အပူလှိုင်းအန္တရာယ်မှ ကာကွယ်နိုင်ရန်
.......................... ................... #ဒေါက်တာခင်မိုးမိုး
ရာသီဥတုပူပြင်းတာကြောင့် အပူရှပ်တာ၊ အပူကြောင့် ကြွက်တက်တာနဲ့  အပူကြောင့်နွမ်းနယ်တာတွေရနိုင်ပါတယ်။ နို့စို့ကလေး၊ ကလေးငယ်နဲ့ အသက်ကြီးသူတွေမှာ အထိခိုက်နိုင်ဆုံးပဲဖြစ်ပါတ ယ်။
ပုံမှန်အပူချိန်ကနေ ရုတ်တရက်အပူချိန် အလွန်အမင်း မြင့်တက်သွားရင်
ခုခံအားစနစ်တွေ အားပျော့သွားတာကြောင့် ဘက်တီးရီးယားတွေနဲ့ ထိတွေ့မှုများလာနိုင်ပြီး ဖျားနာလာနိုင်ပါတယ်။ အပူချိန် ရုတ်တရက်အပြောင်းအလဲဖြစ်တာေ ကြာင့်
မောပန်းတာ၊ စိတ်ဖိစီးမှုများတာ၊ အရေပြားယားယံမှုဖြစ်တာ၊
အစာစားချင်စိတ်မရှိတာနဲ့ ချောင်းဆိုးတာတွေလည်း ဖြစ်လာနိုင်တဲ့အတွက်
အောက်ပါတို့ကို ပြုလုပ်ပေးပါ၊
► ဗီတာမင် စီ မှီဝဲပါ
ဗီတာမင် စီ ပေါကြွယ်ဝတဲ့အစားအ စာတွေကို ပုံမှန်စားသုံးတာကြောင့် ခုခံ အားစနစ် မြင့်တက်လာနိုင်ပါတယ်။
► တစ်ကိုယ်ရေသန့်ရှင်းရေး အလေး ပေးပါ
သင့်ပတ်ဝန်းကျင်သန့်ရှင်းနေ ဖို့
အလွန်အရေးကြီးပါတယ်။ သင့်ပတ်ဝန်းကျင်မှာ ရေ၀ပ်နေတဲ့နေရာတွေ မရှိဖို့
ဂရုစိုက်ပါမှ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားတာကနေ ကာကွယ်နိုင်မှာပါ။
► ရေများများသောက်ပါ
နွေရာသီမှာ ရေဆာမှ ရေသောက်တာထက် ချွေးနည်းနည်းထွက်တာနဲ့ ရေများများသောက်ပေးဖို့ လိုအပ်ပါတယ်။ ရေငတ်တဲ့အခြေအနေမှာ ခန်္ဓာကိုယ်မှာ ရေဓာတ်ချို့တဲ့တဲ့ လက္ခဏာဖြစ်နေပါပြီ။
► အရက်နဲ့ ကော်ဖီကို ရှောင်ပါ
ဒီနှစ်မျိုးစလုံးဟာ ဆီးရွှင်နိုင်တဲ့ အတွက် ခန္ဓာကိုယ်အတွင်း ရေဓာတ်ချို့ တဲ့သွားနိုင်ပါတယ်။
► အစာပမာဏနည်းနည်းသာ စားပါ
အစာပမာဏအများကြီး စားသုံးတာ (အထူးသဖြင့် ကာဗိုဟိုက်ဒရိတ်နဲ့ ပရိုတင်းပါဝင်မှုများတဲ့ အစာစားတာ)က ခန္ဓာကိုယ်အတွင်း အပူပိုထွက်စေနိုင်ပါတယ်။
► အပူထွက်စေနိုင်သော အရာတွေကို ပိတ်ထားပါ
ဥပမာ မီးလုံး၊ ကွန်ပျူတာ
.......................... .......................... ........................
ကျောင်းနေအရွယ် ကလေးများအတွက် Tips!
