ကမ္ဘာ့နံပါတ် ၁ အရောင်းသမား Joe Girard ရဲ့  ကိုယ်ရေးအကျဉ်း
…………………………………………………………….
Joe Girard ဆိုတာဟာ World's greatest salesman ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ Guinness Book of World Records ဆိုတဲ့ ဂင်းနစ်မှတ်တမ်းကနေ စံချိန်တင် ဖော်ပြခြင်း ခံထားရတဲ့သူပါ။
သူရဲ့  စံချိန်တွေ စတင်ခဲ့တဲ့ ၁၉၆၆ ကနေ သူအနားယူတဲ့ အချိန်ဖြစ်တဲ့ ၁၉၇၇ အထိ သူဟာ ပြိုင်ဘက်အားလုံးကို ကျော်ဖြတ်ပြီး ၁၂ နှစ်တိတိ ကမ္ဘာ့နံပါတ် ၁ ကားအရောင်းသမား အနေနဲ့ ရပ်တည်နိုင်ခဲ့ပါတယ်။
သူဒီလို မအောင်မြင်ခင် ဖြတ်သန်းခဲ့ရတဲ့ ဘ၀ရယ် နောက်ပိုင်း သူရဲ့  အောင်မြင်မှုတွေရယ်ဟာ အားကျအတုယူစရာ ဖြစ်လို့ ဖော်ပြပေးလိုက်ပါတယ်။
.......................... ......................
Joe ကို ၁၉၂၈ ခုနှစ် နိုဝင်ဘာ ၁ ရက်နေ့မှာ Detroit မြို့ မှာ မွေးဖွားခဲ့ပါတယ်။ Joe ရဲ့  မိဘတွေဟာ အရမ်းဆင်းရဲ့ တဲ့ အတွက် သူ့ရဲ့  ကလေးဘ၀ဟာ ကစားဖို့ အချိန်မရှိပဲ မိသားစုအတွက် အလုပ်တွေ လုပ်ကိုင်ခဲ့ရပါတယ်။ ဒီကြားထဲ စီးပွားရေး အဆင်မပြေတဲ့ သူ့ဖခင်က သူ့ရဲ့ နာကျည်းမှုတွေကို သားဖြစ်တဲ့ Joe အပေါ်ကို ပုံချခဲ့လို့ Joe ဟာ စိတ်ပိုင်းရော ရုပ်ပိုင်းဆိုင်ရာ အရပါ ထိခိုက်ခံစားခဲ့ရပါတယ်။ ဒီအကြောင်းတွေကို ပြန်ပြောပြတဲ့အခါ ဒါတွေဟာ သူ့အတွက်နောက်ပိုင်းမှာ အောင်မြင်ဖို့ တွန်းအားပေးခဲ့တဲ့ မီးစလေးတွေ (Sparks) တွေလို့ ရည်ညွှန်းပါတယ်။ ဒီမီးစလေးတွေကြောင့် နောက်ပိုင်းသူဟာ မီးတောက် အဖြစ်ပြောင်းလဲပြီး ထွန်းလင်းတောက်ပနိုင်ခဲ့တာပါတဲ့။
Joe ဟာ တစ်နေ့မှာတော့ သူ့အဖေကို အောင်မြင်သူတစ်ယောက် အနေနဲ့ ရပ်တည်ပြဖို့
ဆုံးဖြတ်ခဲ့ပါတယ်။ သူ့အမေကတော့ သူ့ကို အမြဲတမ်းနွေးထွေးတဲ့ မေတ္တာတွေကို
ပေးပြီး ယုံကြည်ပေးခဲ့တဲ့ အတွက် သူ့အတွက် ဒုတိယ တွန်းအား (Second Spark)
အနေနဲ့ သူ့မိခင်ဟာ မှန်ကန်ကြောင်းပြဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ကျောင်းပညာ တစ်ဝက်တစ်ပျက်နဲ့ ထွက်ခဲ့ရခဲ့တဲ့ သူဟာ ဖိနပ်တိုက်ပြီး ပိုက်ဆံရှာခဲ့ရသလို၊ အသက် ၉ နှစ်မှာ သတင်းစာသမား အဖြစ်လဲလုပ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ပန်းကန်ဆေး၊ ပစ္စည်းပို့သမား၊ မီးဖိုဆင်ပေးတဲ့သူ၊ အသီးအရွက်ဆိုင် အကူအဖြစ်နဲ့ အမျိုးမျိုး ရုန်းကန်ခဲ့ရပါတယ်။
Joe ဟာ အသက် ၁၈ နှစ် ပြည့်တဲ့ အချိန်မှာ အမေရိကန်စစ်တပ်ထဲ ၀င်ခဲ့ပေမယ့် ၉၇ ရက်သာ ခံပြီး တပ်ထဲကနေ အထုတ်ခံခဲ့ရပါတယ်။
