တရုတ် ရဲ့ ကျောက်ဖြူ ထိုးစစ် စ ပြီ
-------------------------- -------------
မိမိတို့ အနေဖြင့် ကျောက်ဖြူ အထူးစီးပွားရေးဇုံကို ဖြစ်နိုင်သမျှ အမြန်ဆုံး လုပ်ငန်းစတင်ချင်ကြောင်း ကျောက်ဖြူသို့ ရောက်ရှိလာတဲ့ တရုတ် ကိုယ်စားလှည် အဖွဲ့ကို ခေါင်းဆောင်လာသူ ၀မ်ယားဂျန် က ပြောကြားလိုက်ပါတယ်။
ဝမ်ယားဂျန်သည် တရုတ် ကွန်မြူနစ်ပါတီ နိုင်ငံတကာရေးရာဌာနရဲ့ လက်ထောက်ဝန်ကြီး ဖြစ်ပြီး သူနှင့်အတူ တရုတ် စီးပွားရေး ရင်းနှီးမြုပ်နှံမှု လုပ်ငန်းရှင်ကြီးတွေ ပါလာပါတယ်။
ဒေသတွင်း လုပ်ငန်းရှင်များကတော့ ကျောက်ဖြူ-ကူမင်း
မီးရထားလမ်းကို ဖေါက်ဖို့ အစီအစဉ်ရှိမရှိ မေးမြန်းကြတယ်လို့ သိရပြီး ထိုကိစ္စနဲ့ ပါတ်သက်ပြီး နားလည်မှု စာချွန်လွှာ လက်မှတ်ထိုးတဲ့ အဆင့်မရောက်သေးဖူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ အပါတ်ထဲမှာ တရုတ် ရင်းနှီးမြုပ်နှံမှု ကုမ္ပဏီ ကြီး ဖြစ်တဲ့ CITIC ဥက္ကဌ ဖြစ်သူ ချန်ဇင်မင်းက နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပြီး ကျောက်ဖြူ ရေနက် ဆိပ်ကမ်းအပါအ၀င် စွမ်းအင်နဲ့ သယ်ယူပို့ဆောင်ရေး ကဏ္ကတွေမှာ ဖက်စပ် စီမံကိန်းတွေ ဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ကြပြန်ပါတယ်။
နောက်တခု တရုတ်ရဲ့ အရေးကြီးဆုံး ခြေလှမ်းတခုကတော့ ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာအကြား နယ်စပ်ကိစ္စ နဲ့ ပါတ်သက်ပြီး သံတမန် အကျပ်အတည်း ဖြစ်နေတာကို ဖြေရှင်းပေးလိုကြောင်း တရုတ်ဖက် က အထူးသံတမန် Sun Guoxiang ကိုယ်တိုင် ဒက္ကားကို ဆင်းလာပြီး ကမ်းလှမ်းခဲ့တဲ့ ကိစ္စဖြစ်ပါတယ်။
တရုတ်က ဘင်္ဂလားဒေ့ရှ်နဲ့ကော မြန်မာနဲ့ပါ ဆက်ဆံရေး အထူး ကောင်းမွန်တဲ့ နိုင်ငံ ဖြစ်ပြီး အထူးသဖြင့် သမ္မတ ဦးထင်ကျော်နဲ့ ပိုက်လိုင်း ကိစ္စသဘောတူညီချက် ရရှိပြီးကထဲက ပိုမို တိုးတက် ကောင်းမွန်လာနေတာ ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ် အစိုးရက တရုတ် အစိုးရရဲ့ ကမ်းလှမ်းချက်ကို ကြိုဆိုကြောင်း နဲ့ Sun အား ကောက်ဘဇားရှိ ဒုက္ခသည် စခန်းကိုပါ သွားရောက် ကြည့်ရှု့ရန် တိုက်တွန်းလိုက်ကြပါတယ်။
တရုတ် အစိုးရ အာဘော် Global Time ကတော့ တရုတ် အစိုးရရဲ့ One Belt, One Road (OBOR) စီမံချက်သည် မြန်မာပြည်သူများရဲ့ စီးပွားရေးနဲ့ လူနေမှု အဆင့်အတန်း ပြန်လည် တိုးတက်လာစေနိုင်ပြီး တရုတ်အစိုးရ မှ နေပြည်တော်နှင့်ကော စစ်တပ်နှင့်ပါ နီးစပ်စွာ ဆက်ဆံရေး ကို ထိမ်းသိမ်းနိုင်ခဲ့ယုံမက မြောက်ပိုင်းရှိ တိုင်းရင်းသား လက်နက်ကိုင်များနဲ့ပါ အတိုင်းအတာတခုအထိ သြဇာ ညောင်းသူ ဖြစ်၍ တရုတ်သည်သာ မြန်မာပြည်တွင်း ပြုပြင်ပြောင်းလဲရေး အတွက် အရေးပါလှကြောင်း ရေးသားထားပါတယ်။
မြန်မာအစိုးရကတော့ တရုတ် အမေရိကန်အကြား ဆက်ဆံရေးကို ညီညီမျှမျှ ဖြစ်အောင်ကြိုးစားနေပြီး အာဆီယံ နိုင်ငံများနဲ့ ပိုမိုနီးကပ်စွာ ဆက်ဆံရေးကို ဦးစားပေး ဆက်ဆံလာနေမှုကို တရုတ် ဖက်က အားမလို အားမရ ဖြစ်နေပုံရပါတယ်။
Credit - HSW
Ven Pinnyarvamsa
26.4.2017
--------------------------

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။