Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, April 27, 2017

ကမ္ဘာ့နံပါတ်တစ် အရောင်းသမား Joe Girard ရဲ့  လျို့ဝှက်ချက် (အပိုင်း-၂)

ကမ္ဘာ့နံပါတ်တစ် အရောင်းသမား Joe Girard ရဲ့  လျို့ဝှက်ချက် (အပိုင်း-၂)

“အချဉ်”ကောင်ဆိုတာလဲ လူပါပဲ… 🙋‍♂️
...........................................

ခင်ဗျားတို့ဆီမှာ customer ကို နောက်ကွယ်မှာ ဘယ်လိုခေါ်သလဲ မသိဘူးဗျ၊ ကျုပ်တို့ Detroit ကားလောကမှာတော့ “Mooch” လို့ခေါ်တယ်ဗျ (မြန်မာလိုတော့ သူတောင်းစားလို့ အဓိပ္ပါယ်ရပါတယ်၊ မြန်မာပြန်သူကတော့ မြန်မာကားပွဲစား တချို့ ခေါ်လေ့ရှိတဲ့ “အချဉ်”လို့ပဲ သုံးပါမယ်)။

ဒီအခေါ်အဝေါ်က တော်တော်ဆိုးတာဗျ၊ စဉ်းစားကြည့်လေ ကိုယ့်ကို ပိုက်ဆံလာပေးတဲ့ customer ကို ဒီလိုခေါ်တာက ဘယ်ကောင်းမလဲဗျာ။ ဒီလိုခေါ်ချင်းအားဖြင့် ကိုယ့်ရဲ့  ၀ယ်သူအပေါ် အင်မတန်မှ ဆိုးဝါးတဲ့ negative attitude ကို ဖြစ်စေတာကိုး။ ဒါပေမယ့်လဲဗျာ ကျုပ်တို့ဆီက အပေါင်းအဖော်တွေကတော့ ဒီ “အချဉ်” ဆိုတဲ့ စကားလုံးကို ပျော်ပျော်ကြီးသုံးတာပဲဗျ။ တစ်ခါတစ်လေ အ၀ယ်ဖြစ်နိုင်တဲ့သူသာမက ၀ယ်နေကြ ဖောက်သည်တွေကပါ အချဉ်ဖောက်စရာ (စိတ်ပျက်စရာ) တွေ လုပ်တတ်ကြတာ ကျနော်လည်း နားလည်ပါတယ်။ ဒါပေမယ့် ကိုယ့်ကို အဖျက်လမ်းကြောင်းကိုပဲ စွဲခေါ်သွားနိုင်တဲ့ ဒီကို စကားလုံးကိုတော့ ခေါင်းထဲမှာ ထည့်မထားတာ ကောင်းပါတယ်။

အရင်ဆုံး “အချဉ်” လို့ခေါ်နေတဲ့ customer တွေဟာ ဘာလဲလို့ အရင်စဉ်းစား ကြည့်ဗျာ။ သူတို့ဟာ “လူ” တွေပါ။ ကြောက်ရွံ့ မှုတွေ၊ ခံစားချက်တွေ၊ လိုအပ်ချက်တွေရှိတဲ့ “လူ” တွေ။ ချွေးနည်းစာကို ကြိုးစားပမ်းစား စုဆောင်းခဲ့ကြတဲ့ “လူလတ်တန်းစား” တွေပါ။ ဒါတွေ ခင်ဗျားတို့ သိပြီးသားပါလေ၊ ဒါပေမယ့် များသောအားဖြင့် ဒါတွေကို ကျုပ်တို့က မေ့နေကြတာပါ။ ဘာလို့လဲ ဆိုတော့ ကျုပ်တို့က တန်ဖိုးရှိတဲ့ အချိန်ကို ပေးပြီး Professional လုပ်နေကြတဲ့ အရောင်းသမားတွေလေ။ နေ့တိုင်းကျုပ်တို့ အချိန်ကို လာပြီး ဖြုန်းတဲ့ သူတွေကလည်း မနည်းဘူးမဟုတ်လား။

