Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, April 23, 2017

ရှယ်ယာ မဝယ်ပါနဲ့။ လုပ်ငန်းကို ဝယ်ပါ။

#ရှယ်ယာ မဝယ်ပါနဲ့။ လုပ်ငန်းကို ဝယ်ပါ။

မရေးတာကြာပြီဖြစ်တဲ့ ရှယ်ယာအကြောင်းလေး ကို ရေးပြချင်ပါတယ်။

လူအတော်များများဟာ ရှယ်ယာတွေ ဝယ်ထားပြီး ဈေးတက်လာတဲ့အခါ ထုတ်ရောင်းလိုက်ရင် အမြတ်တွေ အများကြီးရပြီး နေ့ချင်းညချင်း ချမ်းသာသွားကြမယ်လို့ ထင်နေကြတယ်။ အဲဒီအတိုင်း တကယ်ဖြစ်လာရင်တော့ အရမ်းကောင်းပေါ့။

တချို့ကျတော့လည်း ရှယ်ယာဝယ်တာကို ထီထိုးသလို သဘောထားကြတယ်။ ကံကောင်းရင် ရှယ်ယာဈေးတွေ ထိုးတက်သွားမယ်။ အဲဒီအခါ ပြန်ထုတ်ရောင်းလိုက်ရင် အကြီးအကျယ် မြတ်ပြီလို့ ထင်နေကြတယ်။

တကယ်လို့ သင့်မှာ ငွေတွေ သုံးမကုန် ဖြုန်းမကုန် ရှိနေရင်တော့ အပေါ်ကလူတွေ လုပ်သလို လုပ်လိုက်ပါ။ ဒီလိုမဟုတ်ဘဲ သင့်ချွေးနည်းစာနဲ့ စုထားတဲ့ ငွေကိုတော့ သူတို့လို လိုက်မလုပ်ပါနဲ့။ သင့်ပိုက်ဆံတွေ ရေထဲပစ်ချလိုက်သလို ဆုံးရှုံးသွားဖို့ များပါတယ်။

တကယ်တော့ ကုမ္ပဏီတစ်ခုဟာ ရင်းနှီးမြုပ်နှံဖို့ ငွေလိုနေလို့ ရှယ်ယာရောင်းတာပါ။ ကုမ္ပဏီက သူပိုင်ဆိုင်ထားတဲ့ အစုရှယ်ယာကို လူထုကို ထုတ်ရောင်းတာပါ။ အစုရှယ်ယာများများ ထုတ်ရောင်းရင် ကုမ္ပဏီရဲ့ ပိုင်ဆိုင်တဲ့ ရှယ်ယာ နည်းသွားပါတယ်။

"ရှယ်ယာရောင်းတယ်ဆိုတာ ကုမ္ပဏီရဲ့ ပိုင်ဆိုင်မှုကို ထုတ်ရောင်းတာပါ။ ထို့နည်းတူ ရှယ်ယာဝယ်တယ်ဆိုတာ ကုမ္ပဏီရဲ့ ပိုင်ဆိုင်မှုကို ဝယ်လိုက်တာပါ။"

ဒီစကားလေးဟာ ရှယ်ယာဝယ်မယ်ဆိုရင် အမြဲခေါင်းထဲမှာ သတိရနေရမယ့် အလွန်ကို အရေးကြီးတဲ့ စကားပါ။

အခု သင့်ကို မေးခွန်းလေး တစ်ခု၊ ၂ ခုလောက် မေးချင်ပါတယ်။

အရှုံးပေါ်ပြီး ဒေဝါလီခံရတော့မယ့် ကုမ္ပဏီတစ်ခုရဲ့ ရှယ်ယာကို ဝယ်မလား။ သေချာတာပေါ့။ အရူးနဲ့ ငတုံးကလွဲရင် ဘယ်သူမှ မဝယ်ပါဘူး။

