Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, April 28, 2017

သိထားသင့်တဲ့ ကြက်ဥလေးတွေအကြောင်း

 
သိထားသင့်တဲ့ ကြက်ဥလေးတွေအကြောင်း
=================
ကြက်ဥရဲ့အရောင်…
ကြက်ဥရဲ့အခွံဟာ အဖြူရောင်၊အညိုရောင် စသည်ဖြင့် အမျိုးမျိုးရှိ တတ်ပါတယ်။ အခွံရဲ့အရောင်မတူညီမှုက ဥရဲ့အနံ့အရသာ၊ အာဟာရ ပါဝင်မှုတွေနဲ့(လုံးဝ) မသက်ဆိုင်ပါဘူး။ ကြက်ဥရဲ့အမျိုးအစားနဲ့သာ ဆိုင်ပါတယ်။ ဥအရောင်ဟာ ကြက်တွေ စား ရတဲ့ အစာပေါ်မှာမူတည်ပါတယ်။ ဂျုံကို အခြေခံတဲ့ အစာတွေစားရသော ကြက်တွေရဲ့ဥဟာ အဝါရောင်ဖျော့ပြီး၊ ပြောင်းဆန်ကို အခြေခံသော အစားအစာတွေစားရတဲ့ ကြက်တွေရဲ့ ဥဟာ အဝါရောင်ရင့်ပါတယ်။ ဥရဲ့အနှစ်အရောင်ကလည်း အဝါနုနုကနေ၊ လိမ္မော်ရောင်အထိ ရှိတတ်ပါတယ်။ ဥရဲ့အနှစ်အရောင် မတူပေမယ့် အနံ့ အရသာနှင့် အာဟာရတွေ ကြွယ်ဝမှု များကတော့ ကွာခြားမှု မရှိကြပါဘူး။

ကြက်ဥတွေဝယ်တဲ့အခါ
ဒါကတော့ ကြက်ဥတမျိုးတည်းသာ မဟုတ်ပါဘူး ဘဲဥ ငုံးဥတွေနဲ့ လည်း သက်ဆိုင်ပါတယ်။ ဥတွေကို ဝယ်ကတည်းက အကွဲအအက်မပါတဲ့ ဥနှင့် ဥအခွံပေါ် မှာ ရွှံ့တွေ ချေးတွေ ညစ်ပေမနေတဲ့ ဥမျိုးကိုသာ ရွေးဝယ်သင့်ပါတယ်။ ဥအခွံဟာ မာနေတဲ့ အတွက် အထဲက အဖြူရည်ကြည်အကာတွေနဲ့ အနှစ်တွေကို လုံခြုံအောင် အကာအကွယ် ပေးနေတယ်လို့ ထင်ကောင်းထင်ပါလိမ့်မယ်။ တကယ်တော့ ဥအခွံပေါ်မှာ သာမန်မျက်စိ နဲ့ မမြင်နိုင်တဲ့ အပေါက်သေးသေးလေးတွေ ရှိနေပါတယ်။ အဲဒီအပေါက်လေးတွေကနေ ပြီး အထဲကို ရေ-ရေငွေ့-လေ ဘက်တီးရီးယားပိုးတွေ စိမ့်ဝင်နိုင်ပါတယ်။ ဥကို မစားသေးပဲ ကြာကြာထားလေ အခွံထဲက အပေါက်ကလေးတွေ ကျယ်လာလေဖြစ်ပါတယ်။ ဥတွေကို ရေခဲသေတ္တာထဲမှာထားရင်တော့ ဘက်တီးရီးယားတွေ လွယ်လွယ်နဲ့ မပေါက်ပွားနိုင် တော့ပါဘူး။