ဒါပေမယ့် ဘယ်တော့မှ မမေ့သင့်တဲ့ အရာက customer တစ်ယောက်က showroom ထဲ ၀င်လာပြီ ဆိုတာနဲ့ အနည်းနဲ့အများ စိုးရိမ်နေကြတာပါပဲ။ အများစုကတော့ ၀ယ်ဖို့ ဖြစ်နိုင်ချေ ရှိတဲ့သူတွေပါပဲ။ အနည်းဆုံးတော့ ၀ယ်ဖို့ စိတ်ဝင်စားလို့ သူလည်း သူ့အချိန်ကို ခင်ဗျားကို ပေးထားတာပေါ့။ ဒါပေမယ့် သူတို့ ကြိုးစား ရှာဖွေထားရတဲ့ ငွေ (နည်းသည်ဖြစ်စေ များသည်ဖြစ်စေ) ကိုတော့ အလကား ဖြစ်မှာ ကြောက်တာပဲဗျ။ ကြောက်တာလဲ မပြောနဲ့လေ၊ အရောင်းသမားဆိုတာကလည်း အစကတည်းက ရောင်းဖို့ပဲ ဦးတည်နေတာကိုး။ တစ်ကယ်တော့ အရောင်းအ၀ယ် စကားပြောတယ်ဆိုတာ ၀ယ်သူနဲ့ ရောင်းသူကြား စစ်တစ်ပွဲ တိုက်နေရသလိုပဲလေ။

အရှုံးမရှိတဲ့ စစ် 💥⚡️🔥

ဒီလို ရောင်းသူနဲ့ ၀ယ်သူကြား လွန်ဆွဲပြီး ဆွေးနွေးကြတဲ့ စစ်ပွဲမှာ ရောင်းသူကလည်း သူ့ ပစ္စည်းကို ရောင်းဖို့ကြိုးစားသလို၊ ၀ယ်သူကလည်း ဘာတွေ ဆိုးကျိုးရှိနိုင်မလဲ၊ ဈေးကရော သင့်ရဲ့ လား မလျော့တော့ဘူးလား ဆိုတာ အမြဲစဉ်းစားနေတာပါ။ ဒီလို အကျိုးစီးပွား ၂ ခု ထိပ်တိုက်တွေ့ရာကနေ တစ်ခါတစ်လေ တစ်ဘက်နဲ့ တစ်ဘက် ရန်လိုလာတတ်ပါတယ်။ ဒီလို သံသယ၀င်တာ၊ မယုံကြည်တာ၊ ရန်လိုတာတွေဝင်လာရင် ဘယ်နည်းနဲ့မှ အရောင်းအ၀ယ် ဖြစ်ဖို့ အလားအလာ မကောင်းတော့ပါဘူး။ ဒီတော့ ခင်ဗျား သူ့အပေါ် စဉ်းစားတဲ့ “အချဉ်ကောင်” ဆိုတာမျိုး ရန်လိုနေတာမျိုးတွေ ခေါင်းထဲကထုတ်လိုက်ပါ။ ခုနကပြောသလိုပဲ ဒီလူတွေကို ကိုယ့်လိုပဲ စိုးရိမ်တတ်၊ ကြောက်ရွံ့ တတ်တဲ့ လူတွေဆိုတာ ပြန်သတိရလိုက်ပါ။ သူတို့ခံစားရတာကို ခင်ဗျားကိုယ်ချင်းစာနိုင်ရင် ဒီစစ်ပွဲကို ခင်ဗျားနိုင်ပြီပဲ။

စစ်ပွဲလို့ ကျုပ်က ပြောလို့ တစ်မျိုးမမြင်နဲ့ဦးနော်၊ ဒီစစ်ပွဲမှာ ခင်ဗျားနိုင်ရင် ခင်ဗျားက အရောင်းဖြစ်မယ်၊ ငွေရမယ် တစ်ဘက်မှာလဲ ၀ယ်သူက ရှုံးသွားတာ မဟုတ်ဘူး (တစ်ကယ်လို့ ခင်ဗျားရောင်းတဲ့ ပစ္စည်းက အရည်အသွေးနဲ့ ဈေးနှုန်းက မျှတရင်နေသ၍ပေါ့)။ ဘာလို့လဲ ဆိုတော့ ၀ယ်သူက ပိုက်ဆံပေးလိုက်ရပေမယ့် သူလိုချင်တဲ့ ပစ္စည်း ဒါမှမဟုတ် ၀န်ဆောင်မှုကို ရတယ်၊ အဲဒီအတွက် သူလည်း စိတ်ချမ်းသာမှုရတယ်။ ရောင်းသူ အတွက်ကတော့ ရောင်းလို့ရတဲ့ ပိုက်ဆံထက်၊ ရောင်းလိုက်ရတဲ့ အခါမှာရတဲ့ ပီတိမျိုးက ပိုပြီးတန်ဖိုးရှိပါတယ်။ အဲဒီခံစားမှုကို ခင်ဗျားကြိုက်တယ်ဆိုမှ ခင်ဗျားဟာ တစ်ကယ့် အရောင်းသမား တစ်ယောက်ဖြစ်မှာပါ။ ခင်ဗျားဆီကနေ ပျော်ပြီး ပြန်သွားတဲ့ ၀ယ်သူတစ်ယောက်ဟာ ခင်ဗျားဆီကို နောက်တစ်ခေါက် ပြန်လာရုံမကပဲ သူ့ သူငယ်ချင်း မိတ်ဆွေတွေကိုပါ ခေါ်လာမှာပါ။