အဲဒီနောက်မှာ အဆောက်အဦး ကန်ထရိုက်တာ တစ်ယောက်ရဲ့  အိမ်ဆောက်လုပ်ငန်း ကန်ထရိုက်မှာ ၀င်လုပ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ လုပ်ငန်းကို လွှဲပြောင်းရယူခဲ့ပါတယ်။ လုပ်ငန်းကနေ ပုံမှန်ဝင်ငွေရနေရာကနေ လုပ်ငန်းတိုးချဲ့ ဖို့ လုပ်ရာကနေ လုပ်ငန်းတစ်ခုလုံး အရှုံးပေါ်ရာကနေ ဒေ၀ါလီပါ ခံခဲ့ရပါတယ်။ ငွေလည်းတစ်ပြားမှ မရှိတဲ့ အချိန် အကြွေးတွေပတ်လည်ဝိုင်းနေတဲ့ အချိန်မှာ မိန်းမနဲ့ ကလေး ၂ ယောက်ကို လုပ်ကိုင်ကျွေးမွေးဖို့အတွက် နောက်ဆုံး ကားအရောင်းကိုယ်စားလှယ်လုပ် ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဒါပေမယ့် ကားအရောင်းကိုယ်စားလှယ် အလုပ်ကို အလွယ်တကူနဲ့ မရခဲ့ပါဘူး။ တခြားအရောင်းသမားတွေဟာ ကား showroom ကို လာတဲ့ potential customer တွေကို ဝေပုံကျခွဲပေးရမှာ စိုးလို့ ကန့်ကွက်ကြတယ်။ Joe ခင်ဗျာ မန်နေဂျာကို အသည်းအသန်တောင်းပန်ပြီး သူ့ဘာသာ အပြင်ကနေ ဖောက်သည်တွေရှာပါမယ်လို့ ကတိပေးမှ အလုပ်ရခဲ့တာပါ။ ကံကောင်းလာတဲ့ Joe တစ်ယောက် ဒုတိယလမှာတင် ကား ၁၈ စီး ရောင်းခဲ့ရပေမယ့် မနာလိုတဲ့ တခြားအရောင်းသမားတွေ သွေးထိုးမှုကြောင့် showroom ပိုင်ရှင်က သူ့ကို အလုပ်က ထုတ်ပယ်ခဲ့ပါတယ်။
သူဟာ နောက်ထပ် Chevrolet ကား showroom တစ်ခုမှာ အလုပ်ရခဲ့ပါတယ်။ အဲဒီမှာ သူ့ရဲ့  အောင်မြေကို စနင်းမိတာပါပဲ။ ပထမနှစ်မှာ သူဟာ ကား၂၆၇ စီး ရောင်းခဲ့ပါတယ်။ ဒုတိယနှစ်မှာ ကား ၆၁၄ စီးတောင် ရောင်းခဲ့ရပြီး အဲဒီနှစ်မှာ Guinness World Records (ဂင်းနစ်မှတ်တမ်း) ကနေပြီးတော့ သူ့ကို နံပါတ် ၁ အရောင်းသမား အဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။ သူဟာ အဲဒီစံချိန်ကို နောက်ထပ်နှစ်ပေါင်း ၁၁ နှစ်ထိ (စုစုပေါင်း ၁၂ နှစ် တိတိ) ထိန်းနိုင်ခဲ့ပါတယ်။
Joe Girard ဟာ ၁၉၆၃ ကနေ ၁၉၇၇ (၁၄ နှစ်) အတွင်း ကားပေါင်း ၁၃,၀၀၀ ကျော်ကို ကိုယ်တိုင် ရောင်းချခဲ့ပါတယ်။ သူ့ရဲ့ ရောင်းအား စံချိန်တင် နှစ်မှာ ကား ၁၄၂၅ စီး ရောင်းခဲ့ရပြီး၊ ရောင်းအားအကောင်းဆုံးနေ့မှာ တစ်ရက်တည်းနဲ့ ကား ၁၈ စီးတိတိ ရောင်းခဲ့ရပါတယ်။
ဒီလို ရောင်းချတာမှာ အစုလိုက် အပြုံလိုက်ရောင်းရတာ၊ ကားအစီးရေ အများကြီးကို တစ်ခါထည်း ၀ယ်တဲ့သူနဲ့ စာချုပ်ချုပ်ပြီးရောင်းချတာ ၊
တင်ဒါလိုမျိုး အများကြီး တစ်ခါတည်းရောင်းတာမျိုးတွေ လုံးဝ မပါဝင်ပါဘူး။
သူဟာ တစ်စီးချင်းစီကို လူတွေနဲ့ နဖူးတွေ့ ဒူးတွေ့ မျက်နှာချင်းဆိုင်ပြီး