ဥတွေကို ဝယ်လာပြီး မစားသေးပဲ ဒီအတိုင်းထားရင် ရက်ကြာလာတာနဲ့အမျှ ပျက်စီးသွား ပါလိမ့်မယ်။ အကာအရည်ကြည်တွေ လျော့ပါးလာပြီး အနှစ်ရဲ့ပတ်ပတ်လည်က အမြှေး ကလေးကလည်း ပျက်စီးလွယ်လာပါပြီ။ ဒါကို ဈေးသည်တွေ အခေါ်အဝေါ်အရ အဆံ ချောင်တယ်လို့ ပြောလေ့ရှိပါတယ်။ ဥပမာအားဖြင့် ပုံမှန်အခန်း အပူချိန်ထဲမှာ တရက်သာ ခံမယ့် ဥဟာ ရေခဲသေတ္တာထဲမှာ ၇-ရက်လောက် ခံပါတယ်။ ဒါကြောင့် ဥတွေကို ဝယ်တဲ့ အခါ City Mart တို့လို ရေခဲသေတ္တာထဲ ထည့်ပြီးရောင်းတဲ့ ဆိုင်မျိုးတွေကပဲ ဝယ်သင့်ပါ တယ်။ အိမ်ရောက်တဲ့အခါမှာလည်း ဥတွေကို ဝယ်လာတဲ့ ဗူး(ကြက်ဥခွက်ဗူး)နှင့်အတူ ရေခဲသေတ္တာထဲမှာ သိမ်းပေးပါ။ အဲဒီလို ကြက်ဥထည့် ဗူးတွေထဲ သိမ်းထားတော့ ကြက်ဥ ထဲကို အနံ့ဆိုး မဝင်စေတော့ပါဘူး။ ရေခဲသေတ္တာရဲ့တံခါးမှာ မထားပဲ အတွင်းပိုင်းမှာပဲ ထားသင့်ပါတယ်။
ဥတွေကို ချက် ပြုတ် ကြော်ပြီးတော့ ပူပူနွေးနွေးစားခြင်းက အန္တရာယ်ကင်းဝေးစေ နိုင်ပါတယ်။ ဥတွေကို အနံ့ဆိုးတဲ့ ကြက်သွန်လို အစားအစာတွေနဲ့ တွဲမထားသင့်ပါဘူး။
ကြက်ဥမှ ရနိုင်တဲ့ရောဂါ
ဒါကတော့ ကြက်ဥတွေသာ မကပါဘူး ဘဲဥ ငုံးဥတွေနဲ့လည်း သက်ဆိုင်ပါတယ်။ ဥတွေမှာ Salmonella ဘက်တီးရီးယားတွေ ပါလာနိုင်ပါတယ်။ Salmonella ဆိုတာ အစာကတဆင့် ကူးစက်ရောဂါဖြစ်စေတတ်တဲ့ ဘက်တီးရီးယား တမျိုးဖြစ်ပါတယ်။ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေနှင့် ကိုယ်ခံအားနည်းသူတွေမှာ ရောဂါပိုဖြစ်လွယ်ပါတယ်။ Salmonella ဘက်တီးရီးယားကူး စက်ပိုးဝင်တဲ့ လက္ခဏာ များမှာ ဥတွေစားပြီးနောက် မကြာမီအချိန်အတွင်းမှာပင် ယားယံခြင်း၊ အင်ပျဉ်အဖု အပိမ့်များထွက်ခြင်း၊ ဝမ်းပျက်ခြင်း၊ ဗိုက်နာခြင်းတို့ဖြစ်ကြပါတယ်။
ကြက်ဥ(အခွံ)ရဲ့ထူးခြားချက်-
ကြက်ဥခွံတွေမှာ တခါတရံ သွေးကွက်ကလေးတွေ တွေ့မြင်ဖူး ကြပါလိမ့်မယ်။ ဒါဟာ ကျန်းမာရေးအတွက် ဘေးဥပါဒ်(လုံးဝ)မဖြစ်စေလို့ ကြောက်ဖို့ မလိုအပ်ပါဘူး။ အကောင်ပေါက်မည့် လက္ခဏာမျိုးလည်းမဟုတ်ပါဘူး။ ကြက်ဥဖြစ်ပေါ် နေစဉ် သွေးကြောငယ်လေးတခု ပေါက်သွားခြင်းကြောင့်သာ သွေးစက်လေးပေါ်နေတာ ဖြစ်ပါတယ်။
