မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလား -၂
ညီငယ်တစ်ယောက် message box ကနေ...
"ယုံကြည်စိတ်ချရတဲ့ အေးဂျင့် မရှိဘူးလား အကို၊ ကျွန်တော် ကိုရီးယား ထွက်ဖို့လုပ်တာအဆင်မပြေလို့ ဂျပန် လာချင်လို့ပါ" ဆိုပြီး message ပို့လာပါတယ်။
ဟိုတလောကလည်း ကိုရီးယားသွားချင်တဲ့ မြန်မာလူငယ်တွေ လျှောက်လွှာ အလုအယက်ဝယ်နေကြတာတွေ့ရတော့ တကယ်စိတ်မကောင်းဖြစ်မိပါတယ် ။
ပန်းတိုင်တစ်ခုအတွက် နိုင်ငံခြားထွက် ကြိုးစားချင်တဲ့စိတ်တွေကိုလ ည်း နားလည်မိပါတယ်။ တကယ်တော့ နိုင်ငံခြားထွက်ဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စတစ်ခုတော့မဟုတ်ပါဘူး။ နိုင်ငံခြားထွက်သွားတဲ့လူတိုင်းဟာလည်း အောင်မြင်၊ ချမ်းသာပြီး ပြန်လာနိုင်ကြတာလည်းမဟုတ်ပါ ဘူး။
ဒီ ဇာတ်လမ်းလေးကို အရင်ဖတ်ကြည့်ပါ။
ပြီးမှ နိုင်ငံခြားထွက်ဖို့ ဆုံးဖြတ်ပါ။
.......................... .......................... ...........
ကျွန်တော်နဲ့ခင်မင်ရင်းနှီး တဲ့ "မင်းမင်း"နဲ့ "လင်းလင်း" လို့ခေါ်တဲ့ အမွှာညီအစ်ကို ၂ယောက်ရှိတယ်။ခင်တဲ့လူတွေကေ တာ့ အကြီးကောင်၊ အငယ်ကောင် ဆိုပြီးတော့ ခေါ်ကြပါတယ်။
ကျွန်တော့ထက်တော့ ၃နှစ်လောက်ငယ်ပါတယ်။ သူတို့ဟာ ချမ်းသာတဲ့မိသားစုထဲကတော့ မဟုတ်ပါဘူး။
သူတို့မိဘတွေဟာ ဈေးမှာ ကြက်သွန်နီတို့ ဆီတို့ရောင်းတဲ့ ကုန်စုံဆိုင်လေး ဖွင့်ထားပါတယ်။
ပြီးခဲ့တဲ့နှစ်က မြန်မာနိုင်ငံပြန်လည်တော့ သူတို့နဲ့သွားတွေ့ဖြစ်ခဲ့တယ်။
ညီအကို၂ယောက်လုံး ဖော်ဖော်ရွေရွေပါပဲ "ကိုကီလာ အိမ်ပေါ်တက် "ဆိုပြီးတော့ ကျွန်တော့ကို ကြိုဆိုကြတယ်။
မတွေ့တာလည်း ၁၀နှစ်ကျော်ပြီဆိုတော့ လက်ရှိအခြေအနေတွေနဲ့ ရှေ့ဟောင်းနှောင်းဖြစ်တွေကိုပြန်ပြောဖြစ်ခဲ့ကြတယ်။
အကြီးကောင်က သူငယ်ချင်းတွေအဆက်အသွယ်နဲ့ ဂျပန်ကိုထွက်ပြီး အလုပ်လုပ်တယ်။ဂျပန်ကပြန်လာတာ ၁နှစ်လောက်ပဲ ရှိသေးတယ်လို့ ပြောပါတယ်။
အငယ်ကောင်ကတော့ အိမ်ထောင်ကျပြီး ကလေး၂ယောက်နဲ့။
သူတို့အဖေကတော့ မရှိတော့ပါဘူး။လွန်ခဲ့တဲ့ ၁နှစ်ကျော်က ဆုံးသွားပြီလို့ပြောပါတယ်။အ မေကတော့ တရားစခန်းဝင်နေတယ်လို့ပြောပါတယ်။ သူတို့အိမ်လေးကတော့ လွန်ခဲ့တဲ့ ၁၀နှစ်ကအတိုင်းပါပဲ ဘာမှသိပ်ပြောင်းလဲမှုမရှိပါဘူး။ သွပ်မိုး၊ ပျဉ်ကာနဲ့ လေဝင်လေထွက် ကောင်းတဲ့အိမ်လေးပါပဲ။
အိမ်ရှေ့ ဧည့်ခန်းမှာထိုင်ပြီး ကျွန်တော်တို့တွေ ရှေ့ဟောင်းနှောင်းဖြစ်တြွေေ ပာဖြစ်ကြတယ်။ မတွေ့တာလည်း ၁၀နှစ်ကျော်ဆိုတော့....
