ကျွန်တော့် သမီး President
ကျွန်တော့် သမီးကြီး သူတက်နေတဲ့ Junior College, Student Council မှာ President အဖြစ်..မဲအပြတ်အသတ်နဲ့ အရွေးခံရတယ်တဲ့..ကျောင်းသက် တမ်း
နှစ် ၄၀ အတွင်းမှာ ပထမဦးဆုံး စင်္ကာပူနိုင်ငံသား မဟုတ်တဲ့ သူတစ်ယောက်က
ဒီနေရာကို တာဝန်ယူခွင့် ရတာပါ…ဒီ့အပြင် ဒီ ၁၂ နှစ် အတွင်း ပထမဦးဆုံး
အမျိုးသမီး President လည်းဖြစ်ပါတယ်တဲ့…
မြန်မာ တစ်ယောက်အနေနဲ့
ကျွန်တော်တို့ လူထုခေါင်းဆောင် ရဲ့ ပုံရိပ်ကလည်း အရောင်ဟပ်တယ်ထင်ပါရဲ့...
သူ့လုပ်ဆောင်နိုင်မှု့အတွက် ဂုဏ်ယူဝမ်းသာရသလို အခြားတစ်ဖက်ကလည်း ကျောင်းစာတွေနဲ့ မနိုင်မနင်းများ ဖြစ်လာမလားလို့ တွေးပူမိပါတယ်..
ပုံမှန်ကျောင်းသားဘ၀မှာတောင် မိဘထက် အရင်ထ..နောက်ကျမှ အိပ်ယာဝင်..တနေ့ ၆နာရီ တောင်ပြည့်အောင်မအိပ်ရဘဲ..
စနေ..တနင်္ဂနွေမှ ပေါင်းအိပ်ရတဲ့ သူတစ်ယောက်အနေနဲ့ ကျောင်းစာ တစ်ဖက် အပြင် ကျောင်းသားရေးရာကိစ္စတွေနဲ့ ပါထပ်ပြီးပေါင်းလာရင် လုပ်နိုင်ပါ့မလား တွေးပူမိပါရဲ့….သူကတော့ လုပ်နိုင်မယ်လို့ ယုံကြည်သတဲ့…
ဒီက အခြေခံပညာကျောင်းတွေမှာ ကျောင်းစာအပြင် Co-Curricular Activities (CCA) လို့ခေါ်တဲ့ ဘော်လုံး..ကြက်တောင် စတဲ့ အားကစား အသင်း ဒါမှမဟုတ် အနုပညာ..ဂီတ.. လူမှု့ရေးအသင်း…..ကျောင်းသားနဲ့ဆိုင်တဲ့အသင်း....ကြက်ေ ခြနီ နဲ့ စစ်တီးဝိုင်းတို့လို တူညီဝတ်စုံဝတ် အသင်း
အဲလိုအသင်းအဖွဲ့တစ်ခုခုမှာ. ..၀င်ရောက် လုပ်ကိုင်ဆောင်ရွက်တာ ကို အပိုသင်ကြားမှု့တစ်ခု အနေနဲ့ ယူရပါတယ်…
ရည်ရွယ်ချက်ကတော့
လူမှု့ဆက်ဆံရေးကောင်းဘို့.. .ခေါင်းဆောင်မှု့ကောင်းဘို့
ကျန်းမာပျော်ရွှင်စေဘို့…စည်းကမ်းသေ၀ပ်ဘို့..ယုံကြည်ချက်မြင့်မားဘို့..မိမိ အသိုင်းအ၀ိုင်းအပေါ်တာဝန်သိတ တ်မှု့တွေ တိုးတက်စေဘို့ဖြစ်ပါတယ်
ဒီနှစ်တော့ CCA အနေနဲ့ အားကစား မလုပ်တော့ဘဲ အခြား ဘ၀ အတွေ့အကြုံ ရမယ့်ဟာ တစ်ခုခုကို လုပ်ချင်တယ်ဆိုပြီး …Student Council ကို ၀င်လျှောက်မယ်တဲ့…ကျွန်တော်
တားမိလိုက်သေးတယ်…သမီး Student Council က တာဝန်ကြီးတယ်..ငါ့သမီး
အဓိကထားလုပ်ရမယ့် စာဘက်မှာ အချိန်လျော့သွားမှာ အားလျော့သွားမှာ
တွေးပူမိတယ်ဆိုတော့…သူလုပ်ြ ကည့်ချင်သေးတယ်တဲ့ ..သူများတွေလည်း တစ်ခြား CCA တွေအတွက်အချိန်တော့ပေးရတာဘဲ balance ဖြစ်အောင် manage လုပ်နိုင်လိမ့်မယ် ထင်ပါတယ်တဲ့…
နောင်တစ်ချိန်...သူအနာဂါတ် စိတ်ကူးလေးကိုလည်း အထိုက်အလျှောက်အထောက်အကူပြု နိုင်ပါလိမ့်မယ် ဆိုတဲ့ အတွေးနဲ့ ခွင့်ပြုခဲ့ပါတယ်…
(သူက လူမှု့ဆက်ဆံရေး…စာသင်ကြားရေး…လူမှု့ပထ၀ီ Human Geography လို့ခေါ်တဲ့ နေရာဒေသ အမျိုးမျိုးမှာ ရှိတဲ့ လူ့အဖွဲ့အစည်းတွေရဲ့..ယဉ်ကျေးမှု့..စီးပွားရေး နဲ့ ပတ်ဝန်းကျင် အပြန်အလှန် ဆက်စပ်မှု့တွေကို စိတ်ဝင်စားသတဲ့..)