အခုတစ်ခါ ကုမ္ပဏီတစ်ခုဟာ လောလောဆယ် အမြတ်နည်းနည်းလေးဘဲ ရနေတယ်။ နောက် ၃ နှစ်ကြာရင် အကြီးအကျယ် အောင်မြင်သွားမယ်။ အမြတ်တွေ အများကြီးရလာမယ်။ အဲဒါကို သေချာပေါက် သိနေရင် ဒါမှမဟုတ် ခန့်မှန်းတတ်မယ်ဆိုရင် အဲဒီကုမ္ပဏီရဲ့ ရှယ်ယာတွေကို မဝယ်ဘူးလား။ အရူးနဲ့ ငတုံးမဟုတ်ပဲ လက်ထဲမှာ ပိုက်ဆံရှိရင်ရှယ်ယာကို သေချာပေါက် ဝယ်မှာပါ။ ဘာကြောင့်လဲဆိုတော့ ကုမ္ပဏီအကြီးအကျယ် အောင်မြင်လို့ အမြတ်တွေ အများကြီးတက်လာရင် သူ့ရဲ့ ရှယ်ယာဈေးတွေ ခုန်တက်သွားပါလိမ့်မယ်။

ဒါကြောင့် ရှယ်ယာဝယ်မယ်ဆိုရင် အဲဒီကုမ္ပဏီအကြောင်း ဘယ်လောက်သိထားသလဲ။ ဘာပစ္စည်းထုတ်တဲ့ ကုမ္ပဏီလဲ။ ကုမ္ပဏီရဲ့ ဒါရိုက်တာအဖွဲ့ဝင်တွေဟာ အရည်အချင်း ရှိကြရဲ့လား။ ကုမ္ပဏီမှာ အကြွေးဘယ်လောက်တင်နေသလဲ။ မရွှေ့မပြောင်းနိုင်တဲ့ ဘာပစ္စည်းတွေ ရှိသလဲ။ သူ့ပစ္စည်းကို လူတွေ ဝယ်ပါ့မလား။ လစဉ် အမြတ် ဘယ်လောက်ရနေသလဲ။ ဒါမှမဟုတ် အကြွေးတင်နေသလား။ သိစရာအချက်တွေ အများကြီးပါ။ သင် များများသိတဲ့အခါ ရှယ်ယာဝယ်ရင် မြတ်ဖို့ အခွင့်အလမ်းများလေပါပဲ။

ကုမ္ပဏီအကြောင်း ဘာမှ မသိဘဲ သူများရှယ်ယာဝယ်လို့ လိုက်ဝယ်မယ်ဆိုရင်တော့ အိမ်တွေ၊ ကားတွေ ပေါင်နှံရောင်းချဖို့ အသင့်ပြင်ထားလိုက်ပါ။

ဘီလျံနာသူဋ္ဌေးကြီး ဝါရင်ဘတ်ဖက် (Warren Buffett) အကြောင်းကြားဖူးမှာပါ။ စတော့ရှယ်ယာတွေ ဝယ်ရောင်းလုပ်ရင်း အကြီးအကျယ် ချမ်းသာလာခဲ့လို့ စတော့ရှယ်ယာဂုရုဆရာကြီးလို့ ထင်ရှားကျော်ကြားပါတယ်။

သူဟာ ကုမ္ပဏီတစ်ခုရဲ့ ရှယ်ယာကို ဝယ်မယ်ဆိုရင် အဲဒီကုမ္ပဏီကို နှစ်အတန်ကြာကြာ စောင့်ကြည့်လေ့လာပြီးမှ ရှယ်ယာကို ဝယ်တတ်ပါတယ်။

ရှယ်ယာဝယ်ချင်သူတွေအတွက် စဉ်းစားစရာ အတွေးလေးတစ်ခု ပေးလိုက်တာပါ။

ဗန်းမော်သိန်းဖေ
၂၂-၀၄-၂၀၁၇

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။