ကျွန်တော်တို့တွေ စကားကောင်းနေတုန်း အငယ်ကောင်ဆီ ဖုန်းတစ် call ဝင်လာပါတယ်။
အငယ်ကောင်က၊ တစ်ဖက်ကလူနဲ့ စကားတွေပြောပြီး
"ကျွန်တော် ပွဲရုံခဏသွားလိုက်ဦးမယ် အကို" လို့ ကျွန်တော့်ကို နှုတ်ဆက်ပြီး ဆိုင်ကယ်စီးပြီး ထွက်သွားပါတယ်။
ကျွန်တော်လည်း အကြီးကောင်ကို မေးကြည့်ပါတယ်
အငယ်ကောင် ဘာအလုပ်တွေလုပ်နေလဲပေါ့။
"ဒီကောင်...ပွဲရုံတစ်ရုံပို င်နေပြီ အကိုတဲ့.."
ပြီးတော့အကြီးကောင်က ပြတင်းပေါက်ကို ကျော်ပြီး လက်ညိုးထိုးပြတယ်။ "ဟိုဘက်မှာ အသစ်ဆောက်နေတဲ့ တိုက်အိမ်ကလည်း အငယ်ကောင့်အိမ် အကို"..
"အဲ့ဘေးနားမှာ ရပ်ထားတဲ့ Probox ကား ၂စီးဟာလည်း အငယ်ကောင့် ကားပဲအကို..." တဲ့။
"ဒီကောင် အလုပ်အရမ်းကြိုးစားတယ်အကို" ...
"ပေါင်းသင်းဆက်ဆံရေးလည်း ကောင်းတော့..
ဒီ ၄ ၅ ၁၀နှစ်အတွင်းမှာ တော်တော် အဆင်ပြေလာတယ်အကို " ...စသည်ဖြင့် အငယ်ကောင့် စီးပွါးရေးအကြောင်းတွေကိြုေ ပာပြပါတယ်။
ကျွန်တော်လည်း အငယ်ကောင့်အကြောင်းအတော်များများသိလိုက်ရတော့... အကြီးကောင်ကို မင့်အကြောင်းလဲပြောပါဦးလို့  စကားစတော့....