အိမ်မှာတစ်ချိန်လုံး အဲကွန်းနဲ့ နေနေကျ ကလေးငယ်တွေအတွက် အပူဒဏ်ခံရနိုင်ခြေ ပိုများပါတယ်။
► ဒါကြောင့် ကလေးငယ်တွေကို အိမ်ပြင်မှာ အချိန် အကြာကြီးမထားသင့်ပါ။
► ကလေးရဲ့ ဗိုက်ထဲမှာ အစာမရှိဘဲ မကစားပါစေနဲ့။ ကလေးမကစားခင်မှာ အဆာပြေမုန့်ကျွေးပြီး ရေတိုက်ထားပေးပါ။
► ကလေးငယ်တွေကို အိမ်ထဲမှာပဲ ကစားနည်းတွေနဲ့ ဆော့ပါစေ။
► နေပူရှိန်ပြင်းတဲ့အချိန်မှာ ကလေးတွေကို အပြင်ခေါ်သွားရင် ထီးဆောင်းပေးပါ။
► ကလေးငယ်တွေကို အိမ်က အစားအစာမဟုတ်တဲ့ အပြင်စာတွေ မကျွေးပါနဲ့။ ဒီရာသီမှာ အစာအဆိပ်သင့် ဖြစ်နိုင်ခြေ အလွန်များပါတယ်။
ကလေးငယ်တွေကို မကြာခဏ လက်ဆေးခိုင်းပါ။ အထူးသဖြင့် အစာမစားခင်မှာ လက်ဆေးတဲ့အကျင့်ကို သင် ပေးထားပါ။
.......................... .......................... ........................
အသက်ကြီးသူများအတွက် Tips!
► နေ့စဉ် ရေ ၈-၁၀ ဖန်ခွက် ရရှိအောင် သောက်ပါ။ ရှောက်ရည်နဲ့ ပျားရည် ထည့်သောက်နိုင်ပါတယ်။
► အရည်ရွှမ်းတဲ့ သစ်သီးတွေ စားသုံးပေးပါ။ ဖရဲသီး၊ လိမ္မော်သီးနဲ့ သစ်တော်သီးလိုမျိုး အသီးတွေ ကျွေးပါ။ ထမင်းစားချိန်မှာလည်း သခွားသီး၊ ဆလတ်ရွက်တွေကို ပါဝင်အောင် ကျွေးပါ။
ဒီအစားအစာတွေမှာ ရေဓာတ်အလုံအလောက်ပါဝင်တဲ့အတွက် သွေးကြဲစေနိုင်တဲ့အပြင် ခန္ဓာကိုယ် အေးစေတဲ့ အကျိုးကျေးဇူးလည်း ရရှိနိုင်ပါတယ်။
► ဆားဓာတ်လည်း လုံလုံလောက်လောက်ရရှိပါစေ။ ချွေးထွက်သွားတဲ့အတွက် ချွေးနဲ့အတူ ဓာတ်ဆားတွေ ပါဝင်သွားတာကြောင့် ဆားဓာတ်ကို လုံလုံလောက်လောက်ရရှိတဲ့အတွ က်
သွေးဖိအား ပုံမှန်ဖြစ်အောင် ထိန်းနိုင်ပါတယ်။
► ကော်ဖီ၊ လက်ဖက်ရည်နဲ့ အရက်ကို ရှောင်ပါ။
► ချည်သားအင်္ကျီပွပွလက်ရှည် အရောင်ဖျော့ဖျော့ ၀တ်ဆင်ပါ။ နေရောင်ဒဏ်ကို ကာကွယ်ပေးနိုင်တဲ့အပြင် ချွေးစုပ်နိုင်တဲ့အတွက်ကြော င့်ပါ။ ဦးထုပ်ဆောင်းတာ၊ နေကာမျက်မှန်တပ်တာတွေလည်း ပြုလုပ်ပေးပါ။
► ပူပြင်းတဲ့ ရာသီဥတုမှာ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ မပြုလုပ်သင့်ပါဘူး။ နေနဲ့ ထိတွေ့အပြီးမှာ ခေါင်းမူးတာ ဒါမှမဟုတ် အားပြတ်သွားသလို ဖြစ်နေခဲ့ရင် ရေ ချက်ချင်းသောက်ပေးပါ။
ဓာတ်ဆား ရည်သောက်နိုင်ပါတယ်။ ပက်လက် လှန်ပြီး ခြေထောက်နှစ် ချောင်းစလုံးကို အပေါ်ကို နာရီဝက်ခန့် ထောင်ထားပေး ပါ။ ဒါမှ သတိမလစ်အောင် ကာကွယ်နိုင်မှာပါ။
.......................... .......................... ........................
