Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, April 25, 2017

အောင်မြင်တဲ့ လူတစ်ယောက်ဖြစ်ဖို့ ဒါတွေလုပ်ပါ။

အောင်မြင်တဲ့ လူတစ်ယောက်ဖြစ်ဖို့ ဒါတွေလုပ်ပါ။
================================

သင်ဟာ အောင်မြင်မှုကို လိုလားနေတဲ့သူလား။ အောင်မြင်မှုရဖို့အတွက်ကြိုးစားနေတဲ့သူလား။ ကြိုးစားနေရဲ့သားနဲ့ အောင်မြင်မှုပန်းတိုင်းနဲ့ အလှမ်းဝေးနေသေးလား။ ဒါဆိုရင်တော့ ဒီအချက်လေးတွေကို ဖတ်ကြည့်လိုက်ပါ။ တစ်ဖက်တစ်လှမ်းက အထောက်အကူပြုမယ်လို့ မျှော်လင့်ပါတယ်။

1)သက်တောင့်သက်သာနေတာတွေရပ်ပါ။
အောင်မြင်မှုကို လိုချင်တဲ့ လူတစ်ယောက်ဟာ သက်တောင့်သက်သာနေလို့ မရပါဘူး။ အလုပ်လုပ်ရပါမယ်။ အိပ်ယာက မထ facebook သုံးမပြတ် ဖုန်းပွတ် မပြတ်ပဲ ဘယ်လောက်ပဲ အောင်မြင်မှုလိုချင်ပါတယ် အိပ်မက်တွေ အကောင်အထည်ပေါ်ချင်ပါတယ် အော်နေနေ အောင်မြင်မှုက သင့်ဆီရောက်လာမှာ မဟုတ်ပါဘူး။ ဒီတော့ အောင်မြင်မှုအတွက် အလုပ်လုပ်ဖို့ အချိန်ဖြုန်းနေတာတွေ၊ ကိုယ့်ကိုယ်ကို ညှာနေတာတွေ၊ သက်တောင့်သက်သာနေတာတွေ ရပ်လိုက်ပါ။ အိပ်မက်တွေ ရုပ်လုံးကြွလာဖို့ တူနဲ့ဆောက် ကိုင်ပြီး သင့်အိပ်မက်တွေကို အလှပဆုံး ထုဆစ်လိုက်ပါ။

2)ဝါသနာ အရင်းခံပါစေ။
သင် စိတ်မပါတဲ့ အလုပ်တွေ၊ ဝါသနာမပါတဲ့ အရာတွေကို လုပ်ဆောင်နေရတယ်ဆိုရင်တော့ သင် ဘယ်လိုမှ အောင်မြင်မှု ရနိုင်မှာမဟုတ်ပါဘူး။ ရေလိုက်ငါးလိုက်နဲ့ပဲ ဘဝဆုံးသွားပါလိမ့်မယ်။ ဒီတော့ ဖြစ်နိုင်ရင် ဝါသနာမပါတဲ့ အလုပ်တွေကို ရပ်တန်းရပ်ပစ်လိုက်ပါ။ အလုပ်ထွက်စရာရှိထွက်လိုက်ပါ။ ကိုယ့်အတွက် အဆင်မပြေဘူးဆိုရင်တော့ တစ်နေ့ကို အချိန်လေးတစ်ခုပေးပြီး သင်ဝါသနာပါတာလေးတွေကိုကြိုးစားလုပ်ပါ။ ပြီးမှ တဖြည်းဖြည်းချင်း ဝါသနာပါတဲ့ လမ်းဘက်ကို ကူးပြောင်းလျှောက်လှမ်းပါ။ ကိုယ်က ဝါသနာပါနေတာ ဖြစ်တဲ့အတွက် အလုပ်လုပ်ရတာပျော်လာပြီး ကြိုးစားလုပ်ကိုင်တဲ့အတွက် အောင်မြင်မှု ရလွယ်ပါတယ်။

