Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, April 28, 2017

ပျော်ရွှင်မှုဆီသို့ လျှို့ဝှက်တံခါး


shared by ThiThi on 26/12/16  -  phothutaw.com  -  Personals
တစ်နေ့မှာ ဈေးသည်ကြီးတစ်ယောက်ဟာ သူ့ရဲ့သားကို ကမ္ဘာ့ အချမ်းသာဆုံး သူဌေးကြီးဆီကို စေလွှတ်ခဲ့တယ်။

ဘာအတွက်လဲ ဆိုတော့ ပျော်ရွှင်မှုရဲ့ လျှို့ဝှက်ချက်ကို သင်ယူဖို့တဲ့လေ။ အဖေရဲ့ စကားကို နားထောင်တဲ့ ကောင်လေးဟာ သဲကန္တာရကြီးကို ဖြတ်ပြီး ရက်ပေါင်း ၄ဝ ကြာတဲ့ထိ ခရီးသွားခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ ကောင်လေးဟာ မြင့်မားတဲ့ တောင်ထိပ်ပေါ်က ရဲတိုက်ကြီး တစ်ခုဆီကို ရောက်သွားပါတော့တယ်။


အဲ့ဒီ အရမ်းလှပတဲ့ ရဲတိုက်ကြီးက သူရှာနေတဲ့ သူဌေးကြီးရဲ့ အိမ်ပေါ့….။ ကောင်လေး ရဲတိုက်ကြီးထဲကို ဝင်လိုက်တာနဲ့ မြင်လိုက်ရတာတွေကတော့ အမျိုးကိုစုံလို့ပါပဲ။ ကုန်သည်တွေက ဝင်လိုက်ထွက်လိုက်နဲ့။ တစ်ချို့ကလည်း အခန်းထောင့်တွေမှာရပ်ပြီး စကားတွေ ရေပတ်မဝင်အောင် ပြောနေကြတယ်။ သံစုံတီးဝိုင်းလေးကလည်း ငြိမ့်ညောင်းလို့။ ပြီးတော့ စားပွဲကြီးပေါ်မှာ ခင်းကျင်းထားတာတွေကလည်း ကမ္ဘာ့အကောင်းဆုံး စားသောက်ဖွယ်ရာတွေချည်း ဆိုပါလား။ ဟော… တွေ့ပါပြီ…… သူဌေးကြီးကတော့ သူ့မိတ်ဆွေတွေကို ဧည့်ခံစကားပြောနေတယ်။ အဲ့ဒီတော့ ကောင်လေးက အလိုက်တသိ စောင့်နေရတော့တာပေါ့။

ဘယ်လောက်ထိ စောင့်လိုက်ရလည်းဆိုရင် သူ့အလှည့်ရောက်ဖို့ နှစ်နာရီလောက်တောင် ကြာသွားပါတယ်။ သူဌေးကြီးက ကောင်လေး သူ့ဆီ ရောက်လာရတဲ့ အကြောင်းအရင်းကို ဂရုတစိုက် နားထောင်ပေးတယ်။ ဒါပေမယ့် ကောင်လေးသိချင်တာကို ပြောပြဖို့ သူမအားသေးဘူးလို့ ပြောပါတယ်။

သူဌေးကြီးက သူမအားသေးခင် အချိန်နှစ်နာရီလောက် သူ့ရဲ့ နန်းတော်ကြီးကို လှည့်ပတ်ကြည့်ပြီး ပြန်လာခဲ့ဖို့ အကြံပေးတယ်။ “မင်းအဲ့ဒီလို လျှောက်ကြည့်နေတဲ့ အချိန်မှာ ငါမင်းကို တစ်ခုခုတော့ ခိုင်းချင်တယ်” လို့သူဌေးကြီးကပြောတယ်။ ဆီတွေပါတဲ့ ဇွန်းကို ကောင်လေးဆီ လှမ်းပေးရင်း ထပ်ပြောတာက “မင်းလျှောက်ကြည့်နေတဲ့အချိန်မှာ ဒီဇွန်းကိုယူသွား၊ ပြီးရင် ဆီတွေ ဖိတ်မကျစေဘဲ ပြန်ယူလာခဲ့ ” တဲ့။ ကောင်လေးက နန်းတော်ကြီးရဲ့ များပြားလှတဲ့ လှေခါးကြီးတွေကို တက်လိုက်ဆင်းလိုက်နဲ့ လျှောက်ကြည့်ဖို့ ထွက်သွားတယ်။

