Minthu Nya added 2 new photos.Follow
အညိုးအတေးအာဃာတကြီးကြသော
အာဏာရှင်ကြီးများအကြောင်းတစေ့တစောင်း...
...
၁၉၉၀ ပြည့်နှစ် မန္တလေး မြို့ ဆွမ်းလောင်းပွဲကို အာဏာရှင်ကြီးတွေက ရက်ရက်စက်စက်ဖြိုခွင်း
အပြီးမှာတော့ မန္တလေးမြို့ရှိထင်ရှားကျော်ကြားသောဆရာတော်ကြီးများ ဦးဆောင်ကာ ပတ္တနိက္ကုဇ္ဇန
ကမ္မဝါစာရွတ်၍သပိတ်မှောက်လိုက်ကြပါတယ်။
...
ရန်ကုန်၊ပဲခူး၊ပြည် စသည့်မြို့နယ်အသီးသီးမှ
ဆရာတော်ကြီးများဦးဆောင်ကာ
သပိတ်ဆက်မှောက်ကြပါတယ်။
...
သပိတ်မှောက်ကြသော ဆရာတော်သံဃာတော်များကို အငြိုးအတေးကြီးမားစွာဖြင့် သူတို့ကိုသပိတ်မှောက်ရကောင်းလားဆိုကာ သံဃာဖမ်းပွဲကြီးလုပ်ပါတော့တယ်။
...
ဘယ်လောက်အငြိုးအတေးကြီးသလဲဆိုရင် သပိတ်မှောက်မှာပါဝင်သူဆိုရင် စာချအကျော်အမော်ပဓာန
နာယကဆရာတေ.်ကြီးများ
ဘိဝံသဘွဲ့ရဆရာတော်ကြီးများနှင့် တိပိဋကဓရကောဝိဒ ဘွဲ့ရ ဆရာတော်ကြီးကိုပါမချန်
အားလုံးကို ဖမ်းဆီးထောင်ချ လူဝတ်လဲကာ
နည်းမျိုးစုံဖြင့် နှိပ်စက်ကြပါတယ်။
..
တချို့ဆရာတော်ကြီးများလည်း ထောင်ထဲမှာပျံလွန်တော်မူကြသလို တချို့ဆရာတော်ကြီးများလည်း
ထောင်ကထွက်ပြီး များမကြာမီထောင်ထဲက
နှိပ်စက်ဒဏ်တွေကြောင့်
ပျံလွန်တော်မူခဲ့ကြရပါတယ်။
...
ဒီလိုနှိပ်စက်ရတာကို အားမရသေးပဲ
ငါတို့ကို သပိတ်မှောက်တဲ့သံဃာတွေ ငါတို့အကြောင်းကို သိစေရမယ်ဆိုပြီး သံဃာတော်များကို စနစ်တကျ
ဖျက်ဆီးရေးလုပ်ငန်းများကို
အကောင်အထည်ဖော်ဆောင်ရွက်ပါတော့တယ်။
...
အရင်က တကယ် စာသင်သားအများမပြားကိုစာချ ကျမ်းစာများရေးသားပြုစုပြီး
အကျင့်သီလနှင့်ပြည့်စုံမှပေးလေ့ရှိသော
ဘွဲ့တံဆိပ်တော်များကို စာမချ ကျမ်းမပြု အကျင့်သီလမရှိသော သံဃာများကိုပါ ပိုက်ဆံပေးပါက ဘွဲ့တံဆိပ်တွေ ပေါပေါများများပေးပစ်ပါတယ်။
..
ဆရာတော်တွေကို ဘိလပ်မြေပါမစ် သစ်ပါမစ်
ကားပါမစ်တွေ ပေါပေါသီသီပေးပစ်ပါတယ်။
ဘုန်းကြီးကျောင်းတွေမှာ အရင်ကမရှိတဲ့
နှစ်လုံးဒိုင် သုံးလုံးဒိုင် ဘောလုံးလောင်းပွဲဒိုင်
တွေကို မသိချင်ယောင်ကာ
တရားဝင်ခွင့်ပြုလာပါတယ်။
...
သံဃာတွေ မတရားတာ မကောင်းတာ
အကျင့်ပျက်တာ
ကြိုက်သလောက်လုပ် သူတို့ကို
တော်လှန်မည့်နိုင်ငံရေးမလုပ်ရင်ပြီးရောဆိုကာ အလုံးစုံပျက်ဆီးရေးကိုစနစ်တကျ
အကောင်အထည်ဖော်ဆောင်ရွက်ပါတော့တယ်။
...
ဆက်လက်ဖော်ပြပါအုံးမည်...
မင်းသုည(ဗုဒ္ဓတက္ကသိုလ်)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။