Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, April 26, 2017

ဂျပန်နည်းစနစ်ကောင်း 5-S Management စီမံခန့်ခွဲနည်း

ဂျပန်နည်းစနစ်ကောင်း 5-S Management စီမံခန့်ခွဲနည်း

စနစ်တကျစီမံခန့်ခွဲနည်းများစွာထဲမှ ယနေ့ခေတ် (5-S) ဟာ ရေပန်းစားပြီး၊ လုပ်ငန်းကြီးများမှာ အဓိကအသုံးပြုနေတဲ့ စနစ်ကောင်းတခုပဲဖြစ်ပါတယ်။ 5-S နည်းစနစ်ကို ကျင့်သုံးခြင်းဖြင့် လုပ်ငန်းများ အချိန်မြန်ဆန်မှု၊ ဆုံးရှုံးမှုများထိန်းနိုင်မှု၊ လုပ်ငန်းနည်းစနစ်ရှိမှု၊ ရေရှည်ထိန်းသိမ်းနိုင်မှု စတဲ့ အကျိုးများစွာကို ဖန်တီးစေနိုင်ပါတယ်။
ယနေ့ခေတ် ခေတ်ပြိုင်တိုးတက်လာပြီဖြစ်တဲ့ လုပ်ငန်းများမှာ Internal Management အတွက် နည်းစနစ်များဟာ လိုအပ်ချက်ဖြစ်လာနိုင်သလို၊ တဦးချင်းစီဆိုင်ရာ စီမံမှုအတွက်လည်း ယခု 5-S နည်းလမ်းများမှ များစွာအထောက်အကူ ပြုစေနိုင်ပြီး လုပ်ငန်းများ အချိန်တို-အကျိုးရှိ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်

( 1 ) Sort/ Separate - ခွဲခြားထားမှုရှိခြင်း။
- Use (အမြဲသုံးနေကျ ပစ္စည်း) Unused (အသုံးမပြုတော့တဲ့ ပစ္စည်း) စတဲ့ စာရွက်စာတမ်း၊ ရုံးအသုံးအဆောင်၊ စက်ပစ္စည်းများကို ခွဲခြားထားဖို့လိုအပ်မှာပါ။ ခွဲခြားမှုတွေမရှိတဲ့အခါ မလိုလားအပ်တဲ့ ထိန်းသိမ်းမှု၊ တာဝန်ယူမှု၊ လုပ်ငန်းခွင်ရှုပ်ထွေးမှု စတဲ့ နှောင်နှေးမှုတွေကိုဖြစ်စေတာမို့ လိုအပ်တဲ့ပစ္စည်း/ မလိုအပ်တဲ့ပစ္စည်း တွေကို ခွဲခြားရှင်းလင်းပြီး ရှင်းလင်းသပ်ရပ်မှုတွေနဲ့အတူ မြန်ဆန်ထိရောက်စေတဲ့လုပ်ငန်းခွင်ကို စီမံလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

(2) Set in Order - အစီအစဉ်တကျထားသိုခြင်း။
- လုပ်ငန်းခွင်တိုင်းမှာ ပစ္စည်းအမျိုးအစားမတူညီမှုတွေရှိတက်လို့ လုပ်ငန်းအမျိုးအစားအလိုက် Label (တံဆိပ်တပ်ဆင်မှု) နဲ့အတူ ဦးစားပေးမှုအဆင့်အလိုက် Arrange (စီတန်းထားသိုမှုတွေ) ဟာလည်း လိုအပ်ဦးမှာဖြစ်ပါတယ်။ Data Management လုပ်လာတဲ့အခါ အချိန်မြန်ဆန်မှုကို ဖြစ်စေနိုင်ပြီး ပြန်လည်ရှာဖွေတာမျိုးဖြစ်စေ၊ မအားတဲ့အခိုက် တခြားသူသို့ Reference Power ဖြင့်ကူညီလုပ်ဆောင်စေတဲ့အခါမှာလည်း ထိရောက်မြန်ဆန်မှုကို ဖြစ်စေနိုင်ပါတယ်။

(3) Shine - သန့်ရှင်းသပ်ရပ်စွာထားသိုခြင်း။
- အပိုဖြစ်နေတဲ့ စာရွက်စာတမ်း၊ အသုံးအဆောင် နှင့်အတူ နေ့စဉ်လုပ်ငန်းခွင်မှာရှိတဲ့အရာတွေကို Cleaning (သန့်ရှင်းမှု) နဲ့ Smarting (စနစ်ကျခြင်း) တွေက လုပ်ငန်းရဲ့ အဆင့်အတန်းမြှင့်စေနိုင်မှာပါ။ ၀န်ထမ်းတဦးချင်းစီပိုင်ဆိုင်တဲ့ စားပွဲ၊ ဗွီဒို၊ အခန်း စတာတွေရဲ့ ရှင်းလင်း-တောက်ပြောင်မှုတွေဟာ မိမိနှင့်အတူ ကုပ္မဏီ၊ ရုံး၊ ဌာန တစ်ခုရဲ့ စည်းကမ်းကိုဖော်ပြနေတာမို့ ဒီအချက်ကိုလည်း အလေးထားပြီးစီမံနိုင်လျှင် ISO လုပ်ငန်းများနဲ့အညီ လုပ်ငန်းအရည်အသွေးမြင့်တက်လာမှာဖြစ်ပါတယ်။