ရောင်းချခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်လဲ နှစ်ပေါင်းများစွာထိ သူဟာ
ကမ္ဘာ့နံပါတ် ၁ အရောင်းသမားရယ်လို့ တစ်ကမ္ဘာလုံးက လက်ခံဂုဏ်ပြုခဲ့ကြတာဖြစ်ပါတ ယ်။
၁၉၇၇ မှာ အရောင်းသမားဘ၀ကနေ အနားယူပြီး သူ့အောင်မြင်ရေး လျို့ ဝှက်ချက်တွေကို စာအုပ်တွေရေး၊ ဟောပြောပွဲတွေပြောပြီး လူတွေဆီ ဖြန့်ဝေခြင်းဖြင့်သာ ရပ်တည်နေပါတယ်။
သူ့ဟာ စာရေးဆရာ အဖြစ်လည်း အောင်မြင်ခဲ့ပြီး သူ့ရဲ့  ရောင်းအားအကောင်းဆုံးဖြစ်ခဲ့ တဲ့ စာအုပ်တွေကတော့ “How to sell anything to anybody”, “How to sell yourself”, “How to close every sale” တွေပဲဖြစ်ပါတယ်။
Joe Girard ပြောတဲ့ စကားတစ်ခွန်းကတော့ “ကျနော့်ဘ၀မှာ ကားတစ်စီးမှ ကျနော် မရောင်းခဲ့ဖူးပါဘူး၊ ကျနော်က Joe Girard ကို ရောင်းခဲ့တာပါ” တဲ့။
Dr. Htet Naing Lin
Step-Up Training Institute
23.4.2017
…………………………………………………………………… ..
ဒီ Post ကို Step-Up Training Institute ကနေ တင်ဆက်ပေးတာဖြစ်ပြီး၊ ကျနော်တို့ Step-Up Training Institute ကနေ Joe Girard ကိုယ်တိုင်ရေးပြီး အုပ်ရေသန်းပေါင်းများစွာ ထုတ်ဝေခဲ့ရတဲ့ “HOW TO SELL ANYTHING TO ANYBODY” ထဲက ကောက်နှုတ်ချက်တွေကို နေ့စဉ်ရေးတင်ပေးသွားပါမယ်။
Step-Up Training Institute ရဲ့  Facebook Page ကို Like လုပ်ပြီး Follow လုပ်ထားမယ်ဆိုရင် သင့်အတွက် လုပ်ငန်းခွင် (Career Development) နဲ့ ဘ၀ဆိုင်ရာ တိုးတက်မှု (Personal Development)၊ မိမိကိုယ်ကို ယုံကြည်မှု (Self-Confidence) တွေကို တိုးတက်စေမယ့် Post တွေကို နေ့စဉ် ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။
…………………………………………………………….
Joe Girard ဆိုတာဟာ World's greatest salesman ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ Guinness Book of World Records ဆိုတဲ့ ဂင်းနစ်မှတ်တမ်းကနေ စံချိန်တင် ဖော်ပြခြင်း ခံထားရတဲ့သူပါ။
သူရဲ့  စံချိန်တွေ စတင်ခဲ့တဲ့ ၁၉၆၆ ကနေ သူအနားယူတဲ့ အချိန်ဖြစ်တဲ့ ၁၉၇၇ အထိ သူဟာ ပြိုင်ဘက်အားလုံးကို ကျော်ဖြတ်ပြီး ၁၂ နှစ်တိတိ ကမ္ဘာ့နံပါတ် ၁ ကားအရောင်းသမား အနေနဲ့ ရပ်တည်နိုင်ခဲ့ပါတယ်။
သူဒီလို မအောင်မြင်ခင် ဖြတ်သန်းခဲ့ရတဲ့ ဘ၀ရယ် နောက်ပိုင်း သူရဲ့  အောင်မြင်မှုတွေရယ်ဟာ အားကျအတုယူစရာ ဖြစ်လို့ ဖော်ပြပေးလိုက်ပါတယ်။
..........................
