Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, April 30, 2017

"ဘဝ အတွက် လုပ်သင့်သော ၂၇ ချက်"


မောင်(စွယ်စုံကျမ်း)

"ဘဝ အတွက် လုပ်သင့်သော ၂၇ ချက်"
၀၁. ထမင်းစားနေချိန်မှာ ဖုန်းကိုခဏမေ့ထားပါ။
သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် အိမ်မှာပဲဖြစ်ဖြစ် အမြဲတမ်း ဖုန်းတစ်လုံးနဲ့ အချိန်ကုန်မနေဘူးလား။
မိသားစုအတွက် တန်ဖိုးရှိတဲ့အချိန်တွေအတွက် ဖုန်း ကို ဘေးချထားလိုက်ပါ။

၀၂. ကီးမကိုက်တဲ့ သူငယ်ချင်းတွေနဲ့ အဆက်အသွယ် ဖြတ်ပါ။
သူတို့နဲ့ အတူတူသွားလာချိန်မှာ မပျော်ရင်တော့ သူတို့ကို အဆက်ဖြတ်ပါ။သင့်မှာအချိန်ဆိုတာ က အကန့်အသတ်မရှိသလို အားနာနေဖို့လည်း မလို ပါဘူး။ ကိုယ့်အတွက် အရေးကြီးတဲ့သူတွေအတွက် အချိန်ကို အလေးပေးပါ။