အကြီးကောင်က သူ့အကြောင်းအလုံးစုံကို ဒီလို ရင်ဖွင့်ပါတယ်။
သူငယ်ချင်းတွေ အဆက်အသွယ်နဲ့ ထရိန်နီ ဗီဇာနဲ့ သူ ဂျပန်သွာဖြစ်ခဲ့တဲ့အကြောင်း ။
ဂျပန်ရဲ့ နယ်ဘက်မှာ ဆောက်လုပ်ရေးအလုပ်လုပ်ခဲ့ရတဲ့အကြောင်း။
လခနည်းပြီး၊ အလွန်ပင်ပန်းတာကြောင့် အလုပ်ကနေ တိုကျိုကို
ထွက်ပြေးခဲ့တဲ့အကြောင်း။ ဗီဇာမရှိလို့ ဒုက္ခရောက်၊ ဟိုဗီဇာပြောင်း၊
ဒီဗီဇာပြောင်းပြီးနဲ့ ဒုက္ခတော်တော်ရောက်ပြီး၊ နောက်ဆုံး ဂျပန်မှာ
ဘယ်လိုမှနေခွင့်မရှိတော့လို့  မြန်မာနိုင်ငံ ပြန်လာတဲ့အကြောင်း။ မြန်မာပြန်ရောက်တော့ အေးဂျင့်က တရားဆွဲလို့၊ ဂျပန်ကပါလာတာလေးလည်း ကုန်သွားတဲ့အကြောင်း...စသည် ဖြင့် ကျွန်တော့ကို ရင်ဖွင့်ပါတယ်။
ခု ဘာအလုပ်လုပ်နေလဲလို့ မေးကြည့်တော့... သူ့ညီ(အငယ်ကောင့်) Probox Taxi တစ်စီးကို သူမောင်းနေကြောင်းနဲ့ တစ်လ ၃သိန်း ၄သိန်းလောက် ဝင်ငွေရှိကြောင်းပြောပြပါတယ်။ နောင်တရတဲ့မျက်ဝန်းတွေနဲ့ "ကျွန်တော်လည်း ဂျပန်သွားခဲ့တဲ့အချိန်တွေ နှမြောမိတယ်အကို.."လို့ သူက ရင်ဖွင့်ပါတယ်။
ကျွန်တော်တို့တွေ စကားကောင်းနေတုန်း အငယ်ကောင် ဆိုင်ကယ်နဲ့ ပြန်ရောက်လာပါတယ်။
ကျွန်တော်လည်း အငယ်ကောင့်ကို "မင်း ဘာဂွင်တွေ မိထားလို့ ဒီလောက်ချမ်းသာလာတာလဲလို့ မေးတော့"
အငယ်ကောင်က.. ယုံကြည်ချက်ရှိတဲ့ မျက်ဝန်းတွေနဲ့.."ဘာဂွင်မှ မရှိပါဘူးအကိုရာ၊ သမာအာဇီဝပါအကို... ကျွန်တော် ဒီအခြေအနေရောက်လာတာ၊ အမေသင်ပေးထားတဲ့ ကြက်သွန်ရွေးနည်း၊ ဈေးရောင်းနည်းတွေကြောင့် ပါ အကိုတဲ့..."
အဲ့ဒီနေ့က ကျွန်တော့်အကြောင်းတွေပြောလိုက်၊ သူတို့အကြောင်းတွေ မေးလိုက်နဲ့ စကားကောင်းပြီး ညနေစောင်းတော့မှ သူတို့အိမ်ကပြန်ဖြစ်ခဲ့တယ်။
.......................... .......................... ........................
တကယ်တော့...နိုင်ငံခြားထွက် သွားတဲ့လူမှ အောင်မြင်၊ ချမ်းသာပြီး ပြန်လာနိုင်ကြတာမဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာလည်း ကြိုးစားမယ်ဆိုရင် ကွမ်းယာရောင်းပြီး ရွှေဆိုင်ပိုင်ခွင့်ရှိသလို၊ မြင်းလှည်းမောင်းပြီး ကုမ္ပဏီပိုင်ခွင့်ရှိပါတယ်။
လူငယ်တွေ နိုင်ငံခြားထွက်ချင်တယ်ဆိုရ င် သေချာပြန်စဉ်းစားကြပါ။
တကယ်ပဲ... မြန်မာနိုင်ငံမှာ မဖြစ်နိုင်ဘူးဆိုတာသေချာပြီ လားလို့.....