Joe ကို ၁၉၂၈ ခုနှစ် နိုဝင်ဘာ ၁ ရက်နေ့မှာ Detroit မြို့ မှာ မွေးဖွားခဲ့ပါတယ်။ Joe ရဲ့  မိဘတွေဟာ အရမ်းဆင်းရဲ့ တဲ့ အတွက် သူ့ရဲ့  ကလေးဘ၀ဟာ ကစားဖို့ အချိန်မရှိပဲ မိသားစုအတွက် အလုပ်တွေ လုပ်ကိုင်ခဲ့ရပါတယ်။ ဒီကြားထဲ စီးပွားရေး အဆင်မပြေတဲ့ သူ့ဖခင်က သူ့ရဲ့ နာကျည်းမှုတွေကို သားဖြစ်တဲ့ Joe အပေါ်ကို ပုံချခဲ့လို့ Joe ဟာ စိတ်ပိုင်းရော ရုပ်ပိုင်းဆိုင်ရာ အရပါ ထိခိုက်ခံစားခဲ့ရပါတယ်။ ဒီအကြောင်းတွေကို ပြန်ပြောပြတဲ့အခါ ဒါတွေဟာ သူ့အတွက်နောက်ပိုင်းမှာ အောင်မြင်ဖို့ တွန်းအားပေးခဲ့တဲ့ မီးစလေးတွေ (Sparks) တွေလို့ ရည်ညွှန်းပါတယ်။ ဒီမီးစလေးတွေကြောင့် နောက်ပိုင်းသူဟာ မီးတောက် အဖြစ်ပြောင်းလဲပြီး ထွန်းလင်းတောက်ပနိုင်ခဲ့တာပ
ကျောင်းပညာ တစ်ဝက်တစ်ပျက်နဲ့ ထွက်ခဲ့ရခဲ့တဲ့ သူဟာ ဖိနပ်တိုက်ပြီး ပိုက်ဆံရှာခဲ့ရသလို၊ အသက် ၉ နှစ်မှာ သတင်းစာသမား အဖြစ်လဲလုပ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ပန်းကန်ဆေး၊ ပစ္စည်းပို့သမား၊ မီးဖိုဆင်ပေးတဲ့သူ၊ အသီးအရွက်ဆိုင် အကူအဖြစ်နဲ့ အမျိုးမျိုး ရုန်းကန်ခဲ့ရပါတယ်။
Joe ဟာ အသက် ၁၈ နှစ် ပြည့်တဲ့ အချိန်မှာ အမေရိကန်စစ်တပ်ထဲ ၀င်ခဲ့ပေမယ့် ၉၇ ရက်သာ ခံပြီး တပ်ထဲကနေ အထုတ်ခံခဲ့ရပါတယ်။
အဲဒီနောက်မှာ အဆောက်အဦး ကန်ထရိုက်တာ တစ်ယောက်ရဲ့  အိမ်ဆောက်လုပ်ငန်း ကန်ထရိုက်မှာ ၀င်လုပ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ လုပ်ငန်းကို လွှဲပြောင်းရယူခဲ့ပါတယ်။ လုပ်ငန်းကနေ ပုံမှန်ဝင်ငွေရနေရာကနေ လုပ်ငန်းတိုးချဲ့ ဖို့ လုပ်ရာကနေ လုပ်ငန်းတစ်ခုလုံး အရှုံးပေါ်ရာကနေ ဒေ၀ါလီပါ ခံခဲ့ရပါတယ်။ ငွေလည်းတစ်ပြားမှ မရှိတဲ့ အချိန် အကြွေးတွေပတ်လည်ဝိုင်းနေတဲ့
ဒါပေမယ့် ကားအရောင်းကိုယ်စားလှယ် အလုပ်ကို အလွယ်တကူနဲ့ မရခဲ့ပါဘူး။ တခြားအရောင်းသမားတွေဟာ ကား showroom ကို လာတဲ့ potential customer တွေကို ဝေပုံကျခွဲပေးရမှာ စိုးလို့ ကန့်ကွက်ကြတယ်။ Joe ခင်ဗျာ မန်နေဂျာကို အသည်းအသန်တောင်းပန်ပြီး သူ့ဘာသာ အပြင်ကနေ ဖောက်သည်တွေရှာပါမယ်လို့ ကတိပေးမှ အလုပ်ရခဲ့တာပါ။ ကံကောင်းလာတဲ့ Joe တစ်ယောက် ဒုတိယလမှာတင် ကား ၁၈ စီး ရောင်းခဲ့ရပေမယ့် မနာလိုတဲ့ တခြားအရောင်းသမားတွေ သွေးထိုးမှုကြောင့် showroom ပိုင်ရှင်က သူ့ကို အလုပ်က ထုတ်ပယ်ခဲ့ပါတယ်။