၀၃. မနက်စောစောထပြီး တခုခုလုပ်ပါ။
နေ့တိုင်း အလုပ်တွေများပြီး ကိုယ့်ရဲ့အချိန်ကော ရှိရဲ့လား။ မနက်စောစောထပြီး တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်ကို အသုံးချပြီး ကိုယ်လုပ်ချင်တာကို လုပ်ပါ။
၀၄. ငြင်းသင့်ရင် ငြင်းပါ။
မလုပ်ချင်တဲ့ အလုပ်(သို့) ကိစ္စကို မလုပ်ချင်တဲ့အခါ သတ္တိရှိရှိ ငြင်းလိုက်ပါ။ မလုပ်ချင်တဲ့အလုပ်ကို လုပ်ရင် အဖြေကတော့ ပြောစရာမလိုပါ။
၀၅. နေ့တိုင်း စိတ်သစ်ကိုယ်သစ်နဲ့နေပါ။
အတိတ်မှာ ဖြစ်ခဲ့တဲ့ကိစ္စကို အတိတ်မှာသာ ထားခဲ့ပါ။ အတိတ်ကအကြောင်းတွေ ကို အတွေး လွန်ရင် မျက်စိရှေ့မှာရှိတဲ့ အခွင့်အရေးကို လက် လွတ် သွားနိုင်ပါတယ်။
၀၆. မိသားစုကို ကျေးဇူးတင်ကြောင်း ပြောပါ။
မိသားစုကို ကျေးဇူးတင်စကား ပြောခဲ့တာ ဘယ်တုန်းကလဲ။ ပြောရမှာ ရှက်ပင်မဲ့ တတ်နိုင် သလောက် ပြောနိုင်အောင် ကြိုးစားပါ။
၀၇. ဓါတ်ပုံကို ကူးပါ။
ဖုန်းထဲမှာ ရှိတဲ့ဓါတ်ပုံတွေကို ဖုန်းထဲမှာပဲ မသိမ်းထားပဲနဲ့ ဓါတ်ပုံကူးပြီး ဓါတ်ပုံစာအုပ်ထဲမှာ ထည့်ပြီးသိမ်းထားပါ။အသက်ကြီးလာတဲ့အခါမှာ သင့်အတွက် အရေးကြီးတဲ့ အရာတခုဖြစ်လာပါ လိမ့်မယ်။
၀၈. ဆုံးဖြတ်တဲ့အခါ စိတ်ရှင်းရှင်းနဲ့ လိုချင်တာကို ရွေးပါ။
ဘဝမှာ ဆုံးဖြတ်ရခက်မဲ့ ကိစ္စတွေကို အများကြီး ကြုံရမှာပါ။ အဲဒီအခါမှာ ကိုယ်ကလုပ်ချင်တဲ့အရာ ကို စိတ်ရှင်းရှင်းနဲ့ ရွေးချယ်ပါ။စဉ်းစားသင့်တာ ထက် ပိုပြီး စဉ်းစားဆုံးဖြတ်ရင် နောင်တ ရတတ် ပါတယ်။
၀၉. ကျောင်းက မိတ်ဆုံပွဲတွေကို မသွားပါနဲ့။
အဲဒီလောက်လဲ မခင်ခဲ့တဲ့သူတွေနဲ့တွေ့လည်း အချိန်ကုန်တာပဲ အဖတ်တင်ပါတယ်။ ကိုယ့်အတွက် တန်ဖိုးထားရမဲ့သူတွေက ဘယ်သူလဲ ဆိုတာ တွေးပါ။
၁၀. မိသားစု ဓါတ်ပုံရိုက်ပါ။
မိသားစုဝင်တွေ ဆုံဖြစ်ရင် ဓါတ်ပုံရိုက်ဖို့မမေ့ပါနဲ့။ သင့်အတွက် အဖိုးမဖြတ်နိုင်တဲ့အရာ တခုအနေဖြင့် ကျန်ခဲ့မှာပါ။
၁၁. လုပ်မယ်ဆိုရင် ဆုံးသည့်တိုင်အောင်လုပ်ပါ။
ဒီအလုပ်ကို လုပ်မယ်လို့ ဆုံးဖြတ်လိုက်ရင် လက်တွေ့ လုပ်မယ်ဆိုတဲ့စိတ်နဲ့လုပ်ပါ။
ဘယ်လောက်ပဲ အခက်အခဲတွေ တွေ့တွေ့ အောင်မြင် ပါလိမ့်မယ်။
၁၂. ပိတ်ရက်မှာ ကောင်းကောင်းနားပါ။
ပိတ်ရက်မှာ အချိန်က ဘယ်လိုကုန်သွားမှန်းကို သိမှာ မဟုတ်ပါ။ မလိုအပ်တဲ့ သတင်းတွေ၊ ဖုန်းတွေ ကို ပိတ်ပြီး နားအေး ပါးအေး နားလိုက်ပါ။
၁၃. အသုံးအဆောင်ပစ္စည်းတွေကို တန်ဖိုးထားပါ။
ကိုယ်ကြိုက်လို့ဝယ်ထားပြီး သုံးနေတဲ့ ပစ္စည်းလေး တွေ ကို သပ်သပ်ရပ်ရပ်သုံးပါ။ မလိုအပ်တဲ့ ပစ္စည်းတွေ ကိုတော့ ဘာမှမထားပါနဲ့။
၁၄. ကျန်းမာရေးကို ဂရုစိုက်ပါ။
ကျန်းမာ မှ သာလျှင် လုပ်ချင်တာကို လုပ်လို့ ရပါလိမ့်မယ်။
၁၅. ရာထူး တိုးအောင်လည်း ပြောပါ။
ကြိုးစားထားတဲ့ အလုပ်တခုအတွက် ကိုယ့်မှာ ခံစားခွင့်ရှိတယ်လို့ ထင်တယ်ဆိုရင် သတ္တိရှိရှိ အထက်ကို တောင်းဆိုသင့်ပါတယ်။
၁၆. ပတ်ဝန်းကျင်နဲ့ ထိတွေ့နိုင်မဲ့နေရာကို ထားပါ။