မေတ္တာဖြင့်
အကီ ။ ။
မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလား အပိုင်း-၁ ကို ဖတ်ခြင်ရင် ဒီအောက်မှာ ဖတ်ပါ။
https://www.facebook.com/ permalink.php?story_fbid=17 46912615625156&id=14842093 78562149&substory_index=0
ညီငယ်တစ်ယောက် message box ကနေ...
"ယုံကြည်စိတ်ချရတဲ့ အေးဂျင့် မရှိဘူးလား အကို၊ ကျွန်တော် ကိုရီးယား ထွက်ဖို့လုပ်တာအဆင်မပြေလို့
ဟိုတလောကလည်း ကိုရီးယားသွားချင်တဲ့ မြန်မာလူငယ်တွေ လျှောက်လွှာ အလုအယက်ဝယ်နေကြတာတွေ့ရတော့ တကယ်စိတ်မကောင်းဖြစ်မိပါတယ်
ပန်းတိုင်တစ်ခုအတွက် နိုင်ငံခြားထွက် ကြိုးစားချင်တဲ့စိတ်တွေကိုလ
ဒီ ဇာတ်လမ်းလေးကို အရင်ဖတ်ကြည့်ပါ။
ပြီးမှ နိုင်ငံခြားထွက်ဖို့ ဆုံးဖြတ်ပါ။
..........................
ကျွန်တော်နဲ့ခင်မင်ရင်းနှီး
ကျွန်တော့ထက်တော့ ၃နှစ်လောက်ငယ်ပါတယ်။ သူတို့ဟာ ချမ်းသာတဲ့မိသားစုထဲကတော့ မဟုတ်ပါဘူး။
သူတို့မိဘတွေဟာ ဈေးမှာ ကြက်သွန်နီတို့ ဆီတို့ရောင်းတဲ့ ကုန်စုံဆိုင်လေး ဖွင့်ထားပါတယ်။
ပြီးခဲ့တဲ့နှစ်က မြန်မာနိုင်ငံပြန်လည်တော့ သူတို့နဲ့သွားတွေ့ဖြစ်ခဲ့တယ
ညီအကို၂ယောက်လုံး ဖော်ဖော်ရွေရွေပါပဲ "ကိုကီလာ အိမ်ပေါ်တက် "ဆိုပြီးတော့ ကျွန်တော့ကို ကြိုဆိုကြတယ်။
မတွေ့တာလည်း ၁၀နှစ်ကျော်ပြီဆိုတော့ လက်ရှိအခြေအနေတွေနဲ့ ရှေ့ဟောင်းနှောင်းဖြစ်တွေကိ
အကြီးကောင်က သူငယ်ချင်းတွေအဆက်အသွယ်နဲ့ ဂျပန်ကိုထွက်ပြီး အလုပ်လုပ်တယ်။ဂျပန်ကပြန်လာတ
အငယ်ကောင်ကတော့ အိမ်ထောင်ကျပြီး ကလေး၂ယောက်နဲ့။
သူတို့အဖေကတော့ မရှိတော့ပါဘူး။လွန်ခဲ့တဲ့ ၁နှစ်ကျော်က ဆုံးသွားပြီလို့ပြောပါတယ်။အ
အိမ်ရှေ့ ဧည့်ခန်းမှာထိုင်ပြီး ကျွန်တော်တို့တွေ ရှေ့ဟောင်းနှောင်းဖြစ်တြွေေ
ကျွန်တော်တို့တွေ စကားကောင်းနေတုန်း အငယ်ကောင်ဆီ ဖုန်းတစ် call ဝင်လာပါတယ်။
အငယ်ကောင်က၊ တစ်ဖက်ကလူနဲ့ စကားတွေပြောပြီး
"ကျွန်တော် ပွဲရုံခဏသွားလိုက်ဦးမယ် အကို" လို့ ကျွန်တော့်ကို နှုတ်ဆက်ပြီး ဆိုင်ကယ်စီးပြီး ထွက်သွားပါတယ်။
ကျွန်တော်လည်း အကြီးကောင်ကို မေးကြည့်ပါတယ်
အငယ်ကောင် ဘာအလုပ်တွေလုပ်နေလဲပေါ့။
"ဒီကောင်...ပွဲရုံတစ်ရုံပို
ပြီးတော့အကြီးကောင်က ပြတင်းပေါက်ကို ကျော်ပြီး လက်ညိုးထိုးပြတယ်။ "ဟိုဘက်မှာ အသစ်ဆောက်နေတဲ့ တိုက်အိမ်ကလည်း အငယ်ကောင့်အိမ် အကို"..
