အော်တိုဂီယာကို N ထိုးပြီး ဖရီးရိုက်မောင်းလျှင်…
1_ဆီစားသက်သာတယ်။
2_ကလပ်လိုအစိတ်အပိုင်းတွေ ပွန်းစားမှုသက်သာမယ်။
3_အရှိန်ပြောင်းစနစ် (transmission system) တွေ အလုပ်သက်သာမယ်။
4_အင်ဂျင်နဲ့ အရှိန်ပြောင်းစနစ်ကို မထိခိုက်ပါ။
5_အသံနဲ့တုန်ခါမှု သက်သာတယ် လို့ဆိုကြပါတယ်။
အော်တိုဂီယာစနစ်မှာ D နဲ့မောင်းနေရင်း ဘရိတ်ကိုဖိနင်း ထားလိုက်လျှင် လည်အားပြောင်း (torque converters) က အင်ဂျင်နဲ့ဘီးကို (ရိုးရိုးဂီယာစနစ်မှာ ကလပ်နင်းချထားတာနဲ့ အလားတူ) အဆက်ဖြတ်ထားလိုက်ပါတယ်။ ရိုးရိုးအော်တိုတွင်ဖြစ်စေ CVT အော်တိုတွင်ဖြစ်စေ ဘရိတ်နင်းပြီး ကားရပ်လိုက်တာနဲ့ ဂီယာတံ (transmission lever)ကို ရွှေ့စရာမလိုဘဲ ဂီယာဖရီး (neutral) ကဲ့သို့ ဖြစ်ပြီဖြစ်တာကြောင့် ဘီးတွေရပ်သွားပေမဲ့ အင်ဂျင်က ဆက်လည်နေနိုင်တာ ဖြစ်ပါတယ်။ လည်အားပြောင်း (torque converters)က အလုပ်လုပ်နေတာကြောင့် N မှာထားတာနဲ့ အင်ဂျင်သံမတူတာဖြစ်ပါတယ်။ (Nissan ရဲ့ အဆင့်မြင့် CVT စနစ်မှာ လည်အားပြောင်း (torque converters) ကို ဝန်မပိစေဘဲ ကလပ်စနစ်တမျိုးနဲ့ အင်ဂျင်နဲ့ဘီးကို အဆက်ဖြတ်ပြီး ဆီပိုသက်သာစေပါတယ်)
Honda Fit GE6 2008 CVT ကို D မှာထားပြီး ရပ်ထားတာထက် N ပြောင်းရပ်ထားတာက တစ်မိနစ်ကို လောင်စာဆီ1cc လောက်ပဲ ပိုသက်သာတာ တွေ့ရပါတယ်။ ကွန်ပျူတာစနစ်နဲ့ ထိန်းချုပ်ဆီပေးတဲ့ fuel injection စနစ်ကားတွေမှာ လီဘာ (gas pedal) ကိုလွှတ်လိုက်တာနဲ့ ဆီဖြတ်လိုက်တာ ဆီလျော့ပေးလိုက်တာကြောင့် စက်လည်နှုန်းက idle RPM နီးနီးကိုရောက်သွားပါတယ်။ မောင်းနေစဉ်လည်း N မှာဖြစ်စေ D မှာဖြစ်စေ လီဘာ ခေါ် အရှိန်ပေးခြေနင်း (gas pedal or accelerator pedal) ကိုလွှတ်လိုက်ပြီး အလွတ်စက်လည်နှုန်း (idle speed) နီးနီးမှာဖြစ်နေလျှင် ဆီစားနှုန်းက မဆိုစလောက်ပဲ ကွာမှာဖြစ်ပါတယ်။ (ကုန်းဆင်းမှာဆို အချိန်, မြေပြန့်မှာဆို အရှိန့်တန့်အကွာအဝေး တော့ကွာပါမယ်)
ကားကို N မှာထားပြီး မောင်းနေပေမဲ့ ရိုးရိုးဂီယာစနစ်မှာလို အရှိန်ပြောင်းစနစ်က လုံးဝကြီး ပြတ်တောက်နေတာမဟုတ် လို့ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ကားပိုင်ရှင်အတွက် အညွှန်းစာအုပ်တွေမှာ ဒီလိုအော်တို အရှိန်ပြောင်းစနစ်နဲ့ကားကို