ကြက်ဥပြုတ်(အနှစ်)ရဲ့ထူးခြားချက်-
ကြက်ဥပြုတ်ရဲ့အနှစ်မှာ မီးခိုးရောင်(ရံဖန်ရံခါ အစိမ်း ရောင်)သမ်းနေတာကို တွေ့ဖူးကြမှာပါ။ ဒါကတော့ ဥမှာပါတဲ့ သံဓာတ်နှင့် ဆာလဖါ(ကန့်)တို့ ဓာတ်ပြုကြတာကြောင့် အဲဒီလိုအရောင်မျိုး ဖြစ်ပေါ်လာပါတယ်။ ကြက်ဥပြုတ်စဉ် အသုံး ပြုတဲ့ ရေထဲမှာ သံဓာတ်များနေရင်လည်း ခုလိုအရောင်ဖြစ်တတ်ပါတယ်။ သို့သော် ကြက်ဥ အနှစ်ရဲ့ အနံ့အရသာ မပြောင်းလဲသလို ကျန်းမာရေးအတွက် အာဟာရတန်ဖိုးတွေလဲ မထိ ခိုက်စေတာမို့ ယုံကြည်စိတ်ချစွာ စားသုံးနိုင်ပါတယ်။
ကြက်ဥရဲ့အာဟာရတန်ဘိုး-
ဥပမာ ၅၀ ဂရမ်အလေးချိန်ရှိတဲ့ ကြက်ဥတလုံးမှာ ပရိုတင်း ၆-ဂရမ်ကျော် ပါဝင်နေပြီး၊ အဲဒီပရိုတင်းပမာဏ ထက်ဝက်ကျော်က အကာထဲမှာ ပါရှိနေပြီး၊ ကျန်ထက်ဝက်ခန့်က အနှစ်ထဲမှာ ရှိပါတယ်။ ခွန်အားဓာတ် ၇၀- ကယ်လိုရီပါဝင်နေပြီး ထို ကယ်လိုရီရဲ့ ၄-ပုံ ၃-ပုံက အနှစ်ထဲမှာ ပါရှိနေပါတယ်။ အဆီ၊ မီးစုန်း(phosphorous၊ သံ ဓာတ်၊ B1၊ B6၊ B12၊ ဖောလစ်အက်ဆစ်၊ ပင်တိုသင်းနစ် အက်ဆစ်၊ ခိုလင်းစတဲ့ ဗီတာမင် ဘီအုပ်စုတို့အပြင်၊ ဗီတာမင်အေ၊ ဗီတာမင်ဒီ စတဲ့ အာဟာရဓာတ်များလဲ ကြက်ဥအနှစ်ထဲမှာ ပါရှိနေပါတယ်။ ဒါကြောင့် ကြက်ဥစားတဲ့အခါ အကာရော အနှစ်တွေကိုပါ အားလုံးစားပေးရ ပါမယ်။ ကြက်ဥရဲ့အာဟာရတန်ဖိုးတွေက ကလေးများ ကြီးထွားဖွံ့ဖြိုးမှုအတွက် အထူးလို အပ်သလို၊ သက်ကြီးရွယ်အိုများ ခန္ဓာကိုယ် တစ်ရှုးတွေ ပြန်လည်ပြုပြင် တည်ဆောက်ရေး အတွက် အရေးပါတာကြောင့် အရွယ်၃-ပါးမရွေး ကြက်ဥစားသုံးသင့်ပါကြောင်းနှင့် မိသားစု ကျန်းမာရေးအတွက် မချက်ပြုတ်ခင် ကြက်ဥတွေကို ကျန်းမာရေးနဲ့ ညီညွတ်အောင် စံနစ် တကျ သိမ်းဆည်းထားသင့်ပါကြောင်း။
ဆောင်းပါးရှင်....ပေါက်ပေါက်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။