ဒါနဲ့ Student Council အတွက် လျှောက်လွှာတင်ပါတယ်…လျှောက်လွှာက …ကျွန်တော်တို့ အလုပ်လျှောက်လွှာထက်တောင်ပိုပြီး အနုစိတ်ပါသေးတယ်
ကိုယ်ရေးရာဇ၀င် ..Academic Result ပညာရေး အဆင့်…ခေါင်းဆောင်မှု့ လုပ်ခဲ့ဘူးတဲ့ အတွေ့အကြုံ နဲ့ ဘာတာဝန်တွေ ယူခဲ့ဘူးတယ်..ကိုယ့်ရဲ့ ကြွမ်းကျင်မှု့နဲ့ အရည်အချင်း..Student Council ကို လျှောက်ရခြင်းရဲ့ရည်ရွယ်ချက်…
ဘယ်လောက် Patient သီးခံနိုင်စွမ်းရှိမှု့..De pendable တစ်ခြားသူများက ကိုယ့်အပေါ်မှီခိုနိုင်မှု့… Determined ဆုံးဖြတ်ချက် ခိုင်မာမှု့ တွေဘယ်လောက်ရှိတယ်ဆိုတာကိုလ ည်း တင်ပြရပါသေးတယ်…
နောက်…ခေါင်းဆောင်တစ်ယောက်အ နေ နဲ့ မိမိရဲ့ အားသာချက်..အားနည်းချက်…
ကိုယ့်ရဲ့ Greatest achievement အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့မှု့….
တက်ရောက်ခဲ့တဲ့ ကျောင်းက ကိုယ့် Character နဲ့ ပါတ်သက်လို့ ထောက်ခံပေးနိုင်မယ့် ဆရာ တစ်ယောက် နံမည်နဲ့ ဆက်သွယ်ရန် contact
၆ မျက်နှာ ပါ လျှောက်လွှာနောက်ဆုံးမှာတော့  ကျွန်တော် မိဘက သိရှိပါကြောင်း လက်မှတ်ထိုး ပြီး တင်လိုက်ပါတယ်…
လျှောက်လွှာတင်တဲ့ အယောက် ၆၀ ကျော်ကို လက်ရှိ Student Council နဲ့ တာဝန်ရှိ ဆရာတွေက တစ်ယောက်ခြင်း အင်တာဗျူး….လိုအပ်ချက်နည်းန ည်းရှိ တဲ့သူ အချို့ကို ပယ်လိုက်ပြီး...…ကျန်တဲ့ အယောက် ၅၀ ကျော်ကို ၁ ရက် စခန်းသွင်း..သင်ကြား..အကြဲ ဖတ်မှုတွေ့ထပ်လုပ်ပါတယ်…အဲဒီလို စခန်းသွင်း အကဲဖြတ်မှု့လုပ်ပြီးတဲ့အခါမှာ..၄၃ ယောက် စကာတင်ရွေးချယ်လိုက်တယ်..
အဲဒီနောက် အုပ်စုအလိုက် မဲဆွယ် စည်းရုံးပွဲလေးတွေ လုပ်ပြီး ကျောင်းသားတွေက လည်း မဲထဲ့ရပါသေးတယ်…သတ်မှတ်တဲ့မဲအရေအတွက်မရရင် ဆက်လက်မပါဝင်နိုင်တော့ပါဘူး ..