ဆွဲရမယ်ဆိုလျှင် မောင်းနှင်ဘီးကို မြှောက်ပြီးဆွဲဖို့ ညွှန်ကြားထားတာ
တွေ့ရပါတယ်။ တကယ်လို့ အဲ့ဒီလို မလုပ်ဆောင်ဘူးဆိုလျှင် N မှာထားပြီး
ဆွဲသော်လည်းပဲ အခန့်မသင့်လျှင် အရှိန်ပြောင်းစနစ်ကို
ထိခိုက်ပျက်စီးနိုင်ပါတယ်။ ဒါကြောင့် N မှာထားပြီး ဖရီးရိုက်မောင်းတာဟာ N
မှာထားပြီး ကားကို လေးဘီးလိမ့်ဆွဲသလို အကျိုးသက်ရောက်မှု ရှိနိုင်တယ်
လို့ဆိုပါတယ်။ (အင်ဂျင်လည် အော်တိုဆီအလုပ်လုပ်နေလို့
အရှိန်ပြောင်းစနစ်မထိခိုက်တာ ဖြစ်နိုင်ပါတယ်)
့အရှိန်နဲ့သွားနေစဉ်မှာ D ကို အဝင်အထွက်လုပ်တာဟာ အရှိန်ပြောင်းစနစ်ကိုသာမက driveshaft, CV joints, differentials နဲ့ အခြားအရေးကြီး အစိတ်အပိုင်းတွေ ရှော့ (shocks) ရစေနိုင်ပါတယ်။ ချိတ်ဆက်မှုကို ဖြုတ်လိုက်ချိန်နဲ့ ပြန်လည်ချိတ်ဆက်ချိန်မှာလည်း
စွမ်းအင်ပိုလိုအပ်တဲ့အတွက် ဆီပိုစားနိုင်ပါသတဲ့။ အလိုအလျောက်
အရှိန်ပြောင်းစနစ် (auto transmission system) ဟာ တန်ဖိုးကြီးပြီး
ထိခိုက်ပျက်စီးလွယ်တာကြောင့်  ဘာအတွက် စွန့်စားလုပ်ဆောင်မှာလဲ။ (အချို့နိုင်ငံတွေမှာ N ထိုးပြီး ဖရီးရိုက်မောင်းတာကို ဥပဒေနဲ့ တားမြစ်ထားပါတယ်)
1_ကားကို ထိန်းချုပ်ရ ပိုခက်ပါမယ်။
2_ကုန်းဆင်းတွေမှာ ဘရိတ်ကို ပိုသုံးရလို့ ပူပြီး လိုအပ်ချိန်မှာမမိ ဖြစ်နိုင်ပါတယ်။
3_ABS လို စနစ်တွေ အလုပ်မလုပ်လို့ စလစ်ဖြစ်နိုင်ပါတယ်။
4_ရုတ်တရက် အရှိန်တင်ဖို့လိုလာလျှင် ကြန့်ကြာနေပါမယ်။
5_D မှာထင်ပြီး စက်ရှိန် တင်မိတတ်ပါတယ်။
6_D ပြန်ထိုးတဲ့အခါ အင်ဂျင် (engine) နဲ့ အရှိန်ပြောင်း (transmission) တွေရဲ့ လည်နှုန်း (RPMs) တွေ လိုက်ဖက်ကိုက်ညီ (match) ဖို့ မသေချာပါဘူး။
7_မတော်တဆ R ကိုရောက်သွားပြီး သင်လုံးဝတွေးထင်မထားတဲ့ အရာတွေဖြစ်နိုင်ပါတယ်။
8_သင်ထင်သလောက် ဆီစားမသက်သာပါဘူး။
9_ကုန်းတက်မှာ N ပြောင်းရပ်ထားပြီး D ထိုးထွက်တဲ့အခါ နောက်ပြန်လိမ့် ရှေ့ပြန်ဆွဲ အခြေအနေက အော်တိုအရှိန်ပြောင်းစနစ်ကို
များစွာပွန်းစား ထိခိုက်စေနိုင်ပါတယ်။ (နောက်ကိုရွှေ့နေချိန် D ထိုးတာ
ရှေ့ကိုရွှေ့နေချိန် R ထိုးတာ ဘီးမရပ်ခင် P ထိုးတာကို မလုပ်ရပါ)