(4) Standard - အဆင့်အတန်းရှိခြင်း။
- အဖွဲ့အစည်းတိုင်းမှာတော့ ရှိသင့်တဲ့ စည်းကမ်းတွေနဲ့အတူ လုပ်ငန်းခွင်အလွယ်တကူ ပြီးစီးနိုင်စေရန်အတွက် Guiding (လမ်းညွှန်ပေးမှု) တွေရှိဖို့လိုအပ်မှာပါ။ ဥပမာ - တွေ့တဲ့နေရာကယူ - ကြုံတဲ့နေရာထားတဲ့ နည်းစနစ်မကျမှုတွေကို Re-placing (နေရာတကျပြန်လည်ထားမှု) ဆိုတဲ့ လမ်းညွှန်မှုက စည်းကမ်းဖြစ်လို့၊ 5-S နည်းစနစ်တွေထဲက သင့်လျှော်တဲ့ (Rule - စည်းကမ်း) ချမှတ်မှုတွေနဲ့ လုပ်ငန်းတခုရဲ့ အဆင့်အတန်းတွေကို တိုးတက်မြင့်မားအောင်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

(5) Sustain - ရေရှည်ထိန်းသိမ်းနိုင်ခြင်း
- တိုးတက်လာတဲ့နောက်ကွယ်တိုင်းမှာ ရေရှည်ထိန်းသိမ်းမှုဟာ လိုအပ်ချက်ဖြစ်လာတာမို့ Housekeeping (လဲလှယ်ပေးမှု) တွနဲ့အတူ၊ တခုပျက်-တခုပြင်ဆိုသလို Maintaining (ထိန်းသိမ်းမှု) တွေနဲ့ လုပ်ငန်းခွင်ရဲ့ မလိုလားအပ်တဲ့ ကုန်ကျစရိတ် တွေကို လျှော့ချနိုင်မှာဖြစ်ပါတယ်။ အသစ်တွေတိုင်းဟာ ဟောင်းနွမ်းလာတက်တာ သဘာဝဆိုပေမဲ့ လူတွေရဲ့ဆန်းသစ်ပေးမှု၊ ထိန်းသိမ်းပေးမှုတွေနဲ့အတူ Follow-up (ထပ်မံကြည့်ရှု) မှုတွေနဲ့ လုပ်ငန်းအရည်အသွေးကို ရေရှည်ထိန်းနိုင်မှာဖြစ်ပါတယ်။

5-S စနစ်ကို ကျင့်သုံးဆောင်ရွက်ခြင်းဖြင့် ၁-ခါ အလုပ်ရှုပ်မှာကြောက်ပြီး ၁၀-ခါ ပြန်အလုပ်ရှုပ်နေရတဲ့ လုပ်ငန်းခွင်ရဲ့အခက်အခဲတွေကို 5-S စီမံခန့်ခွဲနည်းကသာ အထောက်အကူဖြစ်စေနိုင်တာမို့၊ အစကောင်းဖို့အရေးကြီးသလို အဆုံးသတ်တွေကလည်း ပိုကောင်းနေဖို့လိုတယ်ဆိုတဲ့ အချက်အတိုင်း လုပ်ငန်းစဉ်တွေရဲ့ (စ-လယ်-ဆုံး) မှာ 5-S ပုံစံဖြင့် အရည်အသွေးတိုးမြင့်စေနိုင်ဖို့ လုပ်ငန်းများ ရေရှည်မှာ နစ်စနစ်တကျ လည်ပတ်နိုင်ဖို့ မျှဝေရေးသားလိုက်ပါတယ်။

(နည်းစနစ်ကောင်းဆိုတာ လုပ်ဆောင်ချက်တွေ၊ လူတွေ အတွက် ပိုမိုတိုးတက် မြန်ဆန်စေဖို့ ကြားခံပေါင်းစပ် စီမံနည်းတမျိုးပါပဲ)
လမ်းညွှန်မှုတိုင်းမှာ လုပ်ငန်းလမ်းကြောင်းကို ပိုမိုမှန်ကန်စေနိုင်ပါတယ်။
စနစ်တိုးတက်မှုဖြင့် လုပ်ငန်းများလည်းတိုးတက်နိုင်ဖို့ အကြံပြုလျှက်...

လေးစားလျှက်

Zin Phyo Paing
MESI Business Institute
EntrepreneurSME.com

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။