နို့စို့ကလေးများအတွက် Tips
နွေရာသီမှာ နို့စို့ကလေးငယ်တွေက ရေဓာတ်ချို့တဲ့တာ၊ ဖျားတာ၊ သွေးလွန်တုပ်ကွေးဖြစ်တာ၊ အန်တာ၊ ပိုးမွှားကိုက်ခံရတာနဲ့ ဓာတ်မတည့်တာတွေ အဖြစ်များပါတယ်။
► ကလေးငယ်တွေကို ရေဓာတ်ပြည့်ဝအောင် ထားပါ။ ခြောက်လအောက် ကလေးငယ်တွေအတွက် မိခင်နို့ရည် မကြာခဏ တိုက်ပေးပါ။ မိခင်အနေနဲ့လည်း ရေဓာတ်ပြည့်ဝအောင်
ရေများများ သောက်ပေးရပါမယ်။
► နို့စို့ကလေးငယ်တွေကို ရေချိုးပေးတဲ့အခါ လည်ကုတ်၊ ချိုင်း၊ ပေါင်ခြံနဲ့ တခြားအတွန့်အခေါက်ရှိတဲ့ နေရာတွေကို သေချာဆေးကြောပေးရပါမယ်။
► သင်ဟာ သင့်ကလေးငယ်နဲ့အတူ အိမ်ပြင်ထွက်စရာရှိခဲ့ရင် လူများတဲ့နေရာ၊ နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့တဲ့ နေရာ၊ လေပူတွေ တိုက်တဲ့နေရာတွေကို ရှောင်ကြဉ်ပါ။
► သင့်ကလေးငယ်တွေကို ချည်သားအင်္ကျီပွပွ ၀တ်ဆင်ပေးပါ။ ခြင်ပေါများတဲ့ အရပ်မှာ နေရင် ဘောင်းဘီရှည်၊ အင်္ကျီရှည်ပွပွတွေ ၀တ်ဆင်ပေးပါ။
► သင့်အိမ်အတွင်းမှာ လေ၀င်လေထွက်ကောင်းအောင် ပြတင်းပေါက်တွေကို ဖွင့်ထားပါ။
► အိမ်အတွင်း ပုရွက်ဆိတ်၊ ယင်ကောင်၊ ခြင်၊ ပိုးဟပ်တွေ မရှိအောင် ဂရုစိုက်ပါ။
#ဒေါက်တာခင်မိုးမိုး
Good Health Journal 639
#Good_Health_Journal_Faceb ook_Page တွင် ယခုကဲ့သို့ ကျန်းမာရေးနှင့်အလှအပဆောင်း ပါးများကို ဖတ်ရှုနိုင်ပါသည်။
https://www.facebook.com/ Good-Health-Journal-3907742 11023677/
..........................