နောက်ဆုံးကောက်ချက် ဆွဲရလျှင် အော်တိုစနစ်မှာ N ကိုထိုးပြီး ဖရီးရိုက်မောင်းတာဟာ ကောင်းကျိုးဖြစ်နိုင်ခြေ နည်းပါတယ် ဆိုးကျိုးဖြစ်နိုင်ခြေ ပိုများပါတယ်။ ဒါကြောင့် အန္တရယ်ကင်းရေးအတွက် N ထိုးပြီး ဖရီးရိုက်မောင်းတာ ဖရီးရိုက်လှိမ့်ဆင်းတာ မလုပ်သင့်ပါ။ မီးပွိုင့်တွေမှာ ရပ်တန့်ချိန် နည်းနည်းပိုကြာလို့, ဘရိတ်အပူချိန်မတက်အောင်, သက်တောင့်သက်သာရှိအောင်
ဆိုတဲ့ အကြောင်းနဲ့သာ N ပြောင်းထားသင့်ပါတယ်။
Ko Tun Oo
ဆက်စပ်ပိုစ့်>>>
သင့်ရဲ့ Honda Fit ကားလေးကို ဆွဲရတော့မယ်ဆိုရင်… (AT 2WD အတွက်)
https://facebook.com/ HondaFitFanClub/photos/ a.513953271971726.121024.51 3948428638877/ 1050822508284797/?type=1
1_ဆီစားသက်သာတယ်။
2_ကလပ်လိုအစိတ်အပိုင်းတွေ ပွန်းစားမှုသက်သာမယ်။
3_အရှိန်ပြောင်းစနစ် (transmission system) တွေ အလုပ်သက်သာမယ်။
4_အင်ဂျင်နဲ့ အရှိန်ပြောင်းစနစ်ကို မထိခိုက်ပါ။
5_အသံနဲ့တုန်ခါမှု သက်သာတယ် လို့ဆိုကြပါတယ်။
အော်တိုဂီယာစနစ်မှာ D နဲ့မောင်းနေရင်း ဘရိတ်ကိုဖိနင်း ထားလိုက်လျှင် လည်အားပြောင်း (torque converters) က အင်ဂျင်နဲ့ဘီးကို (ရိုးရိုးဂီယာစနစ်မှာ ကလပ်နင်းချထားတာနဲ့ အလားတူ) အဆက်ဖြတ်ထားလိုက်ပါတယ်။ ရိုးရိုးအော်တိုတွင်ဖြစ်စေ CVT အော်တိုတွင်ဖြစ်စေ ဘရိတ်နင်းပြီး ကားရပ်လိုက်တာနဲ့ ဂီယာတံ (transmission lever)ကို ရွှေ့စရာမလိုဘဲ ဂီယာဖရီး (neutral) ကဲ့သို့ ဖြစ်ပြီဖြစ်တာကြောင့် ဘီးတွေရပ်သွားပေမဲ့ အင်ဂျင်က ဆက်လည်နေနိုင်တာ ဖြစ်ပါတယ်။ လည်အားပြောင်း (torque converters)က အလုပ်လုပ်နေတာကြောင့် N မှာထားတာနဲ့ အင်ဂျင်သံမတူတာဖြစ်ပါတယ်။ (Nissan ရဲ့ အဆင့်မြင့် CVT စနစ်မှာ လည်အားပြောင်း (torque converters) ကို ဝန်မပိစေဘဲ ကလပ်စနစ်တမျိုးနဲ့ အင်ဂျင်နဲ့ဘီးကို အဆက်ဖြတ်ပြီး ဆီပိုသက်သာစေပါတယ်)
Honda Fit GE6 2008 CVT ကို D မှာထားပြီး ရပ်ထားတာထက် N ပြောင်းရပ်ထားတာက တစ်မိနစ်ကို လောင်စာဆီ1cc လောက်ပဲ ပိုသက်သာတာ တွေ့ရပါတယ်။ ကွန်ပျူတာစနစ်နဲ့ ထိန်းချုပ်ဆီပေးတဲ့ fuel injection စနစ်ကားတွေမှာ လီဘာ (gas pedal) ကိုလွှတ်လိုက်တာနဲ့ ဆီဖြတ်လိုက်တာ ဆီလျော့ပေးလိုက်တာကြောင့် စက်လည်နှုန်းက idle RPM နီးနီးကိုရောက်သွားပါတယ်။ မောင်းနေစဉ်လည်း N မှာဖြစ်စေ D မှာဖြစ်စေ လီဘာ ခေါ် အရှိန်ပေးခြေနင်း (gas pedal or accelerator pedal) ကိုလွှတ်လိုက်ပြီး အလွတ်စက်လည်နှုန်း (idle speed) နီးနီးမှာဖြစ်နေလျှင် ဆီစားနှုန်းက မဆိုစလောက်ပဲ ကွာမှာဖြစ်ပါတယ်။ (ကုန်းဆင်းမှာဆို အချိန်, မြေပြန့်မှာဆို အရှိန့်တန့်အကွာအဝေး တော့ကွာပါမယ်)