ကျုပ်ဆီကို လာတဲ့ ဖောက်သည် ၇၀ ရာခိုင်နှုန်းက အရင် ဖောက်သည်တွေဖြစ်ရင်ဖြစ် မဟုတ်ရင် ကျနော့်နာမည်နဲ့ ကောင်းသတင်းကို အသိ တစ်ယောက်ယောက်ဆီကနေ ကြားလာတဲ့ သူတွေများပါတယ်။ ခင်ဗျားက လိမ်ပြီး ရောင်းလိုက်တာပဲ ဖြစ်ဖြစ် နှပ်ချလိုက်တာဖြစ်ဖြစ် (အရပ်အခေါ် ဂျင်းထည့် လိုက်တာ) လုပ်လိုက်ရင် ခဏတာတော့ ခင်ဗျားပျော်မှာပေါ့၊ ကိုယ့်ကိုကိုယ် လည်လှပြီ ထင်မှာပေါ့။ ခင်ဗျားပြန်မေးရမှာက ကိုယ့်လိပ်ပြာ ကိုယ်လုံလား။ ဒီထက်ပိုဆိုးတာက တစ်ချိန်မဟုတ် တစ်ချိန် ၀ယ်သူက သိသွားရင် သူက တစ်သက်လုံး ခင်ဗျားဆီ ပြန်မလာတော့ရုံမကပဲ သူ့ အသိုင်းအ၀ိုင်းမှာ ခင်ဗျားတော့ တံတွေးခွက် ပက်လက်မျောပြီပဲ။

အဲဒီတော့ ခင်ဗျားဦးနှောက်ထဲ ၀င်လာတဲ့ ၀ယ်သူကို ရန်လိုတာ အထင်သေးတာတွေ ထုတ်လိုက်ပြီး သူ့ရဲ့  နေရာကိုဝင်၊ သူ့အခက်အခဲတွေကို ကိုယ်ချင်းစာပြီး ကူညီလိုက်ရင် အရောင်းအ၀ယ် စစ်ပွဲမှာ အဆင်ပြေ ပျော်ရွှင်ပြီး နှစ်ဘက်လုံး အောင်ပွဲခံနိုင်မှာပါ။
🏆🎖👏👍

.....................................

Joe Girard ဆိုတာဟာ World's greatest salesman ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ Guinness Book of World Records ဆိုတဲ့ ဂင်းနစ်မှတ်တမ်းကနေ စံချိန်တင် ဖော်ပြခြင်း ခံထားရတဲ့သူပါ။

သူရဲ့  စံချိန်တွေ စတင်ခဲ့တဲ့ ၁၉၆၆ ကနေ သူအနားယူတဲ့ အချိန်ဖြစ်တဲ့ ၁၉၇၇ အထိ သူဟာ ပြိုင်ဘက်အားလုံးကို ကျော်ဖြတ်ပြီး ၁၂ နှစ်တိတိ ကမ္ဘာ့နံပါတ် ၁ ကားအရောင်းသမား အနေနဲ့ ရပ်တည်နိုင်ခဲ့ပါတယ်။ ဒီလို ရောင်းချရာမှာ အစုလိုက် အပြုံလိုက် အများကြီးကို တစ်ခါထည်း ရောင်းတာမျိုးတွေ မပါပဲ တစ်စီးချင်းစီကို နဖူးတွေ့ ဒူးတွေ့ မျက်နှာချင်းဆိုင်ပြီး ရောင်းချခဲ့တာ ဖြစ်ပါတယ်။

Joe Girard ရဲ့  ကိုယ်ရေး အကျဉ်းကို ဖတ်ချင်ရင် အောက်ပါ Link မှာ ဖတ်ရှုနိုင်ပါတယ်...

https://www.facebook.com/stepuptraininginstitute.myanmar/posts/461232617601987:0

*******************************

ဒီ Post ကို Step-Up Training Institute ကနေ တင်ဆက်ပေးတာဖြစ်ပြီး Step-Up Training Institute ရဲ့  Facebook Page ကို Like လုပ်ပြီး Follow လုပ်ထားမယ်ဆိုရင် သင့်အတွက် လုပ်ငန်းခွင် (Career Development) နဲ့ ဘ၀ဆိုင်ရာ တိုးတက်မှု (Personal Development)၊ မိမိကိုယ်ကို ယုံကြည်မှု (Self-Confidence) တွေကို တိုးတက်စေမယ့် Post တွေကို နေ့စဉ် ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။