ရာသီဥတုပူပြင်းတာကြောင့် အပူရှပ်တာ၊ အပူကြောင့် ကြွက်တက်တာနဲ့  အပူကြောင့်နွမ်းနယ်တာတွေရနု
► ဗီတာမင် စီ မှီဝဲပါ
ဗီတာမင် စီ ပေါကြွယ်ဝတဲ့အစားအ စာတွေကို ပုံမှန်စားသုံးတာကြောင့် ခုခံ အားစနစ် မြင့်တက်လာနိုင်ပါတယ်။
► တစ်ကိုယ်ရေသန့်ရှင်းရေး အလေး ပေးပါ
သင့်ပတ်ဝန်းကျင်သန့်ရှင်းနေ
► ရေများများသောက်ပါ
နွေရာသီမှာ ရေဆာမှ ရေသောက်တာထက် ချွေးနည်းနည်းထွက်တာနဲ့ ရေများများသောက်ပေးဖို့ လိုအပ်ပါတယ်။ ရေငတ်တဲ့အခြေအနေမှာ ခန်္ဓာကိုယ်မှာ ရေဓာတ်ချို့တဲ့တဲ့ လက္ခဏာဖြစ်နေပါပြီ။
► အရက်နဲ့ ကော်ဖီကို ရှောင်ပါ
ဒီနှစ်မျိုးစလုံးဟာ ဆီးရွှင်နိုင်တဲ့ အတွက် ခန္ဓာကိုယ်အတွင်း ရေဓာတ်ချို့ တဲ့သွားနိုင်ပါတယ်။
► အစာပမာဏနည်းနည်းသာ စားပါ
အစာပမာဏအများကြီး စားသုံးတာ (အထူးသဖြင့် ကာဗိုဟိုက်ဒရိတ်နဲ့ ပရိုတင်းပါဝင်မှုများတဲ့ အစာစားတာ)က ခန္ဓာကိုယ်အတွင်း အပူပိုထွက်စေနိုင်ပါတယ်။
► အပူထွက်စေနိုင်သော အရာတွေကို ပိတ်ထားပါ
ဥပမာ မီးလုံး၊ ကွန်ပျူတာ
..........................
ကျောင်းနေအရွယ် ကလေးများအတွက် Tips!
အိမ်မှာတစ်ချိန်လုံး အဲကွန်းနဲ့ နေနေကျ ကလေးငယ်တွေအတွက် အပူဒဏ်ခံရနိုင်ခြေ ပိုများပါတယ်။
► ဒါကြောင့် ကလေးငယ်တွေကို အိမ်ပြင်မှာ အချိန် အကြာကြီးမထားသင့်ပါ။
► ကလေးရဲ့ ဗိုက်ထဲမှာ အစာမရှိဘဲ မကစားပါစေနဲ့။ ကလေးမကစားခင်မှာ အဆာပြေမုန့်ကျွေးပြီး ရေတိုက်ထားပေးပါ။
► ကလေးငယ်တွေကို အိမ်ထဲမှာပဲ ကစားနည်းတွေနဲ့ ဆော့ပါစေ။
► နေပူရှိန်ပြင်းတဲ့အချိန်မှာ
► ကလေးငယ်တွေကို အိမ်က အစားအစာမဟုတ်တဲ့ အပြင်စာတွေ မကျွေးပါနဲ့။ ဒီရာသီမှာ အစာအဆိပ်သင့် ဖြစ်နိုင်ခြေ အလွန်များပါတယ်။
ကလေးငယ်တွေကို မကြာခဏ လက်ဆေးခိုင်းပါ။ အထူးသဖြင့် အစာမစားခင်မှာ လက်ဆေးတဲ့အကျင့်ကို သင် ပေးထားပါ။
..........................
အသက်ကြီးသူများအတွက် Tips!