အိမ်မှာပဲဖြစ်ဖြစ် ရပ်ကွက်ထဲမှာပဲဖြစ်ဖြစ် ပတ်ဝန်းကျင် နဲ့ အမြဲ ထိတွေ့နေနိုင်မဲ့နေရာကို ရှိအောင်လုပ်ပါ။
၁၇. ခရီးသွားရင် ကပ်စီးမနဲပါနဲ့။
ကိုယ်ကအရမ်းသွားချင်တဲ့ခရီးမှာ ပိုက်ဆံကို ချွေတာနေတဲ့အလုပ်ကို မလုပ်ပါနဲ့။ပိုက်ဆံထက် တန်ဖိုးရှိမဲ့အရာကို သင် ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။
၁၈. ကိုယ့်ရဲ့ ထင်မြင်ချက်ကို ရဲရဲတင်းတင်းပြောပါ။
အားနာလို့ မပြောခဲ့တဲ့စကားတွေကြောင့် ခံခဲ့ရ ပေါင်း လည်း မနည်းတော့ပါ။ တခါတလေတော့ စိတ်ထဲမှာ ရှိတဲ့အတိုင်း ရဲရဲတင်းတင်းသာ ပြောလိုက်ပါ။
၁၉. ပုံလည်းဆွဲကြည့်ပါ။
ကိုယ်နဲ့ ဆန္ဒတွေ၊ ရင်ထဲမှာ ခံစားနေရတာတွေကို စာ မဟုတ်ပဲ ပုံဆွဲပြီး သရုပ်ဖော်ကြည့်ပါ။ အတွေးအခေါ်အသစ်တွေလည်း ရလာနိုင်ပါတယ်။
၂၀. ယုံကြည်ချက်တွေ ဆုံးရှုံးသွားမဲ့နေရာကို ပစ်ထားလိုက်ပါ။
ကိုယ့်ရဲ့ ယုံကြည်ချက်တွေ ဆုံးရှုံးသွားစေမယ့် နေရာ ကနေ မြန်မြန်ထွက်ခွာသွားနိုင်အောင် ကြိုးစားပါ။ မကောင်းတဲ့နေရာမှာရှိနေလို့လဲ ဘာမှ ထူးလာမှာ မဟုတ်ပါ။
၂၁. စွန့်စားကြည့်ပါ။
များတယ်။နည်းတယ်။ကြီးတယ်။သေးတယ် မဆိုင်ပါ။ကိုယ်ကလုပ်ချင်တယ်လို့တွေးထားတဲ့ အရာကို စွန့်စားပြီးလုပ်ကြည့်ပါ။အောင်မြင်တာ မအောင်မြင်တာထက် အတွေ့အကြုံကောင်းတွေ အများကြီးရပါလိမ့်မယ်။
၂၂. ပိုက်ဆံ နည်းနည်းစုပါ။
ဘဝမှာ ဘာဖြစ်လာမလဲဆိုတာကို ဘုရားမှလွဲ၍ ဘယ်သူမှမသိနိုင်ပါ။ တခုခုဖြစ်ရင်သုံးဖို့အတွက် ပိုက်ဆံကို ဆောင်ထားပါ။
၂၃. သူငယ်ချင်းကို တန်ဖိုးထားပါ။
အသက်တွေရလာရင် သူငယ်ချင်းရဲ့တန်ဖိုးကို သိလာပါလိမ့်မယ်။ သူငယ်ချင်းတွေကလည်း ကူညီပေးပါလိမ့်မယ်။
၂၄. Facebook သုံးနေတဲ့အချိန်ကို လျှော့ပါ။
ဘာရယ်လို့မဟုတ် Facebook ဖွင့်ကြည့်ပြီး အချိန်တွေဖြုန်းနေတဲ့သူတွေ အများကြီးပါ။ သတိထားပါ။
၂၅. သူတပါးရဲ့ အောင်မြင်မူကို အားပေးပါ။
သူငယ်ချင်းပဲဖြစ်ဖြစ် လုပ်ဖော်ကိုင်ဖက်ပဲဖြစ်ဖြစ် သူ့ရဲ့အောင်မြင်မူအတွက် ဂုဏ်ယူပါ။ အားပေးပါ။
မနာလိုမဖြစ်ပါနဲ့။ သူတော်လို့ အောင်မြင်တာပါ။ သူအောင်မြင်တာကို အားမပေးနိုင်တဲ့စိတ်ဓာတ် ရှိရင် ကိုယ်အတွက်ဆိုရင်လည်း အားပေးမဲ့သူ ရှိမည် မဟုတ်ပါ။
၂၆. ကိုယ့်အတွက် အရေးကြီးသောသူအတွက် အချိန်ပေးပါ။
ကိုယ်ရဲ့အရေးကြီးသောသူအတွက် အချိန်လေးကို တစ်နေ့ နည်းနည်းပေးပါ။
၂၇. အချစ်ဆုံးသူငယ်ချင်းနဲ့ ဟက်ဟက်ပက်ပက် ရယ်လိုက်ပါ။
အချစ်ဆုံးသူငယ်ချင်းနဲ့တွေ့ပြီး ကျောင်းတုန်းက အကြောင်းပဲဖြစ်ဖြစ် ပြောချင်တာတွေကို ပြောပြီး ပျော်ပျော်ရွှင်ရွှင် လွတ်လွတ်လပ်လပ်နေလိုက်ပါ။
နောင်တဆိုတာ နောင်မှတရတယ် ဆိုစကားကို လူကြီးတွေဆိုက ကြားဖူးပါတယ်။ ဒီစကားအတိုင်းမဖြစ်ချင်ရင်တော့ ဒီ ၂၇ ချက်ကို
လုပ်သင့်တယ်လို့ထင်ပါတယ်။
#Credit_ChelmoTeam
#T_A_K

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။