"အဲ့ဘေးနားမှာ ရပ်ထားတဲ့ Probox ကား ၂စီးဟာလည်း အငယ်ကောင့် ကားပဲအကို..." တဲ့။
"ဒီကောင် အလုပ်အရမ်းကြိုးစားတယ်အကို"
"ပေါင်းသင်းဆက်ဆံရေးလည်း ကောင်းတော့..
ဒီ ၄ ၅ ၁၀နှစ်အတွင်းမှာ တော်တော် အဆင်ပြေလာတယ်အကို " ...စသည်ဖြင့် အငယ်ကောင့် စီးပွါးရေးအကြောင်းတွေကိြုေ
ကျွန်တော်လည်း အငယ်ကောင့်အကြောင်းအတော်မျာ
အကြီးကောင်က သူ့အကြောင်းအလုံးစုံကို ဒီလို ရင်ဖွင့်ပါတယ်။
သူငယ်ချင်းတွေ အဆက်အသွယ်နဲ့ ထရိန်နီ ဗီဇာနဲ့ သူ ဂျပန်သွာဖြစ်ခဲ့တဲ့အကြောင်း
ဂျပန်ရဲ့ နယ်ဘက်မှာ ဆောက်လုပ်ရေးအလုပ်လုပ်ခဲ့ရတ
ခု ဘာအလုပ်လုပ်နေလဲလို့ မေးကြည့်တော့... သူ့ညီ(အငယ်ကောင့်) Probox Taxi တစ်စီးကို သူမောင်းနေကြောင်းနဲ့ တစ်လ ၃သိန်း ၄သိန်းလောက် ဝင်ငွေရှိကြောင်းပြောပြပါတယ
ကျွန်တော်တို့တွေ စကားကောင်းနေတုန်း အငယ်ကောင် ဆိုင်ကယ်နဲ့ ပြန်ရောက်လာပါတယ်။
ကျွန်တော်လည်း အငယ်ကောင့်ကို "မင်း ဘာဂွင်တွေ မိထားလို့ ဒီလောက်ချမ်းသာလာတာလဲလို့ မေးတော့"
အငယ်ကောင်က.. ယုံကြည်ချက်ရှိတဲ့ မျက်ဝန်းတွေနဲ့.."ဘာဂွင်မှ မရှိပါဘူးအကိုရာ၊ သမာအာဇီဝပါအကို... ကျွန်တော် ဒီအခြေအနေရောက်လာတာ၊ အမေသင်ပေးထားတဲ့ ကြက်သွန်ရွေးနည်း၊ ဈေးရောင်းနည်းတွေကြောင့် ပါ အကိုတဲ့..."
အဲ့ဒီနေ့က ကျွန်တော့်အကြောင်းတွေပြောလ
..........................
တကယ်တော့...နိုင်ငံခြားထွက်
လူငယ်တွေ နိုင်ငံခြားထွက်ချင်တယ်ဆိုရ
တကယ်ပဲ... မြန်မာနိုင်ငံမှာ မဖြစ်နိုင်ဘူးဆိုတာသေချာပြီ
မေတ္တာဖြင့်
အကီ ။ ။
မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလား အပိုင်း-၁ ကို ဖတ်ခြင်ရင် ဒီအောက်မှာ ဖတ်ပါ။
https://www.facebook.com/
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။