မဲဆွယ် စည်းရုံးပွဲ ရဲ့ အစီအစဉ်တစ်ခု အနေနဲ့ တစ်နေ့မှာတော့
Dialogue section လို့ ခေါ်တဲ့ ကျောင်းသား.ဆရာ Assembly တစ်ခုမှာ ကျောင်းသားတွေ မေးတဲ့ မေးခွန်းတွေကို Student Council Nominee တွေက နေ ပြန်ပြီး ဖြေရပါတယ် အဲဒီ အစီအစဉ်မှာ…
ကျောင်းသား တစ်ယောက်ရဲ့ မေးခွန်းက လက်ရှိ လုပ်ခဲ့..လုပ်နေတဲ့ Student Council ရဲ့ လုပ်ဆောင်မှု့တွေထဲက ဘာတွေကို unsatisfactory အားရကြေနပ်မှု့ မရှိဘူးလည်း…ကိုယ့် အလှည့် ကျရင် ဘယ်လို ပိုကောင်းအောင်လုပ်သွားမလည်းဆိုတဲ့ မေးခွန်းကို …ပြန်ဖြေမယ့်သူမရှိဖြစ်နေတယ်တဲ့…
ဒီမေးခွန်းကိုပြန်ဖြေတဲ့ နေရာမှာ အဖြေမတတ်ရင် ကွဲသွားနိုင်တာကိုး…လက်ရှိလုပ်နေတဲ့ သူရဲ့ အားနည်းချက်
ကိုပြောရမှာ..ကိုယ်ကလည်း သိပ်သိသေးတာမဟုတ်..
လူတတ်ကြီးဝင်လုပ်လို့ အမြင်ကပ်ခံရရင် ဘယ်လိုလုပ်မလည်း…
မေးခွန်းကို ဖြေမယ့် သူ မရှိလို့ အချိန်ကြာနေတော့ ကျွန်တော့်သမီးက အဲမေးခွန်းကို ယူပြီးဖြေလိုက်ပါတယ်တဲ့…
ပထမ မေးခွန်းမေးတဲ့သူကို ကျေးဇူးတင်ကြောင်း…ဒုတိယ လက်ရှိ School Council က ဘယ်လိုကောင်းကြောင်း သူတို့ ကို ဖေးဖေးမမ ဘယ်လိုကူညီကြောင်း..နောက်ကျ မှ…သူလောလောဆယ်
တွေ့ကြုံရတဲ့ Student Council အသစ်ရွေးချယ်ပွဲမှာ လက်ရှိသူတွေရဲ့
လုပ်ဆောင်မှု့ အားနည်းချက်လေးတွေကို အပြုသဘောနဲ့ ထောက်ပြ သွားတော့
…အောက်ကနားထောင်နေတဲ့ ကျောင်းသားတွေရော ဆရာတွေကရော သူပြောတာ
ရင့်ကျက်တယ်..ကတိက၀တ်ပြုမှု့ ပါတယ် ဆိုပြီး သဘောကျကာ…ပေါ်လွင်သူ တစ်ယောက်ဖြစ်သွားလေသတဲ့…
မဲဆွယ်စည်းရုံးမှု့ကာလပြီးေ တာ့
ကျောင်းသားတွေ မဲနဲ့ နောက်ဆုံး Student Council အသစ်က လူ ၃၅ လောက်နဲ့ အတည်ဖြစ်သွားတာပေါ့…
အဲနောက်မှာ
၎ ရက် စခန်းသွင်း သင်ကြားမှု့တွေ ဆက်လုပ်တယ်...အလုပ်အမှု့ဆော င်
ကောင်မတီ ဖွဲ့တော့ ..အမှု့ ဆောင် ၇ ယောက်ထဲမှာ သူပါသွားတယ် (President
တစ်ယောက် ..Vice President ၃ ယောက် နဲ့ Project Head ၃ယောက်ပေါ့ ). Vice
President တစ်ယောက်ခြင်းဆီက အဓိက လုပ်ငန်းဆောင်တာ ၃ခု ဖြစ်တဲ့ Planning
& Communication ကျောင်းရဲ့ သတင်းနဲ့ ဆက်သွယ်ရေးလမ်းကြောင်း, Student
Affairs ကျောင်းသားရေးရာ တာဝန်ချထားမှု့ နဲ့ Partnership တစ်ခြားပြင်ပအဖွဲ့
အစည်းတွေ နဲ့ ပူးပေါင်းချိတ်ဆက် လုပ်ဆောင် ရတဲ့ လုပ်ငန်းဆောင်တာ
တစ်ခုစီကို တာဝန်ယူလုပ်ကိုင်ရပါတယ် …အဲဒီ Vice President ၃ ဦးအောက်မှာမှ
Project Head ၃ ယောက်ပေါ့…
အဲနောက်မှာတော့ ..ကျောင်းအုပ်ကြီး ဦးဆောင်တဲ့ College Steering Committee က အမှု့ဆောင် ၇ ယောက်ကို တစ်ယောက်ချင်း အင်တာဗျူးပြီး President နေရာအတွက် ယောင်္ကျားကလေး ၂ ဦး မိန်းကလေး ၂ဦးကို ပဏာမထပ်ရွေးလိုက်ပါတယ်..