သူဟာ နောက်ထပ် Chevrolet ကား showroom တစ်ခုမှာ အလုပ်ရခဲ့ပါတယ်။ အဲဒီမှာ သူ့ရဲ့  အောင်မြေကို စနင်းမိတာပါပဲ။ ပထမနှစ်မှာ သူဟာ ကား၂၆၇ စီး ရောင်းခဲ့ပါတယ်။ ဒုတိယနှစ်မှာ ကား ၆၁၄ စီးတောင် ရောင်းခဲ့ရပြီး အဲဒီနှစ်မှာ Guinness World Records (ဂင်းနစ်မှတ်တမ်း) ကနေပြီးတော့ သူ့ကို နံပါတ် ၁ အရောင်းသမား အဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။ သူဟာ အဲဒီစံချိန်ကို နောက်ထပ်နှစ်ပေါင်း ၁၁ နှစ်ထိ (စုစုပေါင်း ၁၂ နှစ် တိတိ) ထိန်းနိုင်ခဲ့ပါတယ်။
Joe Girard ဟာ ၁၉၆၃ ကနေ ၁၉၇၇ (၁၄ နှစ်) အတွင်း ကားပေါင်း ၁၃,၀၀၀ ကျော်ကို ကိုယ်တိုင် ရောင်းချခဲ့ပါတယ်။ သူ့ရဲ့ ရောင်းအား စံချိန်တင် နှစ်မှာ ကား ၁၄၂၅ စီး ရောင်းခဲ့ရပြီး၊ ရောင်းအားအကောင်းဆုံးနေ့မှာ
ဒီလို ရောင်းချတာမှာ အစုလိုက် အပြုံလိုက်ရောင်းရတာ၊ ကားအစီးရေ အများကြီးကို တစ်ခါထည်း ၀ယ်တဲ့သူနဲ့ စာချုပ်ချုပ်ပြီးရောင်းချတာ
၁၉၇၇ မှာ အရောင်းသမားဘ၀ကနေ အနားယူပြီး သူ့အောင်မြင်ရေး လျို့ ဝှက်ချက်တွေကို စာအုပ်တွေရေး၊ ဟောပြောပွဲတွေပြောပြီး လူတွေဆီ ဖြန့်ဝေခြင်းဖြင့်သာ ရပ်တည်နေပါတယ်။
သူ့ဟာ စာရေးဆရာ အဖြစ်လည်း အောင်မြင်ခဲ့ပြီး သူ့ရဲ့  ရောင်းအားအကောင်းဆုံးဖြစ်ခဲ
Joe Girard ပြောတဲ့ စကားတစ်ခွန်းကတော့ “ကျနော့်ဘ၀မှာ ကားတစ်စီးမှ ကျနော် မရောင်းခဲ့ဖူးပါဘူး၊ ကျနော်က Joe Girard ကို ရောင်းခဲ့တာပါ” တဲ့။
Dr. Htet Naing Lin
Step-Up Training Institute
23.4.2017
……………………………………………………………………
ဒီ Post ကို Step-Up Training Institute ကနေ တင်ဆက်ပေးတာဖြစ်ပြီး၊ ကျနော်တို့ Step-Up Training Institute ကနေ Joe Girard ကိုယ်တိုင်ရေးပြီး အုပ်ရေသန်းပေါင်းများစွာ ထုတ်ဝေခဲ့ရတဲ့ “HOW TO SELL ANYTHING TO ANYBODY” ထဲက ကောက်နှုတ်ချက်တွေကို နေ့စဉ်ရေးတင်ပေးသွားပါမယ်။
Step-Up Training Institute ရဲ့  Facebook Page ကို Like လုပ်ပြီး Follow လုပ်ထားမယ်ဆိုရင် သင့်အတွက် လုပ်ငန်းခွင် (Career Development) နဲ့ ဘ၀ဆိုင်ရာ တိုးတက်မှု (Personal Development)၊ မိမိကိုယ်ကို ယုံကြည်မှု (Self-Confidence) တွေကို တိုးတက်စေမယ့် Post တွေကို နေ့စဉ် ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။