“ကျေးဇူးဟူသော စကားလုံး ဆင်းသက်လာပုံ”
-------------------------- -------------------------- -------
“ကျေးဇူးသိခြင်း” - ဆိုတဲ့စကားလုံးဟာ ပါဠိနဲ့
ဆက်သွယ်နေတဲ့စကားလုံးပဲ ။
ကျေးဇူးဆိုတဲ့ စကားလုံးက ပါဠိလို “ကတညူ” -
မှ “ကျေးဇူး” ဆိုတဲ့ မြန်မာစကားဖြစ်လာတယ် ။
ဘယ်လိုဖြစ်လာသလဲဆိုတော့ “ကတ” ကို
အိန္ဒိယသားတို့ က ရရစ်ထည့်ပြီးတော့ “ကြတ”လို့ ဖတ်တယ် ။
အဲဒီ “ကြတ” - ကို မြန်မာလူမျိုးတွေက
“ကြ”- လို့ ပဲဖတ်ကြတယ်။
အဲဒီ “ကြတ” ဆိုတာ တစ်စုံတစ်ယောက်က
ကိုယ့်အပေါ်မှာ တစ်ခုခုကူညီလုပ်ကိုင်ပေးတာ။
လုပ်ကိုင်ပေးတယ်ဆိုတာ သူ့ စေတနာနဲ့ သူ
လိုအပ်ချက်ကို ဖြည့်ဆည်းပေးတာ။
တစ်ယောက်ယောက်က ကိုယ်နဲ့ ပက်သက်ပြီးတော့
လုပ်ကိုင်ဆောင်ရွက်ပေးမှုကို “ကရ်တ” လို့ ခေါ်တယ်။
နောက်က “ညူ” ဆိုတဲ့စကားလုံးကို အိန္ဒိယမှာ “ဂျညူ” လို့ ဖတ်တယ် ။
အိန္ဒိယနိုင်ငံမှာသုံးတဲ့စကားလုံးက “ဂျညူ”။
အဲဒါနှစ်ခုပေါင်းလိုက်တဲ့အခါကျတော့
“ကြတဂျညူ” - လို့ ဒီလိုဆိုတဲ့စကားက
“ဂျညူ” ဆိုတဲ့စကားကို မြန်မာတွေက
“ဇူ” လို့ ပဲဖတ်လိုက်တာပေါ့ ။
“ဂျညူ” - လို့ မဖတ်တော့ဘူး ။
“ဇူ”လို့ ပဲဖတ်တယ်။
အဲဒီလို ဖတ်ရင်းကနေပြီးတော့ ပါဠိစကားစစ်စစ်
“ကတညူ”ဆိုတဲ့စကားလုံးဟာ မြန်မာစကား
“ကျေးဇူး” - ဆိုတဲ့ အသံဘက်ကိုပြောင်းလာတယ်လို့ 
ဒီလိုပြောကြတယ်။
(ကျေးဇူးတော်ရှင်၊ ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ)
#Credit
--------------------------
“ကျေးဇူးသိခြင်း” - ဆိုတဲ့စကားလုံးဟာ ပါဠိနဲ့
ဆက်သွယ်နေတဲ့စကားလုံးပဲ ။
ကျေးဇူးဆိုတဲ့ စကားလုံးက ပါဠိလို “ကတညူ” -
မှ “ကျေးဇူး” ဆိုတဲ့ မြန်မာစကားဖြစ်လာတယ် ။
ဘယ်လိုဖြစ်လာသလဲဆိုတော့ “ကတ” ကို
အိန္ဒိယသားတို့ က ရရစ်ထည့်ပြီးတော့ “ကြတ”လို့ ဖတ်တယ် ။
အဲဒီ “ကြတ” - ကို မြန်မာလူမျိုးတွေက
“ကြ”- လို့ ပဲဖတ်ကြတယ်။
အဲဒီ “ကြတ” ဆိုတာ တစ်စုံတစ်ယောက်က
ကိုယ့်အပေါ်မှာ တစ်ခုခုကူညီလုပ်ကိုင်ပေးတာ။
လုပ်ကိုင်ပေးတယ်ဆိုတာ သူ့ စေတနာနဲ့ သူ
လိုအပ်ချက်ကို ဖြည့်ဆည်းပေးတာ။
တစ်ယောက်ယောက်က ကိုယ်နဲ့ ပက်သက်ပြီးတော့
လုပ်ကိုင်ဆောင်ရွက်ပေးမှုကို
နောက်က “ညူ” ဆိုတဲ့စကားလုံးကို အိန္ဒိယမှာ “ဂျညူ” လို့ ဖတ်တယ် ။
အိန္ဒိယနိုင်ငံမှာသုံးတဲ့စကာ
အဲဒါနှစ်ခုပေါင်းလိုက်တဲ့အခ
“ကြတဂျညူ” - လို့ ဒီလိုဆိုတဲ့စကားက
“ဂျညူ” ဆိုတဲ့စကားကို မြန်မာတွေက
“ဇူ” လို့ ပဲဖတ်လိုက်တာပေါ့ ။
“ဂျညူ” - လို့ မဖတ်တော့ဘူး ။
“ဇူ”လို့ ပဲဖတ်တယ်။
အဲဒီလို ဖတ်ရင်းကနေပြီးတော့ ပါဠိစကားစစ်စစ်
“ကတညူ”ဆိုတဲ့စကားလုံးဟာ မြန်မာစကား
“ကျေးဇူး” - ဆိုတဲ့ အသံဘက်ကိုပြောင်းလာတယ်လို့ 
ဒီလိုပြောကြတယ်။
(ကျေးဇူးတော်ရှင်၊ ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ)
#Credit
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။