အဲဒီ အင်တာဗျူးမှာ အနာဂါတ်ရည်မှန်းချက် အကြောင်းမေးတော့ ..မြန်မာပြည်မှာ ကျောင်း တစ်ကျောင်းကို ဦးဆောင်ပြီး ဖွင့်လိုတဲ့ အကြောင်းစိတ်ကူးယဉ်တွေကို ပြောပြ မေးတဲ့ဆရာတွေနဲ့ စကားလက်ဆုံကျပြီး တဲ့သကာလ ကျောင်းအုပ်ဆရာကြီးက တို့က အဲလို Principal မျိုးလိုချင်တာလို့မှတ်ချက် ပေးသတဲ့…
အဲလိုနဲ့ President ရွေူးကောက်ပွဲကို သူတို့ ၄ ယောက် ၀င်ပြီး ယှဉ်ပြိုင်ရတော့တာပေါ့…ကျော င်းသားတွေ ရွေးချယ်ခံရတဲ့တစ်ယောက်က President ဖြစ်ပြီး ကျန်တဲ့ ၃ယောက်ကတော့ Vice President တွေ ဖြစ်ကြမှာပေါ့…
အဲလိုနဲ့ မဲဆွယ်ပွဲ တွေထပ်လုပ်…မိန့်ခွန်း တစ်ခါပြော ..Dialogue section လို့ ခေါ်တဲ့ မေးခွန်းအမေးအဖြေတွေလုပ်..အဲဒါတွေ
ပြီးတော့ ကျောင်းသားတွေက မဲထည့်…..အဲလိုနဲ့ ကျောင်းသူကျောင်းသားတွေက
ဝိုင်းပြီး မဲထည့်လိုက်ကြတာ မဲအပြတ်အသတ်နဲ့ President ဖြစ်ဆိုဘဲ…
ယနေ့ဖြစ်တည်မှု့ဟာ..အရင်တက် ခဲ့တဲ့ Convent School (CHIJ)ကနေ ကျောင်းစာနဲ့ကျောင်းစာပြင်ပ အရည်အသွေးကို မျှတအောင် လေ့ကျင့်သင်ကြား ပေးခဲ့မှု့တွေကြောင့်လည်း အများကြီးပါပါတယ်...
နိုင်ငံရေး ဆန်ဆန် ရွေးကောက်ပွဲမို့ အရှိန်ရပြီး နိုင်ငံရေးသမား ဖြစ်သွားမှာတော့ တွေးပူမိပါရဲ့…(နိုင်ငံရေး သမားတွေရဲ့ ဘ၀က မလှဘူးမဟုတ်လား)
ကျောင်းစာတစ်ဖက်နဲ့ ရှေ့လျှောက်မည်သို့ မည်ပုံဆက်လက်လျှောက်လှမ်းမည်ကို စောင့်၍သာကြည့်ရပါတော့မည်..
Credit - Thein Zaw
ကျွန်တော့် သမီးကြီး သူတက်နေတဲ့ Junior College, Student Council မှာ President အဖြစ်..မဲအပြတ်အသတ်နဲ့ အရွေးခံရတယ်တဲ့..ကျောင်းသက်
မြန်မာ တစ်ယောက်အနေနဲ့
ကျွန်တော်တို့ လူထုခေါင်းဆောင် ရဲ့ ပုံရိပ်ကလည်း အရောင်ဟပ်တယ်ထင်ပါရဲ့...
