News for News သတင်းများအတွက်သတင်း
မွစ္စလင် Muslim (အစ္စလာမ် Islam ဘာသာဝင်) တို့၏ဘာသာရေးစာသင်ကျောင်းအကြောင်းနှင့်ဗလီမှ အာဇာန်ဆိုသံတို့ကို ဗဟုသုတမျှဝေခြင်း
အစ္စလာမ်ဘာသာဝင်မွစ္စလင်တို့ရဲ့ဘာသာရေးစာသင်ကျောင်းတွေမှာ ကိုရ်အန်ကျမ်းမြတ်နှင့်ဝတ်ပြုရှိခိုးနည်းများသင်ကြားကြပါတယ် တမန်တော်မိုဟမ္မာဒ်ရဲ့လမ်းညွှန်ပြသခဲ့သည့်နေ့စဉ်ဘဝလမ်းစဉ်များကိုလည်းသင်ကြားကြပါတယ်
ကိုရ်အန်ကျမ်းကိုသင်တဲ့အခါရေဖြင့်ခန္ဓာကိုယ် ခြေလက်မျက်နှာသန့်စင်ပြီးမှကိုရ်အန်ကျမ်းစာအုပ်ကိုကိုင်ရသင်ရပါတယ်
ထိုရေသန့်စင်ခြင်းအတွက် ရေဘုံဘိုင်နှင့်ထိုင်ခုံလေးများလုပ်ထားတတ်တဲ့သဘောရှိတတ်ပါတယ်

ဝတ်ပြုရှိခိုးနည်းသင်တဲ့အခါစုပေါင်းဝတ်ပြုနည်း တစ်ရက်ငါးကြိမ်သူ့အချိန်နှင့်သူ
1. နေမထွက်မီ
2. နေမွန်းလွဲပြီး
3.နေမဝင်ခင်ထန်းဖျားတစ်ထောက်လိုချိန်
4. နေဝင်ပြီးသည့်နောက်အချိန်
5.အလင်းပျောက်ကွယ်ပြီးညမှောင်ချိန်
(၅) ကြိမ်ဝတ်ပြုနည်းသင်ကြရပါတယ်
လက်တွေ့လေ့ကျင့်ရပါတယ်
ဝတ်ပြုနည်းသင်တဲ့အခါ သောကြာလိုအထွဋ်အမြတ်ပိုထားသည့်ရက်မြတ်တွင်စုပေါင်းဝတ်ပြုနည်း ကျမ်းစာဖတ်ပြနည်းတို့လည်းအတန်းကြီးများအတွက်သင်ကြရပါတယ်
ထိုသို့သင်ကြားရင်းရပ်ကွက်လမ်းနီးရာမှအစ္စလာမ်ဘာသာဝင်များကသွားလာလွယ်ကူသည့်အတွက်အတူဝင်ရောက်ဝတ်ပြုတတ်ကြပါတယ်
ဝတ်ပြုချိန်ငါးကြိမ်တိုင်းမှာဝတ်ပြုဖို့ဘာသာဝင်များကိုဖိတ်ခေါ်တဲ့အသံ အာဇာန်သံ အော်ဆိုပါတယ်
ဗလီမှ ဝတ်ပြုချိန် ၅ ကြိမ်တိုင်းဖိတ်ခေါ်သံ အဇာန်နှင့်အဓိပ္ပါယ်အလိုသဘော
အလ္လာဟိုအက္ကဘရ် (၄) ကြိမ်
အလ္လာအသျှင်ဟာကြီးကျယ်မြင့်မြတ်ဆုံးဟုယုံကြည်သူအပေါင်းတို့
အရှဟသုအန်လာအိလာဟအိလောက်လာ (၂) ကြိမ်
အလ္လာဟ်အသျှင်တစ်ပါးတည်းရှိကြောင်းယုံကြည်သူတို့
အရှဟသုအန်နမိုဟမ္မာဒ်သန်ရစူလွလ္လာ (၂) ကြိမ်
တမန်တော်မိုဟမ္မာဒ်အားအလ္လဟ်အသျှင်မြတ်၏စေတမန်တော်ဖြစ်ကြောင်းယုံကြည်သူအပေါင်းတို့
ဟိုက်ရအလလ်ဆွလာ (၂) ကြိမ်
ဝတ်ပြုဖို့အချိန်ကျရောက်လေပြီ
ဟိုက်ရအလလ်ဖလာ (၂) ကြိမ်
ထိုဝတ်ပြုခြင်းသာလျှင်အောင်မြင်မှု(နှစ်ဘဝနှစ်ဌာန) ရစေပါမယ်
အလ္လာဟိုအက္ကဘရ် (၂) ကြိမ်

လာအိလားဟအိလောက်လာ (၁) ကြိမ်
အလ္လာဟ်အသျှင်မြတ်မှတစ်ပါးအားကိုးထိုက်ခဝပ်ထိုက်ရာမရှိပြီ
(ကမ္ဘာအရပ်ရပ်ရှိဗလီတိုင်းရဲ့ဖိတ်ခေါ်သံ အဇာန်သံဟူက ထိုအတိုင်းသာဖြစ်ပါတယ်ခင်ဗျာ)
Google Search မှာ Azan ဟုရိုက်ပြီး အာဇာန်ဆိုသံဗီဒီယိုများ မူရင်းအာရဗီ Arabic language များ English translation အင်္ဂလိပ်လိုဘာသာပြန်ဆိုထားမှုများAzan Application များတွေ့နိုင်ပါတယ်
Azan အဇာန်အသံထွက် အဓိပ္ပါယ် အားလုံးကိုကမ္ဘာအရပ်ရပ်ရှိမွစ္စလင်များကိုမေးမြန်းလေ့လာနိုင်ပါတယ်
မူရင်းစာ Arabic language ကို Google translate နှင့်ဘာသာပြန်လေ့လာနိုင်မှာပါ
…………
မိတ်ဆွေတစ်ဦးမှအဇာန်အသံနှင့်အဓိပ္ပါယ်အလိုသဘောသိလိုသည်ဟုမေးလာသောကြာင့်
ကြည်နူး ချစ်ခင် လေးစားစွာဖြင့်မိမိသဘောပေါက်နားလည်ထားမိသလောက်ရေးသားတင်ပြအပ်ပါတယ်
ဓလေ့ထုံးစံမတူသည့်သိလိုသောအချို့သောချစ်ခင်လေးစားရသည့်မိတ်ဆွေများအတွက်ဗဟုသုတမျှဝေခြင်းပါ
ချစ်ခင်စွာဖြင့်
သိမ်မွေ့ခြင်း မွန်မြတ်ခြင်း ချစ်ကြည်ခြင်းတို့နှင့်ငြိမ်းချမ်းသာယာကြပါစေ
………………
Ref: Zaw Myint Oo

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။