လူသားအားလုံးနီးပါးဟာ ယင်ကောင် တွေရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို နမော်နမဲ့နေခဲ့ကြပါတယ်။ ယင်ကောင် တွေ နားနေမှန်းသိတဲ့ အစားအသောက် တွေကိုလည်း ယင်ကောင် တွေကို မောင်းထုတ်ကာ ဆက်လက်စားသောက်ခဲ့ကြပါတယ်။ ဒီအလေ့အထဟာ နိုင်ငံတိုင်းမှာ ရှိနေခဲ့ပြီး၊ ကျန်းမာရေးလိုက်စားပါတယ်ဆိုတဲ့ ဆရာဝန် တွေပင်လျှင် လွတ်ကင်းလေ့ မရှိဘူးလို့ ဆိုပါတယ်။
တကယ်တော့ မိမိစားသုံးဖို့ ပြင်ဆင်နေတဲ့ စားစရာဟာ တစ်ပိုင်းတစလောက်သာဆိုရင် စွန့်ပစ်လိုက်ဖို့ ပြဿနာမရှိပေမယ့်၊ တော်တော်များပြားတဲ့ပမာဏဆိုရင်တော့ ကျန်းမာရေး အသိ မည်မျှပင်ရှိလင့်ကာမူ စွန့်ပစ်ဖို့ ၀န်လေးကြမှာ မလွဲပါဘူး။ ဒါပေမယ့် ဆေးဘက်ဆိုင်ရာ သိပ္ပံပညာရှင်တွေကတော့ မည်သည့် ယင်နားအစားစာမဆို စွန့်ပစ်သင့်တယ်လို့ သတိပေးခဲ့
ပါတယ်။
ယင်ကောင် ရဲ့အရွယ်အစားဟာ မည်မျှပင် သေးငယ်စေကာမှု ပျမ်းမျှအားဖြင့် ဘက်တီးရီးယားနဲ့ ရောဂါပိုး 200 ကို သယ်ဆောင်နိုင်တယ်လို့ ဆိုပါတယ်။ အဆိုပါ ရောဂါပိုးမွှား တွေဟာ အနိမ့်ဆုံးအားဖြင့်တော့ ၀မ်းပျက်ဝမ်းလျှော၊ အော့အန် ခြင်းကို ဖြစ်စေပြီး၊ အသက်အန္တရာယ်ကိုပါ ဒုက္ခပေးနိုင်တဲ့အထိ ပြင်းထန်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ယင်ကောင် တွေ ဟာ အစာ တွေကို အလွယ်တကူစားသောက်ဖို့ ၎င်းတို့ရဲ့ တံထွေးကို အရင်အန်ချပြီးမှ ပျော့သွားတဲ့အစားအစာတွေကို စားသောက်တာ ဖြစ်ပါတယ်။
ခေါင်းအုံးညစ်ပတ်ခြင်း က အဆုတ်မှိုစွဲရောဂါဖြစ်စေနိုင်ပြီးအသက်ဆုံးရှုံးနိုင်
University of Florida ကနေ ပြုလုပ်ခဲ့တဲ့ သုတေသနမှာ ယင်ကောင်ကနေ သယ်ဆောင်လာတဲ့ ရောဂါပိုးတွေဟာ အစားလမ်းကြောင်း ဆိုင်ရာ ပြဿနာတွေနဲ့ ရောဂါတွေကို ဖြစ်စေသည့်အပြင်၊ အစာအဆိပ်သင့်မှုကိုလည်း ဖြစ်ပေါ်စေနိုင် ကြောင်းတွေ့ရှိခဲ့ရပါတယ်။ ယင်ကောင်တွေဟာ အညစ်အကြေးမှန်သမျှကို ကြိုက်နှစ်သက်ပြီး၊ ဒီအခြေအနေက ရောဂါပိုး သယ်ဆောင်သူတွေထဲမှာ အကြီးမားဆုံး အန္တရာယ်ပေးနိုင်သူတွေဖြစ်တယ်လို့ ဆိုပါတယ်။
ယင်ကောင် တွေဟာ Salmonella, Anthrax နဲ့ Tuberculosis စတဲ့ ရောဂါပိုးတွေကို သယ်ဆောင်လာလေ့ရှိပြီး၊ အသားတွေမှာရှိနေတဲ့ ကပ်ပါးကောင် တွေဆီကို ၎င်းတို့ဥချလိုက်တဲ့ ဥတွေကတစ်ဆင့် ရောဂါပိုးတွေ ကုးစက်စေကြောင်း၊ ဒီမှတစ်ဆင့် ရောဂါပိုးများပြားစွာပါဝင်တဲ့ အစားအစာ ကို စားမိလိုက်ပါက အချိန်မရွေး အသက်အန္တရာယ်အထိ ရှိနိုင်
ကြောင်း သိရပါတယ်။
Credit : Shwemom
http://www.lwinpyin.com
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။