သူ့လုပ်ဆောင်နိုင်မှု့အတွက်
ပုံမှန်ကျောင်းသားဘ၀မှာတောင
စနေ..တနင်္ဂနွေမှ ပေါင်းအိပ်ရတဲ့ သူတစ်ယောက်အနေနဲ့ ကျောင်းစာ တစ်ဖက် အပြင် ကျောင်းသားရေးရာကိစ္စတွေနဲ့ ပါထပ်ပြီးပေါင်းလာရင် လုပ်နိုင်ပါ့မလား တွေးပူမိပါရဲ့….သူကတော့ လုပ်နိုင်မယ်လို့ ယုံကြည်သတဲ့…
ဒီက အခြေခံပညာကျောင်းတွေမှာ ကျောင်းစာအပြင် Co-Curricular Activities (CCA) လို့ခေါ်တဲ့ ဘော်လုံး..ကြက်တောင် စတဲ့ အားကစား အသင်း ဒါမှမဟုတ် အနုပညာ..ဂီတ.. လူမှု့ရေးအသင်း…..ကျောင်းသာ
အဲလိုအသင်းအဖွဲ့တစ်ခုခုမှာ.
ရည်ရွယ်ချက်ကတော့
လူမှု့ဆက်ဆံရေးကောင်းဘို့..
ကျန်းမာပျော်ရွှင်စေဘို့…စည
ဒီနှစ်တော့ CCA အနေနဲ့ အားကစား မလုပ်တော့ဘဲ အခြား ဘ၀ အတွေ့အကြုံ ရမယ့်ဟာ တစ်ခုခုကို လုပ်ချင်တယ်ဆိုပြီး …Student Council ကို ၀င်လျှောက်မယ်တဲ့…ကျွန်တော်
နောင်တစ်ချိန်...သူအနာဂါတ် စိတ်ကူးလေးကိုလည်း အထိုက်အလျှောက်အထောက်အကူပြု
(သူက လူမှု့ဆက်ဆံရေး…စာသင်ကြားရေ
ဒါနဲ့ Student Council အတွက် လျှောက်လွှာတင်ပါတယ်…လျှောက
ကိုယ်ရေးရာဇ၀င် ..Academic Result ပညာရေး အဆင့်…ခေါင်းဆောင်မှု့ လုပ်ခဲ့ဘူးတဲ့ အတွေ့အကြုံ နဲ့ ဘာတာဝန်တွေ ယူခဲ့ဘူးတယ်..ကိုယ့်ရဲ့ ကြွမ်းကျင်မှု့နဲ့ အရည်အချင်း..Student Council ကို လျှောက်ရခြင်းရဲ့ရည်ရွယ်ချက
ဘယ်လောက် Patient သီးခံနိုင်စွမ်းရှိမှု့..De
နောက်…ခေါင်းဆောင်တစ်ယောက်အ
ကိုယ့်ရဲ့ Greatest achievement အကောင်းဆုံးလုပ်ဆောင်နိုင်ခ
တက်ရောက်ခဲ့တဲ့ ကျောင်းက ကိုယ့် Character နဲ့ ပါတ်သက်လို့ ထောက်ခံပေးနိုင်မယ့် ဆရာ တစ်ယောက် နံမည်နဲ့ ဆက်သွယ်ရန် contact
၆ မျက်နှာ ပါ လျှောက်လွှာနောက်ဆုံးမှာတော
လျှောက်လွှာတင်တဲ့ အယောက် ၆၀ ကျော်ကို လက်ရှိ Student Council နဲ့ တာဝန်ရှိ ဆရာတွေက တစ်ယောက်ခြင်း အင်တာဗျူး….လိုအပ်ချက်နည်းန
အဲဒီနောက် အုပ်စုအလိုက် မဲဆွယ် စည်းရုံးပွဲလေးတွေ လုပ်ပြီး ကျောင်းသားတွေက လည်း မဲထဲ့ရပါသေးတယ်…သတ်မှတ်တဲ့မ
မဲဆွယ် စည်းရုံးပွဲ ရဲ့ အစီအစဉ်တစ်ခု အနေနဲ့ တစ်နေ့မှာတော့
Dialogue section လို့ ခေါ်တဲ့ ကျောင်းသား.ဆရာ Assembly တစ်ခုမှာ ကျောင်းသားတွေ မေးတဲ့ မေးခွန်းတွေကို Student Council Nominee တွေက နေ ပြန်ပြီး ဖြေရပါတယ် အဲဒီ အစီအစဉ်မှာ…
ကျောင်းသား တစ်ယောက်ရဲ့ မေးခွန်းက လက်ရှိ လုပ်ခဲ့..လုပ်နေတဲ့ Student Council ရဲ့ လုပ်ဆောင်မှု့တွေထဲက ဘာတွေကို unsatisfactory အားရကြေနပ်မှု့ မရှိဘူးလည်း…ကိုယ့် အလှည့် ကျရင် ဘယ်လို ပိုကောင်းအောင်လုပ်သွားမလည်
ဒီမေးခွန်းကိုပြန်ဖြေတဲ့ နေရာမှာ အဖြေမတတ်ရင် ကွဲသွားနိုင်တာကိုး…လက်ရှိလ
ကိုပြောရမှာ..ကိုယ်ကလည်း သိပ်သိသေးတာမဟုတ်..