3)ဆုံးဖြတ်ချက်၊ ရည်မှန်းချက် ခိုင်မာပါစေ။
အလုပ်တစ်ခုမလုပ်ခင် စဉ်းစားပါ။ သေချာ လစ်ကွက်ဟာကွက်မရှိအောင် စီမံပါ။ စဉ်းစားပြီးရင်တော့ ဆုံးဖြတ်ချက်တစ်ခုချမှတ်ကာ လုံးဝနောက်မဆုတ်တန်း လက်တွေ့အကောင်အထည်ဖော်ပါ။ ဘယ်လောက်ပဲ အခက်အခဲတွေ့တွေ့၊ ပတ်ဝန်းကျင်က ဘာတွေပဲပြောနေပါစေ သင့်ရည်မှန်းချက်ပန်းတိုင်တစ်ခုကိုပဲ အာရုံစို်က်ပြီး ကြိုးစားပါ။ ရည်မှန်းချက်တွေ အများကြီးမထားပါနဲ့။ သင့်ကိုသင် superman လို့မထင်ပါနဲ့။ တစ်လမ်းဆို၊ တစ်လမ်းပဲ ဖြောင့်အောင်လျှောက်ပါ။ ရည်မှန်းချက်တွေများပြီး ယောင်ခြောက်ဆယ်ဖြစ်တာတွေ၊ ဇဝေဇဝါ တွေဝေနေတာတွေက သင့်ကို အောင်မြင်မှုဆီကနေ လမ်းချော်သွားစေနိုင်ပါတယ်။

4)မိတ်ဆွေ၊ သူငယ်ချင်းကောင်း၊ ပတ်ဝန်းကျင်ကောင်းတစ်ခုတည်ဆောက်ထားပါ။
သင်တစ်ယောက်တည်း တစ်ကောက်ကြွက် အလုပ်ချည်းလုပ်မနေပါနဲ့။ မိတ်ဆွေသူငယ်ချင်းကောင်း များများထားပါ။ သူတို့ဆီကနေ သင့်အတွက် အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေ ရနိုင်ပါတယ်။ ရည်မှန်းချက်တူတဲ့ သူအချင်းချင်းဆို ပိုလို့တောင် ကောင်းပါသေးတယ်။ တစ်ယောက်တည်းဖြစ်တဲ့အခါ ယောင်လည်လည်နဲ့ စိတ်ဓာတ်ကျတာမျိုးဖြစ်ပြီး အလုပ် လုပ်ချင်စိတ်မရှိတာမျိုးတွေ ဖြစ်တတ်ပါတယ်။ လေ့လာစရာရှိတာ လုပ်စရာရှိတာတွေကို သင့်သူငယ်ချင်းတွေနဲ့ အတူတကွပူးပေါင်းလုပ်ဆောင်ခြင်းက အောင်မြင်မှုကို ပိုမို ရောက်လွယ်ပါတယ်။

5)ဇွဲ၊ လုံ့လ၊ ဝီရိယ သုံးခုလုံးနဲ့ ကြိုးစားပါ။
အလုပ်တစ်ခုလုပ်လိုက် အခက်အခဲတွေ့လို့ လက်မြှောက်အရှုံးပေးလိုက် နောက်တစ်ခုကို စမ်းတဝါးဝါးလုပ်လိုက်ဆိုရင်တော့ သင် ဘယ်နေရာမှာမှ အောင်မြင်မှုရမှာမဟုတ်ပါဘုး။ ပိုမိုထူးခြားတဲ့ အောင်မြင်မှုလိုချင်တဲ့သူဟာ တခြားသူထက် ထူးခြားပြီးပိုမို လုံ့လ စိုက်ထုတ်ဖို့်လိုပါတယ်။ သူများအပျော်အပါးလိုက်စားနေချိန်မှာ ကိုယ်က အလုပ်လုပ်နေရပါမယ်။ ဇွဲ၊ လုံ့လ၊ ဝီရိယ သုံးခုလုံး ညီတူညီမျှ သုံးစွဲပါမှ အောင်မြင်မှု ပန်းတိုင်ကို လှမ်းကိုင်နိုင်မှာ ဖြစ်ပါတယ်။

6)စာဖတ်ပါ။
စာပေတွေက သင့်ကို ခရီးသွားစရာမလိုပဲ ဒေသန္တာရဗဟုသုတတွေပေးနိုင်တယ်။ ဘဝအမှားတွေ ကိုယ်တိုင်ကြုံတွေ့စရာမလိုပဲ သင်ခန်းစာတွေပေးနိုင်တယ်။ အသိပညာဗဟုသုတတွေ အများကြီးရနိုင်တယ်။ ကိုယ့်ထက်ရင့်ကျက်တဲ့ လူတွေဆီက ဘဝအတွေ့အကြုံတွေကို ခံစားနိုင်တယ်။ ပျော်ရွှင်မှု၊ ဝမ်းနည်းမှု စတဲ့ ရသမျိုးစုံကိုလည်း ရနိုင်တယ်။ စာအုပ်တွေက သင့်အောင်မြင်မှုပန်းတိုင်ဆီ ရောက်ဖို့အတွက် တစ်နည်းနည်းနဲ့ အထောက်အကူပြုမှာပါ။

7)ကျန်းမာရေး ဂရုစိုက်ပါ။
"အာရောဂျံပရံမံလာဘံ" ဆိုတဲ့ အတိုင်း ကျန်းမာရေးကောင်းမှ သင်ဝါသနာပါတဲ့အလုပ်တွေကို စိတ်ရောကိုယ်ပါ တက်တက်ကြွကြွနဲ့ လုပ်ရင်း အောင်မြင်မှုကို ရယူနိုင်မှာဖြစ်ပါတယ်။ စိတ်ရော ကိုယ်ပါ ကျန်းမာဖို့အရေးကြီးပါတယ်။ အောင်မြင်ချင်ဇောနဲ့ တအားကြီး အလုပ်တွေဖိလုပ်နေရင်လည်း ခန္ဓာရော စိတ်ဟာ အနားမရတဲ့အတွက် ဘိုင်ခနဲ လဲသွားနိုင်ပါတယ်။ ကျန်းမာရေး မကောင်းတဲ့အတွက် သင့်အောင်မြင်မှုလမ်းကို ဆက်လျှောက်ဖို့ ခဲယဉ်းသွားပါလိမ့်မယ်။ ဒီတော့ အလုပ်လည်းလုပ်ရင်း ကျန်းမာရေးကိုလည်း ဂရုစိုက်ဖို့လိုပါတယ်။

8)အထက်ကိုလည်း မကြည့်နဲ့ အောက်ကိုလည်း မကြည့်နဲ့ သင့်ကိုယ်သင်ပဲကြည့်ပါ။
သင်ကြိုးစားနေတဲ့အချိန်မှာ သင့်ထက်အောင်မြင်နေတဲ့ သူတွေကို သွားမကြည့်မိပါစေနဲ့။ သူတို့နဲ့ ကိုယ့်ကိုယ်ကို နှိုင်းယှဉ်းမိပြီး သိမ်ငယ်စိတ်ဝင်သွားနိုင်ပါတယ်။ သိမ်ငယ်စိတ်ဝင်သွားရင် စိတ်ဓာတ်ကျပြီး မလုပ်ချင် မကိုင်ချင်တဲ့ စိတ်တွေပါ ရောက်လာနိုင်ပါတယ်။ ဒီနေရာမှာ role model ထားတာ အားကျတဲ့ လူရှိတာနဲ့ ကွဲပြားပါတယ်။ ကျွန်တော်ပြောချင်တာက နှိုင်းယှဉ်းမိတာ။ "သူ့ကိုတော့ ငါတော့ လိုက်မမီနိုင်တော့ပါဘူးကွာ" ဆိုတဲ့ စိတ်မျိုးကို ပြောချင်တာပါ။ ဒီလိုပါပဲ ကိုယ်ထက် နိမ့်ကျတဲ့လူတွေနဲ့လည်း သွားမနှိုင်းယှဉ်မိပါစေနဲ့။ "ငါတော့ ဆရာကြီးဖြစ်နေပါပြီ တော်ပြီပေါ့ ဒီလောက်ဆို" ဒီလို ရောင့်ရဲတင်းတိမ်တဲ့ စိတ်တွေ ဝင်သွားနိုင်ပါတယ်။ ဒီတော့ အကောင်းဆုံးက ကိုယ့်ကိုယ်ကိုပဲ ကြည့်ပါ။ ဒီနေ့ သင်နဲ့ မနက်ဖြန် သင် မတူအောင် ပိုပြီး ကောင်းအောင် နေနိုင်ဖို့ ကြိုးစားပါ။ သင့်ကိုယ်သင်ပဲ ယှဉ်ပြိုင်ပါ။

အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ အောင်မြင်မှု ပန်းကို ဆွတ်ခူးနိုင်ကြပါစေ....

Lwin Moe
#LwinMoe #Tech_Khit

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။