► နေ့စဉ် ရေ ၈-၁၀ ဖန်ခွက် ရရှိအောင် သောက်ပါ။ ရှောက်ရည်နဲ့ ပျားရည် ထည့်သောက်နိုင်ပါတယ်။
► အရည်ရွှမ်းတဲ့ သစ်သီးတွေ စားသုံးပေးပါ။ ဖရဲသီး၊ လိမ္မော်သီးနဲ့ သစ်တော်သီးလိုမျိုး အသီးတွေ ကျွေးပါ။ ထမင်းစားချိန်မှာလည်း သခွားသီး၊ ဆလတ်ရွက်တွေကို ပါဝင်အောင် ကျွေးပါ။
ဒီအစားအစာတွေမှာ ရေဓာတ်အလုံအလောက်ပါဝင်တဲ့အတ
► ဆားဓာတ်လည်း လုံလုံလောက်လောက်ရရှိပါစေ။ ချွေးထွက်သွားတဲ့အတွက် ချွေးနဲ့အတူ ဓာတ်ဆားတွေ ပါဝင်သွားတာကြောင့် ဆားဓာတ်ကို လုံလုံလောက်လောက်ရရှိတဲ့အတွ
သွေးဖိအား ပုံမှန်ဖြစ်အောင် ထိန်းနိုင်ပါတယ်။
► ကော်ဖီ၊ လက်ဖက်ရည်နဲ့ အရက်ကို ရှောင်ပါ။
► ချည်သားအင်္ကျီပွပွလက်ရှည် အရောင်ဖျော့ဖျော့ ၀တ်ဆင်ပါ။ နေရောင်ဒဏ်ကို ကာကွယ်ပေးနိုင်တဲ့အပြင် ချွေးစုပ်နိုင်တဲ့အတွက်ကြော
► ပူပြင်းတဲ့ ရာသီဥတုမှာ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ မပြုလုပ်သင့်ပါဘူး။ နေနဲ့ ထိတွေ့အပြီးမှာ ခေါင်းမူးတာ ဒါမှမဟုတ် အားပြတ်သွားသလို ဖြစ်နေခဲ့ရင် ရေ ချက်ချင်းသောက်ပေးပါ။
ဓာတ်ဆား ရည်သောက်နိုင်ပါတယ်။ ပက်လက် လှန်ပြီး ခြေထောက်နှစ် ချောင်းစလုံးကို အပေါ်ကို နာရီဝက်ခန့် ထောင်ထားပေး ပါ။ ဒါမှ သတိမလစ်အောင် ကာကွယ်နိုင်မှာပါ။
..........................
နို့စို့ကလေးများအတွက် Tips
နွေရာသီမှာ နို့စို့ကလေးငယ်တွေက ရေဓာတ်ချို့တဲ့တာ၊ ဖျားတာ၊ သွေးလွန်တုပ်ကွေးဖြစ်တာ၊ အန်တာ၊ ပိုးမွှားကိုက်ခံရတာနဲ့ ဓာတ်မတည့်တာတွေ အဖြစ်များပါတယ်။
► ကလေးငယ်တွေကို ရေဓာတ်ပြည့်ဝအောင် ထားပါ။ ခြောက်လအောက် ကလေးငယ်တွေအတွက် မိခင်နို့ရည် မကြာခဏ တိုက်ပေးပါ။ မိခင်အနေနဲ့လည်း ရေဓာတ်ပြည့်ဝအောင်
ရေများများ သောက်ပေးရပါမယ်။
► နို့စို့ကလေးငယ်တွေကို ရေချိုးပေးတဲ့အခါ လည်ကုတ်၊ ချိုင်း၊ ပေါင်ခြံနဲ့ တခြားအတွန့်အခေါက်ရှိတဲ့ နေရာတွေကို သေချာဆေးကြောပေးရပါမယ်။
► သင်ဟာ သင့်ကလေးငယ်နဲ့အတူ အိမ်ပြင်ထွက်စရာရှိခဲ့ရင် လူများတဲ့နေရာ၊ နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့တဲ့ နေရာ၊ လေပူတွေ တိုက်တဲ့နေရာတွေကို ရှောင်ကြဉ်ပါ။
► သင့်ကလေးငယ်တွေကို ချည်သားအင်္ကျီပွပွ ၀တ်ဆင်ပေးပါ။ ခြင်ပေါများတဲ့ အရပ်မှာ နေရင် ဘောင်းဘီရှည်၊ အင်္ကျီရှည်ပွပွတွေ ၀တ်ဆင်ပေးပါ။
► သင့်အိမ်အတွင်းမှာ လေ၀င်လေထွက်ကောင်းအောင် ပြတင်းပေါက်တွေကို ဖွင့်ထားပါ။
► အိမ်အတွင်း ပုရွက်ဆိတ်၊ ယင်ကောင်၊ ခြင်၊ ပိုးဟပ်တွေ မရှိအောင် ဂရုစိုက်ပါ။
#ဒေါက်တာခင်မိုးမိုး
Good Health Journal 639
#Good_Health_Journal_Faceb
https://www.facebook.com/
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။