ဒါပေမယ့် သူ့မျက်လုံးတွေကတော့ ဇွန်းဆီမှာပဲရောက်နေတယ်။ နှစ်နာရီကျော်သွားတဲ့အခါ သူဌေးကြီးရှိတဲ့ နေရာကို သူပြန်ရောက်လာခဲ့တယ်။ ရောက်ရောက်ချင်းပဲ “ကောင်းပြီ” ဆိုပြီး သူဌေးကြီးက မေးခွန်းတွေ ဆက်တိုက် မေးလိုက်တယ်။ “ထမင်းစားခန်းထဲမှာ ချိတ်ဆွဲထားတဲ့ ပန်းထိုး ပန်းချီကားကြီးတွေကို မင်းတွေ့ခဲ့ရဲ့လား”။ “ကျွမ်းကျင် ဥယျာဉ်မှူးကိုယ်တိုင် ဆယ်နှစ်လောက် အချိန်ယူပြီး ဖန်တီးထားတဲ့ ပန်းခြံကြီးကိုရော မြင်ခဲ့လား”။ “ငါ့စာကြည့်တိုက်ထဲမှာရှိတဲ့ အရမ်းကို လှပတဲ့ ပုရပိုက်ကြီးတွေကိုရော မင်းသတိထားမိသေးလား”။ ကောင်လေးက ရှက်သွားပြီး သူဘာမှ သတိမထားခဲ့မိတာကို ဝန်ခံလိုက်တယ်။ သူ့ရဲ့အာရုံက သူဌေးကြီးခိုင်းတဲ့အတိုင်း ဆီတွေ ဖိတ်မကျဖို့ပဲ ရှိနေခဲ့တာတဲ့လေ။ “ဒါဆိုလည်း ပြန်သွားပြီး ငါ့ကမ္ဘာကြီးရဲ့ ဆန်းကြယ်မှုတွေကို ခံစားလိုက်ပါဦး လူလေးရာ၊ လူတစ်ယောက်ကို သူ့အိမ်အကြောင်းမသိဘဲနဲ့တော့ မင်းယုံကြည်လို့မရဘူးလေကွာ” ဆိုပြီး သူဌေးကြီးက ပြန်ပြောလိုက်တယ်။ ေ

ကာင်လေးက ဇွန်းကိုကောက်ကိုင်ပြီး နန်းတော်ကြီးကို စူးစမ်းလေ့လာဖို့ ပြန်ထွက်သွားခဲ့တယ်။ အခုမှပဲ နံရံတွေ မျက်နှာကျက်တွေမှာ ရှိတဲ့ အလှတရားတွေကို သေချာ မြင်လိုက်ရတယ်။ လှပတဲ့ ဥယျာဉ်ကြီးတွေ၊ သူ့ပတ်ဝန်းကျင်မှာရှိတဲ့ တောင်တန်းကြီးတွေ၊ ပန်းတွေရဲ့ အလှတရားတွေကိုခံစားလိုက်ရတယ်။ ပြီးတော့ အရာအားလုံးကို သေချာ စနစ်တကျ လုပ်ထားတယ်ဆိုတာအရမ်းသိသာပါတယ်။ သူဌေးကြီးဆီ ပြန်ရောက်သွားတဲ့ အခါမှာတော့၊ သူမြင်ခဲ့တာအားလုံးကို အသေးစိတ် ပြန်ပြောပြခဲ့တယ်။ သူဌေးကြီးက “ဒါပေမယ့် ငါခိုင်းတဲ့အတိုင်း ဆီတွေရော ပြန်ပါလာရဲ့လား”ဆိုပြီး မေးပြန်တယ်။

ကောင်လေးက သူ့လက်ထဲကဇွန်းကို ကြည့်လည်းကြည့်လိုက်ရော ဆီတွေ လုံးဝမရှိတော့ပါဘူး။ အဲ့ဒီမှာပဲ သူဌေးကြီးက ပြောလိုက်တယ်။ “ကောင်းပြီ ငါမင်းကို ပေးနိုင်တဲ့ အကြံကတော့ တစ်ခုပဲ ရှိတယ်ကွ၊ ပျော်ရွှင်ခြင်းရဲ့ လျှို့ဝှက်ချက်ဆိုတာ ဘာပဲလုပ်လုပ် မျှမျှတတလုပ်နိုင်ဖို့ပဲ။ အခုဆို မင်း တစ်ခုကို အာရုံစိုက်နေတုန်းတစ်ခုကို ခံစားဖို့မေ့သွားတယ်။ ဇွန်းထဲက ဆီတွေ ဖိတ်မကျဘဲ ကမ္ဘာလောကကြီးရဲ့ အံ့သြဖွယ်ရာ အလှအပတွေကို ကောင်းကောင်းကြီး ခံစားနိုင်မယ်ဆို ပျော်ရွှင်ရပြီပေါ့။ … ဒါပဲပေါ့ကွာ၊ အဲ့ဒီတော့ ၊ အလုပ်တွေ ကြိုးစားရင်းလည်း ပျော်ရွှင်မှုကို ရှာဖို့မမေ့နဲ့၊ အပျော်လွန်ပြီးလည်း အလုပ်မပျက်စေနဲ့ ပေါ့ကွာ” တဲ့။

Credit : (Paul Coelho)
 searchmyanma

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။