်ကသာရွေးချယ်မလားဆိုတာမူတည်သွားတာပါ
Source ; သင်သိရင် သင်ချမ်းသာလိမ့်မယ်

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။