Life must go on
===========
ဘဝဆိုတာ ခရီးလမ်းတစ်ခုပါပဲ....မွေးဖွားလာကတည်းက လျှောက်လှမ်းလာခဲ့လိုက်ကြတာ...တစ်နေ့မှမအား မရပ်မနားပဲ...
ဖြေရှင်းစရာ ပြဿနာပေါင်းသောင်းခြောက်ထောင်နဲ့ပေါ့....အောင်မြင်ခဲ့တာတွေရှိသလို ကျရှူံးခဲ့တာလဲ ဒုနဲ့ဒေး...
ရလိုက်တဲ့ ဘဝသင်ခန်းစာတွေ...ပျော်ရွှင်ခြင်း....ဝမ်းနည်းခြင်း....ချစ်ခြင်း...မုန်းခြင်း....ရေတွက်မနိုင်တဲ့ ခံစားချက်တစ်ပွေ့တစ်ပိုက်ကို ရင်မှာပိုက်ထားတယ်လေ...
ရေဖန်ခွက်တစ်ခွက်ထဲ လက်ချောင်းလေးကို ထည့်ထားချိန်မှာ ဒီရေခွက်ထဲမှာ ကိုယ့်လက်ချောင်းအတွက် နေရာတစ်ခုရှိနေပေမယ့်...ရေခွက်ထဲကနေ လက်ချောင်းလေးကို ဖယ်ထုတ်လိုက်တဲ့အချိန်မှာ...လက်ချောင်းလေးရဲ့နေရာကိုအစားထိုးပြီးပြန်လို့ပြည့်သွားမှာပါ...
ကိုယ်ဟာ ဘယ်နေရာအတွက်မှ မရှိမဖြစ် မဟုတ်ဘူးဆိုတာကို နားလည်လာတဲ့အချိန်မှာ...ကိုယ်ဟာဧည့်သည်ပဲဆိုတာကိုလက်ခံလာနိုင်ပါတယ်။
တကယ်ပါပဲ...များပြားလှတဲ့ ဘဝအတွေ့အကြုံတွေကို တစ်လှေကြီး ရယူခံစားကျော်ဖြတ်ရင်း...ခွင့်လွတ်ခြင်း...ခေါင်းထဲမှာအမှတ်မထားတော့ခြင်း...ဥပက္ခာတရားတွေနဲ့ ဆက်လက်လျှောက်လှမ်းရင်း....
တစ်ချိန်ချိန်တော့ဘဝခရီးအဆုံးကို ရောက်ရမှာပါပဲလေ...
KC
26.4.2017
#SelfAwareness
#journey
===========
ဘဝဆိုတာ ခရီးလမ်းတစ်ခုပါပဲ....မွေးဖ
ဖြေရှင်းစရာ ပြဿနာပေါင်းသောင်းခြောက်ထော
ရလိုက်တဲ့ ဘဝသင်ခန်းစာတွေ...ပျော်ရွှင်
ရေဖန်ခွက်တစ်ခွက်ထဲ လက်ချောင်းလေးကို ထည့်ထားချိန်မှာ ဒီရေခွက်ထဲမှာ ကိုယ့်လက်ချောင်းအတွက် နေရာတစ်ခုရှိနေပေမယ့်...ရေခ
ကိုယ်ဟာ ဘယ်နေရာအတွက်မှ မရှိမဖြစ် မဟုတ်ဘူးဆိုတာကို နားလည်လာတဲ့အချိန်မှာ...ကို
တကယ်ပါပဲ...များပြားလှတဲ့ ဘဝအတွေ့အကြုံတွေကို တစ်လှေကြီး ရယူခံစားကျော်ဖြတ်ရင်း...ခွ
တစ်ချိန်ချိန်တော့ဘဝခရီးအဆု
KC
26.4.2017
#SelfAwareness
#journey
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။