လူတတ်ကြီးဝင်လုပ်လို့ အမြင်ကပ်ခံရရင် ဘယ်လိုလုပ်မလည်း…
မေးခွန်းကို ဖြေမယ့် သူ မရှိလို့ အချိန်ကြာနေတော့ ကျွန်တော့်သမီးက အဲမေးခွန်းကို ယူပြီးဖြေလိုက်ပါတယ်တဲ့…
ပထမ မေးခွန်းမေးတဲ့သူကို ကျေးဇူးတင်ကြောင်း…ဒုတိယ လက်ရှိ School Council က ဘယ်လိုကောင်းကြောင်း သူတို့ ကို ဖေးဖေးမမ ဘယ်လိုကူညီကြောင်း..နောက်ကျ
မဲဆွယ်စည်းရုံးမှု့ကာလပြီးေ
ကျောင်းသားတွေ မဲနဲ့ နောက်ဆုံး Student Council အသစ်က လူ ၃၅ လောက်နဲ့ အတည်ဖြစ်သွားတာပေါ့…
အဲနောက်မှာ
၎ ရက် စခန်းသွင်း သင်ကြားမှု့တွေ ဆက်လုပ်တယ်...အလုပ်အမှု့ဆော
အဲနောက်မှာတော့ ..ကျောင်းအုပ်ကြီး ဦးဆောင်တဲ့ College Steering Committee က အမှု့ဆောင် ၇ ယောက်ကို တစ်ယောက်ချင်း အင်တာဗျူးပြီး President နေရာအတွက် ယောင်္ကျားကလေး ၂ ဦး မိန်းကလေး ၂ဦးကို ပဏာမထပ်ရွေးလိုက်ပါတယ်..
အဲဒီ အင်တာဗျူးမှာ အနာဂါတ်ရည်မှန်းချက် အကြောင်းမေးတော့ ..မြန်မာပြည်မှာ ကျောင်း တစ်ကျောင်းကို ဦးဆောင်ပြီး ဖွင့်လိုတဲ့ အကြောင်းစိတ်ကူးယဉ်တွေကို ပြောပြ မေးတဲ့ဆရာတွေနဲ့ စကားလက်ဆုံကျပြီး တဲ့သကာလ ကျောင်းအုပ်ဆရာကြီးက တို့က အဲလို Principal မျိုးလိုချင်တာလို့မှတ်ချက်
အဲလိုနဲ့ President ရွေူးကောက်ပွဲကို သူတို့ ၄ ယောက် ၀င်ပြီး ယှဉ်ပြိုင်ရတော့တာပေါ့…ကျော
အဲလိုနဲ့ မဲဆွယ်ပွဲ တွေထပ်လုပ်…မိန့်ခွန်း တစ်ခါပြော ..Dialogue section လို့ ခေါ်တဲ့ မေးခွန်းအမေးအဖြေတွေလုပ်..အ
ယနေ့ဖြစ်တည်မှု့ဟာ..အရင်တက်
နိုင်ငံရေး ဆန်ဆန် ရွေးကောက်ပွဲမို့ အရှိန်ရပြီး နိုင်ငံရေးသမား ဖြစ်သွားမှာတော့ တွေးပူမိပါရဲ့…(နိုင်ငံရေး သမားတွေရဲ့ ဘ၀က မလှဘူးမဟုတ်လား)
ကျောင်းစာတစ်ဖက်နဲ့ ရှေ့လျှောက်မည်သို့ မည်ပုံဆက်လက်လျှောက်လှမ်းမည
Credit - Thein Zaw
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။