ကားကို N မှာထားပြီး မောင်းနေပေမဲ့ ရိုးရိုးဂီယာစနစ်မှာလို အရှိန်ပြောင်းစနစ်က လုံးဝကြီး ပြတ်တောက်နေတာမဟုတ် လို့ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ကားပိုင်ရှင်အတွက် အညွှန်းစာအုပ်တွေမှာ ဒီလိုအော်တို အရှိန်ပြောင်းစနစ်နဲ့ကားကို
့အရှိန်နဲ့သွားနေစဉ်မှာ D ကို အဝင်အထွက်လုပ်တာဟာ အရှိန်ပြောင်းစနစ်ကိုသာမက driveshaft, CV joints, differentials နဲ့ အခြားအရေးကြီး အစိတ်အပိုင်းတွေ ရှော့ (shocks) ရစေနိုင်ပါတယ်။ ချိတ်ဆက်မှုကို ဖြုတ်လိုက်ချိန်နဲ့ ပြန်လည်ချိတ်ဆက်ချိန်မှာလည်
1_ကားကို ထိန်းချုပ်ရ ပိုခက်ပါမယ်။
2_ကုန်းဆင်းတွေမှာ ဘရိတ်ကို ပိုသုံးရလို့ ပူပြီး လိုအပ်ချိန်မှာမမိ ဖြစ်နိုင်ပါတယ်။
3_ABS လို စနစ်တွေ အလုပ်မလုပ်လို့ စလစ်ဖြစ်နိုင်ပါတယ်။
4_ရုတ်တရက် အရှိန်တင်ဖို့လိုလာလျှင် ကြန့်ကြာနေပါမယ်။
5_D မှာထင်ပြီး စက်ရှိန် တင်မိတတ်ပါတယ်။
6_D ပြန်ထိုးတဲ့အခါ အင်ဂျင် (engine) နဲ့ အရှိန်ပြောင်း (transmission) တွေရဲ့ လည်နှုန်း (RPMs) တွေ လိုက်ဖက်ကိုက်ညီ (match) ဖို့ မသေချာပါဘူး။
7_မတော်တဆ R ကိုရောက်သွားပြီး သင်လုံးဝတွေးထင်မထားတဲ့ အရာတွေဖြစ်နိုင်ပါတယ်။
8_သင်ထင်သလောက် ဆီစားမသက်သာပါဘူး။
9_ကုန်းတက်မှာ N ပြောင်းရပ်ထားပြီး D ထိုးထွက်တဲ့အခါ နောက်ပြန်လိမ့် ရှေ့ပြန်ဆွဲ အခြေအနေက အော်တိုအရှိန်ပြောင်းစနစ်ကိ
နောက်ဆုံးကောက်ချက် ဆွဲရလျှင် အော်တိုစနစ်မှာ N ကိုထိုးပြီး ဖရီးရိုက်မောင်းတာဟာ ကောင်းကျိုးဖြစ်နိုင်ခြေ နည်းပါတယ် ဆိုးကျိုးဖြစ်နိုင်ခြေ ပိုများပါတယ်။ ဒါကြောင့် အန္တရယ်ကင်းရေးအတွက် N ထိုးပြီး ဖရီးရိုက်မောင်းတာ ဖရီးရိုက်လှိမ့်ဆင်းတာ မလုပ်သင့်ပါ။ မီးပွိုင့်တွေမှာ ရပ်တန့်ချိန် နည်းနည်းပိုကြာလို့, ဘရိတ်အပူချိန်မတက်အောင်, သက်တောင့်သက်သာရှိအောင်
ဆိုတဲ့ အကြောင်းနဲ့သာ N ပြောင်းထားသင့်ပါတယ်။
Ko Tun Oo
ဆက်စပ်ပိုစ့်>>>
သင့်ရဲ့ Honda Fit ကားလေးကို ဆွဲရတော့မယ်ဆိုရင်… (AT 2WD အတွက်)
https://facebook.com/
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။