သင်ဘယ်တော့မှ ချမ်းသာမလာမယ့် အပြုအမူများ
မီလျှံနာ Steve Siebold ကတော့ “လူတိုင်းဟာ တစ်နေ့နေ့မှာတော့ ချမ်းသာနိုင်မယ့် အခွင့်အရေးကို ဆုပ်ကိုင်မိလိမ့်မယ်” လို့ပြောသွားပေမယ့် လူတိုင်းအတွက်တော့မဟုတ်ပါဘူး။ လူအများစုက ဆုပ်ကိုင်မိပေမယ့် ပြန်လွတ်ကျသွားတာတွေလဲရှိပါတယ်။ ကံ ကြောင့် ဥာဏ်ကြောင့် တင်မဟုတ်ဘဲ တစ်ခါတစ်လေမှာ သင့်အပြုအမူတွေကြောင့်လဲ ဖြစ်ရတာပါ။ ကဲအောက်ပါ အပြုအမူတွေကို လေ့လာကြည့်ပါ။(၁) အလုပ်ကြိုးစားလုပ်သော်လဲ မထက်မြက်ခြင်း
ကျောင်းမှာကတည်းက အလုပ်ကြိုးကြိုးစားစားလုပ်ရင် အများထက် ထူးမယ် တော်မယ် ချမ်းသာမယ်ပေါ့။ ဒါပေမယ့် ဒါကလဲ တစ်ဝက်ဘဲမှန်ပါတယ်။ အလုပ်ကြိုးကြိုးစားစားလုပ်တာက ကောင်းပေမယ့် ကြိုးစားလုပ်ပြီး ချမ်းသာဖို့ ဆိုတာကတော့ အခုခေတ်မှာ မသေချာနိုင်တော့ပါဘူး။ အလုပ်ကြိုးစားရင်း ဒီအလုပ်ကိုပိုပြီး ထက်မြက်အောင် ထူးချွန်အောင် ကြံဆနိုင်မှ ချမ်းသာနိုင်ပါမယ်။
(၂) စုဆောင်းဖို့ အသုံးလွန်ခြင်း
ပိုက်ဆံစုရင် သူဌေးဖြစ်နိုင်ပါတယ်။ ဟုတ်ပါတယ် ဒါက ကလေးတွေထဲက သင်ယူလာခဲ့ကြတာပါ။ စုဆောင်းတာကို အပြစ်မပြောလိုပေမယ့် ၀င်ငွေကို အပြစ်ပြောရပါလိမ့်မယ်။ ဒီဘက်ခေတ်မှာ ၀င်ငွေနည်းပြီးတော့ ကိုယ့် အသုံးစရိတ် ရင်းနှီးမှု မလုပ်ဘဲ စုဆောင်းနေတာဟာ ပိုပြီးတော့ ချမ်းသာဖို့ ဝေးစေတဲ့နည်းလမ်းပါ။ ကိုယ့်ကိုပေါ် ရင်းနှီးပြီး သင်တန်းတွေတက်ပြီး လစာဝင်ငွေ ရာထူးကို မြှင့်တင်နိုင်ပေမယ့် စုဆောင်းလွန်ပြီး ကိုယ့်ဝင်ငွေကို မမြှင့်တင်နိုင်တာက အဓိက ပြသနာတစ်ခုဖြစ်ပါတယ်။
(၃) ကိုယ်မတတ်နိုင်တဲ့ ပစ္စည်းများဝယ်ခြင်း
ဝယ်ယူခြင်းဟာ အရမ်းပညာသားပါတဲ့ ပညာရပ်တစ်ခုဖြစ်ပါတယ်။ များသောအားဖြင့် လူအများစုဟာ ခေတ်ရေစီကြောင်းထဲက တန်ဖိုးကြီး ပစ္စည်းတွေကို မက်မောကြပါတယ်။ ထိုတန်ဖိုးကြီး ပစ္စည်းတွေဟာ အဆတ်မပြတ် ထက်ထွက်နေမှာဖြစ်ပါတယ်။ ၇၅% ၀န်ထမ်းအများစုဟာ တန်ဖိုးကြီး ပစ္စည်းတွေ ၀ယ်ယူခြင်းကြောင့် ကြွေးမြီတင်နေကြတယ် လို့ဆိုပါတယ်။ အဲဒီတော့ ကိုယ်တတ်နိုင် မတတ်နိုင်ဘယ်လိုတွက်မလဲဆိုတော့ လွယ်လွယ်လေးပါ ကိုယ့်ဝင်ငွေရဲ့ သုံးပုံတစ်ပုံထက်ပိုများနေတဲ့ ပစ္စည်းတွေဟာ ကိုယ်မတတ်နိုင်တဲ့ ပစ္စည်းတွေပါ။ “လူတွေက တန်ဖိုးကြီး ပစ္စည်းဝယ်မယ်ဆိုရင် ပစ္စည်းဈေးနှုန်းကိုပဲ ကြည့်ကြတာများတယ်။ အဲဒီပစ္စည်းရဲ့ တပ်ဆင်ခ၊ ထိန်းသိမ်းမှု၊ အခွန်တွေနဲ့ နောက်ကနေထပ်လိုက်ရမယ့် ငွေကြေးတွေကို မတွက်ထားတာကြောင့် ကြွေးမြီတင်ကုန်တာလို့ တန်ဖိုးကြီး ကားရောင်းချတဲ့ ကုမ္မဏီတစ်ခုက ပြောခွင့်ရှိသူကပြောပါတယ်။
(၄) ဖြေးဖြေးမှန်မှန်ငွေရနည်းကိုယုံခြင်း
လူအတော်များများဟာ ဒီနည်းလမ်းကို ယုံကြည်ပါတယ်။ တစ်လ အလုပ်လုပ်ပြီး လကုန်ရင် လစာရတာမျိုးပေါ့။ တကယ်တမ်း သူဌေးတွေ စီးပွားရေးအောင်မြင်နေတဲ့ သူတွေကို ကြည့်လိုက်ရင် ဒီနည်းလမ်းကိုလဲ လုပ်ခဲ့ကြပေမယ့် စွန့်စားမှုတွေ ရင်းနှီးမှုတွေကိုလဲ လုပ်ကိုင်ခဲ့ကြတာကို တွေ့ရမှာပါ။ ဒါကြောင့် စည်းစိမ်ပြုတ် စွန့်စားတာမျိုးတော့မဟုတ်ဘဲ တတ်နိုင်သလောက်တော့ ဖြေးဖြေးမှန်မှန်ကော စွန့်စားမှုကော ပြုလုပ်ရမယ်ဆိုလိုတာပါ။
(၅) အရင်သုံးခြင်း ကျန်တာစုခြင်း
သင်ဒေါ်လာ ၅၀ တန်ကိုင်သွားရမယ် ပြီးရင်ရေခဲမုန့်ဆိုင်သွားရမယ် ကျန်တဲ့ပိုက်ဆံစုရမယ်ဆိုရင် သေချာတယ် သင် ၃၀ တန်ရေခဲမုန့်ဝယ်စားလာမှာပါပဲ။ တကယ်လို့ သင် ၃၀စုပြီး ၂၀ တန်နဲ့ရေခဲမုန့်သွားဝယ်ရင် ၂၀တန် ဒါမှမဟုတ် ဈေးပေါတဲ့ဟာတစ်ခုကို ရွေးလာမှာပဲ။ အလားတူ ဥပမာအတိုင်းပါပဲ သင်ရဲ့ ၀င်ငွေတွေကို အရင်အသုံးပြုပြီးတော့မှ ကျန်တဲ့ ပိုက်ဆံစုတာက သင့်ကိုချမ်းသာခြင်းနဲ့ ဝေးကွာစေမှာဖြစ်ပါတယ်။ ဒါ့ကြောင့် အရင်စုပါ ကျန်တာနဲ့ စားပါ။
(၆) ချမ်းသာတယ်ဆိုတာ သင်နဲ့ အရမ်းဝေးလွန်းတယ်လို့ ထင်ခြင်း
သင်ဟာ စိတ်ဓါတ်ကျနေသူတစ်ဦးဆိုရင် ဒီလိုတွေးရင် တွေးဖူးပါလိမ့်မယ်။ ဒါပေမယ့် မဟုတ်ပါဘူး။ အခုလက်ရှိချမ်းသာနေတဲ့ လူတွေဟာ တစ်ချိန်က လမ်းဘေးမှာနေခဲ့တဲ့သူတွေ၊ သူများအောက်ခြေသိမ်းအလုပ်လုပ်ခဲ့တဲ့ သူတွေလဲ များပါတယ်။ ဒါကြောင့် ချမ်းသာတာဟာ သင့်အလုပ် သင့်ဝင်ငွေနဲ့ မပါက်သက်ဘဲ၊ သင့် အပြုအမူ နေထိုင်မှုနဲ့ ကြိုးစားအားထုတ်မှုအပေါ် အများကြီး အကျိုးသက်ရောက်နေတာကို မြင်အောင်ကြည့်ပါ။
မောင်စိုင်း (ကနောင်)
Source: BI
https://kanaung.net
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။