အသက်၂၄နှစ်အရွယ် ကောင်လေး တစ်ဦး
သည် ရထားပြတင်းတံခါးပေါက်မှတဆင့်
အပြင် ကိုငေးကြည့်နေရင်း
အော်ပြောလိုက်သည် ။
“အဖေ့၊ ကြည့်အုံး နောက်မှာ သစ်ပင် တွေ
သွားနေကြတာ…”
သူတို့သားအဖနား ထိုင်နေကြသော စုံတွဲက
၂၄နှစ်အရွယ် ကောင်လေး ၏ ကလေးဆန်
သည့်အပြုအမူကို(စိတ်ပေါ့သွပ်သူအထင်ဖြင့်)
ဂရုဏာသက်သည့်မျက်လုံးများဖြင့်
ကြည့်နေကြသည် ။
နောက်တစ်ကြိမ် လူငယ်လေး က သူ့ ဖခင် ကို
ရုတ်တရက်အော်ပြောလိုက်ပြန်၏ ။
“ကြည့်ပါအုံး အဖေ၊ တိမ်တွေ ကျွန်တော်တို့
နဲ့အတူလိုက်ပြီး ပြေးနေကြတာ…”
ထိုသို့ ကောင်လေး ၏ တွေ့ကရာပြောဆို
နေသည်ကို သည်းမခံနိုင်တော့သည့်အဆုံး
စုံတွဲလင်မယားက ကောင်လေး ၏
ဖခင် ဖြစ်သူအား မေးလိုက်သည် ။
“ရှင့်သား ကို ဆရာဝန် ကောင်းကောင်းနဲ့
မပြဘူးလား…”
ထို့နောက် လူကြီးက ပြုံးပြလိုက်ပြီးနောက်
ပြန်ပြောလိုက်သည် ။
“ပြတာပေါ့ဗျာ၊
အခုမှ ကျူ ပ်တို့ ဆေးရုံ ကဆင်းလာတာပါ၊
ကျွန်တော့် သား က မွေးရာပါ မျက်လုံး
မမြင်ဘူးလေ၊
ဒီနေ့မှသူစတင်မြင်ရတာ…”
မိမိ အမြင် တစ်ခုလောက်နဲ့ ကောက်ချက်ချ
လိုက်တာဟာ အမှန်တရားနဲ့ပိုပြီး
ဝေးကွာသွားစေနိုင်ပါတယ် ။
တစ်ခါတစ်လေ လက်လှမ်းမှီနိုင်သလောက်
မစူးစမ်းမလေ့လာဘဲ ၊
အမှန်တစ်ကယ်သေချာမသိဘဲ၊ ပြောလိုက်တဲ့
စကားကပိုပြီးလွဲမှားနိုင်ချေများသလို
သူတစ်ဖက်သားကိုလည်း ထိခိုက်နစ်နာ
သွားစေနိုင်ပါသေးတယ် ။
ချီးကျူးစကားပြောလည်း ထိုက်သင့်တဲ့အား
ထုတ်မှုကိုထောက်ပြီးပြောသင့်ပါတယ်။
အပြစ်ပြောလည်း လုံးလောက်တဲ့
အကြောင်းပြချက်မျိုးသိရှိနေသင့်ပါတယ်။
အဆင်ခြင်မဲ့ ပြောထွတ်လိုက်တဲ့စကား
တစ်ခွန်းက သေနတ်ကျည်ဆန်တွေလိုပဲ
ရင်ဘက် ထဲထိ နက်နက်ရှိုင်းရှိုင်းဝင်ရောက်
သွားတတ်တာ အထင်လွဲအမြင်လွဲပြီး
အပြောခံရဖူးသူသာ သိနိုင်တဲ့နာကျင်မှုပါ။ ။
DON’T JUDGE PEOPLE BEFORE YOU TRULY KNOW THEM
သေချာမသိခင် တွေးဆဆင်ခြင်ပါလေ ။
လေးစားစွာဖြင့်
Credit : သက်ခိုင်:The Reader
http://www.lwinpyin.com
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။